← Chapters

အခန်း (၅၂)

Vol. 4 Ch. 52

အခန်း (၅၂)

Vol. 4 Ch. 52

နန်ချိန်သည် သူ့သားဘေးကင်းရေးကိုသာ အခုချိန်််တွင် ဦးစားပေးရမည်ဖြစ်သည်။

ဆရာမနာ့နာ့ကို သူတို့နဲ့မခေါ်ခဲ့မိတာကို နောင်တရသွားမိသည်။ နာ့နာ့သည် ဖုန်းဟောက်တုံ့လော်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နာ့နာ့အား အကြောင်းကြားရန် နောက်ကျနေပြီဖြစ်သည်။

“မေမေ! သားကြောက်တယ်။”

လန်ရွမ်းယု သည် သူ့အမေ၏ရင်ခွင်ထဲမှပြောလိုက်သည်။

“မကြောက်ပါနဲ့ မေမေ သားကို ကာကွယ်ပေးမှာပါ”

အကြမ်းဖက်သမားများသည် ထရမ်ပိုလိုင်းအဆောက်အအုံကို တိုက်ခိုက်ခဲ့ပြီး ထိုအဆောက်အအုံကြီးတွင် အနည်းဆုံး လူ 10,000 ရှိသည်။

“အားလုံး မလှုပ်နဲ့။ လှုပ်တာနဲ့ အသတ်ခံရမယ်”

“ဒိုင်း...ဒိုင်း....ဒိုင်း.....”

တခဏအတွင်းမှာပင် ကလေးငယ်များထံမှ အော်ဟစ်ငိုသံများ ထွက်ပေါ်လာသည်။

နန်ချိန်၏ အသက်ရှုသံသည်လည်း မြန်လာ

သည်။ နန်ချိန်သည် စက်ရုပ်သံချပ်ကာများကို ၀တ်ဆင်ထားသည့် လူအနည်းငယ်ကို တွေ့လိုက်ရသည်။ အနက်ရောင်အဆင့်များဖြစ်သည်။

ထိုစက်ရုပ်မာစတာများသည် ပြေးလာသော နန်ချိန်ကိုတွေ့သွားကာ

“ဝိညာဉ်မာစတာ... သတ်ကြ”

အမိန့်ပေးပြီးနောက်၊ အလင်းတန်းဆယ်ခုကျော်သည် ကောင်းကင်မှကျလာပြီး နန်ချိန် ၏ ဦးတည်ရာဆီသို့ တည့်တည့်တိုးဝင်လာလေ သည်။

နန်ချိန်သည် တိုက်ခိုက်ရေး ဝိညာဉ်မာစတာမဟုတ်သောကြောင့် သူမ၏ တိုက်ခိုက်ရေး အတွေ့အကြုံသည် အားနည်းလွန်းလှသည်။

နန်ချိန်ခြေထောက်အောက်မှ ဝိညာဉ်ကွင်းများ လျင်မြန်စွာပေါ်လာသည်။ ခရမ်းရောင်ခြောက်ကွင်းဖြစ်သည်။ သူမသည် သူမ၏ ဝိညာဥ်ကွင်းများကို အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပထမဦးဆုံး ဝိညာဉ်ကွင်း တောက်ပလာပြီး

ရေခဲအလွှာတစ်ခုသည် သူမနှင့်သူမ၏သားနှစ်ယောက်လုံးကို ဖုံးအုပ်သွားခဲ့သည်။

နန်ချိန်သည် အမျိုးသမီးတစ်ဦးဖြစ်ပြီး

သူမ လေ့ကျင့်စဥ်ကလည်း တိုက်ခိုက်ရေးဋ္ဌာနများသို့ ဝင်ရောက်ရန် မစီစဉ်ထားသောကြောင့် သူမ၏ ဝိညာဉ်စွမ်းရည် အများစုသည် ကာကွယ်ရေးအတွက်သာဖြစ်သည်။

ခရမ်းရောင် ၀ိညာဉ်ကွင်းများသည် နှစ်တစ်ထောင် ဝိညာဉ်ကွင်းကိုကိုယ်စားပြုသည်။

ယခုအချိန်မှာတော့ သူမလည်း ထိတ်လန့်တုန်လှုပ်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။

“မေမေ!”

