အခန်း (၇၁)
Vol. 5 Ch. 71
လန်ရွမ်းယု သည် အနက်ရောင်ကမ္ဘာကြီးထဲတွင် နှစ်မြှုပ်နေခဲ့သည်။ နာကျင်မှုမရှိသော်လည်း ကြောက်စိတ်များဖြင့် ပြည့်နှက်နေသည်။
ရုတ်တရက် သူ့ရှေ့တွင် အလင်းရောင်တစ်ခု ပွင့်လာပြီး သူ့အမြင်အာရုံလည်း ကြည်လင်လာသည်။ထို့နောက် အံ့သြဖို့ကောင်းသော အလွန်ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ထူးဆန်းသော်လည်း ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုဖြစ်သည်။
သူ့အနီးနားတွင် မရေမတွက်နိုင်သော ထူးခြားဆန်းပြားသော သားရဲများ သူ့အား ဝိုင်းရံထားသည်။
‘ နဂါးတွေလား’
ဒဏ္ဍာရီလာနဂါးကြီးများနှင့် အလွန်ဆင်တူသည်။ အနည်းဆုံး နဂါးအကောင်းပေါင်း တစ်ထောင်အထိရှိနေသည်။
ထို့နောက် လက်နက်မျိုးစုံဖြင့် လူသားများ ဆက်တိုက်ထွက်ပေါ်လာပြီး ဧရာမ သားရဲများကို တိုက်ခိုက်နေကြသည်။
မြင်ကွင်းသည် ရုတ်တရက် မှုန်ဝါးသွားသော်လည်း ရွမ်းယု၏စိတ်ထဲတွင် ဝမ်းနည်းခြင်းနှင့် ဒေါသများ ပြည့်နှက်နေသည့် နဂါကြီး၏ဟိန်းသံ သူခံစားနိုင်ခဲ့သည်။ ထို့နောက်သွေးရောင်ဓားကြီးတစ်လက်ပေါ်လာပြီး လန်ရွမ်းယုအား နှစ်ခြမ်းခွဲပစ်လိုက်လေသည်။
ဖော်မပြနိုင်သော အကြောက်တရားတစ်ခုက လန်ရွမ်းယု ၏ အသိစိတ်ကို ဖုံးလွှမ်းသွားသည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်နှင့် ငွေရောင်နဂါးနှစ်ကောင်ပေါ်လာလေသည်။
လန်ရွမ်းယု အော်ချင်သော်လည်း မည်သို့ပင် ကြိုးစားသော်ကား အသံမထွက်နိုင်ပေ။ ကြောက်ရွံ့မှု၊ ဒေါသ၊ ဝမ်းနည်းမှု... ခံစားချက်မျိုးစုံက သူ့နှလုံးသားရဲ့ ထောင့်တိုင်းကို ချက်ချင်း ပျံ့နှံ့သွားသည်။
ကျီလော်မြို့ဆေးရုံ...
အထူးကြပ်မတ်ကုသဆောင်...
နန်ချိန်သည် အထူးကြပ်မတ်ကုသဆောင်၏ အပြင်ဘက်တွင် ရပ်စောင့်နေသည်။
လန်ရွမ်းယု သည် ရက်ပေါင်း 20 လုံးလုံး မငြိမ်မသက် အိမ်ပျော်နေသည်။
ထိုအချိန် လန်ရွမ်းယု ခန္ဓာကိုယ်မှ ရွှေရောင်နှင့် ငွေရောင်အလင်းများထွက်လာသည်ကိုတွေ့ရလေသည်။
………
ကောင်းကင်ဝိညာဥ်မြို့ အားကစားကွင်း......
အပြာရောင်ဆံပင်နှင့် လိုက်ဖက်သော ငွေရောင်၀တ်ရုံကို ၀တ်ထားပြီး ထန်လီသည် အလွန်တရာဆွဲဆောင်မှုရှိပြီး ခန့်ညားနေလေသည်။
အားကစားရုံတွင် ပြည့်နှက်နေသော လူအုပ်၏ 80% သည် အမျိုးသမီးများဖြစ်ကြသည်။
ထန်လီသည် ညင်သာစွာ စတင်သီဆိုလေသည်။
နှစ်ပေါင်းတစ်သောင်းကြာ ဝေးခဲ့ရသလိုပဲ
သူမရဲ့ ပုံသဏ္ဌန်က မှုန်ဝါးသွားခဲ့တယ်”
“သူမရဲ့အသံကို ရှင်းရှင်းလင်းလင်းကြားနေရပြီး၊ အတိတ်က မရေမတွက်နိုင်အောင် တုန်လှုပ်မှုတွေပေးစွမ်းနိုင်ခဲ့တဲ့ အဲ့အသံတွေ”
“သူ့ရဲ့ကိုယ်သင်းရနံ့ကို မရတော့ပေမဲ့
ကိုယ့်ရဲ့ အာရုံထဲမှာ စွဲမြဲနေတုန်းပါ”
“သူ့ရဲ့ နူးညံ့ပြီး သွယ်လျတဲ့လက်လေးတွေ...
