အခန်း (၅၃)
Vol. 4 Ch. 53
“ဗိုလ်ကြီး မင်းဆုံးဖြတ်ချက်က ဘာလဲ”
ထာဝရအမှောင်ဘုရင် မေးလိုက်သည်။
ရဲဖိန်ဒေါသများထွက်နေသည်။
ငွေများပေးရမည်လားးးး...မပေးရဘူးလားးး.....
လူပေါင်းတစ်ထောင်ကျော်ရဲ့အသက်ကလည်း ထိုအပေါ်တွင်မူတည်နေလေသည်။
“ဓားစာခံတွေကို မထိခိုက်စေဖို့ မင်း ဘယ်လို အာမခံမှာလဲ။” ရဲဖိန် ခပ်တင်းတင်း မေးလိုက်သည်။
ထာဝရအမှောင်ထုဘုရင်က ရယ်စရာတစ်ခုကို
ကြားလိုက်ရသလို ရယ်မောလိုက်သည်။
“အာမခံချက်လားး....မရှိဘူး! ဒါပေမယ့် မင်းမှာ ရွေးချယ်ခွင့်ရှိလို့လား။ ကျေးဇူးပြုပြီး မင်းရဲ့ပြတင်းပေါက်ကိုသွားကြည့်လိုက်ပါဦး ဗိုလ်ကြီးရဲ”
ထို့အချိန်....
“အုန်းးးး”
ရဲဖိန် ချက်ချင်းပင် ပြတင်းပေါက်ဆီသို့ ပြေးသွားလိုက်လေသည်။ အဆောက်အဦး၏ အလယ်ခေါင်မှ မီးတောက်များ ကိုတွေ့လိုက်ရပြီး မရေမတွက်နိုင်သောနံရံများ၊ မှန်များပျက်စီးနေကာ လူသေများပင်တွေ့လိုက်ရသည်။
“ခွေးကောင်! ရပ်လိုက်စမ်း!”
ထိုမြင်ကွင်းကြောင့် ရဲဖိန် တုန်လှုပ်သွားသည်။
“ဒီလောက်လှတဲ့ မီးရှူးမီးပန်းတွေကိုရပ်ရမှာလား! ဝမ်းနည်းစရာကောင်းတာက
ညအချိန်မဟုတ်တာပဲ...မဟုတ်ရင် မီးရှူးမီးပန်းတွေက ပိုလို့တောင် ခမ်းနားနေမယ်လို့ မထင်ဘူးလား ဗိုလ်ကြီးရဲ.... “
“ဟားဟားဟား!” တစ်ဖက်တွင်လည်း ကျန်းကျင်း ရယ်နေလေသည်။
“ကောင်းပြီ ငါတို့နောက်ဆုတ်လိုက်မယ်! ဒါပေမယ့်…”
ထာဝရအမှောင်ထုဘုရင်၏ အသံ အေးစက်သွားသည်။
“ဘာ ဒါပေမဲ့မှ မရှိဘူး။ ကျန်ကျင်းကို ချက်ချင်းလွှတ်လိုက်....ဒါပဲ”
“သူ့ကိုလွှတ်လိုက်ပါ” ရဲဖိန်သွားများကိုကြိတ်ပြီး သူ့လူများကို မကျေမနပ်နဲ့ အမိန့်ပေးလိုက်ရသည်။
ကျန်ကျင်းသည် ရဲဖိန်ကို လှည့်ပင်မကြည့်တော့ပေ။ ကွန်ပြူတာကို ကြည့်ကာ ငွေများလွှဲပြောင်းနေလေသည်။
“ဗဟိုဘဏ်နဲ့ ချိတ်ဆက်ပီးပီ၊ ဟားဟားး”
ဂုဏ်ယူစွာနဲ့ ကျန်ကျင်း ပြောလိုက်သည်။ သူ့
“ဘယ်လောက်ကြာမှာလဲ”
ထာဝရအမှောင်ထုဘုရင်၏ အသံသည် ဆက်သွယ်ရေးစက်မှပေါ်ထွက်လာသည်။
“သိပ်မကြာပါဘူး၊ အခုပဲရပြီ.... တစ်မိနစ်ပဲ လိုတော့တယ်။”
“ကောင်းပြီ၊ အားလုံးလည်း နောက်ဆုတ်ဖို့ အဆင်သင့်ဖြစ်နေပြီ”
“ဂြိုလ်တုတွေ ဝင်ရောက်စွက်ဖက်မှုမလုပ်နိုင်တဲ့ ကိုယ်ပျောက် ယာဥ်ကို လွှတ်ထားတယ်။ ဆုတ်ခွာဖို့ ပြင်ဆင်ပြီး မူလအစီအစဉ်အတိုင်း လိုက်နာပါ”
ထိုအချိန်......
ထရမ်ပိုလိုင်းအဆောက်အဦးရဲ့ခေါင်မိုးထပ်တွင် လေယာဥ်ပျံကြီးတစ်စင်း ပေါ်လာလေသည်။
စက်ရုပ် အမျိုးမျိုး သည် ပြတင်းပေါက်များမှ ဖောက်ထွက်ကာ ထိုယာဥ်စီသို့ ဦးတည် သွားကြလေသည်။
ရဲဖိန်သည် သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် စွမ်းအားမဲ့သွားသလို ခံစားလိုက်ရသည်။ သူဘယ်လောက်ပဲ သန်မာနေပါစေ အခုချိန်မှာ
သူဘာမှ မလုပ်နိုင်ပေ။ လူပေါင်းတစ်
ထောင်၏အသက်ကသူ့အပေါ်တွင်မူတည်နေလေသည်။
ကျန်ကျင်း၏ နှလုံးသားသည်လည်း ယခုအခိုက်အတန့်တွင် ကျေနပ်မှုအပြည့်ရှိနေလေ သည်။
“တီ…” ငွေများ ပြောင်းရွှေ့ ပြီးသွားခဲ့သည်။
စက်ထဲမှ ကတ်ငယ်တစ်ခုထွက်လာခဲ့သည်။ ကျန်ကျင်းက ထိုကတ်ကိုယူကာသိမ်းဆည်းလိုက်သည်။
Endend…….