( ရှကျိုးယွီက ငါ့ကို သိနေတာလား?)
Vol. 7 Ch. 85
အနီရောင် မိန်းကလေးနဲ့ ရွှမ်းအာတို့ နှစ်ယောက်သား နန်းတော်အပြင်ကို ခပ်သွက်သွက် ထွက်သွားလိုက်ကြသည်။
အနီရောင်မိန်းကလေးရဲ့ မျက်နှာထားက အတွေးနစ်နေဟန်ပဲ။
ထို့ကြောင့် ရွှမ်းအာ မော့ကြည့်ကာ မေးလိုက်လေ၏။
"သခင်..ရှကျိုးယွီက သခင့်ရဲ့ သရုပ်မှန်ကိုသိတာလား?"
"မသေချာဘူး"
ထိုမိန်းကလေးက ခဏလောက် တွေးပြီးမှ ပြန်ဖြေလိုက်သည်။
"ငါနဲ့ပတ်သတ်ပြီး သူများတွေ တော်တော်များများ မသိကြဘူး၊ ဂိုဏ်းထဲမှာတောင်မှ အကြီးအကဲတချို့လောက်ပဲ ငါ့ရဲ့နောက်ခံကို သိကြတာ”
“အပြင်လောကက လူတွေသိတဲ့ငါက ပထမအဆင့် ကျင့်ကြံသူဖြစ်ဖို့ ရူးသွပ်နေတဲ့ သာမန်လူတစ်ယောက်ပဲ”
“ပြီးတော့ နန်းတော်မှာတုန်းက ငါနင့်ကို ဂရုတစိုက်လှုပ်ရှားဖို့ မပြောခဲ့ဘူးလား?”
“နင်နဲ့ငါက ဘယ်လိုပဲ တော်ဝင်မိသားစုရဲ့ နောက်ခံရှိနေတယ်ဆိုဆို.....ဒီတရှားတိုင်းပြည်ကလည်း”
“ရွှမ်ဂိုဏ်းရဲ့ နောက်ခံရှိနေတယ်။ ပြဿနာတက်လာနိုင်တယ်”
ရွှမ်းအာဆိုသော မိန်းကလေး တိတ်တဆိတ် ခေါင်းငြိမ့်လိုက်သည်။
"ဒါပေမယ့် သူကသခင့်ရဲ့သရုပ်မှန်ကိုမသိသေးဘူး၊ သခင်ဘယ်လိုမျိုး တရှားတိုင်းပြည်ရဲ့ ကံကြမ္မာကိုအသုံးပြုပြီး ပထမအဆင့်ကို တတ်နိုင်ဖို့ ကြိုးစားမှာလဲ?”
“ပြီးတော့ သခင့်မှာ အခုကျင့်ကြံဆင့်က ဒုတိယအဆင့်ပဲ ရှိသေးတာ၊ တရှားတိုင်းပြည်ရဲ့ ရေကြီးမှုကို ထိန်းချုပ်နိုင်မှာသေချာလား?”
“ပြီးတော့အဲ့တာကို အသုံးပြုပြီးတော့ ကံကြမ္မာအမှတ်တချို့ကိုပါ စုပ်ယူဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား?"
"ထျန်းချီတာဝါက လီဖူဆိုတဲ့လူကို သခင်သိတယ်မလား? လီဖူရဲ့ စွမ်းဆောင်ရည်ကလည်း မဆိုးဘူး၊ သူက ပထမအဆင့်ကိုရောက်ဖို့နည်းနည်းပဲ လိုတော့တာ”
“ဘယ်လိုပဲကြည့်မယ်ဆိုဆို ဘယ်ကမှန်းမသိတဲ့ သခင့်ထက်စာရင် သူကပိုပြီးအစွမ်းအစ ရှိတဲ့လူတစ်ယောက်ပဲ”
"ပြီးတော့ ကျွန်တော်မျိုးမတို့ ထိုက်အန်းမြို့တော်ကိုရောက်တဲ့အချိန်မှာ လီဖူနဲ့ရှိကျိုးယွီရဲ သတင်းတွေ ကြားခဲ့ရတယ်မလား?”
