Chapters

အခန်း (၅၅)

Vol. 4 Ch. 55

အခန်း (၅၅)

Vol. 4 Ch. 55

ထိုစဉ်တွင်ပင် လူတစ်ဦးသည် ခေါင်မိုးပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လာသည်။ ကျန်းကျင်းဖြစ်သည်။

“ကျွန်တော်တို့ အောင်မြင်ခဲ့ပါတယ်။ ထာဝရအမှောင်ဘုရင်၊ ကျီလော်မြို့မှာ မီးရှူးမီးပန်းပွဲတော်ကျင်းဖို့ မလုပ်ချင်ဘူးလား”

“ပါးစပ်ပိတ်ပြီး ယာဥ်ပေါ် ချက်ချင်းတက်...

အဖွဲ့ချုပ်မှာရှိတဲ့ အဲ့ဒီလူကြီးတွေ ဘယ်လောက်ကြောက်စရာကောင်းလဲ မင်းသိလား။ မင်းက စစ်နတ်ဘုရားခန်းမ.... ထန်ဂိုဏ်းနဲ့ ရှီလိုင်ခဲ့အကယ်ဒမီကို ငါတို့ကိုလာသတ်အောင် ဆွဲဆောင်ဖို့ ကြိုးစားနေတာလား... မင်းသေချင်ရင် မင်း

ခေါင်မိုးပေါ်ကနေ ခုန်ချပြီးသေ...စင်မြို့တစ်ခုလုံးကို မင်းနဲ့အတူ ဆွဲမခေါ်နဲ့”

ထာဝရအမှောင်ဘုရင်က အေးစက်စွာပြောလိုက်သည်။ ကျန်းကျင်းလည်း တုန်လှုပ်သွားသည်။

ထို အဖွဲ့အစည်းသုံးခုသာရောက်လာရင်.....

“မဟုတ်ဘူး၊ ငါအဲဒါကိုမလိုချင်ပါဘူး။

သွားကြရအောင်။ ဒါပေမယ့် အဖွဲ့ 4 နဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်”

“သူတို့ကို ဂရုစိုက်မနေနဲ့.... ချက်ချင်းထွက်လာခဲ့.... အချက်ပြကို ပိတ်ဆို့ထားတဲ့အချိန်ကန်သတ်ချက် ရောက်နေပြီ”

ကျန်းကျင်း သည် ယာဥ်ထဲသို့ရောက်သောအခါ ချက်ချင်းစိတ်သက်သာရာရသွားသည်၊ ဤတာဝန်ပြီးမြောက်သွားသည်ဟု ယူဆနိုင်သည်။

“ အဆက်အသွယ်ပြတ်သွားတဲ့ အဖွဲ့ 4 က လွဲလို့ ကျန်တဲ့အဖွဲ့ဝင်တွေအားလုံး ယာဥ်ထဲကို ဝင်လာပါတယ်” လေယာဉ်ပိူင်းလော့ခန်းမှ သတင်းပို့ချက်တစ်ခု ထွက်ပေါ်လာသည်။

“ဒါဆိုလည်း သွားကြရအောင်။သူတို့ကိုထားခဲ့လိုက်တော့....အခုတော့ အောင်ပွဲခံပြီး ပြန်ကြစို့..... ဟားဟားဟား..........”

ကျန်းကျင်း အမိန့်ပေးပြီး ရယ်မောလိုက်သည်။

ယာဥ်သည်လေပေါ်သို့စတင်ပျံတက်သွားလေသည်။ ၎င်းယာဥ်သည် အာကာသအတွင်းပင် သွားလာနိုင်သော ယာဥ်တစ်စီးဖြစ်သည်။

ထိုအချိန်တွင် ခေါင်မိုးပေါ်မှ ငွေရောင်အလင်းတန်းများ လင်းလက်လာပြီး နာ့နာ့နှင့် လန်

ရွှမ်းယုပေါ်လာသည်။ နာ့နာ့က ပျံတက်နေသောယာဥ်ကိုကြည့်ရင်း

“သွားချင်တာလား”

သူမသည် လန်ရွမ်းယု၏ညာလက်ကို ကိုင်ထားပြီး လက်မရှိ လက်စွပ်ကို ချွတ်ယူလိုက်လေသည်။ ထို့နောက် နာ့နာ့ သည် လန်ရွမ်းယု

