အခန်း (၆၁)
Vol. 5 Ch. 61
လန်ရှောင်း သူ၏ထူးချွန်သောစွမ်းဆောင်ရည်ကြောင့် ရာထူးတိုးခံခဲ့ရသည်။ လန်ရှောင်း ၏ ပြောကြားချက်အရ၊ သူသည် ကောင်းကင်ဝိညာဥ်မြို့ ရှိ အဆင့်မြင့် သုတေသနစင်တာသို့ ပြောင်းရွှေ့ခံရနိုင်သည်။
ဆိုလိုသည်မှာ လန်ရှောင်းတို့သည် ကျီလော်မြို့ မှ ကောင်းကင်ဝိညာဥ်မြို့ သို့ ပြောင်းရွှေ့ရန် လိုအပ်မည်ဖြစ်သည်။
တိုက်ဆိုင်မှုတစ်ခုလို့ပင် လန်ရွမ်းယုသာ လူငယ်အထူးတန်းသို့ဝင်နိုင်ခဲ့ပါက သူသည် ကောင်းကင်ဝိညာဥ်မြို့သို့ သွားရမည်ုဖစ်သည်။
ထို့ကြောင့် နန်ချိန်သည် ယနေ့ ကျောင်းမတက်မီ လန်ရွမ်းယုအား အကြိမ်ကြိမ် အားပေးခဲ့သည်။
“နှုတ်ဆက်ပါတယ် ဖေဖေ”
“သွားတော့” လန်ရှောင်း ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
ရွမ်းယုသည် လန်ရှောင်းကိုနှုတ်ဆက်ကာ ကျောင်းထဲသို့ဝင်သွားလေသည်။ လန်ရှောင်း
လှည့်ထွက်ခါနီးတွင် ရင်းနှီးသောရုပ်သွင်ကို မြင်လိုက်ရသည်။ ရဲဖိန်ပင်ဖြစ်သည်။ ရဲဖိန်သည် သူ့ရဲ့ ယူနီဖောင်းကို ၀တ်ထားဆဲဖြစ်သည်။ သို့သော် လန်ရှောင်းစတွေ့စဥ်ကထက် ကြယ်တစ်ပွင့်လျော့သွားခဲ့သည်။ ထိုအရာကိုလည်း
လန်ရှောင်း ချက်ချင်းသိလိုက်ရသည်။ ထို့အတူ လန်ရှောင်းကလည်း ကြယ်တစ်ပွင့်တိုးလာကာ သူတို့နှစ်ဦးစလူဲးသည် ဘားနှစ်ဘယးနှင့် ကြယ်သုံးပွင့် ဗိုလ်မှူးကြီးများဖြစ်သည်။
“ဆရာ မတွေ့တာကြာပြီနော်”
လန်ရှောင်းက သူ့ကို နှုတ်ဆက်ရင်း ပြောလိုက်တယ်။
ရဲဖိန် ကတော့ သက်ပြင်းချလိုက်သည်။
“ငါက အရင်လိုမင်းထက်ရာထူးမကြီးတော့ဘူး၊ တခြားရာထူးကို ပြောင်းရွှေ့ခံရတယ်...ဒါပေမယ့် ဂုဏ်ယူပါတယ် မင်းရာထူးတိုးသွားပြီပဲ!”