“အဲ့ဒီလီဖူက ရှကျိုးယွီကို တော်တော်လေးစားတယ်ဆိုလားပဲ"
"အဲ့တာကို ဘာဖြစ်လို့ ရှကျိုးယွီက လီဖူကိုမတောင်းဆိုဘဲနဲ့ သခင်မလေးကို တောင်းဆိုရတာလဲ? "
ရွှမ်းအာရဲ့စကားလုံးတွေက ရိုးရှင်းသည်။
ဒါပေမယ့် အနီရောင်မိန်းကလေးရဲ့ ရင်ထဲကို မုန်တိုင်းတစ်ခုလို မွှေနှောက်သွားလေ၏။
'ဟုတ်တယ် သူဘာလို့လီဖူကို အကူအညီမတောင်းရတာလဲ? ဘာလို့ငါ့လိုမျိူး ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို အကူအညီ တောင်းရတာလဲ?’
'ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ ရေကြီးမှုကို ထိန်းချုပ်နိုင်ဖို့ဆိုရင် လွယ်ကူမှာမဟုတ်ဘူးဆိုတာ ဘယ်သူမဆိုသိတယ်’
'သူမရဲ့ မူလအစီအစဥ်က ရေကြီးမှုကို ထိန်းချုပ်ဖို့နဲ့ ပတ်သတ်ပြီး ရှကျိုးယွီကို တိုက်ရိုက် ဆက်သွယ်ဖို့ မဟုတ်ဘူး၊ သူမက ရေခဲပုစဥ်းကို အသုံးပြုပြီးတော့ ရှကျိုးယွီနဲ့ အပေးအယူလုပ်ချင်ခဲ့တာပဲ’
'ဒါပေမယ့် အဖြေကဘယ်လိုဖြစ်သွားခဲ့လဲ?’
'ထိုအစားသူမက တန်ကြေးမရှိဘဲနဲ့ ရေကြီးမှုကို ထိန်းချုပ်လိုက်ရတယ်လေ..’
'ဒါကလည်းသူမအတွက် ပထမအဆင့်ကိုတက်လှမ်းနိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်ခဲ့တယ်’
'ဒါပေမယ့် ဘယ်လိုပဲကြည့်ကြည့် ဒီကိစ္စက ရိုးရှင်းမနေဘူး’
‘ရှကျိုးယွီဆီမှာ ရွမ်ဂိုဏ်းရဲ့ထောက်ခံမှု ရှိထားတယ်၊ လီဖူ မပြောနဲ့ ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကို ခေါ်သုံးမယ်ဆိုရင်တောင်မှ သူ့အတွက် ပြဿနာဖြစ်မှာ မဟုတ်ဘူး’
'ရွှမ်ဂိုဏ်းမှာ ပါရမီရှင်တွေ အများကြီးရှိတယ်’
'အခုဆိုရင် ရွှမ်ဂိုဏ်းရဲ့ မြင့်မြတ်ပစ္စည်းကတောင်မှ ရှကျိုးယွီရဲ့ လက်ထဲမှာရှိနေခဲ့တာ မဟုတ်ဘူးလား?’
'သူတို့ဆီကနေ လူတစ်ယောက်ငှားဖို့က ဘာခက်မှာမို့လို့လဲ?’
တွေးမိလေလေ ထိုမိန်းကလေးရဲ့ မျက်လုံးတွေက ပိုပိုပြီး နက်ရှိုင်းလာတော့သည်။
ဒီကိစ္စက ထူးဆန်းနေသည်။ မသိရင် ရှကျိုးယွီက သူမရဲ့သရုပ်မှန်ကို သိနေသလိုမျိုးပဲ။
"နင်ပြောတာ အဓိပ္ပါယ်ရှိတယ်၊ ဒါပေမယ့် ငါလာမယ်ဆိုတာကို ရှကျိုးယွီက ဘယ်လိုသိတာလဲ?"
"ဒါမှမဟုတ် သူအဲ့တာကိုလည်း တွက်ချက်ထားခဲ့တာလား?"