ငါ့ရဲ့ခန္တာကိုယ်ကိုကိုင်တဲ့အထိအတွေ့တွေ”
“ဘဝတစ်ခု နဲ့ လောကသုံးပါး... ကိုယ်တို့ရဲ့ဝိညာဉ်တစ်စုံနဲ့ ကိုယ်တို့ရဲ့နှလုံးသားအနက်နဲဆုံးသောနေရာမှာရှိတဲ့ နောက်ဆုံးမှတ်ဥာဏ်တွေ”
“သူမ အခုဘယ်မှာလဲ ?”
“သူမရဲ့ဖြစ်တည်မှုက ကိုယ့်နှလုံးသားထဲမှာ အမှတ်အသားတစ်ခုအနေနဲ့ ကျန်ခဲ့တယ်၊ ကိုယ်မှာရှိနေသရွေ့ သူမမှာလည်း ဒီလိုပါပဲရှိနေမှာပါ”
“သူမ ဘယ်လိုပဲဖြစ်နေပါစေ... သူမမှာလည်း ကိုယ်တို့ရဲ့ခံစားချက်တွေ အမြဲရှိနေမှာပါ”
“ကိုယ့်ရဲ့ မှတ်ဥာဏ်တွေ မှုန်ဝါးသွားပေမယ့် ကို
ယ့်နှလုံးသားမှာ မင်းကိုတောင့်တနေတယ်။ သူဘယ်သွားသွား၊ သူမကို လိုက်ရှာမယ်”
“ဘယ်အချိန်မှာ ဆုံတွေ့ကြမလဲ...
ဘယ်အချိန်မှာ ကိုယ့်ရဲ့မှတ်ဥာဏ်တွေ ကိုယ့်ဆီ ပြန်ရောက်လာမှာလဲ”
“ကောင်းကင်ဘုံက ကိုယ့်ကို လမ်းပြဖို့ ကိုယ်မျှော်လင့်ပါတယ်၊ သူမနဲ့ပြန် ဆုံစည်းခွင့်ရပါစေလို့ပဲ ဆုတောင်းတယ်၊ ငါတို့ ဒီဘဝမှာ ပေါင်းစည်းနိုင်ပါစေလို့ ဆုတောင်းမိတယ်။”
“ကိုယ့်စီကိုပြန်လာပါ ကိုယ့်စီကိုပြန်လာ...ပြန်လာပါ...”
……….
အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သီဆိုခဲ့သော ‘တမ်းတခြင်း’ ပင်ဖြစ်သည်။
အတိတ်ကို မမှတ်မိပေမယ့် သူ့အတွက်
အရေးကြီးတဲ့လူတစ်ယောက်ရှိတယ်ဆိုတာကိုတော့ ခံစားမိသည်။
“ချွမ်....” ရုတ်တရက် ထန်လီ သည် သီချင်းဆိုနေချင်းကိုရပ်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။ အဝေးမှသူ့ကိုခေါ်နေသောတစ်စုံတစ်ရာကိုသူခံစားမိလိုက်သည်။
“တောင်းပန်ပါတယ် ငါခဏလောက်သွားစရာရှိလို့ပါ”
ထန်လီသည် ရုတ်တရက် ပရိတ်သတ်များကို ဦးညွှတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထို့နောက် ထန်လီသည် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
“ဟင်.....…”
ပွဲကြည့်ပရိသတ်များက ထိုအရာ အံ့သြစွာ ကြည့်နေကြပြီး ဖြစ်ပျက်ခဲ့သည်များကို နားမလည်နိုင်
ဖြစ်နေကြသည်။
ဒါကို ပွဲစီစဉ်သူက စီစဉ်ပေးထားတာလား...
ထန်လီ ဘယ်မှာလဲ... သူ ပျံသွားတာလား.....
ဘာတွေဖြစ်နေတာလဲ?
ပရိတ်သတ်များသည် အချိန်အတော်ကြာအောင် စိတ်ရှုပ်ထွေးနေခဲ့သည်။
“အားလုံးပဲ၊ ကျေးဇူးပြုပြီး စိတ် အေးအေးဆေးဆေးထားပါ၊ ဒါက လူတိုင်းအတွက် အဆိုတော်ထန်လီ စီစဉ်ထားတဲ့ အံ့အားစရာဖြစ်ပြီးတော့ ကောင်းကင်ဝိညာဥ်ဂြိုလ် အတွက် ပြင်ဆင်ထားတဲ့ အထူးအံ့သြစရာတစ်ခုပါ”
Endend…..