အခန်း (၆၅)
Vol. 5 Ch. 65
‘ပုံရိပ်ယောင်ကမ္ဘာဆိုတာ ဘာလဲ?’
လန်ရွမ်းယု သည် ၎င်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သောကြောင့် အလွန်သိချင်နေသည်။
ထို့နောက် လန်ရွမ်းယုတို့ဆယ်ယောက်သည် သတ္ထုပြွန်ဆယ်ခုထဲသို့ဝင်ရောက်ရကာ ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဝင်ရောက်သွားကြသည်။ ထို့နောကိတစ်ကိုယ်လုံးထုံကျင်လာလေသည်။
“မထိတ်လန့်ပါနဲ့ ကျောင်းသားတို့...
မင်းတို့ အခုတွေ့ကြုံနေရတာတွေက ပုံမှန်ပဲ။
အဲဒီ့နောက်မှာ မင်းတို့ဟာ အခြားကမ္ဘာတစ်ခုထဲ
ကို ဝင်သွားမှာဖြစ်ပြီး မင်းတို့လုပ်ရမှာက အဲဒီကမ္ဘာမှာအချိန်ကြာကြာ ရှင်သန်ဖို့ပဲ။ မင်းအသတ်ခံရပြီးတာနဲ့ အဲ့ကနေ ပြန်ထွက်လာရလိမ့်မယ်... ဒါဟာ မင်းရဲ့အကဲဖြတ်မှုရဲ့ အဆုံးသတ်ပဲ။ နည်းလမ်းအားလုံးကို အသုံးပြုနိုင်တယ်။ စတင်ပါ”
……….
အသံနှင့်အတူ လန်ရွှန်းယူ သည် သူ့တစ်ကိုယ်လုံး ရုတ်တရတ် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
ထို့နောက် လန်ရွမ်းယု နိုးလာသည်။
မြစ်ကမ်းစပ်တစ်ခုတွင်သူနိုးလာခြင်းဖြစ်သောကြောင့်သူအံ့သြသွားသည်။
‘ဒါက ပုံရိပ်ယောင်ကမ္ဘာ လား? တကယ့်ကမ္ဘာနဲ့ အရမ်းတူတာပဲ’
အရာအားလုံးက ပုံမှန်အတိုင်းပင်၊ သာမာန်နှင့် ကွာခြားမှု မရှိပေ။
ရှင်သန်ခြင်း........
ဤစစ်ဆေးမှု၏ ဆောင်ပုဒ်ဖြစ်သည်။ လန်ရွမ်းယု
ခဏလောက်စဉ်းစားပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူပေါ်လာတဲ့ နေရာဟာ မြစ်ငယ်တစ်ခုဖြစ်သည်။
ဤနေရာသည် အခြားနေရာများထက် ရေဒြပ်စင်များ ပိုများနေပြီး ရေဒြပ်စင်များကို ထိန်းချုပ်နိုင်သူတစ်ဦးအနေဖြင့်၊ ဤနေရာသည် သူ့အတွက် အသင့်တော်ဆုံးဖြစ်သည်။
ထို့နောက် ကမ်းစပ်ရှိ ကျောက်တုံးကြီးတစ်ခါပေါ်သို့တက်လိုက်လေသည်။
ကျီလော်ကျောင်း.... အားကစားကွင်း.....
မုကျုံးထျန် နှင့် အကယ်ဒမီမှ ဆရာအနည်းငယ်တို့ သည် ကြီးမားသော မျက်နှာပြင်တစ်ခုရှေ့တွင် ရပ်နေ ကြသည်။ ဖန်သားပြင်ကို မတူညီသော အပိုင်း ဆယ်ပိုင်းအဖြစ် ပိုင်းခြားထားပြီး ပုံရိပ်ယောင်သစ်တောရှိ ကျောင်းသားဆယ်ဦး၏ တည်နေရာအမျိုးမျိုးကို ပြသထားသည်။
ပုံရိပ်ယောာင်ကမ္ဘာသည်။ သာမန်သစ်တောမဟုတ်ပေ။ ၎င်းသည် ဝိညာဥ်သားရဲသစ်တောဖြစ်သည်။
လန်ရွမ်းယု သည် ပတ်ဝန်းကျင်ကို ကြည့်ရင်း ငြီးငွေ့လာသည်။
‘ဘာမှလည်းမဟုတ်ပါဘူး! ဘာကြောင့် ဒီကမ္ဘာကအန္တရာယ်ကြီးတယ်လို့ ပြောရတာလဲ။’
“ဟင်း...ဟင်းးး !” ထို့နောက်တွင်
လန်ရွမ်းယု သည် ထူးဆန်းသော အသံအချို့ကို ကြားလိုက်ရသည်။ ထိုအခါ လန်ရွမ်းယုရဲတုံ့ပြန်မှုက အတော်ပင်မြန်ပြီး ကြီးမားတဲ့ ကျောက်တုံးကြီးပေါ်ကနေ ခုန်ဆင်းပြီး အမြန်ပုန်းနေလိုက်ရသည်။
Endend…