အခန်း (၇၂)
Vol. 5 Ch. 72
ထိုစကားပြောဆိုသူကတော့ နောက်ကွယ်မှာရှိနေတဲ့ လီချင်းလင်ပင် ဖြစ်သည်။
“အံ့အားသင့်စရာ?”
“မန်နေဂျာ လီ....ဘာတွေဖြစ်နေတာလဲ။ ထန်လီ ဘယ်သွားတာလဲ”
ပွဲစီစဥ်သူက လီချင်းလင်ကိုမေးလာသည်။
လီချင်းလင် က
“ဒါက စပရိုက်ပါဆို.... ငါက မင်းကို ဘယ်လိုကြိုပြောရမလဲ။ ခဏလောက်စောင့်လိုက်ပါ၊ ထန်လီ ပြင်ဆင်ချိန်နည်းနည်းလိုနေတယ်”
သူမ၏ အာမခံချက်ကြောင့် ပရိသတ်များ ငြိမ်သက်သွားသည်။
‘စပရိုက်လား?
ကျီလော် မြို့ဆေးရုံ......
နန်ချိန်သည် အထူးကြပ်မတ်ကုသဆောင်ရှိ ထိုင်ခုံကို မှီကာ ငိုက်နေသည်။
သူမ သတိမထားမိခဲ့သည့်အရာမှာ သူမအိပ်ငိုက်နေချိန်တွင် ငွေရောင်ဝတ်စုံနှင့်လူတစ်ဦး လန်ရွမ်းယု၏ အခန်းဝတွင်ပေါ်လာခဲ့သည်။
ထန်လီ ကြောင်တက်တက်ဖြင့် ရွမ်းယု၏အိပ်ယာရှေ့တွင် ရပ်လိုက်သည်။ တကယ်တော့ သူဘာကြောင့် ဒီကို လာလိုက်မှန်းပင် မသိ.....
သူ့အားတစ်ခုခုကခေါ်နေသလိုခံစားလိုက်ရသောကြောင့် ခေါ်ရာနောက်ကိုလိုက်ခဲ့ခြင်းဖြစ်သည်။
သူရောက်လာပြီးတဲ့အခါ ကလေးတစ်ယောက် ကုတင်ပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရသည်။ သူသည် အလွန်အားနည်းနေပုံရသော်လည်း ထန်လီသည် သူ့ကိုမြင်သောအခါတွင် သူသည် ဤကလေးနှင့် ဆက်နွှယ်နေသကဲ့သို့ နားမလည်နိုင်သော ခံစားချက်တစ်ခု ရှိနေလေသည်။
သူ့ကို တော်တော်ရင်းနှီးပုံရတယ် ဒါပေမယ့် ဘာလို့လဲမသိပေ? ဒီကလေးကို ပထမဆုံးမြင်ဖူးခြင်းဟု သူသိနေလေသည်။
သို့သော် သူနှင့် ဤကလေးကြားတွင် ရင်းနှီးမှုရှိကြောင်း လုံးဝသေချာနေသည်။
ထန်လီ သူ့လက်ကို အလိုလို မြှောက်လိုက်ပြီး ကလေးလေး၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ့မျက်နှာမှာ အနည်းငယ်အေးနေသော်လည်း ထိုမျက်နှာလေးကို ထိလိုက်သည့်
အခိုက် ထန်လီ ၏နှလုံးမှာ အနည်းငယ် တုန်လှုပ်သွားသည်။ ငြိမ်သက်နေသော နှလုံးသားထဲသို့ ကျောက်တုံးတစ်တုံးကို ပစ်ချလိုက်သလိုပင်....
သူက နေမကောင်းဘူးလား...