သူမ၏ ရင်ခွင်ထဲက လန်ရွမ်းယု၏ အော်ဟစ်သံက နန်ချိန် အား သတ္တိများ ပေးလိုက်ပုံရသည်။

သူမသည် သူ့သားကို ဘာအရာကမဆို ကာကွယ်ရမည် ။

မိခင်တစ်ယောက်၏မေတ္တာသည်အနှိုင်းမဲ့ပင်။

လေဆာတန်းဆယ်ခုကိုကာကွယ်ပြီးနောက် နန်ချိန်သည် အရေးပေါ်ထွက်ပေါက်ရှိရာသို့ပြေးလေသည်။

ရန်သူသည် မည်မျှ စွမ်းအားရှိသည်ကို သူမ မသိပါ။ ထို့ကြောင့် ထွက်ပြေးခြင်းသည် သူမတို့၏ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။

သူမရဲ့ ရေခဲဒိုင်းများက စက်ရုပ်မာစတာဆယ်ဦးရဲ့မြင်ကွင်းကိုပိတ်ဆို့ထားသည်။

နန်ချိန် သည် ဝိညာဉ်ဧကရာဇ်အဆင့်လည်းဖြစ်သည်၊ ထို့ကြောင့် သူမသည် အလွန်လျင်မြန်လေရာ သူမသည် ထိုတံခါးငယ်လေးနှင့် နီးကပ်နေပြီဖြစ်သည်။

သို့သော် ဤအခိုက်အတန့်တွင် သူမရှေ့မှ

စူးစူးရှရှ ထွက်ပေါ်လာသောအလင်းရောင်တစ်ခု

ကို ရုတ်တရက် ခံစားလိုက်ရသည်။

သူမသည် လန်ရွမ်းယုကို အလိုလိုဆုပ်ကိူင်ထားမိကာ သုံးမီတာရှည်သော ရေခဲချွန်သုံးခုကိုပစ်လိုက်လေသည်။

“ဗွမ်း၊ ဗွမ်း.. ဗွမ်း!”

ရေခဲချွန်များ အပိုင်းပိုင်း ကျိုးသွားခဲ့သည်။ ထို့အပြင် အနက်ရောင်စက်ရုပ်တစ်ခုလည်း ပေါ်လာခဲ့သည်။

ယခုကရှိသော စက်ရုပ်ဆယ်ခုထက်ပိုမိုစွမ်းအားကြီးပုံရသည်။

‘မကောင်းဘူး ငါ့သားကို ကာကွယ်ရမယ်’

ထို့အတွေးမှာ နန်ချိန်၏တစ်ခုတည်းသောအတွေးဖြစ်သည်။

သူမရဲ့ ဆဋ္ဌမမြောက် ဝိညာဉ်ကွင်းမှာ

တောက်ပလာပြီး ရေခဲအလွှာတစ်ခုလည်း ထွက်

လာလေသည်။ ရေခဲကွင်းတစ်ခုလည်းဖြစ်သည်။

ရေခဲကွင်းသည် နန်ချိန် ၏ အပြင်းထန်ဆုံး ဝိညာဉ်စွမ်းရည်ဖြစ်သည်။ ထိုရေခဲကွင်းသည်

အနက်ရောင် စက်ရုပ်ကိုထိမှန်ပြီး စက်ရုပ် ၏မျက်နှာပြင်ပေါ်တွင် အဖြူရောင်နှင်းခဲအလွှာတစ်ခု ပေါ်လာကာ စက်ရုပ်မှာ ချက်ချင်းပင် တောင့်တင်းလာလေသည်။ သို့သော် ကြာရှည်မခံလိုက်ပေ။ စက်ရုပ်တွင်အပူပေးစနစ်များအသက်ဝင်လာကာ ရေခဲများစတင်အရည်ပျော်ကျနေပြီဖြစ်သည်။

“ဗွမ်းးးး” ရေခဲကွင်းသည် အပိုင်းပိုင်းကွဲသွားသည်။ လုံးဝ ချေမှုန်းခံလိုက်ရသည်။

နန်ချိန်သည် ဝိညာဥ်စွမ်းရည်ကိုအကြမ်းပတမ်းချေမှုန်းခံလိုက်ရသောကြောင့် သွေးများပင်အန်ထွက်လာလေသည်။

“မေမေ” လန်ရွမ်းယု အော်ဟစ်လိုက်သည်။

လန်ရွမ်းယုသည် နန်ချိန်လက်မှ ခုန်ချသွားကာ ငွေရောင်ငွေပြာမြက်ကိုထုတ်လိုက်လေသည်။ငွေပြာမြက်များသည် ဘယ်ဘက်လက်တစ်ခုလုံးကိုရစ်ပတ်သွားလေသည်။

ထို့နောကိ အနက်ရောင်စက်ရုပ်ဆီသို့

ရေခဲတုံးကြီးတစ်ခုကို ပစ်လွှတ်လိုက်လေ သည်။

“မေမေ့ကို မထိနဲ့”

“ဝိညာဉ်မာစတာတွေကို အသက်ရှင်ခွင့်မပေးဘူး၊ ဒီသားအမိကို အခုသတ်သေ!”

Endend……..

All Chapters