Chapters

အခန်း (၆၈)

Vol. 5 Ch. 68

အခန်း (၆၈)

Vol. 5 Ch. 68

“ကျွန်တော်တို့ သူ့ကို အခုချက်ချင်းထုတ်ပေးရမလား”

“ဆက်လုပ်ပါစေ... သူဘယ်လောက်လုပ်ပြနိုင်မလဲ ကြည့်လိုက်ရအောင်... ဒါကလည်း သူ့အတွက် သင်ယူမှုအတွေ့အကြုံတစ်ခုပဲ။”

ရေမြင်းသည် ဝံပုလွေသုံးကောင်ကိုတိုက်ခိုက်ပြီးနောက်ရေပြန်စိမ်နေလေသည်။ လန်ရွမ်းယုကိုပင် မကြည့်ပေ။

လန်ရွမ်းယုလည်း ရေမြင်းအနီးတွင် ထိုင်ချလိုက်ပြီး ပတ်လည်ကိုကြည့်လိုက်သည်။ သတိလက်လွတ် မနေရဲတော့ပေ။

သူ့ရွေးချယ်မှု မှန်ကန်ကြောင်းမှာ ထင်ရှားသည်။ သိပ်မကြာလိုက် ဝိညာဥ်သားရဲများကို ထပ်တွေ့ရသည်။ ထိုဝိညာဥ်သားရဲများသည် ရေသောက်ရန် မြစ်သို့ အများစုရောက်လာကြသော်လည်း အချို့က သူ့ကို သတိပြုမိကြသည်။ ဝိညာဉ်သားရဲအများစုမှာ ရန်လိုမှုအချို့ကိုရှိပေမယ့် လန်ရွမ်းယုသည် ရေမြင်းသားရဲ၏ အနားကိုချဥ်းကပ်ကာ ရှောင်းရှားနိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ရေမြင်းသားရဲ သည် နှစ်တစ်ထောင်သက်တမ်းရှိ ဝိညာဉ်သားရဲဖြစ်နေဆဲဖြစ်သည်။

“ဗွမ်းး၊ ဗွမ်းးးး... ဗွမ်းးးး !” ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာပြီး သစ်တောမှာ အနည်းငယ် တုန်ခါသွားသည် ။

မြစ်ရေထဲမှာ လဲလျောင်းနေတဲ့ ရေမြင်းသားရဲလည်းခေါင်းမော့လိုက်ပြီး သူ့မျက်လုံးထဲတွင် စိုးရိမ်မှုအနည်းငယ်ပေါ်လာသည်။

“ဝူးးးးး....”

ရေမြင်းအပါအဝင် ဝိညာဥ်သားရဲများသည် မဆိုင်းမတွဘဲ ကမ်းစပ်မှပြေးကြလေ သည်။

“ဘာဖြစ်တာလဲ?! ရေမြင်း ....မပြေးနဲ့လေ!”

လန်ရွမ်းယု ထိတ်လန့်သွားသည်။

ရေမြင်းကလှည့်ပင်မကြည့်...တစ်စုံတစ်ရာကိုကြောက်ရွံ့ဟန်ဖြင့်အဝေးကိုပြေးလေသည်။

ထို့နောက် တောထဲမှ ပုံရိပ်တစ်ခုပြေးထွက်လာလေသည်။ အစပိုင်းတွင် လန်ရွမ်းယု အံ့အားသင့်သွားသော်လည်း ထိုသူအား လျင်မြန်စွာ မှတ်မိလိုက်သည်၊ ၎င်းမှာ ရဲလင်းတုံ မှလွဲ၍ အခြားမဟုတ်ပေ။

ထို့အပြင် ရဲလင်းတုံ ၏ မျက်နှာပေါ်တွင် အကြောက်တရားများကို မြင်လိုက်ရသည်။

ထိုအခိုက်အတန့်တွင် ကြီးမားသော သားရဲကြီးသည် တောထဲမှ ပြေးထွက်လာပြန်သည်။

၎င်းမှာ ဧရာမမျောက်ဝံတစ်ကောင်ဖြစ်ပြီး ၎င်း၏တစ်ကိုယ်လုံးသည် နှင်းဖြူကဲ့သို့ဖြူဖွေးနေလေသည်။ ၎င်းသည် အလွန်လျင်မြန်ပြီး ၎င်း၏ပစ်မှတ်မှာ ရဲလင်းတုံ ဖြစ်ပုံရသည်။