အနီရောင်မိန်းကလေး ရှုပ်ထွေးနေခဲ့သည်။
သူမအနီးမှာရှိတဲ့ ရွှမ်းအာကို လှမ်းကြည့်လိုက်သည်။
"သခင် မမေ့ပါနဲ့၊ ဘယ်လိုပဲ ရွှမ်ဂိုဏ်းရဲ့ထောက်ပံ့မှုရှိထားတယ်ဆိုဆို သူက ကံကြမ္မာအမှတ်ကို ခြောက်ဆတောင် တက်အောင်လုပ်ခဲ့တဲ့ ဘုရင်တစ်ယောက်နော်”
ပြီးတော့ ကျွန်တော်မျိုးမတို့ ရှတိုင်းပြည်ကို ဝင်လာတဲ့အချိန်တုန်းက နဂါးကိုးကောင်မီးပေါင်းဖိုကို မတွေ့သေးဘူး၊ အဲ့တုန်းကဆိုရင် ရွမ်ဂိုဏ်းနဲ့ သူတို့ရဲ့ ဆက်စပ်မှုကို သတိမထားမိသေးဘူးလေ၊ အဲ့တာဘာကို ဆိုလိုတာ ဖြစ်မလဲ?"
"ဆိုလိုတာက သူ့မှာရွှမ်ဂိုဏ်းရဲ့ ထောက်ပံ့မှုရထားပေမယ့် သတင်းတစ်ခုမှ မရှိလောက်အောင်ကို လျှို့ဝှက်နေတယ်ဆိုတာပဲ!”
“ရွှမ်ဂိုဏ်းကသာ လူသိရှင်ကြားထောက်ပံ့လိုက်မယ်ဆိုရင် သူ့အတွက် ကံကြမ္မာအမှတ်ကို ခြောက်ဆလောက် တက်အောင်လုပ်နိုင်ဖို့ ပိုပြီးလွယ်ကူသွားခဲ့မှာပဲ”
“ဒါပေမယ့် ရွှမ်ဂိုဏ်းက ဟန်ဆောင်ပြီးတော့ ထောက်ပံ့နေခဲ့တာ ဆိုရင်ကော?"
"ပြီးတော့ ကျွန်တော်မျိုးမတို့ နဂါးကိုးကောင် မီးပေါင်းဖိုကိုတွေ့ခဲ့ရပေမယ့် အဲ့ဒီမီးပေါင်းဖိုမှာ ရွှမ်ဂိုဏ်းရဲ့ ဆက်စပ်မှုတစ်ခုကိုမှ မမြင်ခဲ့ရသေးဘူးလေ"
ရွှမ်အာတည်တံ့စွာပြောလိုက်သည်။ သူမက သခင်ဖြစ်သူကိုလည်း စိုက်ကြည့်နေသေးသည်။
အနီရောင်မိန်းကလေး သဘောပေါက်သွားတော့သည်။ သူမရဲ့နောက်ခံက မရှိးရှင်းဘူး။ သူမက ဒဏ္ဍာရီလာယူအိမ်တော်က ဆက်ခံသူတစ်ယောက်!"
သူမနာမည်က ယူလျိုရှားဖြစ်၏။
ယူအိမ်တော်ရဲ့ အခြေခံက ရေနဲ့ဆက်စပ်မှု ရှိသည်။ ကျင့်ကြံတဲ့အခါမှာ သန်မာမှုကို တိုးတက်အောင်လို့ ရေကိုအသုံးပြုလေ့ရှိကြသည်။
သူမတို့ဒီနေရာကို ရောက်လာခဲ့တာလည်း တိုက်ဆိုင်မှုလို့ ပြောလို့ရသည်။ ဒါပေမယ့် တိုက်ဆိုင်မှုမဟုတ်ဘူးလို့လည်း ပြောလို့ရပြန်သည်။
ရွှေရောင်အဆင့်သတ်မှတ်ချက် မကြေညာခင်တုန်းက သူမတို့က ကျန်းနန်မြို့မှာ ရှိနေခဲ့တာဖြစ်ပြီး ရှကျိုးယွီရဲ့ လုပ်ရပ်တွေကို သိခဲ့ရသည်။
မကြာခင်မှာ ကြုံလာရမယ့် ကျန်းနန်မြို့ရဲ့ အရေးကြီးမှုနဲ့ ပတ်သတ်ပြီး သူမတို့ကြိုသိထားသည်။ သူမတို့ရဲ့ ရည်ရွယ်ချက်ကလည်း ရေကြီးမှုကိုထိန်းချုပ်ဖို့ တစ်စိတ်တပိုင်းပါသည်။
အဲ့ဒီလိုမှပဲ သူမအနေနဲ့ ပထမအဆင့်ကျင့်ကြံမှုကို တက်လှမ်းနိုင်မှာ!
