Chapters

အခန်း (၇၅)

Vol. 5 Ch. 75

အခန်း (၇၅)

Vol. 5 Ch. 75

သုံးရက်အကြာ......

လန်ရွမ်းယု ဆေးရုံဆင်းခွင့်ရခဲ့လေသည်။

ဆင်းခါနီးတွင် သူနာပြုဆရာမတစ်ဦးသည် ပါဆယ်ထုပ်တစ်ထုပ်ကို ကိုင်ကာ ရောက်လာလေသည်။

“ရွမ်းယုအတွက် ပါဆယ်ရောက်လာလို့ “

သူနာပြုက ပါဆယ်ထုပ်ကို နန်ချိန် ထံ လွှဲပေးခဲ့ပြီး

“ဒီပါဆယ်ထုပ်က နည်းနည်းတော့ ထူးဆန်းတယ်၊ အရင်က ရွမ်းယုမှာနေ ခဲ့တဲ့ အထူးကြပ်မတ်ကုသရေးဌာနက အခန်း နံပါတ်ကိုပဲ ရေး

ပြီး နာမည်လည်းမရေးထားဘူး။”

“ဟလား? ကောင်းကင်ဝိညာဥ်အကယ်ဒမီ က ဖြစ်နိုင်လား?”

နန်ချိန်သည် ပါဆယ်ကိုဖွင့်ကြည့်လိုက်သည်။

အထုပ်ထဲတွင် ကတ်သုံးခုပါရှိသည်။

“ထန်လီရဲ့ ဖျော်ဖြေပွဲ လက်မှတ်တွေ?”

သူနာပြုဆရာမ ရေရွတ်လိုက်မိသည်။

နန်ချိန်လည်း အနည်းငယ် အံသြသွားသည်။

‘ထန်လီရဲ့ဖျော်ဖြေပွဲလက်မှတ်? ဘယ်လိုဖြစ်တာလဲ? !’

“အံ့သြစရာပဲ၊ ဒါက ရှေ့ဆုံးတန်းက လက်မှတ်တွေပဲ။ ထန်လီက သီချင်းအသစ်ကို ကြေညာခဲ့

တယ်။ ကောင်းကင်ဝိညာဥ်ဂြိုလ် မှာရှိတဲ့ ပရိသတ်တွေက တကယ်ကို ကံကောင်းခဲ့တယ်။ ကျီလော်မြို့မှာကျင်းပမဲ့ ဖျော်ဖြေပွဲကမနက်ဖြန်ညလို့ထင်တယ်။ “

သူနာပြုဆရာမသည် သူသိထားသည်များကိုပြောပြလေးည်ယေ

“ဒါကိုဘယ်သူပို့တာလဲ။ ရေးထားလား?”

နန်ချိန်လည်း အံ့ဩသွားသည်။

သူနာပြုဆရာမက ခေါင်းယမ်းသည်။

“နာမည်မပါဘူး ... ဒါပေမယ့် ဘယ်သူက ပို့တာပဲဖြစ်ဖြစ်၊ ဒါက အရမ်းကောင်းပါတယ်။ အဲဒါ

ထန်လီ ဖျော်ဖြေပွဲလက်မှတ် တွေလေ !”

နန်ချိန်၏ နှလုံးခုန်သံများလည်း ပိုမြန်လာသည်။ သူမသည် ထန်လီကို ကြိုက်ပေမဲ့ ဖျော်ဖြေပွဲလက်မှတ်များက အရမ်းဈေးကြီးတာကြောင့် မစဉ်းစားခဲ့ဖူးပေ။

“မေမေ၊ အဲဒါ ထန်လီလား”

လန်ရွမ်းယု စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

“အင်း... ဟုတ်တယ်.... လက်မှတ်တွေကို ဘယ်သူ ပေးတာလဲမသိဘူး။ တော် ပြီ မေမေတို့ ဆေးရုံဆင်းဖို့ အရင်လုပ်ကြ မယ်”