လန်ရှောင်း က
“ဆရာ ဘာဖြစ်သွားတာလဲ၊ အဆင်ပြေလား”
ရဲဖိန် ရှိုက်ကြီးတငင် ပြုံးလိုက်သည်။
“ မင်းအဆင်ပြေရင် ငါတို့ ကော်ဖီသွားသောက်မလား”
လန်ရှောင်း က ခေါင်းညိတ်ကာ
“ရပါတယ်”
သူ့ရှေ့မှလူသည် ရှစ်ကွင်းဝိညာဥ်မာစတာဖြစ်သည်.. စစ်တပ်တွင်သာ သူနှင့်ရာထူးအဆင့်အတန်းတူသော်လည်း တကယ်တော့အဆင့်က ကွာလွန်းသည်။
နှစ်ယောက်စလုံး အနီးနားရှိ ကော်ဖီဆိုင်သို့ ကား မောင်းသွားကြသည်။
“ဆရာ…”
“ငါ့ကို ဆရာလို့မခေါ်နဲ့၊ ငါ့နာမည်ပဲ ခေါ်ပါ”
“ကောင်းပါပြီ၊ အစ်ကို ရဲဖိန်၊ ဘာဖြစ်သွားတာလဲ”
“ ထရမ်ပိုလိုင်း အဆောက်အဦး အဖြစ်ဆိုးကို မင်းကြားမှာပါ။ အဲ့ရာဇ၀တ်ကောင်တွေကို ဖမ်းဖို့ တာဝန်ယူရတာ ငါပဲ...ငါတို့စီမံချက်တစ်ခုလုံး ပျက်သွားခဲ့တယ်။ ရာနဲ့ချီတဲ့ အသက်တွေ ဆုံးရှုံးခဲ့ရတယ်။ ဒီစစ်ဆင်ရေးရဲ့ ကွပ်ကဲရေးမှူးအနေနဲ့ အဲ့တာက ငါ့ တာဝန်ဖြစ်သွားတယ်”
“ဒါပေမယ့် အကိုရဲဖိန် အဖွဲ့ချုပ်အတွက် လုပ်ပေးထားတာနည်းတာမှမဟုတ်တာ... ဒါကို ဘယ်လိုလုပ်မလဲ…”
ရဲဖိန်က “အခုဟာလည်း အကောင်းဆုံးရလဒ်ဖြစ်နေပါပြီ။ စစ်တပ်က ငါ့ကို ကာကွယ်ပေးပါတယ်။ မဟုတ်ရင် စစ်ခုံရုံးမှာတရားရင်ဆိုင် နေရမှာ။ အခုတော့ ဖုန်းဟောက်တုံ့လော် အဆင့်ကို ကျော်ဖြတ်နိုင်မလားလို့ လေ့ကျင့်နေတယ်။ အဲ့အဆင့်ရောက်ရင်တော့ အရင်ရာထူးထက်တောင်ပိုမြင့်သွားနိုင်တယ် ”
လန်ရှောင်းလည်း ခေါင်းညိတ်ပြီး
“ကံဆိုးမှုဟာ တကယ့်ကောင်းချီးတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်”
“ဒါပေမယ့် မင်းရဲ့ ရွမ်းယု ထူးထူးခြားခြားပဲကွ! အဲ့ဒီကလေးမှာ အမွှာသိူင်းဝိဥာဉ် ရှိတယ် မဟုတ်လား”
လန်ရှောင်း စိတ်ထဲတွင် တုန်လှုပ်သွားသော်လည်း ဘာမှပြန်မပြောပေ။
“ငြင်းစရာ မလိုပါဘူး၊ အဲ့တာ ကောင်းပါတယ်။ ငါအရင်က ငါ့အလုပ်တွေရှုပ်ပြီး မင်းကိုရှာဖို့ အချိန်မရှိခဲ့ဘူး။ ရွမ်းယု အကြောင်း မင်းကို ပြောချင်တယ်”
“ဘာကိုဆိုလိုတာလဲ?”
