Chapters

အခန်း (၅၈)

Vol. 4 Ch. 58

အခန်း (၅၈)

Vol. 4 Ch. 58

လန်ရွမ်းယုသည် ကျောင်းကားပေါ်မှ ဆင်းကာ လမ်းလျှောက်ရင်းပင် ရွှေနဂါး ကောင်းကင်ကို တုန်လှုပ်ခြင်းတိုက်ကွက်များကို လက်နှစ်ဖက်ဖြင့် လေ့ကျင့်နေခဲ့သည်။ သူ ပိုလေ့ကျင့်လေ၊ ထိုတိုက်ကွက်၏စွမ်းအားများကိုသိလာလေလေဖြစ်သည်။ ပင်ပန်းနေသော်လည်း ပိုအစွမ်းထက်လာမည်ဖြစ်သည်။

“အိမ်ပြန်ရောက်ပါပြီ!”

လန်ရွမ်းယုသည် အိမ်တံခါးဝမှ လှမ်းအော်ပြီး

နာ့နာ့ ရဲ့အခန်းထဲကို ဝမ်းသာအားရ ပြေးသွားခဲ့သည်။

“ဆရာမ နာ့နာ့လည်း မရှိဘူး “

လန်ရွမ်းယု အံ့သြသွားသည်။

သူမ၏ အခန်းတစ်ခုလုံးသည် ယခင်က ဘယ်သူမှ မနေထိုင်ခဲ့ဖူးသလို သန့်ရှင်းနေခဲ့သည်။ အိမ်ထဲတွင်လိုက်ရှာသော်လည်း မတွေ့ပေ။

‘ဆရာမ နာ့နာ့ အပြင်သွားလား’

ထိုအချိန်တွင် ချိုမြိန်စွာ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ နာ့နာ့ ၏ ပုံရိပ်တစ်ခုပင်ဖြစ်သည်။

“ရွမ်းယု မင်းပြန်ရောက်ပြီလား.... ဆရာမ မင်းကိုပြောစရာရှိတယ်။ ဆရာ သွားတော့မယ်”

“ဆရာမမှာ လုပ်စရာ ကိစ္စတစ်ခုရှိတဲ့အတွက် သွားရတော့မယ်။ မထွက်သွားခင် မင်းကိုစောင့်ဖို့ တွေးထားပေမယ့် မင်းနဲ့ရှိနေရင် ငါသွားချင်တော့မယ်မထင်ဘူး။”

“ဆရာမ မင်းကိုစတွေ့ကတည်းက မင်းကိုအရမ်းသဘောကျပြီးအရမ်းချစ်တယ်... မင်းကြီးလာတဲ့အထိ မင်းနဲ့အတူနေဖို့တွေးထားခဲ့တာ..ဒါပေမဲ့ အခုတော့.... ငါတို့ အတူတူရှိခဲ့တဲ့ အမှတ်တရတွေက ဆရာမ နဲ့အတူ အမြဲရှိနေမှာပါ... ဆရာမ အဲဒါတွေကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး”

“အဖေနဲ့အမေပြောတဲ့စကားကို နားထောင်...

ဆရာမ သင်ထားတဲ့အတိုင်း လေ့ကျင့်။

ဆရာမရဲ့ ဝိညာဥ်ဆက်သွယ်နံပါတ်ကို ထားခဲ့တယ်။ ဒါပေမဲ့ မင်းရဲ့ ဝိညာဉ်စွမ်းအား

အဆင့် 20 မှာ အဲ့တာကအသက်ဝင်လာလိမ့်မယ်..အဲ့ကျဆရာမကိုခေါ်ပါ.... အဲ့အချိန်ကျရင် ဆရာမ သားစီိကိုပြန်လာမယ်။ ဒါကြောင့်

အဆင့် 20 ရောက်အောင်ကြိုးစားပါ။”

“ရွှေနဂါး ကောင်းကင်ကိုတုန်လှုပ်စေခြင်း လေ့ကျင့်မှုကို ဆက်လုပ်ပါ။ အဲဒါကို အပြည့်အဝ ကျွမ်းကျင်လာတဲ့အခါ မင်းကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်လိမ့်မယ်။ မငိုပါနဲ့ မင်း ယောက်ျားတစ်ယောက်...လွယ်လွယ်နဲ့ မျက်ရည်

မကျရဘူး။ ဒါက ယာယီနှုတ်ဆက်ခြင်းပါ။ ဆရာမတို့ သေချာပေါက် ပြန်ဆုံကြမယ်”

