Chapters

အခန်း (၆၄)

Vol. 5 Ch. 64

အခန်း (၆၄)

Vol. 5 Ch. 64

နာ့နာ့......

သူမ ပထမဆုံး ကျောင်းသွားသောနေ့ဖြစ်သည်။ ကောင်းကင်ဘုံဂြိုလ်သို့ပြန်ရောက်သောအခါ စမ်းသပ်မှုများလုပ်ခဲ့ရသော်လည်း ထူးခြားချက်မတွေ့ခဲ့ပေ။ စွမ်းအားများမရှိဟုသာ ဖော်ပြနေသည်။

သူမရဲ့ လုပ်ရပ်ကို ရိုက်ကူးထားတဲ့ ဂြိုလ်တုဓာတ်ပုံကြောင့် မဟုတ်ရင် သူမဟာ သာမန်အမျိုးသမီးတစ်ဦးလို့ လူတိုင်းက ယုံကြည်နေကြဆဲပင်ဖြစ်သည်။

ထို့နောက် အကယ်ဒမီတစ်ခုဝင် ကိုယ်ခံပညာသင်ပေးသောဆရာအဖြစ်ဝင်ရောက်ခဲ့သည်။ စောင့်ကြည့်ကာလမှာတစ်နှစ်တိုးကာ ခြောကိနှစ်ဖြစ်သွားခဲ့သည်။

သူမသည် အတန်းနှစ်ခုကို သင်ကြားပေးရန် တာဝန်ရှိသည်။

အားကစားကွင်း.....

နာ့နာ့ အားကစားရုံထဲကို လှမ်းကြည့်လိုက်တော့ သူမကိုတွေ့တဲ့ ကျောင်းသားများမှာ ချက်ချင်း ငြိမ်သက်သွားကြသည်။

“ဆရာမက အရမ်းလှတာပဲ”

ကောင်မလေးများထဲမှ တစ်ယောက်က ရေရွတ်လိုက်သည်။

“ဟုတ်ကဲ့ ဆရာမ အရမ်းလှတာပဲ”

ကျောင်းသားအားလုံး အချင်းချင်း တိုးတိုးလေး တီးတိုးပြောလာသောကြောင့် တိတ်ဆိတ်မှုမှာ ရပ်တန့်သွားသည်။

နာ့နာ့ သည် ရှေ့သို့ လျှောက်လာပြီး ကျောင်းသား 30ကို ကြည့်လိုက်သည် ။

“အားလုံးပဲမင်္ဂလာပါ၊ ငါက နာ့နာ့ ပါ၊

ဒီနေ့ကစပြီး မင်းတို့ရဲ့ရှေးဟောင်းကိုယ်ခံပညာဆရာဖြစ်မှာပဲ”

“မင်္ဂလာနံနက်ခင်းပါဆရာမ”

နာ့နာ့သည် ကျောင်းသားတိုင်းကိုကြည့်နေရင်း ရုတ်တရက် ရပ်တန့်သွားသည်။

သူမသည် နက်ပြာရောင်ဆံပင်ရှည်နှင့် ရွယ်တူ

ရွယ်တူများထက် အနည်းငယ်အရပ်မြင့်သော မိန်းကလေးတစ်ဦးဖြစ်သည်။

ထို့နောက် နာ့နာ့သည် ထိုကောင်မလေးနှင့် ရင်းနှီးနေသလို ခံစားနေရသည်။

နာ့နာ့က ထိုကောင်မလေးရှေ့ကိုသွားကာ

“မင်းနာမည် ဘယ်လိုခေါ်လဲ”

“မင်္ဂလာပါ ဆရာမ... သမီးနာမည်က

တုံချင်းဂူ ပါ”

“တုံချင်ဂူ?” “အသက်ဘယ်လောက်ရှိပြီလဲ?”

“ခြောက်ကျော် ခုနစ်ထဲမှာ ပါ”

နာ့နာ့ သည် သူမ၏ ညာလက်ကို တုံချင်းဂူ ၏ ခေါင်းထက်ဆီသို့ မြှောက်လိုက်သည်။ ထိတ်လန့်တကြားဖြင့် တုံချင်းဂူသည် ရှောင်ရန် ကြိုးပမ်းသော်လည်း အရာမဝင်ပေ။

နာ့နာ့ ၏လက်သည် သူမ၏ဦးခေါင်းကိုထိလိုက်သောအခါ ချင်းဂူ သည် သူမပတ်ဝန်းကျင်ရှိအရာအားလုံး ပျောက်သွားသလို ခံစားလိုက်ရသည်။

ထို့နောက် နာ့နာ့ တုံချင်းဂူ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး

“ငါ နားလည်ပြီ”

…………..

“ထန်လီ... ငါတို့အခု ဖျော်ဖြေဖို့ ကောင်းကင်ဝိညာဥိမြို့ကိုသွားမယ်။ ရိုးရိုးသားသားပြောရရင် မင်းမှာ တခြားသီချင်းဆိုဖို့ အစီအစဉ်မရှိဘူးလား။ မင်းရဲ့ “ တမ်းတခြင်း “ သီချင်း က တကယ်ကောင်းတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် သီချင်းတစ်ပုဒ်ထဲကတော့.... နည်းသလားလို့... မင်း သီချင်းရေးတာ အရမ်းကောင်းပါတယ်.... ဘာလို့ နောက်တစ်ပုဒ် မရေးတာလဲ။”

Endend…..