လန်ရွမ်းယုလည်း အန္တရယ်အငွေ့အသက်များရလိုက်ကာ ညာဘက် ရွှေရောင်ငွေပြာမြက်ကိုထုတ်လိုက်လေသည်။ ထို့နောက် ငွေပြာမြက်သည် ညာဘက်လက်တစ်ခုလုံးကိုရစ်ပတ်သွားလေသည်။ လန်ရွမ်းယု၏ ခွန်အားသည် ယခုအခါ အလွန်ကြီးမားနေပြီဖြစ်သည်။ ရွှေရောင်ငွေပြာမြက်ကိုထုတ်ပါက သူ၏ ခွန်အားနှင့် အရှိန်အဟုန်မှာ နှစ်ဆ တိုးမြင့်လာခဲ့သည်။ ထို့နောက် ရဲလင်းတုံရောက်လာလေသည်။ သို့သော် ရဲလင်းတုံက

ရပ်မသွားပေ။ ရွမ်းယုကိုကျော်ကာဆကိပြေးလေသည်။ ရွမ်းယုလည်းငြိမ်မနေတော့ပဲ နောက်မှလိုက်ကာပြေးလေသည်။

ဘေးနားကပ်ပါလာသောရွမ်းယုကိုမြင်တော့

“မင်းက ဘာလို့ဒီကိုရောက်နေတာလဲ” ရဲလင်းတုံက မောဟိုက်နေသောအသံ ဖြင့်ပြေးရင်းမေးလိုက်သည်။

ထိုအခါရွမ်းယု က ဒေါသတကြီးနဲ့

“အဲ့တာက ငါမင်းကိုမေးရမှာ။ မင်းနဲ့ ဒီကောင်ကြီးကို မတွေ့ခင်အထိငါအေးချမ်းနေတာ”

“အေး... အစကတော့ ငါလည်း သစ်ပင်ပေါ်မှာ ပုန်းနေတာ...ပီးတော့ ချစ်စရာကောင်းတဲ့ မျောက်ဖြူလေးတစ်ကောင်ကို တွေ့တာနဲ့ ပွေ့ဖက်လိုက်တာ ..... နောက်တော့ ဒီကောင်ကြီးရောက်လာတာပဲ…”

“ဒါပေမယ့် ငါ သူ့ ကလေးကို ပြန်ပေးပီးပါပြီ!

သူဘာလို့ဒီလောက်ဒေါသထွက်နေရတာလဲ”

လန်ရွမ်းယုက “မင်း မမှားဘူးလို့ပြောနေတာလား။ အဲဒါက မျက်လုံးသုံးလုံးမျောက်ပဲ။ နှစ်တစ်ထောင် သက်တမ်းရှိတယ်။ မင်းသေတာကို ငါဂရုမစိုက်ဘူး.... ဒါပေမယ့် မင်းငါ့ကိုဘာလို့ဆွဲထည့်လဲ။ အဲ့သားရဲက ဒီတောအုပ်ကိုတောင် ပြောင်းပြန်လှန်လို့ရတဲ့အထိ စွမ်းအားကြီးတယ်”

လန်ရွမ်းယု ပြောခဲ့သည့်အတိုင်း ဤဝိညာဥ်သားရဲအမျိုးအစားသည် သစ်တောထဲတွင် ကြီးစိုးနိုင်သော အနေအထားရှိသည်။

“ဟူး!”

အနောက်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများ ထွက်ပေါ်လာသည်။ လန်ရွမ်းယု

သည် မဆိုင်းမတွ ဘေးသို့ လှဲချလိုက်သည်။ ရဲလင်းတုံကိုလည်းတစ်ပါတည်းဆွဲ ခေါ်သွားလေသည်။

“မင်းဘာလုပ်တာလဲ?”

ရဲလင်းတုံ သည် လန်ရွမ်းယု နှင့်အတူ လဲကျနေစဉ် အော်ဟစ်လိုက်သော်လည်း သူမ၏မေးခွန်းသည် နောက်တစက္ကန့်တွင် လည်ချောင်းထဲတွင် ပျောက်ကွယ်သွားခဲ့သည်ယေ

“ဗွမ်းးးးးး ” ဧရာမ အဖြူရောင်သားရဲကြီးသည် လေကဲ့သို့ ရုတ်တရက် သူတို့ရှိရာကို ကျော်သွားကာ ခုန်ဆင်းလာခဲ့သည်။ ထိုသို့ဆင်းသက်လိုက်သောအခါ မြေပြင်မှာ အက်ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများလွင့်လာသည်။

Endend…….