Chapters

အခန်း (၅၇)

Vol. 4 Ch. 57

အခန်း (၅၇)

Vol. 4 Ch. 57

“မိန်းခလေးနာ့နာ့ ကျေးဇူးပြုပြီး ခေါင်းမမာပါနဲ့။ ဒီတစ်ကြိမ်မှာ မင်းက ခွင့်ပြုချက်မရှိဘဲ ကောင်းကင်ဘုံဂြိုလ်ကနေ ထွက်ခွာသွားခဲ့ပေမဲ့ မင်းက ကျီလော်မြို့မှာ ရန်သူတွေကိုရှင်းလင်းပေးခဲ့တယ်...အဲ့တာကြောင့် ပြန်ရောက်ရင် အပြစ်ပေးခံရမှာမဟုတ်ဘူး...အဲ့တာကြောင့် ကောင်းကင်ဘုံဂြိုလ်ကို ပြန်လိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။” လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လေးလေးစားစား ပြောဆိုလိုက်သည်။

“ဒါပေမယ့် ငါ မပြန်ချင်ဘူး....ငါ ဒီမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်”

“အဲဒီကလေးအတွက်လား?”

နာ့နာ့၏ အကြည့်သည် ရုတ်တရက် တင်းမာသွားသည်။

“ယွမ်ယန်”

“ဘာလဲ?” ယွမ်ယန် အံ့အားသင့်သွားသည်။

“မှတ်ထားပါ၊ တစ်စုံတစ်ယောက်က ဒီကလေးကို နာကျင်အောင်လုပ်ဖို့ သတ္တိရှိရင် နင်တို့အားလုံး ငါ့ကို အရင် ရင်ဆိုင်ရလိမ့်မယ်၊ ငါ မတွန့်ဆုတ်နေမှာမဟုတ်ဘူး”

ထိုစကားနဲ့အတူ ဖိအားများပါဝင်လာပြန်သည်။

လူလတ်ပိုင်းအရွယ်အမျိုးသားက ရှိုက်ကြီးတငင်ရီလိုက်မိသည်။

‘ဒီအမျိုးသမီး ဘယ်သူလဲ...

ငါက စစ်နတ်ဘုရားခန်းမက အရံစစ်ပွဲနတ်ဘုရား

ပဲလေ...ဒီတစ်ယောက်ရှေ့ကျမှ အနိုင်ကျင့်ခံနေရတာမဟုတ်ဘူးလား’

ယွမ်ယန် က

“နာ့နာ့ မင်းနဲ့ ဒီကလေးနဲ့ ဘယ်လိုဆက်ဆံရေးကဘယလဲ”

“သူက ငါ့ရဲ့တပည့်ပဲ ”

“တပည့်?” ယွမ်ယန် အံ့အားသင့်သွားသည်။

“သူက အရမ်း အရည်အချင်းရှိလို့ ငါ သင်ပေးနေတာ.... ထရမ်ပိုလိုင်းအဆောက်အဦးမှာ သူကစားဖို့သွားတုန်း......”

စကားလုံးများသည် ရိုးရှင်းသော်လည်း ဇာတ်လမ်းတစ်ခုလုံးကိုရှင်းလင်းစွာသိစေခဲ့သည်။

ယွမ်ယန် သက်ပြင်းချလိုက်သည်။

“ဒါဆို မင်းငါနဲ့ ကောင်းကင်ဘုံဂြိုလ်ကိုပြန်လိုက်နိုင်လား .... အကယ်၍ မင်းဥပဒေတစ်ခုကို ချိုးဖောက်ရင် မင်းရဲ့တရားဝင်နိုင်ငံသားဖြစ်ခွင့်အတွက် ပြဿနာတစ်ခုဖြစ်လာနိုင်တယ်...

