Chapters

အခန်း (၆၃)

Vol. 5 Ch. 63

အခန်း (၆၃)

Vol. 5 Ch. 63

ဆရာမများသည် လူငယ်အထူးတန်းအတွက် အကဲဖြတ်ရာတွင် ပါဝင်မည့် ကျောင်းသားများကို ထားခဲ့လိုက်သည်။

လန်ရွမ်းယု သည် ဒုတိယတန်းကျောင်းသားဖြစ်သော်လည်း ထိုကျောင်းသားဆယ်ယောက်တွင် အရပ်အရှည်ဆုံးဖြစ်သည်။

လူလတ်ပိုင်းအရွယ်အမျိုးသားက သူ့ရှေ့ရှိကျောင်းသား ဆယ်ယောက်ကို ကြည့်ပြီး ပြုံးတယ်။

“မင်းတို့အားလုံး နောက်ပိုင်းမှာ စာမေးပွဲတွေ ဆက်တိုက်ဖြေကြရလိမ့်မယ်။ ငါမင်းတို့အားလုံး

ကိုပြောပြစရာတစ်ခုရှိတယ်။ အကယ်၍ မင်းတို့ဆယ်ယောက်လုံး သတ်မှတ်ထားတဲ့စံနှုန်းကို မပြည့်မီရင် မင်းတို့တစ်ဦးတစ်ယောက်ကိုမှ စာရင်းသွင်းမှာမဟုတ်ဘူး။ အကောင်းဆုံးတွေကိုပဲ ယူမှာ”

“ငါ့နာမည်က မုကျုံးထျန်.... ကောင်းကင်ဝိညာဥ်အကယ်ဒမီက ဆရာမပဲ။ မင်းတို့အားလုံး တန်းစီပြီး ငါ့နောက်ကို လိုက်ကြ။ အကဲဖြတ်မှုတစ်ခုစီအတွက် သက်ဆိုင်တဲ့ရမှတ်တစ်ခုရှိမယ်... အဆုံးမှာ စုစုပေါင်းရမှတ်က မင်းတို့ရဲ့နောက်ဆုံးရမှတ်ပဲ။ အကောင်းဆုံးလုပ်ပါ။ ငါတို့ ဝိညာဉ်စွမ်းအားစမ်းသပ်မှု၊ ထို့နောက် ဝိညာဉ်ရေးရာ စွမ်းအားစမ်းသပ်မှုနဲ့ နောက်ဆုံး အတွင်းစိတ်အရည်အသွေး အကဲဖြတ်မှုအထိလုပ််မယ်..

ကဲ..အခု စမယ်”

ဝိညာဉ်စွမ်းအားစမ်းသပ်မှုနှင့်ပတ်သက်၍ ပြောစရာများစွာမရှိပေ။

ရွမ်းယု၏ ဝိညာဉ်စွမ်းအားသည် အဆင့် 14 ဖြစ်ပြီးယခုလူများထဲတွင် နောက်ဆုံးဖြစ်သည်။ အဆင့် 15 ရှိသော ကျောင်းသား ငါးဦးနှင့် အဆင့် 16 ရှိသော ကျောင်းသား လေးဦးရှိသည်။ ရဲလင်းတုံ သည် အဆင့် 16 ဖြစ်သည်။

သူမသည် အသက်အငယ်ဆုံးဖြစ်ပြီး ခုနစ်နှစ်အရွယ်တွင် အဆင့် 16 ရရှိခဲ့သည်မှာ ရလဒ်ကောင်းတစ်ခုဖြစ်သည်။ ဤနှုန်းဖြင့် သူမသည် ဆယ်နှစ်မပြည့်မီ အဆင့် 20 ဖြစ်လာလိမ့်မည်။

“ဝိညာဉ်ရေးရာစွမ်းအားစမ်းသပ်မှု “

“ဝိညာဉ်ရေးရာ စွမ်းအား အမှတ် ၃၇”

နောက်တစ်ယောက်

“ဝိညာဉ်ရေးစွမ်းအား၊ ၄၈ မှတ်။ မဆိုးပါဘူး။” ကျောင်းသားတစ်ဦးမှာ အမှတ် ၄၈ ရှိသဖြင့် မုကျုံးထျန် ပြုံးကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုကိသည်။

သို့သော်

“လန်ရွမ်းယု”

လန်ရွမ်းယုရှေ့ထွက်လာကာ စမ်းသပ်ထိုင်ခုံတွင်ထိုင်လိုက်သည်။ ထို့နောက် စက်တွင် နံပတ်များပေါ်လာသည်

“ဝိညာဥ်ရေးရာ စွမ်းအား…”

နံပါတ်များကို ကြေငြာနေသည့် ဆရာမက ရုတ်တရက် ရပ်တန့်သွားသည်။

“ဘာမှားလို့လဲ?” မုကျူံးထျန် က မေးသည်။

ထိုဆရာမ၏ လေသံသည် ပြောင်းလဲသွားပြီး ထိတ်လန့်တုန်လှုပ်သွားလေသည်။

“ဆရာမု၊ ဒါကိုကြည့်စမ်းပါဦး”

“ 99 “

“ငါတို့ ထပ်ပြီး စမ်းကြည့်မလား” စက်ရာတာဝန်ခံဆရာက မေးလိုက်သည်။

မုကျုံးထျန် ခေါင်းခါလိုက်ပြီး

“မလိုဘူး၊ စက်က မှားမှာမဟုတ်ဘူး။ လန်ရွမ်းယု.. ဝိညာဉ်ရေးရာ စွမ်းအား၊ အမှတ်99...

ဝိညာဉ်ဆက်သွယ်မှုအဆင့်”

0 မှ 50 အထိ ဝိညာဉ်ရေးရာစွမ်းအားသည် ဝိညာဉ်အရင်းအမြစ်နယ်ပယ်ဖြစ်ပြီး 50 မှ 200

သည် ဝိညာဉ်ဆက်သွယ်ခြင်းနယ်ပယ်ဖြစ်သည်။

ထို့အဆင့်တွင် အဝါရောင်ဝိညာဥ်ကွင်းနှစ်ကွင်း သို့မဟုတ် ခရမ်းရောင် ဝိညာဉ်ကွင်းတစ်ကွင်းကိုစုပ်ယူနိုင်လေသည်။

‘အသက် 8 နှစ်၊ အမှတ်100 နီးပါးရှိတဲ့ ဝိညာဉ်ရေးရာစွမ်းအားနဲ့ ဝိညာဉ်ဆက်သွယ်မှုနယ်ပယ်အဆင့် ဒါက ဘာကိုဆိုလိုတာလဲ။’

ဤကလေးသည် သူ၏ ဝိညာဉ်စွမ်းအား၌ အနည်းငယ် အားနည်းနေသော်လည်း ဤဝိညာဉ်ရေးရာ စွမ်းအားသည် အံ့ဩစရာဟု ဆိုနိုင်သည်။

“ပုံရိပ်ယောင်ကမ္ဘာထဲကို မင်းတို့ဝင်ရမယ်..မင်းတို့ရဲ့ စိတ်ဓာတ်၊ တိုက်ခိုက်ရေးစွမ်းရည်နဲ့ ဖြတ်ထိုးဥာဏ် စမ်းသပ်မယ်။ အကောင်းဆုံးကြိုးစားပါ။ “

Endend….