ဒါပေမယ့် ဒါကအစပဲရှိသေးသည်။
ဒါကြောင့် သူမတို့ပထမဦးဆုံး ရှကျိုးယွီဆီကို ရေခဲပုစဥ်းနဲ့ အရင်ချဥ်းကပ် ခဲ့သည်။ သူမရဲ့အစီအစဥ်က ရေခဲပုစဥ်းကိုအသုံးပြုပြီး ဒီအခွင့်အရေးကို ဖန်တီးမလို့ပဲ။
ဒါပေမယ့် အခုက စစ်တုရင်စကားပွဲ တစ်ခုလိုမျိုးပဲ၊ ဒီစစ်တုရင်စကားပွဲကို ထိန်းချုပ်နေတဲ့သူကလည်း ရှကျိုးယွီလို့ပဲ ခံစားနေရသည်!
ယူလျိုရှားရဲ့ မျက်လုံးတွေက ပိုပြီးအံ့သြမှင်သက်လာတော့သည်။ အဆုံးမှာတော့ သူ့ရဲ့မျက်လုံးထဲကို လေးစားမှုတွေပါ ဝင်ရောက်လာတော့၏။
ရှကျိုးယွီနဲ့ပတ်သတ်ပြီး သူမအားလုံး သိထားသည်လို့ ထင်ခဲ့မိတာ... ဒါပေမယ့် သူမသိလိုက်ရတာက….
အရင်ကသူမ ရခဲ့သမျှ သတင်းတွေက ပင်လယ်ထဲမှာ နက်ရှိုင်းစွာမြုပ်ကွယ်နေတဲ့ ရေခဲတုံးကြီးရဲ့ ထိပ်ပိုင်းလေးတစ်ခုဆိုတာကိုပဲ။
"ကြည့်ရတာ ရွှမ်ဂိုဏ်းက ရှကျိုးယွီနဲ့ ပူးပေါင်းခဲ့တာကလည်း သူ့ရဲ့အရည်အချင်းကြောင့်ပဲ ဖြစ်လောက်မယ်နဲ့ တူမယ်”
“ဒီလောက်တော်တဲ့ တွက်ချက်မှုတွေ ရှိနေတာဆိုရင် မကြာခင်မှာ အင်အားကြီးတဲ့လူတွေနဲ့ပါ သူတို့တွေ ရင်ဆိုင်နိုင်လောက်တယ်"
ယူလျိုရှား ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ရွှမ်းအာကတော့ ခေါင်းရမ်းကာ အထင်သေးစွာဖြင့် ပြောလိုက်လေ၏။
"သခင်...သခင်က ယူအိမ်တော်ရဲ့အကြီးဆုံး သခင်မလေး ယူလျိုရှားနော်!
“အဲ့လိုအနေထားမှာ ရှိနေတဲ့သခင်က ဘယ်လိုလုပ် သူများကို ချီးကျူးနေရတာလဲ?”
“သူ့အနေနဲ့ သခင့်ရဲ့နောက်ခံကို တကယ်ပဲ သိတယ်ဆိုရင်တောင်မှ အဆက်အသွယ်ကောင်းလို့လို့ပဲ ဆိုလိုတာ မဟုတ်ဘူးလား?”
“ပြီးတော့ သူ့ရဲ့အကြံအစည်ဆိုတာကလည်း လိုအပ်ချက်တွေ အများကြီးနဲ့ပါ"
ရွှမ်းအာက အဆက်မပြတ်စကားပြောလိုက်သည်။ ဒါပေမယ့် သူမ ဆက်စကားမပြောနိုင်တော့သလိုပဲ….