တအံ့တသြဖြစ်သွားစေသော လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့သည်။ ထိုအရာမှာ လန်ရွမ်းယု၏လက်စွပ်ဖြင့် ထိုယာဥ်ကိုပစ်ပေါက်လိုက်ခြင်းပင်ဖြစ်သည်။ နက်ပြာရောင်အလင်းတစ်ခုက ကောင်းကင်သို့ လွင့်ပျံသွားပြီး လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသည်။

“ဆရာမ နာ့နာ့” လန်ရွမ်းယု သည် သူ့လက်စွပ် ပျောက်သွားသည်ကို သတိမထားမိဘဲ ဆရာနာ့နာ့ ဘာလုပ်ခဲ့သည်ကိုသာ သိချင်နေခဲ့သည်။

နာ့နာ့ က ခေါင်းငုံ့ပြီး ရွမ်းယု၏နဖူးကို နမ်းလိုက်ပြီး

“ရပြီ... ပြီးသွားပြီ”

“ဗွမ်း.......”

ကောင်းကင်ယံတွင်.....

ကျယ်လောင်သောပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက်တွင် ကြီးမားသော မီးလုံးကြီးတစ်ခု ဖြစ်လာသည်အထိ ယာဥ်ကြီးတစ်ခုမှာအရှိန် ပြင်းထန်စွာ လောင်ကျွမ်းသွားလေသည်။

ဆယ်စက္ကန့်.....

နာ့နာ့သည် ညာလက်ကို မြှောက်လိုက်ရာ နက်ပြာရောင်လက်စွပ်သည် သူမ၏ လက်ဖဝါးထဲတွင် ပေါ်လာလေသည်။ ထိူ့နောက် သူမသည် ထိုနက်ပြာရောင်လက်စွပ်ကို လန်ရွမ်းယုပင်မသိလိုက်ခင်ပြန်စွပ်ပေးလိုက်လေသည်။ သူ

“ဆရာမ နာ့နာ့ အဲဒါ ဘာလဲ” လန်ရွမ်းယု သည် အဝေးမှ မီးလုံးကြီးကို ကြည့်ကာ စပ်စုမေးလိုက်သည်။

“ မီးရှူးမီးပန်းတွေ ဖြစ်မှာပေါ့”

နာ့နာ့ ခပ်တိုးတိုး ပြုံးကာပြောလိုက်သည်။

…….

စင်မြို့ရဲ့ ကိုယ်ပျောက် အာကာသယာဥ်? ပေါက်ကွဲတာလား?

“တီ...တီ..တီ...တီ!” သူ့ရဲ့ဆက်သွယ်ရေးစက်က အရူးအမူးမြည်လာခဲ့သည်။

ဆယ်မိနစ်အကြာ......

အဆောက်အဦးနှင့် မဝေးတဲ့ တိုက်ခန်းတစ်ခု....

လူတစ်ယောက်အတွက် ဝတ်ရုံတစ်ထည်ကို ဝတ်

ထားသည်။

သာမန်လူလတ်ပိုင်းတစ်ယောက်လိုဖြစ်သည်။

“ဒါ ဘယ်သူလုပ်သွားတာလဲ။

ကြောက်စရာကောင်းလွန်းတယ်။ အဲ့လူမှာ အနည်းဆုံး ဝိညာဉ်ဒိုမိန်းအဆင့်ဖြစ်ရမယ် ...

ဘုရားရေ! ကျီလော မြို့မှာ ဒီလိုမျိုး လူတစ်ယောက်ရှိတယ်။ ကံကောင်းထောက်မပြီး ငါယာဥ်ပေါ်တက်မသွားခဲ့ဘူး.... ငါ ဒီနေရာက ထွက်သွားရမယ်၊ ငါ အခုချက်ချင်းကို ဒီနေရာက ထွက်သွားရမယ်။”

“အရှင်...ငါ ထာဝရအမှောင်ထုဘုရင်ပါ.....ကိစ္စ ကြီးကြီးမားမားဖြစ်သွားပြီ၊ ငါကြောက်တယ်…”

………..

နေ့လည်ပင်ဖြစ်နေပြီဖြစ်သည်။

အမျိုးမျိုးသော စစ်ဆေးမေးမြန်းမှုများပြီးနောက် နန်ချိန်နှင့်ရွမ်းယုတို့ အိမ်သို့ပြန်လာနိုင်ခဲ့သည်။

ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ ကျီလော မြို့တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူများသည် ရာနှင့်ချီသော ဗုံးများကို ဖြုတ်ခဲ့ရသည်။ အဆောက်အဦးပင် ပြိုကျလုနီးပါးဖြစ်သည်။ endend……