အခန်း (၆၉)
Vol. 5 Ch. 69
ရဲလင်းတုံသည် လန်ရွမ်းယု အပေါ်တွင် လဲကျသွားပြီး နှစ်ယောက်စလုံး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ရှိနေသည်။ လန်ရွမ်းယု က သူမကို တွန်းဖယ်လိုက်ပြီး
“ ခွဲ ပြေးရအောင်”
ထို့နောက် ရွမ်းယုသည် ရေခဲတုံးကြီးတစ်ခုကို ပုံဖော်ပြီး မျက်လုံးသုံးလုံးမျောက်ဝံရဲ့ တတိယမျက်လုံးကို ပစ်ချလိုက်သည်။
မျက်လုံးသုံးလုံးမျောက်ဝံသည် ၎င်း၏တတိယမျက်လုံးကို ချိန်ရွယ်ထားသည့် ရေခဲတုံးကို ဖမ်းယူလိုက်သည်။ ထို့နောက်ခြေမွလိုက်ကာ လန်
ရွမ်းယုထံပြေးလာလေသည်.
“မျက်လုံးသုံးလုံးမျောက်ဝံကို တကယ်တိုက်ခိုက်ဝံ့တာပဲ.... သူရူးနေတာလား”
ရဲလင်းတုံ ရေရွတ်လိုက်မိသည်။
လန်ရွမ်းယုသည် ရဲလင်းတုံ ကို အမှန်တကယ် ကယ်တင်လိုခြင်းမဟုတ်သော်လည်း မည်သည့်နေရာ၌ဖြစ်စေ မည်သည့်အချိန်၌ဖြစ်စေ ယောက်ျားတစ်ယောက်သည် မိန်းမတစ်ယောက် ကို အမြဲကာကွယ်ရမည်ဟု ဆရာမနာ့နာ့ က တစ်ခါပြောခဲ့ဖူးသည်ကို သတိရမိသည်။ ထို့ကြောင့် ရဲလင်းတုံကို သူ မည်မျှပင် မကြိုက်သည်ဖြစ်စေ ကာကွယ်သင့်သည်ဟု သူခံစားမိသည်။
ထိုအချိန်မှစ၍ လန်ရွမ်းယုသည် နာ့နာ့သင်ပေးသောခြေကွက်များကိုသူံးကာပတ်ပြေးလေသည်။
နှစ် 1,000 မျက်လူံးသုံးလုံး စုန်းမျောက်ဝံအား ကွင်းသုံးကွင်း သို့မဟုတ် လေးကွင်းရှိသော
ဝိညာဉ်မာစတာပင်လျှင်အနိုင်ယူနိုင်မည်မဟုတ်ပေ။
မျက်လူံးသုံးလုံးမျောက်ဝံသည် ပိုမိုနီးကပ်လာပြီး လန်ရွမ်းယု ၏ ဝိညာဉ်စွမ်းအားသည်လည်း ကုန်ဆုံးလုနီးပါဖြစ်လာသည်။
ထိုအချိန်တွင်ပင် စူးရှကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး လန်ရွမ်းယုသည် သူ၏ခေါင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး နာကျင်စွာ အော်ဟစ်လိုက်လေသည်။
“အားးးးးးးး”
သူ့ခန္ဓာကိုယ်မှာလည်း ထိန်းမနိုင်သိမ်းမရဖြစ်ကာ သစ်ပင်တစ်ခုစီသို့ တည့်တည့်ဝင်တိုက်မိသွားခဲ့သည်။
မျောက်ဝံသည် လဲကျသွားသော လန်ရွမ်းယုရှေ့သို့ရောက်လာလေသည်။ ထို့နောက် ညာလက်ကို
မြှောက်လိုက်ကာ လန်ရွမ်းယုကို ထိုးနှပ်လိုက်လေသည်။ သေချာကြည့်ပါက မျောက်ဝံ၏တတိယမျက်လူံးတွင် သွေးရောင်များဖုံးလွှမ်းနေသည်ကိုတွေ့လိုက်ရသည်။
“အမှားကြီးပဲ၊ ငါအမှားကြီးတစ်ခုလုပ်ခဲ့တာပဲ။ မျက်လုံးသုံးလုံးမျောက်ဝံရဲ့ စိတ်ဖောက်ပြန်မှုကို ဘယ်လိုမေ့သွားတာလဲ၊ လန်ရွမ်းယုကို အမြန်ထုတ်ကြ....မြန်မြန် ”
မုကျုံးထျန် အရူးအမူးအော်ဟစ်လိုက်မိသည်။
လန်ရွမ်းယု သည် မျက်လုံးသုံးလုံးမျောက်ဝံကို ဖြားယောင်းပြီး ရဲလင်းတုံ ကို ကယ်တင်ပုံကို မြင်သောအခါ သူတို့အားလုံး အံ့ဩသွားကြသည်။ ဒီကလေးမှာ အရည်အချင်းရှိရုံတင်မကဘဲ စိတ်ဖားလည်းကောင်းသည်ဟု တွေးတောမိလိုက်သည်။
လန်ရွမ်းယု ပြန်ထွက်လာသောအခါ သွေးများ
နေရာအနှံမှထွက်နေပြီး သတိလစ်နေလေသည်။
“သူ့ကို ဆေးရုံပို့ပြီး ကျီလော် မြို့မှာရှိတဲ့
အတော်ဆုံး ဆေးဘက်ဆိုင်ရာ ဝိညာဉ်မာစတာတွေကို အမြန်ခေါ်”
မုကျုံးထျန် သည် လန်ရွမ်းယုကို ပွေ့ချီကာ ပြေးသွားရင်း အော်လိုက်သည်။
နောင်တရရန်အတွက် အချိန်နှောင်းသွားပြီဖြစ်သောကြောင့် ယခု လန်ရွမ်းယု ကို ကယ်တင်ခြင်းသည် ၎င်းတို့၏ ဦးစားပေးဖြစ်သည်။
ကော်ဖီဆိုင်တွင် ကော်ဖီတစ်ခွက်သောက်နေဆဲဖြစ်သော လန်ရှောင်းသည် ကျောင်းမှ ရုတ်တရက် ဖုန်းဝင်လာပြီးနောက်တခဏမှာပဲ ဆိုင်ထဲမှ အရူးအမူး ပြေးထွက်သွားခဲ့သည်။
နန်ချိန်သည်လည်း ဖုန်းတစ်ကောလက်ခံရပြီးနောက် ရုံးခန်းထဲမှ အပြေးအလွှား ပြေးထွက်လာကာ မျက်လုံးများပင် ချက်ချင်း နီရဲလာသည်။
တစ်နာရီအကြာ....
ကျီလော် မြို့ဆေးရုံ...
အထူးကြပ်မတ်ကုသဆောင်.....
အရေးပေါ်ခန်းထဲတွင် လန်ရွမ်းယုရှိနေပြီး
ကိရိယာမျိုးစုံဖြင့် ချိတ်ဆက်ထားသည်။ အပြင်ဘက်တွင် ထိတ်လန့်တကြား ရပ်နေသော လူတစ်စုလည်း ရှိနေပြန်သည်။
Endend…..