ပြောရင်းပြောရင်းနဲ့ စစ်တုရင် ကစားပွဲတစ်ခုလို ဖြစ်နေတဲ့အခြေအနေကို သူမ သတိထားမိသွားခဲ့သည်။
သူမတို့ ကစားခံလိုက်ရတယ်ဆိုတာကို ရွှမ်းအာ သဘောပေါက်သွားတော့သည်။
"ဘာလို့အဆုံးမှာ ရှကျိုးယွီက သခင်မလေးကို ရေကြီးမှုနဲ့ပတ်သတ်ပြီး ထိန်းချုပ်ခိုင်းလိုက်ရတာလဲ?"
"ဆိုလိုတာက ရှကျိုးယွီက အရာအားလုံးကို ကြိုစီစဥ်ထားလို့ပဲမလား?!! "
ရွှမ်းအာ မနေနိုင်စွာ မေးလိုက်တော့သည်။
"သခင် ရှကျိုးယွီက ဘာလို့သခင့်ကို ရေကြီးမှုကို ထိန်းချုပ်ခိုင်းလိုက်ရတာလဲ? သူ့ရဲ့ ရည်မှန်းချက်က တကယ်ပဲ ဘာလဲ?"
ယူလျိုရှားရဲ့ ရင်ထဲလေးစားသွားလေကာ..
“ဘာလို့ဆိုရင် သူက လူတွေနဲ့ပတ်သတ်ပြီး ဂရုစိုက်လို့ပေါ့”
တစ်ဆက်တည်းမှာပဲ ယူလျိုရှားရဲ့ မျက်လုံးတွေက ရှကျိုးယွီရဲ့ ပုံရိပ်ကို ပြန်မြင်ယောင် သွားခဲ့သည်။
"ရှကျိုးယွီအတွက် ရေကြီးမှုကို ထိန်းချုပ်ဖို့က မခက်ခဲဘူး၊ ဒါပေမယ့် ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ဖို့ကတော့ စိန်ခေါ်မှုတစ်ရပ်ပဲ”
“ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကို အသုံးပြုမယ်ဆိုရင်တောင်မှ ရေကြီးမှုကို ယာယီအားဖြင့် ထိန်းချုပ်လို့ရမယ်၊ ဒါပေမယ့် လိုအပ်ချက်တွေရှိမှာပဲ”
“တကယ်လို့ ငါတို့ ယူအိမ်တော်ကသာ ဝင်ရောက်ပါဝင်မယ်ဆိုရင်..."
ယူလျိုရှား ခဏရပ်သွားခဲ့သည်။
"ဖြစ်နိုင်တာ ငါတို့ယူအိမ်တော်က ကံကြမ္မာအမှတ်ကို စုပ်ယူတဲ့နေရာမှာ များကောင်းများမယ်၊ ဒါပေမယ့် ရေကြီးမှုကို ထိန်းချုပ်တဲ့နေရာမှာတော့ ငါတို့က အဆင့်တစ်ပဲ”
“အဲ့တာကို ဘယ်သူကများ ငြင်းဆိုရဲလို့လဲ?"
သူမရဲ့ မျက်လုံးထဲမှာ ယုံကြည်မှုတို့ ဖြတ်ပြေးသွားတော့သည်။ နှလုံးသားထဲထိ နက်ရှိုင်းနေတဲ့ ယုံကြည်မှုတွေ!
သူမရဲ့နှလုံးသားက ခုန်လှုပ်လာတော့သည်။
သူမအတွက် ဒါကအခွင့်အရေးပဲ၊ တစ်ဆက်တည်းမှာပဲ ယူအိမ်တော်ရဲ့ တန်ဖိုးကို ပြသနိုင်မယ့်အကောင်းဆုံး အခွင့်အရေးတစ်ရပ်လည်း ဖြစ်နေသေးသည်။
ဒီရေကြီးမှုကို ထိန်းချုပ်ရာကနေ အဆင့်တစ်ကို တက်နိုင်သရွေ့ သူမရဲ့နောက်ခံကို ဖော်ထုတ်ပစ်လိုက်ရမယ်ဆိုရင်လည်း ကိစ္စမရှိဘူး။
သူမရဲ့ ကျေးဇူးနဲ့ ယူအိမ်တော်က တစ်ဖန်ပြန်ပြီး အောင်မြင်လာမှာလေ!
…………..