“ကောင်းပြီ ငါဒီမှာပဲရပ်လိုက်တော့ မယ်။ မဟုတ်ရင် ဆရာမ တကယ်ကို မထွက်သွားနိုင်တော့ပဲနေလိမ့်မယ်။ မင်းအမေဆီကို ငါနံပါတ်ပို့ပေးထားပြီးပြီ ငါထွက်ခွာမယ့်အကြောင်းကိုလည်း အကြောင်းကြားထားမယ်။ နှုတ်ဆက်ပါတယ် ရွမ်းယု”

“ဆရာ နာ့နာ့ …” ရွမ်းယု နာ့နာ့ကိုပွေ့ဖက်ဖို့ရှေ့သို့တိုးသွားသော်လည်း လေကိုသာပွေ့ဖက်မိသည်။

“ဆရာမ နာ့နာ့ မသွားနဲ့...”

……….

အာကာသယာဥ်ပေါ်တွင်

“နာ့နာ့ ဘာဖြစ်နေတာလဲ”

မျက်နာပျက်နေသော နာ့နာ့ကိုမြင်တော့ ယွမ်ယန် မေးလိုက်သည်။

နာ့နာ့ က ခေါင်းယမ်းလိုက်ကာ

“ဘာမှမဖစ်ပါဘူး... သွားကြရအောင်”

‘ရွမ်းယု ငါတို့သေချာပေါက် ပြန်ဆုံမယ်’

………..

ရွမ်းယု သည် တစ်ပတ်လုံး မှိုင်တွေနေခဲ့သည်။ သို့သော် နာ့နာ့ ၏ စကားကို နှလုံးသားထဲတွင် သိမ်းဆည်းထားသည်။ အဆင့် 20 အထိ ကျင့်ကြံနိုင်ပါက ဆရာမ နာ့နာ့ ကို ပြန်တွေ့နိုင်သည်။

လက်ရှိအချိန်တွင် သူသည် အဆင့် 13 တွင်ရှိနေပြီးအဆင့်20 ပန်းတိုင်နဲ့လည်း သိပ်မဝေးလှပေ။ လူတချို့ကလည်း နေ့စဥ် တန်ဖိုးကြီးအစားအစာ

များကိုပို့ပေးလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးလကြာသွားခဲ့သည်။

နန်ချိန် သည် ယခုရက်ပိုင်းတွင် စိတ်တိုနေတတ်သည်။ အကြောင်းပြချက်မှာ လန်ရှောင်းပင် ဖြစ်သည် ။

လန်ရှောင်းထွက်ခွာသွားသည်မှာ ခြောက်လတိတိကြာသွားခဲ့သည်။ ဖုန်းလည်းမဆက်တော့ပေ။

ထို့ကြောင့် နန်ချိန်သည် ခင်ပွန်း ဆက်သွယ်လာရန်သာ စောင့်ဆိုင်းနေခဲ့ရသည်။

ကောင်းကင်ဝိညာဥ် ဂြိုဟ်.....

ကျီလော်မြို့.....

ရွမ်းယုတက်နေသောစာသင်ကျောင်း.....

လန်ရွမ်းယုသည် ကျောင်းသို့ အစောကြီးရောက်လာခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအားအရ အဆင့် 14 အဆင့်သို့ ရောက်လုနီးနေပြီဟု မကြာသေးမီက ခံစားမိခဲ့သည်။ ဒီလေ့ကျင့်ရေးအမြန်နှုန်းက အတော်လေး မြန်ဆန်သည်။

အမြန်နှုန်းအရ အသက် 10 နှစ်မတိုင်ခင် အဆင့် 20 ကို ရောက်နိုင်လောက်သည်။

အသက် 12 နှစ် မတိုင်မီ အဆင့် 20 ကိုရောက်ခြင်းသည် ကောင်းမွန်သောအရာတစ်ခုအဖြစ် ယူဆ နိုင်သည်။

“ရွမ်းယု ခဏလေ... ဆရာမ မင်းနဲ့ စကားပြောချင်တယ်”

ချိုယုရှင်း က လန်ရွမ်းယုကိုမြင်တော့အော်ပြောလိုက်သည်။

“ဟုတ် ဆရာမ ချို “

“ရွမ်းယု ဆရာမ မင်းကို ပြောစရာရှိတယ်..မင်းကျောင်းပိတ်ရက်မှာ ပြင်ဆင်ထားလို့ရအောင်လို့...မကြာခင်ကျောင်းပိတ်တော့မှာလေ”

ဆရာမချိုက တိုးတိုးလေးပြောလိုက်သည်။

“ဟုတ် ဘာလဲ?”

Endend…..