Chapters

အခန်း (၇၃)

Vol. 5 Ch. 73

အခန်း (၇၃)

Vol. 5 Ch. 73

လီချင်lလင်း၏ မျက်နှာသည်လည်း နီမြန်းလာသည်။

“မန်နေဂျာလီ၊ ဒီမှာ ပရိသတ် 20,000 ရှိတယ်။ ထန်လီလည်း ပြန်မလာဘူး.... ထန်လီ အခုဘယ်မှာလဲ၊ မင်း ငါတို့ကို တစ်ခုခုပြောဖို့လိုတယ်!”

လီချင်းလင်က “သူဘယ်မှာရှိမှန်းတောင်မသိတာ...ငါက ဘယ်ကိုပြောရမှာလဲ”

‘ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ!’

သူမသည် ထန်လီ၏ဆက်သွယ်ရေးစက် ကို ခေါ်

ဆိုရန် ကြိုးစားသော်လည်း မကိုင်ပေ။

“အချိန်ဆိုတာ သမိုင်းရဲ့မျက်လုံးတွေပါ

အဆုံးမရှိတဲ့အနာဂတ်ကို မျှော်ကြည့်နိုင်တယ်”

ထိုအချိန်တွင် ချိုမြိန်သောအသံ ထွက်ပေါ်လာခဲ့သည်။ ကွင်းတစ်ခုလုံးရဲ့ အော်သံများ အားလုံး တိတ်ဆိတ်သွားခဲ့သည်။

ပရိသတ်များအားလုံး အသံ၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။

“အချိန်ကိုတန်ဖိုးထားရမယ်၊ ငါတို့ရဲ့အနာဂတ်ကိုတန်ဖိုးထားရမယ်။ ရှေ့ခရီးကို ဆက်သွားဖို့ အချိန်ကိုတန်ဖိုးထားရမယ်”

တီးလူံးသံများမပါရှိသော်လည်း ထိုအသံသည် လူတိုင်း၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

ငွေပြာမြက်နွယ်ပင်များသည် လှပစွာထွက်ပေါ်လာပြီး နွယ်များ၏မွှေးရနံ့အောက်တွင် စိတ်မရှည်သော ပရိသတ်များသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ငွေရောင် ၀တ်စုံကို ၀တ်ဆင်ထားသော ထန်လီသည် ငွေပြာမြက် နွယ်ပင်များကြားမှ ဆင်းသက်လာလေသည်။

“အချိန်ကို စူးစိုက်ကြည့်လိုက်ရင်း ငါ့ဝိညာဉ်ကိုပြန် စိုက်ကြည့်နေရသလိုပဲ။ အတွေးပေါင်းများစွာနဲ့ အချိန်တွေလည်း ကုန်သွားခဲ့တယ်”

“မျှော်လင့်ချက်တွေဟာ မထင်မှတ်ဘဲ ရောက်လာခဲ့တယ် “

“အချိန်က ငါ့ကို ခေါ်နေတယ်။ မျှော်လင့်ချက်ထားဖို့ လမ်းညွှန်ပေးနေတယ်။”

“မျှော်လင့်ချက်က နီးလာပြီ၊ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေပေမဲ့ ပျောက်သွားမှာ ကြောက်မိတယ်”

“မျှော်လင့်ချက်ထဲက ပျော်ရွှင်မှုနဲ့ မနက်ဖြန်တစ်

ရက် နီးလာပြီ။ “

“ငါ့မျှော်လင့်ချက် နီးလာပြီ၊ ခုလိူလေးကို ငါမကျေနပ်ဘူး။ ဒါပေမယ့်လည်း ပျောက်သွားမှာကြောက်လို့ မထိရဲဘူး”

“အချိန်သည်သာ မျှော်လင့်ချက်! ကျေးဇူးပြုပြီး ငါ့အနားမှာပဲနေပေးပါ၊ ငါ့ကိုထားမသွားပါနဲ့”

“အချိန်သည်သာ မျှော်လင့်ချက်! ကျေးဇူးပြု၍ ငါ့ကိုဘာကြောင့်လဲပြောပြပါ ”

“မင်းတို့အားလုံးကို စောင့်နေရတာကို တောင်းပန်ပါတယ်။ ငါ့သီချင်းအသစ်

“အချိန်ထဲက မျှော်လင့်ချက်” ကို ဆိုပြပါမယ်။ကောင်းကင်ဝိညာဥ်ဂြိုလ်အတွက်ပါ”

ထန်လီသည် ဖျော်ဖြေပွဲအပြီးတွင် ပထမဆုံး

အကြိမ်စကားပြောခြင်းဖြစ်သည်။

ကောင်းကင်ဝိညာဥ်ဂြိုလ်အတွက် သီချင်းအသစ်တစ်ပုဒ်....

ထိုအခိုက်အတန့်တွင် ပရိတ်သတ်များ၏စိတ်နှလုံးအတွင်းမှ မကျေနပ်မှုများအားလုံးသည် မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားကာ ပျော်ရွှင်မှုဖြင့် အစားထိုးလာခဲ့သည်။

တန်တယ်.... စောင့်ရတာ တန်တယ်...

ဒါက ထန်လီ ရဲ့ သီချင်းအသစ်ပဲ....

သူ့ရဲ့ဒုတိယသီချင်းပဲ.....

…….

“ဒီနေ့ကိုတော့ ဒီမှာပဲ နိဂုံးချုပ်ချင်ပါတယ်၊အားလုံးပဲ အချိန်တွေကိုတန်ဖိုးထားပြီး မင်းပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို တန်ဖိုးထားနိုင်ပါစေလို့ ဆုတောင်းပါတယ်။”

တစ်စုံတစ်ယောက်မှ လက်ခုပ်တီးခြင်းမပြုမီ အားကစားကွင်းတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ ထို့ နောက် လက်ခုပ်တီးသံများ မိုးခြိမ်းသံပမာ ထွက်ပေါ်လာသည်။

“ ထန်လီ ၊ ထန်လီ...!”

“အချိန်ကိုတန်ဖိုးထားမယ်၊ မင်းကိုလည်းတန်ဖိုးထားမယ်!”

“ ငါတို့အချိန်တွေကိုတန်ဖိုးထားပြီး ငါတို့ပတ်ဝန်းကျင်ကလူတွေကိုလည်း တန်ဖိုးထားမယ်!”

“အချိန်ကိုတန်းဖိူးထားမယ်၊ မင်းကိုတန်ဖိုးထားမယ်!”

တကယ်တော့ ထန်လီသည် ဖျော်ဖြေပွဲတစ်ခုလုံးတွင် သီချင်းတစ်ဝက် နှစ်ခုသာ ဆိုခဲ့သည်။ အဖွဲ့ချုပ်တစ်ခုလုံးတွင် သမိုင်းတစ်လျှောက် ပထမ

ဆုံးဖြစ်သည်။

လီချင်းလင်နှင့် ပွဲစီစဉ်သူများပင် ပါးစပ်အဟောင်းသားဖြစ်နေခဲ့သည်။

ပျောက်သွားတဲ့ခဏလေးမှာ ထန်လီသီချင်း

တစ်ပုဒ်ရေးလာတာလား.........

Endend…..