Chapters

အခန်း (၇၀)

Vol. 5 Ch. 70

အခန်း (၇၀)

Vol. 5 Ch. 70

နန်ချိန် ၏ မျက်လုံးများသည် နီရဲပြီး ရောင်ရမ်းနေသည်။ လန်ရှောင်း၏ မျက်နှာသည်လည်း အလွန်အမင်း မှိုင်းနေသည်။

မုကျုံးထျန်အနေခက်နေသကဲ့သို့ ဆရာမချိုပင် မျက်လုံးများ နီရဲနေသည်။

ဒီလိုဖြစ်လာမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပေ။

အချက်အလက်များအရ နှစ်တစ်ထောင်မျက်လူံးသုံးမျောက်ဝံများရဲ့ ဝိညာဉ်ရေးရာစွမ်းအားတိုက်ခိုက်မှုသည် လန်ရွမ်းယုရဲ့အသက်ကို သတ်ပစ်ရန် လုံလောက်ပြီး အနည်းဆုံး စိတ်ပိုင်း

ဆိုင်ရာ ချို့ယွင်းမှုကို ဖြစ်စေနိုင်သည်။

ကုသခြင်းအမျိုးအစား ဝိညာဉ်မာစတာများသည် ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများကို ကုသပေးနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာကတော့ အလွန်ရှုပ်ထွေးသည်။ လူ့စိတ်သည် ဆန်းပြားပြီး ရှုပ်ထွေးသောကြောင့် ကုသမှုကို မကြိုးစားဝံ့ကြပေ။

အထူးကြပ်မတ်ကုသဆောင်၏ တံခါးများပွင့်လာပြီး ဆရာဝန်တစ်ဦး ထွက်လာခဲ့သည်။

လန်ရှောင်း နှင့် နန်ချိန်တို့ ချက်ခြင်း ရှေ့သို့ တိုးသွားသည် ။

“ဆရာ၊ သား အဆင်ပြေရဲ့လား”

ဆရာက

“အခြေအနေက အရမ်းရှုပ်ထွေးနေတယ်။ ကျွန်တော်တို့ မျှော်လင့်ထားတာထက် ကျော်လွန်

တယ်။ အရင်က ဒီလို အထူးကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးတယ်... အများအားဖြင့် ရလဒ်နှစ်ခုပဲ ရှိပါတယ်။ ပထမအချက်က စိတ်အခြေအနေ လုံးဝပျက်စီးသွားတာဖြစ်ပြီးတော့ နောက်တစ်ခုကတော့ ဘာဒဏ်ရာမှမရပဲတန်းနိုးလာတာ ....ဒါပေမယ့် သူ့အခြေအနေကတော့ မတူဘူး။ စစ်ဆေးတွေ့ရှိချက်အရာ သူရဲ့ ဦးနှောက်လှိုင်းတွေက ပုံမှန်ပဲ....

သူ့အသိစိတ်တွေကတော့ အလုပ်မလုပ်ပြန်ဘူး...ပြောရရင်သူကအိပ်ပျော်နေတာပဲ”

“ကိုမာဝင်သလိုလား?” လန်ရှောင်းက ကြောင်တက်တက်ဖြင့် မေးလိုက်သည်။

ဆရာဝန်လည်း ရှိုက်ကြီးတငင် ပြုံးသည်။

“ဖြစ်နိုင်တယ်။ အခုက သူ့အပေါ်မှာပဲ မူတည်တော့တယ်။ သူနိုးလာရင် လုံးဝပြန်ကောင်းလာလိမ့်မယ်။ ဒါပေမယ့် သူမနိုးလာရင်တော့ ........ “

“…..…”

နန်ချိန်မျက်ရည်များဝဲလာသည်။ သူ့သား ဘယ်လိုဖြစ်သွားတာလဲ။

လန်ရှောင်း က နန်ချိန် ကို ပွေ့ဖက်လိုက်ပြီး

“ဆရာ တခြားနည်းလမ်း ရှိလား”

ဆရာဝန်က ခေါင်းခါပြီး

“စိတ်ပိုင်းဆိုင်ရာ ဝိညာဉ်မာစတာတွေနဲ့ကုသလို့မကောင်းရင် အဲဒါက သူ့အတွက် ဒုက္ခပိုဖြစ်နိုင်တယ်”

လန်ရွမ်းယု မေ့မြောနေဆဲ....

