အခန်း (၅၆)
Vol. 4 Ch. 56
အိမ်သို့ရောက်သည်နှင့်.....
“ဆရာမ နာ့နာ့၊ ဆရာမ နာ့နာ့”
အခြေအနေများပြီးသောအခါ နာ့နာ့သည် နန်ချိန်စီသို့ပြန်သွားကာ လန်ရွမ်းယုကို နန်ချိန်လက်ထဲထည့်ပေးခဲ့သည်။ ထို့နောက် သူမ ပျောက်သွားခဲ့သည်။
“ပြန်လာပြီ...” နာ့နာ့က ပြုံးကာ အခန်းထဲမှ ထွက်လာခဲ့သည်။
သူမကိုမြင်သောအခါ လန်ရွမ်းယု
စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့ပြီး သူမ၏ခါးကို
ပွေ့ဖက်လိုက်သည်။
“ဆရာမနာ့နာ့က အရမ်းတော်တာပဲ။ သား ဘယ်တော့ ဆရာမလို သန်မာလာမှာလဲ”
နာ့နာ့ ပြုံးလိုက်သည်။
“အဲ့ဒါဆို မင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်။ အဲ့တာမှ ဆရာမလို သန်မာလာမှာ”
“ဆရာမ နာ့နာ့” နန်ချိန်လည်း ဘေးနားကိုရောက်လာခဲ့သည်။
နာ့နာ့ ကလည်း သူမကို ပြုံးပြလိုက်ကာ
“ဘာမှ မဖြစ်ခဲ့ဘူးမလား။ အနားယူလိုက်ကြဦး”
……..
ကျီလော်မြို့ အကြမ်းဖက်တိုက်ခိုက်ခံရသည့်သတင်းသည် ကောင်းကင်ဝိညာဥ်မြို့သို့ လျင်မြန်စွာပြန့်သွားခဲ့သည်။
သေဆုံးသူ အရေအတွက်မှာ စုစုပေါင်း ၁၃၁ ဦးနှင့် အခြား အသေအပျောက်မသိရ ၈၀၀ ကျော် ရှိလာခဲ့သည်။ ထရမ်ပိုလိုင်း အဆောက်အဦးမှာ ဆိုးရွားစွာ ပျက်စီးခဲ့သော်လည်း အကြမ်းဖက်သမားအားလုံးကို ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုရဲ့တရားခံဖြစ်သော စင်မြို့လူစုမှာလည်း နောက်ပိုင်းတွင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ကျီလော် စစ်ကွပ်ကဲမှုဗဟိုဋ္ဌာနချုပ်....
“ဒင်!” ရဲဖိန်သည် သူ့ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။
အခန်းထဲသို့ စိမ့်ဝင်လာသော အလင်းရောင်ကြောင့် သူ့ကို မျက်စိမှိတ်သွားစေခဲ့သည်။
“ဗိုလ်ကြီး ကျေးဇူးပြုပြီး ငါတို့နဲ့လိုက်ခဲ့ပါ”
ရဲဖိန် မတ်တပ်ရပ်လိုက်သည်။ ရဲဖိန်ကို ဝိညာဥ်လက်ထိပ်များခတ်ထားသည်ကို အံ့သြစွာမြင်ရမည်ဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသည်။ အပြစ်တင်ရန် တစ်စုံတစ်ယောက်ရှိရမည်ဖြစ်ပြီး အကြမ်းဖက်သမားများကို နှိမ်နင်းရန် စစ်ဆင်ရေးကို ဦးဆောင်သူအနေဖြင့် ထိုအပြစ်က သူ့အပေါ်တွင် ကျရောက်သွားခဲ့သည်။
“ဗိုလ်ကြီး ရဲ ...ထရမ်ပိုလိိုင်း အဆောက်အဦး အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး
မင်းကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုလုံးကိုအသေးစိတ်ပြောပါ “ ရဲဖိန်အား စစ်ဆေးမေးမြန်းရန် တာဝန်ခံသည့် အမျိုးသမီးမှာ အသက် (၃၀)
ခန့်ရှိ အမျိုးသမီးတစ်ဦးဖြစ်သည်။
“ဒီအဖြစ်အပျက်မတိုင်ခင် သုံးလလောက်အလိုကတည်းက…” ရဲဖိန်သည် အဖြစ်အပျက်တစ်ခုလုံးကို စတင်ပြောခဲ့သည်။
နှစ်နာရီကြာသွားခဲ့သည်။
“ကောင်းပြီ..... မင်းပြောခဲ့သမျှကို ငါတို့ မှတ်တမ်းတင်ပြီးပြီ။ စုံစမ်းစစ်ဆေးမှုရလဒ်များမထွက်မချင်း မင်းကိုခဏတော့အချုပ်ထဲထည့်ထားရလိမ့်မယ်။ အဲ့အတွက်တော့စိတ်မကောင်းပါဘူး။”
“အင်း”
………
သုံးရက်အကြာ…
“တင်းတောင်.... တင်းတောင်....!”
