အခန်း (၆၆)
Vol. 5 Ch. 66
လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ပေါင်းတစ်သောင်း သို့မဟုတ် လွန်ခဲ့သောခေတ်များစွာကဆိုလျှင်၊ ဝိညာဉ်မာစတာတိုင်းသင်ယူရမည့် အရေးကြီးဆုံးသင်ခန်းစာမှာ ဝိညာဉ်သားရဲများနှင့်ပတ်သက်သည့်အကြောင်းများဖြစ်သည်။ ထိုအချိန်က
ဝိညာဥ်မာစတာများသည် ဝိညာဥ်သားရဲများအကြောင်း နားလည်သဘောပေါက်မှသာ သူသို့မဟုတ် သူမ၏ ဝိညာဉ်ကွင်းကို အကောင်းမွန်ဆုံးရွေးချယ်နိုင်မည်ဖြစ်သည်။
သို့သော် စိတ်ဝိညာဉ်စနစ်တိုးတက်မှုနှင့် လူသားများနှင့် ဝိညာဥ်သားရဲများ လိုက်လျောညီထွေစွာ အသက်ရှင်နေထိုင်လာခြင်းကြောင့် ဝိဉာဉ်သားရဲများအကြောင်းပါ၀င်သည့် အတန်းအများစုကို လူအနည်းငယ်ကသာ သင်ကြားခဲ့ကြသည်။ ဥပမာ လန်ရှောင်း......
လန်ရွမ်းယု ငယ်စဉ်ကတည်းက လန်ရှောင်းသည် ဝိညာဥ်သားရဲများ၏အချက်အလက်များကို ပြောပြလေ့ရှိသည်။ ထို့ကြောင့် သူ့အသက်အရွယ်ကလေးများနှင့် နှိုင်းယှဉ်လျှင် သူသည် ဝိညာဥ်သားရဲများအကြောင်းကို ပိုမို သိရှိလေ သည်။
ထို့ကြောင့် သူသည် ကျောက်တုံးဘေးတွင် ပုန်းနေပြီး အသံရှင်မှာ မည်သူဖြစ်သည်ကိုသိလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
၎င်းသည် ကြီးမားသော ခန္ဓာကိုယ်ရှိသောဝိညာဥ်သားရဲတစ်ကောင်မျှသာဖြစ်သည်။
‘ရေမြင်း!’
ရေမြင်းဝိညာဥ်သားရဲပင်ဖြစ်သည်။
‘ဒီ ရေမြင်းက နှစ်တစ်ထောင်သက်တမ်း မဟုတ်ရင်တောင် အများကြီးနည်းမှာမဟုတ်ဘူး၊ အနည်းဆုံး နှစ် ရှစ်ရာလောက် ရှိသင့်တယ်?’
ဤသည်မှာ ဝိညာဥ်သားရဲကို လန်ရွမ်းယု ပထမဆုံးအကြိမ်တွေ့ခြင်းပင်ဖြစ်သည်။
ရေမြင်းသည် မြစ်ကမ်းစပ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာလေသည်။ ရေမြင်းများသည် ရန်လိုခြင်းမရှိသော သားရဲဖစ်သည်။ ဝိညာဉ်သားရဲအချင်းချင်းပင် ရေမြင်းသားရဲကိုရန်မစပေ။
ဝိညာဉ်သားရဲများသည် အလွန်စိတ်ဝင်စားစရာကောင်းသည်။ လန်ရွမ်းယုလည်း အသက်ကြီးလာပါက ဝိညာဉ်သားရဲဂြိုလ်နှစ်ခုသို့သွားရောက်လည်ပတ်ရန်တွေးထာလေသည်။
ထိုဂြိုလ်များထဲမှ တစ်ခုကို နဂါးအင်ပါယာဂြိလ် ဟုခေါ်ပြီး အခြားဂြိုဟ်ကို နဂါးဘုရင်ဂြိုလ် ဟုခေါ်သည် ။
‘ အဲဒီမှာ ဧရာမ နဂါးတွေ တကယ်ရှိတာလားမသိဘူး’
ထိုအတွေးကြောင့် လန်ရွမ်းယု ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ထိုအခိုက်အတန့်လေးတွင် သူ့နောက်မှ လေပြင်းများ တိုက်ခတ်လာသည်။
အားကစားကွင်းမှ ကျောင်းသားများကို စောင့်ကြည့်နေသော ဆရာများသည် ယခုအချိန်တွင် မျက်ခုံးပင့်လိုက်ကြသည်။
‘ရေမြင်းကို ကြည့်နေတဲ့ ကောင်လေးကတော့ အထုတ်ခံရတော့မယ်ထင် တယ်!’