ကုသမှုကုန်ကျစရိတ်အားလုံးကိုကောင်းကင်ဝိညာဥ်အကယ်ဒမီ မှ ပေးဆောင်ခဲ့ပြီး

အကယ်ဒမီမှလည်း မုကျုံးထျန်ကို ပြင်းထန်စွာ

အပြစ်ပေးခဲ့သည်။ သာမန်ဆရာအဖြစ်သို့ ရာထူး ကျဆင်းခဲ့သည်။

ကောင်းကင်ဝိညာဥ်အကယ်ဒမီမှ လန်ရွမ်းယုအတွက် များပြားသော လျော်ကြေးငွေ ပေးမည်ဟုပြောခဲ့သော်လည်း လန်ရှောင်းက ငြင်းဆိုခဲ့သည်။ လန်ရှောင်းနှင့် နန်ချိန်တို့ အတွက်တော့ ပိုက်ဆံက အရေးမကြီးပေ။ သူတို့ကလေးသာ အဓိကဖြစ်သည်။

သုံးရက်အကြာ.......

အထူးကြပ်မတ်ကုသဆောင်အပြင်.....

ရဲလင်းတုံ သည် အိပ်ယာပေါ်တွင် လဲလျောင်းနေသော လန်ရွမ်းယုကို ကြည့်နေသည်။

သူမ၏ မျက်ရည်များသည်အတားအစီးမရှိ စီးကျလာသည်။ လန်ရွမ်းယု သူမအားကယ်ခဲ့သော

မြင်ကွင်းကိုအကြိမ်ကြိမ်တွေးနေမိသည်။

‘လန်ရွမ်းယု ငါတောင်းပန်ပါတယ်’

မျှော်လင့်ထားသည့်အတိုင်း ရဲလင်းတုံ သည် လူငယ်အထူးတန်းတွင် ရွေးချယ်ခံခဲ့ရပြီး သူမသည် ရွေးချယ်ခံရသူ တစ်ဦးတည်းသော သူဖြစ်သည်။

ကောင်းကင်ဝိညာဥ်အကယ်ဒမီသည် လန်ရွမ်းယု အတွက်လည်း အမြဲတမ်းနေရာတစ်ခုထားရှိရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူနိုးလာပါက သူသည် အထူးတန်းတွင် အချိန်မရွေး တက်နိုင်မည်ဖြစ်သည်။

…………..

အာကာသယာဉ်သည် ကောင်းကင်ဝိညာဥ်ဂြိုလ်သို့ ချောမွေ့စွာ ဆိုက်ကပ်ခဲ့သည်။

ထန်လီ သည် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားပြီး လီချင်းလင် နှင့် လုံခြုံရေးဝန်ထမ်းအဖွဲ့တစ်ဖွဲ့နှင့်အတူ အာကာသယာဉ်မှဆင်းလာလေသည်။

“ ငါတို့ရဲ့ ခရီးစဉ်က ဒီလိုပဲ။ ကောင်းကင်ဝိညာဥ်မြို့မှာ ဖျော်ဖြေပွဲတစ်ခု စမယ်၊ ထို့နောက် ကောင်းကင်ဝိညာဥ်ဂြိုလ်ရဲ့ အရေးကြီးတဲ့မြို့ငါးမြို့မှ. ဖျော်ဖြေပွဲတစ်ခုစီ ပြုလုပ်မယ်။ အချိန်ဇယားတွေ ချမှတ်ထားပြီးသား”

“အင်း” ထန်လီသည် ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ငေးကြည့်ရင်း ဖြေလိုက်သည်။

“မင်းအဆင်ပြေရဲ့လား ?”

ကောင်းကင်ဝိညာဥ်ဂြိုလ်သို့စရောက်ကတည်းက တစ်ခုခုကိုမျှော်နေသကဲ့သို့ဖြစ်နေသော ထန်လီ

ကို လီချင်းလင်သတိထားမိသည်။

“ပြေပါတယ်” ထန်လီ က ညင်သာစွာ ပြန်ဖြေသည်။

“ပထမဆုံးဖျော်ဖြေပွဲကို မနက်ဖြန်ည ပြုလုပ်မယ်.... ဒီနေ့ ကောင်းကောင်းအနားယူသင့်တယ်။”

“ကောင်းပြီ”

Endend…..