လန်ရွမ်းယုက ထိုအချိန်တွင်ကျောင်းသွားနေခဲ့ပြီး နန်ချိန်သည်လည်း အလုပ်သွားနေခဲ့သည်။ အိမ်တွင်နာ့နာ့တစ်ယောက်သာရှိသည်။
နာ့နာ့ သူ့အခန်းထဲမှ ထွက်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်မိပြီး
“ရောက်လာကြပြီပဲ”
သူမသည် တံခါးဆီသို့ လျှောက်သွားပြီး ဖွင့်လိုက်ရာ လူရှစ်ယောက် အပြင်မှာ ရပ်ပြီး သူ့ကို စောင့်နေကြသည်။ အရှေ့ဆုံးမှာ ရပ်နေတဲ့သူကတော့ သူမနဲ့ရင်းနှီးတဲ့သူတစ်ယောက်ပင်...
“နာ့နာ့! မင်း၊ မင်း... မင်းကို ငါ နေရာအနှံ့ လိုက်ရှာနေတာ.... မင်းဘာလို့ ကောင်းကင်ဝိညာဥ်ဂြိုလ်ကို လာတာလဲ”
နာ့နာ့ကတော့ “ဘာလို့ငါ့ကိုလာရှာတာလဲ”
ယွမ်ယန် ရှိုက်ကြီးတငင် ရယ်မောလိုက်သည်။
“မင်းက မင်းရဲ့ စောင့်ကြည့်ရေးကာလထဲမှာပဲ ရှိသေးတယ်။ ကောင်းကင်ဘုံဂြိုက်နေမင်းထွက်သွားလို့မရဘူး။ မင်းထွက်ခွာသွားတာက ငါ့အတွက် ပြဿနာတွေအများကြီး ဖန်တီးခဲ့သည်။ ထရမ်ပိုလိုင်း အဆောက်အဦးမှာ ဘာတွေဖြစ်ခဲ့တာလဲ။ အဲ့ဒါ တကယ်ပဲ မင်းလုပ်လိုက်တာလား?”
ယွမ်ယန်သည် ဝိညာဥ်ဖန်သားပြင်တစ်ခုကိုထုတ်ကာ မှတ်တမ်းတစ်ခုကိုဖွင့်ပြလိုက်သည်။
မှတ်တမ်းဗီဒီယိုထဲတွင် လန်ရွမ်းယုကိုပွေ့ချီထားကာ ခေါင်မိုးပေါ်တွင်ရပ်နေသော နာ့နာ့ရှိနေခဲ့သည်။တခဏအကြာမှာတော့ စင်မြို့ရဲ့ ကိုယ်ပျောက်ယာဥ်ကြီးပေါက်ကွဲသွားခဲ့သည်...
နာ့နာ့ အနည်းငယ်အံ့သြသွားပြီး
“ဒါကိုဘယ်ကရလာတာလဲ”
“ဒါကို ဂြိုလ်တုကနေရှာတွေ့တာ... ငါမယုံနိုင်ဘူး ဒါ မင်းတကယ်ပဲလား”
“အင်း” နာ့နာ့ ခေါင်းညိတ်လိုက်သည်။
ယွမ်ယန် အသက်ပြင်းပြင်းရှူလိုက်သည်။
‘နာ့နာ့က အနှစ်တစ်ထောင်လုံး ရေခဲထဲမှာအိပ်ပျော်နေတဲ့လူပဲ.... သူမ တကယ် စွမ်းအားတွေ နေတာလား? ဒါပေမယ့် စစ်ဆေးမှုတွေလုပ်တုန်းက သူ့စွမ်းအားကို ဘာကြောင့် မတွေ့ခဲ့ရတာလဲ။
“မိန်းခလေး.... စစ်ဆေးမှုတွေလုပ်ဖို့ အတွက် ကျေးဇူးပြု၍ ကောင်းကင်ဘုံမြို့ကို ပြန်သွားပါ။” ယွမ်ယန်ဘေးမှာ ရပ်နေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားက ရုတ်တရက် စကားပြော လာတယ်။
ထိုအမျိုးသား၏ ဘယ်ဘက်ရင်ဘတ်တွင် ရွှေဓားတစ်ချောင်းပုံစံတံဆိပ်ကို တပ်ဆင်ထားသည်။
နာ့နာ့ က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
“ငါ မပြန်ချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ”
ထိုစကားများမှာသာမန်မျှသာဖြစ်သော်လည်း
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဖိအားများကိုခံစားလိုက်ရကာ ရုတ်တရက်နောက်သို့ သုံးလှမ်းဆုတ်သွားခဲ့သည်။
ထို့အခါ သူ့နောက်မှ အခြားလူများသည် ၎င်းတို့၏ လက်နက်များကို အမြန်ထုတ်ကာ နာ့နာ့ ကို ချိန်ရွယ်လိုက်သည်။
“ရပ်ကြစမ်း!” ယွမ်ယန်သည် ချက်ချင်းပင် နာ့နာ့ရှေ့တွင် ကာကွယ်လိုက်သည်။
“ရပ်!” လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း
ကိုယ့်ကိုယ်ကိုပြန်ထိန်းလိုက်ကာ အမိန့်ပေးလိုက်သည်။
နာ့နာ့ရဲ့စွမ်းအားကို မှတ်တမ်းမှသူတွေ့ဖူးထားသည်။ ထို့ကြောင့် နာ့နာ့သည်ရင်ဆိုင်ရလွယ်ကူမည့်လူမဟုတ်ကြောင်းသူသိသည်။
Endend….