သို့သော် ဖန်သားပြင်ပေါ်ရှိ လန်ရွမ်းယု သည် ၎င်းတို့အား ထိတ်လန့်စေသည့်အရာတစ်ခု ပြုလုပ်ခဲ့သည်။
လန်ရွမ်းယုသည် ထိုနေရာမှ ထူးဆန်းသောခြေကွက်များကိုသုံးကာ ရှောင်ထွက်သွားလေသည်။
အနက်ရောင် အရိပ်တစ်ခုသည် မူလက
လန်ရွမ်းယုရှိနေသည့်နေရာကို ခုန်ဆင်းလာလေသည်။ မြေကြီးပင်ချိုင့်ဝင်သွားသည်။
လန်ရွမ်းယုလည်း လေထဲမှာပင် ရပ်လိုက်ပြီး မူလနေရာကို လှည့်ကြည့်လိုက်သည်။
လန်ရွမ်းယုသည် နာ့နာ့ ထွက်သွားပြီးနောက်၊ တစ်ရက်မျှပင် လေ့ကျင့်မှု မလျော့ခဲ့ပေ။
ထို့ကြောင့် သူ၏ခြေကွက်များသည် ယခင်ကနှင့် နှိုင်းယှဉ်လျှင် ပို၍ကောင်းမွန်လာသည်။
သူ့အား နောက်ကနေ တိတ်တဆိတ် တိုက်ခိုက်လိုက်တဲ့ အရာမှာ ဝံပုလွေတစ်ကောင်ဖြစ်ကြောင်း သူ သိလိုက်ရသည်။
အလွန်ထိတ်လန့်ဖွယ်ကောင်းသော အစိမ်းနုရောင်မျက်လုံးတစ်စုံလည်းရှိသည်။
ဒီသားရဲက…
လန်ရွမ်းယု သည် ဝိညာဥ်သားရဲ အမျိုးအစားကို ချက်ခြင်း တွေးမိသည်။
နီလာဝံပုလွေ...!
အဖေ့ထံမှသိရသော နီလာဝံပုလွေ နှင့်ပတ်သက်သော အချက်အလက်များသည် သူ့ မှတ်ဥာဏ်ထဲတွင် ပေါ်လာခဲ့သည်။
နီလာဝံပုလွေ !
ခဏစောင့်ပါဦး!
နီလာဝံပုလွေက အဖွဲ့လိုက် နေတာပါ......
ရွမ်းယု အမြန် လှည့်ကြည့်လိုက်သည်။
သေချာတာပေါ့ ဝံပုလွေ နှစ်ကောင် ဘေးနားတွင်ပေါ်လာလေသည်။
ငါဘာလုပ်သင့်လဲ? လန်ရွမ်းယု သူ့ကိုယ်သူ တွေးနေမိသည်။ နီလာဝံပုလွေများသည် အလွန်လျင်မြန်သောသားရဲများဖြစ်သည်။ ထို့ပြင်
လန်ရွမ်းယုသည် အသက်၇နှစ်သာ ရှိသေးပြီး ဝိညာဥ်စွမ်းအား မှာလည်း အဆင့် 14 သာရှိသည်။
‘ပြေးရမလား? ဒါပေမယ့် ငါကကလေးပဲရှိသေးတယ်။ ငါ ဘယ်လို လွတ်နိုင်မှာလဲ’
‘ဆရာမ နာ့နာ့သာရှိရင် ဒီလိုအခြေအနေမျိုးမှာ ငါ့ကို ဘာပြောမလဲ။’
‘မကြောက်နဲ့။ မှန်တယ်၊ ဆရာမ နာ့နာ့ က ပြဿနာတစ်ခုကြုံရတဲ့အခါ မထိတ်လန့်ဖို့ သေချာပေါက်ပြောလိမ့်မယ်။ ဒါဆို ဘာဆက်ဖြစ်မလဲ။’
Endend……