Chapters

အခန်း (၅၉)

Vol. 4 Ch. 59

အခန်း (၅၉)

Vol. 4 Ch. 59

ချိုယုရှင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ကောင်းတဲ့ကိစ္စပါ။ နောက်နှစ် စာသင်နှစ် မှာ လူငယ်အထူးတန်း အတန်းစတော့မယ်လို့ သတင်းရထားတယ်။ အကယ်ဒမီတွေက အထူးချွန်ဆုံးလူငယ်တွေကို ရွေးချယ်လိမ့်မယ် “

ရွမ်းယုအံ့သြသွားသည်။ ထို့နောက်

“လူငယ်အထူးတန်းက ဘာလဲ..သားမသိဘူး”

“အဲ့ဒါက တိုးတက်နှုန်းမြန်ဆန်ပြီး သင်ယူမှုကောင်းတဲ့ ကျောင်းသားတွေအတွက်လုပ်ထားတဲ့ အထူးအတန်းဖြစ်ပြီးတော့ အဲ့ဒီအတန်းက ပုံမှန်သင်ရိုးညွှန်းတမ်းတွေနဲ့ ယှဉ်ရင် ပိုအဆင့်မြင့်တာတွေသင်ကြားပေးတယ်။ အဲ့အတန်းကို အကယ်ဒမီက အထူးချွန်ဆုံး ဆရာတွေက သင်ကြားပေးမှာ။ အထူးတန်းအတွက် စာရင်းသွင်းဖို့ အဓိကသတ်မှတ်ထားတဲ့ စံနှုန်းကတော့ အသက် ဆယ်နှစ်အောက် ဖြစ်ရမယ်..အဲ့တာ

ကြောင့် ငါတို့ကျောင်းက ပထမတန်း၊ ဒုတိယတန်းနဲ့ တတိယတန်း ကျောင်းသားတွေပဲ လျှောက်ထားခွင့်ရှိသည်။ မင်းက အသက်ရှစ်နှစ်ပဲရှိသေးတာမလား မင်း အဲဒါအတွက်ပဲ အခွင့်အရေးပဲ ...ပီးရင် အထူးတန်းကို ကောင်းကင်ဝိညာဥ်မြို့မှာသွားတက်ရမှာ....အထူးတန်းပြီးသွားရင် အဆင့်မြင့်အထက်တန်းအကယ်ဒမီတွေကိုဆက်ဝင်လို့ပိုလွယ်တယ်..”

“လူငယ် အထူးတန်း! ကျေးဇူးတင်ပါတယ် ဆရာမချို။ ဒီအကြောင်း အမေ့ကို ပြောပြလို့ရမလား”

“ရတယ်၊ စုစုပေါင်း ၁၀ ဦးပဲ ငါတို့ကျောင်းက ခွဲတမ်းရတယ်... ငါ မင်းကို စာရင်းသွင်းထားပြီးပြီ။ အကောင်းဆုံးလုပ်!”

“ကျေးဇူးတင်ပါတယ် ဆရာမချို၊ ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ်။” လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ”

…………

“မေမေ သား ပြန်လာပြီ!” လန်ရွမ်းယု သည် အိမ်သို့ရောက်သောအခါ ထို့သို့ပင် လှမ်းအော်လေ့ရှိသည်။

ဒါပေမယ့် အထဲမှ တုံ့ပြန်မှု မရခဲ့...

လန်ရွမ်းယု အနည်းငယ်စိုးရိမ်သွားသည်။

သူ့ဆရာမ နာ့နာ့ ကဲ့သို့ နှုတ်မဆက်ဘဲ သူ့အမေ ထွက်သွားမှာကို စိုးရိမ်သောကြောင့် အခန်းထဲသို့ အမြန်ပြေးသွားလေသည်။ နန်ချိန်သည် ကုတင်ဘေးတွင် ထိုင်နေပြီး သူမ၏လက်ကောက်ဝတ်ရှိ ဝိညာဥ်ဆက်သွယ်ရေးစက်ကို ကြောင်တက်တက်ဖြင့် ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

“မေမေ၊ မေမေ ဘာဖြစ်နေတာလဲ။ သားကိုဘာလို့ပြန်မဖြေတာလဲ!”

သူ့သားကိုမြင်တော့ နန်ချိန်မျက်နှာမှာ အပြုံးတစ်ခုပေါ်လာခဲ့သည်။ သူမသည် လန်ရွမ်းယု ၏ခေါင်းကို ပုတ်လိုက်ကာ

“မင်းအဖေက ဘယ်လောက်တောင် အကြင်နာကင်းမဲ့လဲဆိုတာ မေမေတွေးနေလို့ပါ။ သူဘာလို့ဖုန်း မခေါ်တာလဲ”

“ဖေဖေ့ကို လွမ်းနေတာလား”

“အင်းး”

“သားတို့ အဖေ့စီကို ခေါ်လို့ရဘူးလား”

နန်ချိန် က “ ဆက်သွယ်ရေးလှိုင်းတွေက အာကာသထဲမှာ သိပ်တည်ငြိမ်မှု မရှိဘူး.. သူကခေါ်မှပဲရမှာ... သူ့ကို ဆက်သွယ်လို့ မရဘူး။”

“အော်” “မေမေ...သားလည်း ဖေဖေကို လွမ်းပါတယ်။ ဒါပေမယ့် အခုကတော့ ဗိုက်စာနေပြီ ။ဟီး..ဟီး...”

နန်ချိန် စိတ်ထဲတွင် သက်ပြင်းချကာရီလိုက်မိသည်။

“သားကတော့နော်... ကောင်းပါပြီ မေမေ အခု မင်းအတွက် တစ်ခုခု ချက်ပေးမယ်။”

“ဟုတ် မေမေ!”

မီးဖိုချောင်သို့သွားခါနီး....

နန်ချိန်၏လက်ကောက်ဝတ်ရှိ ဆက်သွယ်ရေးစက်မှာ ရုတ်တရက်မြည်လာသည်။

နန်ချိန် ကြည့်လိုက်တော့

‘ဒီနံပတ်က...’

သူမ ချက်ချင်းနီးပါး

“ဟယ်၊ လန်ရှောင်းလား”

အစပိုင်းတွင် ဆူညံသံအချို့ထွက်ပေါ်လာပြီး ခဏအကြာတွင် အလွန်ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာသည်။

“နန်ချိန်၊ နောက်ဆုံးတော့ မင်းကို ငါ ဆက်သွယ်လို့ရသွားပြီ”

‘အဲဒါ သူပဲ၊ တကယ် သူပဲ!’

နန်ချိန်ထခုန်လုနီးနီး....

“နင်ခေါ်ရမှန်းတော့ သိသေးတာပဲ...ဟမ်!

ရက် 50၊ ရက် 50 နီးပါး..မဆက်ဘူး....

ငါဘယ်လောက်ထိ စိတ်ပူနေလဲ နင်သိလား။

ဘယ်အချိန် အိမ်ပြန်လာမှာလဲ ! သား နဲ့ ငါ

နင့်ကို အရမ်းလွမ်းနေတယ်…”

သူမ ရက်ပေါင်းများစွာ မျိုသိပ်ထားခဲ့သော မျက်ရည်များသည် နောက်ဆုံးတွင် ထိန်းမနိုင်သိမ်းမရ စီးဆင်းလာကာ သူမ၏လက်များပင် အနည်းငယ်တုန်လာသည်။

“မငိုနဲ့ မငိုနဲ့။ အားလုံးက ငါ့အမှား၊ ငါ့အပြစ်တွေချည်းပဲ”

Emdend……