အဲ့တာက မင်းရဲ့တပည့်ကိုတောင် ထိခိုက်စေနိုင်တယ်။ မင်းမှာ စောင့်ကြည့်ကာလ ငါးနှစ်ကျန်သေးတယ်။ငါးနှစ်ထဲနဲ့ တစ်သက်လုံး နိုင်ငံသားဖြစ်ခွင့်ကိုလဲရမှာလား.. တကယ်မတန်ဘူးနော်! မင်းထွက်ပြေးရင်လည်း မင်းရဲ့တပည့်ကမင်းလို့ရာဇဝတ်သားနဲ့တစ်သက်လုံးအတူတူနေနိုင်မှာလား...မင်းတွေးကြည့်ပါဦး”

နာ့နာ့ ငြိမ်သွားသည်။

ဘေးမှာရပ်နေတဲ့ အရံနတ်ဘုရားတောင် ယွမ်ယန်စကားများကိုသဘောကျသွားသည်။ ထို့ကြောင့် လည်း ဋ္ဌာနချုပ်က ယွမ်ယန်ကိုခေါင်းဆောငိအနေနဲ့လွှတ်လိုက်ကြောင့် သဘောပေါက်သွားသည်။

အရံနတ်ဘုရားသည် မကြာသေးမီက ဖုန်းဟောက်တုံ့လော် ဖြစ်လာသော်လည်း နာ့နာ့ရှေ့

တွင်တော့ လှုပ်ပင်လှုပ်မရပေ။

“ကောင်းပြီ ငါ မင်းတို့နဲ့လိုက်ခဲ့မယ်”

နာ့နာ့ နောက်ဆုံးတော့ စိတ်လျှော့လိုက်ရသည်။

သူမသည် တရားဝင်နိုင်ငံသား သို့မဟုတ် ထိုကဲ့သို့သောအရာများအတွက် စိတ်မဝင်စားပေ။

သူမသည် ထိုအရာများကို အမှန်တကယ် ဂရုမစိုက်သော်လည်း လန်ရွမ်းယု၏ ငြိမ်းချမ်းသောဘဝကိုတော့ မနှောင့်ယှက်ချင်ပေ။

“ကောင်းပြီ၊ ကျေးဇူးတင်ပါတယ် နာ့နာ့”

“ဒါပေမယ့် ငါ့မှာ တောင်းဆိုချက်နှစ်ခုရှိတယ်” နာ့နာ့ ဘာမသိဘာသာနဲ့ပြောလိုက်သည်။

“ပြောပါ” ယွမ်ယန် မဆိုင်းမတွ ပြောလိုက်သည်။ ဒီတစ်ခါ သူမရဲ့တာဝန်က နာ့နာ့ကိုရတဲ့နည်းတဲ့ ပြန်ခေါ်ရန်ဖြစ်သည်။

“ပထမဆုံးအနေနဲ့ ငါ့တပည့်ကို နှုတ်ဆက်ချင်

တယ်”

ယွမ်ယန် အမြန်ခေါင်းညိတ်လိုက်သည်။

“ရတယ်”

“ဒုတိယအချက်ကတော့ ဒီကလေးဟာ ရုပ်ပိုင်းဆိုင်ရာ အားနည်းနေတယ်။ အဲ့တာကြောင့်

မင်းတို့ နေ့တိုင်း အဖိုးတန်စားစရာတွေ ပေးပို့ရမယ် .... အနည်းဆုံး နဂါးအရွတ်နဲ့ အဆင့်အတန်းတူဖြစ်ရမယ်”

ထိုအခါ ယွမ်ယန်သည် သူ့ဘေးနားရှိ

အရန်စစ်နတ်ဘုရားကိုလှည့်ကြည့်လိုက်သည်။ သူမသည် ထိုသို့သောကိစ္စများအတွက် ဆုံးဖြတ်ချက်မချနိုင်ပေ။ နာ့နာ့ ၏စကားကိုကြားပြီးနောက် အရံစစ်ပွဲနတ်ဘုရား သက်ပြင်းတစ်ချက်ချလိုက်သည်။

“ကိစ္စမရှိပါဘူး၊ ဒါကို စစ်နတ်ဘုရားခန်းမက လုပ်

ပေးမယ်။ စိတ်မပူနဲ့။”

“ကောင်းပြီ တခြားဘာမှ မရှိဘူး။ ငါ ဒီည သူ့ကို နှုတ်ဆက်မယ်။ မင်းတို့တွေ အရင်သွား ပြီး မနက်ဖြန် ဒီအချိန်မှာ ငါ့ကို လာခေါ်သွားနိုင်တယ်” ထို စကားကိုပြောပြီးနောက် နာ့နာ့ တံခါးကိုပိတ်လိုက်သည်။

………..

ရွမ်းယုကို ဘယ်လိုပြောရမလဲ.....

နာ့နာ့ စိတ်ထဲတွင် တုန်ယင်လာသည်။

နာ့နာ့သက်ပြင်းချကာ အနည်းငယ် ငိုချင်လာမိသည်။

Endend…..