အခန်း (၅၄)
Vol. 4 Ch. 54
အမြောက်များမှ အလင်းတန်းများထွက်လာပြီး ပစ်မှတ်မှာ သားအမိနှစ်ဦး ဖြစ်သည်။
လန်ရွမ်းယုသည် ယခုအချိန်တွင် ဘာလုပ်ရမှန်းမသိပေ။ သူသည် ခြောက်နှစ်သားကလေးမျှသာဖြစ်သော်လည်း သူ့ရှေ့တွင် ခြောက်မီတာအရှည်ရှိသော စက်ရုပ်တစ်ခုရှိလေသည်။
သူသည် ရေခဲတုံးများကို ပစ်လွှတ်လိုက်သော်လည်း ထိခိုက်မှု လုံးဝမရှိပေ။
နန်ချိန်ကတော့ မြေပြင်ပေါ်သို့ လဲကျနေပြီဖြစ်သည်။
“ရွမ်းယု ပြေး၊ မြန်မြန်ပြေး…”
နန်ချိန်တိုးညှင်စွာ အော်လိုက်သည်။
သူမအသုံးမကျတဲ့အတွက် သူမကိုယ်သူမ တကယ်မုန်းမိသွားသည်။ အကယ်၍ သူမသည် တိုက်ခိုက်ရေးဝိညာဥ်မာစတာဖြစ်ခဲ့ပါက၊ သူမသည် အနက်ရောင်စက်ရုပ်နှင့် ရင်ဆိုင်ရသောအခါတွင်ပင် ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိလိမ့်မည်၊ သို့သော် သူမသည် ယခုတော့ အမှန်တကယ်ပင် တိုက်ခိုက်နိုင်စွမ်းမရှိပေ။
သူမ၏သားငယ်လေးက သူမကိုကာကွယ်ပေးနေသည်ကိုမြင်လိုက်ရသောအခါ သူမ၏ နှလုံးသားသည် ကွဲကြေလုနီးပါး ဖြစ်နေခဲ့သည်။
“ဗွမ်းးးးး” အမြောက်တစ်ခုမှ
အလင်းရောင်တစ်ခုထွက်ပေါ်လာသည်။
တောက်ပသောအလင်းရောင်ကြောင့် လန်ရွမ်းယု ရဲ့မျက်လုံးများကို ချက်ချင်းမှိတ်သွားစေခဲ့သည်။
ထို့အခိုက်အတန့်တွင် သူနှင့်အလွန်ရင်းနှီးသော အသံတစ်ခု သူ့နားထဲတွင် ပဲ့တင်ထပ်လာသည်။
“မကြောက်ပါနဲ့”
ထွက်လာသောအလင်းတန်းများ လေထဲတွင်ပင်အမှုန်ဖြစ်သွားလေသည်။
‘ဘာဖြစ်တာလဲ? ဘာတွေဖြစ်သွားတာလဲ?’
ထို့နောက် နူးညံ့သောလက်တစ်စုံက သူ့ခေါင်းကို ညင်သာစွာ ပွတ်သပ်လာသည်။
“ဆရာမ နာ့နာ့!”
ရွမ်းယုသည် နာ့နာ့၏ ရင်ခွင်ထဲသို့ ချက်ချင်းပြေးဝင်သွားပြီး
“သူတို့ လုပ်တာ မေမေဒဏ်ရာရသွားပြီ...
ဆရာမ နာနာ၊ သား အမေ ဒဏ်ရာရသွားပြီ။”
“မငိုနဲ့ ရွမ်းယု ရပါတယ်၊ အားလုံးအဆင်ပြေသွားမှာပါ”
“မင်းက အရမ်းသတ္တိရှိတာပဲ။ မေမေရှေ့မှာ ကာကွယ်ပေးနိုင်တဲ့ ယောက်ျားတစ်ယောက်တောင် ဖြစ်နေပြီ”
ထိုအခိုက်အတန့်တွင် သူမသည်
အနက်ရောင် စက်ရုပ်များကို လှည့်ကြည့်လိုက်သည်။
သူမရဲ့ အကြည့်များက အေးစက်နေသည်။ ထို့နောက် ထို စက်ရုပ်များ၏မျက်နှာပြင်သည် ကျယ်လောင်ပြတ်သားသောအက်ကွဲသံများစတင်
ထွက်ပေါ်လာလေသည်။
“ချွပ်..ချွပ်....ချွပ် …”
အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး
တယောက်ပြီးတယောက် ပေါက်ကွဲသွားလေသည်။
………..
“မေမေ!” ရွမ်းယု သူ့အမေစီသို့ပြေးသွားလေသည်။ ရွမ်းယု သည် နန်ချိန်ဆီသို့ ပြေးသွားသည်ကို မြင်လိုက်ရသည်နှင့် နာ့နာ့သည် သူမ၏ မျက်လုံးများအောက်တွင် နားမလည်နိုင်သော ဆုံးရှုံးမှုတစ်ခုဖြစ်သွားသလိုခံစားလိုက်ရသည်။
နာ့နာ့လည်းရောက်လာပြီး နန်ချိန်ကိုစမ်းသပ်လိုက်
သည်။
“မင်း အဆင်ပြေမှာပါ...ဒဏ်ရာကအရမ်းမပြင်းဘူး ”
ငွေရောင်အလင်းများစတင်ထွက်လာကာ နွေးထွေးသောအားတစ်ခု နန်ချိန်ထဲသို့စတင်စီးဆင်းလာလေသည်။
ထို့နောက် နန်ချိန်၏ အခြေအနေလည်း အလွန်လျင်မြန်စွာ တည်ငြိမ်သွားလေသည်။ ထိုအခါမှ
နာ့နာ့က
“ရွမ်းယုကို ထိခိုက်စေတဲ့သူတွေကို ခွင့်မလွှတ်နိုင်ဘူး... ငါ သူတို့နောက်လိုက်သွားမယ်...ရွမ်းယုကိုငါနဲ့ထည့်လိုက်....အဲ့တာက သူ့ကိုပိုလုံခြုံစေလိမ့်မယ်....”
“ရွမ်းယု ဒီကိုလာ” နာ့နာ့က ရွမ်းယုကိုခေါ်လိုက်သည်။
ရွမ်းယုကလည်း နန်ချိန်ကိုတစ်ဖန်ကြည့်ကာ
“လိုက်သွားလိုက်ပါ၊ ဆရာမ နာ့နာ့ နဲ့”
နာ့နာ့က ရွမ်းယုကို ပွေ့ချီပြီး မတ်တပ်ရပ်လိုက်သည်။
“အဲဒီလူဆိုးတွေနဲ့ သွားရှင်းရအောင်”
ငွေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး သူမသည် လန်ရွမ်းယု နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
Endend…..