Chapters

အခန်း (၆၀)

Vol. 4 Ch. 60

အခန်း (၆၀)

Vol. 4 Ch. 60

“နန်ချိန် အချိန်သိပ်မရဘူး... ငါပြောတာနားထောင်”

နန်ချိန်ကငိုနေရင်း “ဆက်ပြော”

လန်ရှောင်း က

“ငါနေကောင်းတယ်၊ စိတ်မပူနဲ့၊ အရာအားလုံး ချောမွေ့တယ်။ ငါတို့ အခြားဂြိုဟ်တစ်ခုကို အမှန်တကယ်တွေ့ရှိတယ်... ကနဦးလေ့လာတွေ့ရှိချက်များနဲ့ စမ်းသပ်မှုတွေအရ.. အဲ့ဂြိုဟ်က

ကောင်းကင်ဘုံဂြိုလ်နဲ့ကောင်းကင်ဝိညာဥ်ဂြိုလ်ထက်တောင် ပိုကောင်းနိုင်တယ်။ အောက်ဆီဂျင်ပမာဏနဲ့ လေထုဖိအားကလည်း မိခင်ဂြိုလ်နဲ့ အတူတူပဲ.....အခူငါတို့ပြန်လာဖို့လုပ်နေပြီ....

စိတ်မပူပါနဲ့ မကြာခင် အိမ်ပြန်တော့မှာပါ... ဖေဖေလည်း သူ့ကို အရမ်းလွမ်းတယ် လို့ ရွမ်းယု ကို ပြောပေး”

“ဖေဖေ၊ သားဒီမှာရှိတယ်” လန်ရွမ်းယု အမြန်အော်လိုက်သည်။

“အဲ့ဆို ငါကရော?” နန်ချိန်က ကောင်မလေးတစ်ယောက်သဖွယ်ပြောလိုက်သည်။

“လွမ်းတယ်... ငါမင်းကိုလည်းလွမ်းတယ်၊ ငါမင်းကိုအရမ်းလွမ်းတယ်။”

နန်ချိန်က “အဲ့လိုပြောပေါ့....အစကတည်းက ...

ဒါပေမယ့်… နောက်ထပ်တစ်လခွဲတောင် ကျန်သေးတယ်!”

လန်ရှောင်းလည်း တိုးတိုးလေး သက်ပြင်းချလိုက်တယ်။

“ ဒါက ဂြိုလ်တွေကို စူးစမ်းရှာဖွေရာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါ.... ဟုတ်ပြီ၊ ငါ မအားတော့ဘူး... ငါ့ပြန်လာတာကို စောင့်ပါ ငါမင်းကိုချစ်တယ်”

ဖုန်းချသွားခဲ့သည်။

……

လန်ရွမ်းယုပင် ကျောင်းပိတ်သွားခဲ့သည်။

အားလပ်ရက်သည် တစ်လခွဲဖြစ်သည်။ လန်ရွမ်းယုသည် နေ့တိုင်းလေ့ကျင့်ရေးဆင်းခြင်းဖြင့်သာ

အချိန်ကုန်ခဲ့သည်။ စစ်နတ်ဘုရားခန်းမမှပို့ပေးသော စားစရာများကြောင့် ပြီးခဲ့သောစာသင်နှစ်တွင် ရွမ်းယုသည် အရပ်ပိုရှည်လာပြီးပိုပင် သန်မာလာခဲ့သည်။ ခွန်အားနဲ့ အရှိန်အဟုန်မှာလည်းပိုမိုအားကောင်းလာသည်။

တစ်လခွဲ......

လန်ရွမ်းယုသည် ဝိညာဉ်စွမ်းအား အဆင့် 14 သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။ ကျောင်းစတော့မည်ဖြစ်သော်လည်း လန်ရှောင်းက ပြန်မလာသေးပေ။

ဘာလို့ပြန်မလာသေးတာလဲ...

“မနက်ဖြန်ကျောင်းပြန်ဖွင့်တော့မယ် ၊ အကုန်ပြင်ဆင်ပြီးပြီလား “

“အားလုံးပြီးပြီ။ မေမေ၊ ဒီည အခန်းထဲမှာ တရားထိုင်ဖို့ စီစဉ်ထားတယ်”

“အင်း၊ ကောင်းပါပြီ။ စောစော လေ့ကျင့်”

“ဟုတ်”

“တင်တောင်... တင်တောင်...!”

ထိုအခိုက်အတန့်တွင် တံခါးဝမှ အသံတစ်ခုထွက်ပေါ်လာသည်။

သားအမိနှစ်ယောက်စလုံး တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထိုအခါ လန်ရွမ်းယုသည် ကျယ်လောင်စွာ အော်ဟစ်နေပြီး

“ဖေဖေ.....”

အမှန်ပင် အပေါက်ဝတွင်ရပ်နေသူမှာ လန်ရှောင်းပင်ဖြစ်သည်။

လန်ရွမ်းယု သည် လန်ရှောင်းကို မျောက်တစ်ကောင်လို တွယ်ကပ်ထားမိသည်။

“သားလေး မင်း နည်းနည်းတောင် ပိုလေးလာပြီပဲ!”

နန်ချိန် အခန်းထဲမှ ပြေးထွက်လာပြီး လန်ရှောင်း ကိုတွေ့လိုက်သောအခါ မျက်လုံးများနီရဲလာ

သည်။

“နောက်ဆုံးတော့ ပြန်လာပြီ!”

“ဖေဖေ၊ မေမေကလေ ဖေ့ဖေ့အကြောင်း နေ့တိုင်းပြောနေတာ”

လန်ရှောင်း ရယ်လိုက်သည်။

“သိပါ့..သိပါ့...ခုတောင်မကျေမနပ်ဖြစ်နေတာကြည့်ပါ့လား မနက်ဖြန်ကျောင်းစတော့မှာမလား။ ဖေဖေ မနက်ဖြန် ကျောင်းလိုက်ပို့ပေးမယ်”

“ဟုတ်! ဟုတ်!”

လန်ရှောင်း သည် သူ့သားကိုချလိုက်ကာ

“ဖေဖေ မေမေ့ကိုသွားချော့လိုက်ဥိးမယ်”

“ဟုတ်...ဟုတ် ...”

ရှစ်လနီးပါးကြာခဲ့ပြီဖြစ်ပြီး သူ လွမ်းဆွတ်ဆုံးအရာ....

“နန်ချိန်” လန်ရှောင်း ညင်သာစွာ ခေါ် လိုက်သည်။

သူ့မိန်းမရဲ့ခါးကို ပွေ့ဖက်လိုက်သည်။

နန်ချိန်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ပျော့ပြောင်းသွားသည်။ လန်ရှောင်းကို မှီရင်း မျက်ရည်များ ချက်ချင်း စီးကျလာသည်။

“စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်”

ထိုညတွင် လန်ရွမ်းယုသည် သူ့အဖေနှင့်စကားများပြောကာ လေ့ကျင့်ရေးပင်မလုပ်ခဲ့ပေ။

Emdend…..