(အရမ်း နောက်ကျသွားပြီ)
Vol. 7 Ch. 86
လင်အန်း စားသောက်ဆိုင်အတွင်းမှာ လီဖူးထိုင်နေခဲ့သည်။
ဒီရက်ပိုင်းထဲ ကြုံတွေ့ရခဲ့သမျှကိစ္စတွေကို သူ ပြန်တွေးနေမိသည်။ တရှားတိုင်းပြည်နဲ့ ပူးပေါင်းမဲ့ကိစ္စက မတိုးတက်သေးဘူး။ လီဖူ အနည်းငယ်ပူပင်နေလေ၏။
“အစောပိုင်းက နန်းတော်အထက်မှာ ငါရလိုက်တဲ့ ထူးဆန်းတဲ့ အရှိန်အဝါကြီးက ဘယ်သူလုပ်ခဲ့တာဖြစ်မလဲ? တရှားနန်းတော်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ?”
လီဖူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ့ရဲ့နှလုံးသားထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခုကိုခံစားနေရသည်။ ရှကျိုးယွီနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကို သူ ရရှိချင်သည်။
ဒါပေမဲ့ နောက်ဆုံးတစ်ခေါက် တွေ့ပြီးကတည်းက သူ့အနေနဲ့ ရှကျိုးယွီနဲ့ ထပ်တွေ့ခွင့်မရသေးဘူး။ ပြောရမယ်ဆိုရင် နန်းတော်ထဲကို ခြေချရခွင့်မရသေးတာပင်။ထိုအချိန်မှာပဲ အပြင်ဖက်ကအသံတစ်ခုကို လီဖူ ကြားလိုက်ရသည်။
ရှင်းလင်းတဲ့ မိန်းကလေးအသံတစ်ခုက စားသောက်ဆိုင်အတွင်းမှာ ပျံ့နှံ့လာလေ၏။
“ထျန်းချီတာဝါရဲ့ သခင်လီ ရှိလား?”
လီဖူ အနည်းငယ် အံ့ဩသွားခဲ့သည်။ တစ်ဆက်တည်း မျက်မှောင်ကြုံမိသွားလေ၏။
သူအာရုံခံလိုက်တဲ့ အချိန်မှာ သူမတူအောင် ထူးခြားတဲ့ အလှတရားပိုင်ရှင် မိန်းကလေး တစ်ယောက်ကို အာရုံခံမိခဲ့သည်။
'ဒီလောက်ငယ်ရွယ်တဲ့အရွယ်နဲ့ ကျင့်ကြံမှုက ဒုတိယအဆင့်တောင်ရောက်နေပြီလား? ပထမအဆင့်ကိုတောင် တက်လုနီးနီး ရောက်နေခဲ့ပြီ !’
“မင်းဘယ်သူလဲ?”
လီဖူ မတ်တပ်ရပ်လိုက်သည်။ တံခါးဖွင့်လိုက်နဲ့ အပြင်ဖက်မှာ ရပ်နေတဲ့ မိန်းကလေးကို မြင်လိုက်ရတာမလို့ သူမေးလိုက်တာပင်။
“ကျွန်မက လျိုချင်းချန်ပါ တာအိုဂိုဏ်းရဲ့ ခေါင်းဆောင်”
လျိုချင်းချန် ချက်ချင်းပဲ ပြန်ဖြေပေးလိုက်သည်။ ထို့နောက်မှာ လီဖူးကို မောက်မာခြင်းရော အသနားခံခြင်းရောမပါတဲ့ မျက်လုံးများနဲ့ ကြည့်လိုက်၏။
အမှန်တော့ သူမဒီနေရာကိုမလာခင်က ပူပင်မှုများရှိခဲ့သည်။ ဒါပေမဲ့ တကယ်ရောက်လာတော့လည်း ထင်သလောက်မဆိုးဝါးပါလားဟု သူမ တွေးမိသွားတော့သည်။
“တာအိုဂိုဏ်းရဲ့ခေါင်းဆောင် ဟုတ်လား? မင်းက တရှားတိုင်းပြည်ရဲ့ တော်ဝင်ဆရာမကြီးလား?”