“ဒီကလေးဟာ ပုံမှန်မဟုတ်တဲ့ လက်ဆောင်တစ်ခုရထားတာပဲ.... ရိုးရိုးသားသားပြောရရင် လင်းတုံနဲ့တိုက်ခိုက်ကတည်းက သူ့ကို သတိထားမိခဲ့
တယ်။ လင်းတုံရဲ့မြင့်မြတ်တဲ့ကောင်းကင်နဂါးသိုင်းဝိညာဥ်က အစွမ်းထက်ဆူံးနဂါးမဟုတ်ပေမဲ့ နဂါးအမျိုးအစားထဲမှာ ရှိနေဆဲပဲ။ ညီလေးလန်ရှောင်း.... မင်းက ရှေးဟောင်းဝိညာဥ်သားရဲတွေကို သုတေသနလုပ်ထားတော့ သားရဲတွေကြားထဲမှာ နဂါးအမျိုးအစားက ဘယ်လောက်အစွမ်းထက်တဲ့ ဝိညာဥ်သားရဲတွေလဲဆိုတာ ကောင်းကောင်းသိသင့်တယ်။ အဲ့တာကြောင့် ရွမ်းယုရဲ့ မျိုးပြောင်းသိုင်းဝိဉာဉ်က နဂါးနဲ့ သက်ဆိုင်တာလား သို့မဟုတ် အခြား စွမ်းအားကြီးသိူင်း ဝိညာဉ်လည်းဖြစ်နိုင်တယ်။ မင်းရဲ့သားက ဒီလိုအရည်အချင်းရှိတာကို မင်း ဘာလို လျစ်လျူရှုထားတာလဲ”
လန်ရှောင်း က “ငါ ဒါကို လျစ်လျူမရှုပါဘူး! ကျောင်းပြန်ဖွင့်ပြီးနောက်မှာ သူ့ကို လူငယ်အထူးတန်အတွက် ကြိုးစားဖို့ပြောထားတယ် “
ထိုအခါရဲဖိန်က
“တကယ်တော့၊ အခြားနည်းလမ်းတစ်ခုရှိပါသေး
တယ်။ မင်းသဘောတူရင် ငါသူ့ကို စစ်မှုထမ်းပြီး စစ်အကယ်ဒမီတက်လို့ရအောင် ကူညီပေးနိုင်တယ်။ နောကိပြီး စစ်နတ်ဘုရားခန်းမကိုဝင်နိုင်ပြီးတော့ ဗိုလ်ချုပ်အဆင့်..... ”
“စစ်နတ်ဘုရားခန်မး” ဒီစကားများကိုကြားတော့ လန်ရှောင်း ထိတ်လန့်သွားသည်။
“ ညီလေး လန်ရှောင်း…”
“ဟူတ် ကျေးဇူးပါ..ဒါပေမဲ့ အခုတော့မလိုသေးဘူးလို့ ထင်ပါတယ်....”
“တကယ်လား?” ရဲဖိန်သည် လန်ရှောင်း သူ့ကို ဒီလောက်မြန်မြန် ငြင်းပယ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။
လန်ရှောင်း သက်ပြင်းချရင်း
“ကျွန်တော် အမြင်ကျဉ်းတာတော့ မဟုတ်ဘူး ဒါပေမယ့် အချိန်အတော်ကြာ ခွဲခွာသွားပြီးနောက်
မိသားစုနဲ့ခွဲရတာ ဘယ်လောက်တောင် နာကျင်ခဲ့ရတယ်ဆိုတာ သိလိုက်ရတယ်။ ကြယ်စုရှာဖွေရေးမှာ ပါဝင်ခဲ့ပြီး ကျနော် ရှစ်လကြာ ထွက်ခွာသွားခဲ့ရတယ်။ ရှစ်လလုံးလုံး အိမ်ကသတိရနေရတယ်... မိသားစုအတူတကွရှိခြင်းထက် ပိုအရေးကြီးတာ ဘာမှမရှိဘူး”
ရဲဖိန်လည်း ထိုစကားကြာတော့ သူ အကျဉ်းချခံထားရတဲ့ နေ့ရက်တွေကို သူ့အလိုလို ပြန်အမှတ်ရသွားသည်။ ထိုရက်များတွင်သူလည်း
သူ့မိန်းမနဲ့ သမီးအကြောင်း တွေးနေခဲ့သည်။
“ကောင်းပါပြီ မင်းစိတ်ပြောင်းသွားရင် ငါ့ကို အချိန်မရွေးရှာပါ”
Endend…..