ထန်လီရဲ့ခန္တာကိုယ်မှ ရွှေရောင်အလင်းများထွက်လာကာ ရွမ်းယု၏ကိုယ်ထဲသို့စတင်ဝင်ရောက်သွားလေသည်။ တုံပြန်မှုအနေနှင့် ရွမ်းယု၏ခန္တာကိုယ်မှာလည်း ရွှေရောင်အလင်းများတောက်ပလာသည်။
အချိန်အတော်ကြာပြီးနောက် ထန်လီ သူ့လက်နှစ်ဖက်ကို ပြန်ရုတ်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် လန်ရွမ်းယု၏ လက်ဖဝါးမှ ရွှေရောင်နှင့်ငွေရောင် ငွေပြာမြက်ပင်နှစ်ပင် ထွက်လာသည်။
ရွှေရောင်နဲ့ ငွေရောင်ငွေပြာမြက်...
ဒုတိယအကြိမ် ထန်လီသည် ထိုငွေပြာမြက်များကိုမြင်သောအခါ တစ်ကိုယ်လုံးကို တုန်လှုပ်သွား
စေသည်။ သူ့ရဲ့လက်မှလည်း ရွှေရောင်ငွေပြာမြက်ပင်တစ်ခုထွက်လာလေသည်။
ဒါက၊ ဒါက…
“တီတီ၊ တီတီ၊ တီတီ!”
ထန်လီရဲ့ဆက်သွယ်ရေးစက်မှရုတ်တရက်အသံများထွက်လာသည်။
“ချင်းလင် ဲဘာလဲ” ထန်လီက မေးလိုက်သည်။
“ဘာလဲဟုတ်ခါး? မင်းက ငါ့ကိုမေးနေတာလား? မင်းရူးနေလား? ဖျော်ဖြေပွဲမှာ ပရိသတ် 20,000 ကို မင်းထားခဲ့တာလေ။ မင်းဘာဖြစ်နေတာလဲ? မင်းဘယ်သွားနေတာလဲ? ချက်ခြင်းပြန်လာခဲ့။ မဟုတ်ရင် ငါမထိန်းနိုင်တော့ဘူး မင်းနားလည်လား”
“အင်း၊ သိပြီ။”
“မင်းဘာကိုဆိုလိုတာလဲ ဘယ်တော့ပြန်လာမှာလဲ သူတို့ကို surprise လုပ်ပေးချင်တယ်လို့လို့ ပရိသတ်တွေကို ပြောထားတယ်။ အခု နာရီဝက်လောက်ရှိပြီ၊ မင်းအခုမပြန်လာရင် တကယ်ပြီးသွားပြီ!”
“ကောင်းပြီ” ထန်လီ ဖုန်းချလိုက်သည် ။
ထို့နောက် အိပ်ယာပေါ်တွင် လဲလျောင်းနေသော လန်ရွမ်းယု ကို စေ့စေ့ကြည့်ပြီးနောက် ရွမ်းယု၏ ပန်းနုရောင် ပါးပြင်များကို ညင်သာစွာ တို့ထိလိုက်ကာ ထန်လီလည်း ရွှေရောင်အလင်းတန်းများနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်ဝိညာဥ် မြို့.....
နာရီဝက်.... နာရီဝက်ရှိသွားပြီ.....
ပရိတ်သတ်များ၏ ဂနာမငြိမ်မှုများ ပြန်လည်
ပေါ်ပေါက်လာသည်။ အရေးအကြီးဆုံးမှာထန်လီသည် ထိုနေရာတွင် မရှိခဲ့ပေ။
“ငါတို့ ဘယ်လောက်ကြာအောင် စောင့်ရမှာလဲ”
“စီစဉ်သူ လာ ရှင်းပြပေးပါ။ ထန်လီ ဘယ်မှာလဲ သူဘယ်သွားတာလဲ”
“ဟုတ်တယ် ထန်လီကို ထွက်လာခိုင်းပါ။ မဟုတ်ရင် လက်မှတ်ခတွေပြန်ပေးရမယ်။ သီချင်းတစ်ပုဒ်တောင် မပြီးသေးဘူး! “တမ်းတခြင်း” ကို အနည်းဆုံး သုံးကြိမ်ဆိုသင့်တယ်။ အခုက ဘာအဓိပ္ပာယ်လဲ !”
Endend…..