“ဟုတ်”

လန်ရွမ်းယု ဆေးရုံကဆင်းပြီးနောက် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။

ဆေးရုံမှဆင်းပြီးနောက် သူတို့မိသားစု ပထမဆုံးလုပ်ခဲ့သောအရာမှာ ထန်လီဖျော်ဖြေပွဲကို တက်ရောက်ခြင်းဖြစ်သည်။

“ရွမ်းယု...သား ဖျော်ဖြေပွဲသွားဖို့ ....အဆင်ပြေရဲ့လား” နန်ချိန်က သူ့သားကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

“မေမေ၊ သား နေကောင်းပါတယ်၊ သား

အဆင်ပြေတယ်!”

“ကောင်းပါပြီ၊ “ နန်ချိန် ကျေနပ်စွာ ပြုံးပြလိုက်သည်။

ကျီလော်မြို့....

ထန်လီ၏ဖျော်ဖြေကွင်း.....

ဖျော်ဖြေပွဲမစတင်မီ နှစ်နာရီအလိုတွင်ပင် အားကစားကွင်းသည် ပြည့်ကျပ်နေပြီဖြစ်သည်။ ထိုနေရာတွင် လက်မှတ်မရရှိသော ပရိသတ်များ လည်းရှိခဲ့ပြီး ယခုအချိန်တွင် အရှာဖွေဆုံးသူမှာ လက်မှတ်များပြန်လည်ရောင်းချသူများဖြစ်သည်။ လက်မှတ်ရရန် စျေး ကြီးကြီးမားမား ပေးကြရမည်မှာလည်း သေချာသည်။

လန်ရွမ်းယုသည် ဝင်ပေါက်တွင်တန်းစီနေကာ အချိန်အတော်ကြာတော့ သူတို့အလှည့်ရောက်လာ

ခဲ့သည်။

ဝန်ထမ်းက လက်မှတ်များကို ကြည့်လိုက်ပြီး

“မင်းတို့ရဲ့ လက်မှတ်တွေ မှားနေပြီ!”

“မှားတာလား? ဘာကိုဆိုလိုတာလဲ? ဒါတွေက ဖျော်ဖြေပွဲလက်မှတ်တွေမဟုတ်ဘူးလား”

နန်ချိန် အံ့အားသင့်သွားသည်။

“မင်းတို့ရဲ့လက်မှတ်တွေက ဒီမှာတန်းစီရမှာမဟုတ်ဘူး။ ဒါက အထူးသီးသန့်ဝင်ပေါက်ရှိတဲ့ VIP လက်မှတ်တွေ.... တန်းစီဖို့မလိုဘူး။ လာ...လိုက်ပို့ပေးမယ်”

ဝန်ထမ်းတဦးက လေးလေးစားစား ပြောဆိုလိုက်သည်။

ယခုအချိန်တွင် ထန်လီသည် ထိပ်တန်းစူပါစတားတစ်ဦးဖြစ်ပြီး VIP လက်မှတ်များရနိုင်သူများသည်လည်း သာမန်လူများမဟုတ်ပေ။

လက်မှတ်များကို ဆက်လက်စစ်ဆေးရန် အခြားဝန်ထမ်းတစ်ဦးကို အကြောင်းကြားပြီးနောက်၊ သူသည် လန်ရွမ်းယုတို့မိသားစုကို အခြားလမ်းကြောင်းတစ်ခုသို့ အမြန်ခေါ်ဆောင်သွားခဲ့သည်။

နန်ချိန် အံ့အားသင့်သွားသည် ။

‘ VIP လက်မှတ်တွေလား.... တစ်စုံတစ်ယောက်က ငါတို့ကို VIP လက်မှတ်တွေ တကယ်ပေးခဲ့တာပဲ။ ဒါက မယုံနိုင်စရာပဲ’

Endend…..