လီဖူ အနည်းငယ် အံ့ဩသွားခဲ့သည်။ သူ့ရဲ့ ခေါင်းထဲမှာ အတွေးတွေ အဆက်မပြတ် ဝင်ရောက်လာတော့သည်။
အဆုံးမှာတော့ တာအိုဂိုဏ်းခေါင်းဆောင်က တော်ဝင်ဆရာမကြီး ဖြစ်ကြောင်းကို သူအမှတ်ရသွားတော့သည်။ ထို့ကြောင့်မေးလိုက်တာပင်။
“ဟုတ်တယ်”
လျိုချင်းချန် မငြင်းခဲ့ဘူး။ သူမအနေနဲ့
လီဖူနဲ့ ကိစ္စတစ်ချို့ ဆွေးနွေးရဖို့ ရှိသည် ဒါကြောင့် သူမရဲ့တော်ဝင်ဆရာမကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို လိုအပ်သည်။ သူမရဲ့ရည်ရွယ်ချက်ကလည်း အဲ့ဒါပဲလေ။
“ဝင်ခဲ့ပါ”
လီဖူလမ်းဖယ်ပေးလိုက်သည်။
ရှကျိုးယွီရဲ့ခေါင်းမာမှုက သူ့အတွက် ခက်ခဲမှုတွေသာ ဖြစ်စေခဲ့တာမလို့ သူလည်းပဲ နည်းလည်းတစ်ချို့ ရှာဖို့လိုအပ်သည်လေ။
ထန်ချီတာဝါက တရှားတိုင်းပြည်နဲ့ သူ့ကို ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ခိုင်းထားသည်။ အခုတော့ မအောင်မြင်ရုံသာမကဘူး။ စားသောက်ဆိုင်ထဲမှာပဲ ပိတ်မိနေခဲ့တာ ရက်တစ်ချို့တောင်ကြာနေခဲ့ပြီ။ သူ့လိုမျိုး ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကို အကြိမ်ကြိမ် ငြင်းဆိုခဲ့တာလေ!
'ငါကဘာကိစ္စ ဒီလောက်ကြီးထိခံနေရမှာလဲ?’
ချက်ချင်းပဲ လီဖူးရဲ့မျက်လုံးထဲမှာ ခံစားချက်တွေပြင်းထန်လာတော့သည်။ ဒါပေမဲ့ သူမပေါက်ကွဲခဲ့ဘူး။ အစောကဖြစ်ခဲ့တဲ့ ကိစ္စတွေအားလုံးထဲမှာ ရှကျိုးယွီ အမှားမရှိခဲ့ပဲ သူတို့ရဲ့ ထျန်းချီတာဝါဖက်ကသာ အမှားဖြစ်နေခဲ့တာလေ။
“ငါတို့ ထန်ချီတာဝါဖက်ကပဲ လူမှား ခေါ်ခဲ့မိတာ။ ခုတော့ တရှားတိုင်းပြည်နဲ့ ဘယ်လိုပဲ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ချင်တာတောင်မှ ငါ့မှာအခွင့်သာမနေဘူးကွာ ! ဒါတွေအားလုံးဟာ အဲ့ဒီလုချန်ရဲ့အမှားပဲ!!”
လီဖူသက်ပြင်းချလိုက်သည် ထို့နောက်မှာ လျိုချင်းချန်ကို လှည့်ကြည့်လိုက်သည်။
သူ့အတွက်တော့ ဒီလျိုချင်းချန်က ရှကျိုးယွီ စီစဉ်ပေးထားတဲ့ လွတ်လမ်းတစ်ခုပဲ။
အစပိုင်းကသူ့ရဲ့ လုပ်ရက်တွေကမှားယွင်းခဲ့သည်။ ဒါကြောင့် ရှကျိုးယွီက အခုလိုမျိုး နည်းလမ်းတစ်ခုရှာပေးခဲ့တာပဲ ဖြစ်မယ်။
အခုသူမ ဘာကြောင့် ရောက်လာခဲ့လဲ သူ မသိဘူး။
ဒါပေမဲ့ လီဖူရဲ့ ခံစားချက်က အရင်ကထက် တော်တော်လေး ပိုကောင်းသွားခဲ့သည်။
“တော်ဝင်ဆရာမကြီး ကျေးဇူးပြု၍ ထိုင်ပါ ဘာကြောင့် ဒီနေ့ရောက်လာခဲ့တာများလဲ သိချင်မိတယ်”
လီဖူ နှုတ်ဆက်လိုက်ပြီးတာနဲ့ လျိုချင်းချန်ကို ထိုင်ဖို့ဖိတ်ခေါ်လိုက်သည်။
သူမခေါင်းငြိမ့်ပြလိုက်ကာ ခပ်ဖြည်းဖြည်း ဝင်ထိုင်လိုက်သည်။ ထို့နောက်မှာ မျက်စိရှေ့က ပါရမီရှင် လူငယ်လေးကို သေချာလေ့လာလိုက်လေ၏။
သူမရဲ့ စိတ်ထဲမှာတော့.....
'အရှင်မင်းကြီးကတကယ်ကို လုပ်နိုင်စွမ်းကြီးမားတာပဲ။အရမ်းထူးချွန်တဲ့ ပထမအဆင့်ကျင့်ကြံသူ တစ်ယောက်ကိုတောင်မှ တရှားတိုင်းပြည် အတွင်းမှာ ငြိမ်းချမ်းစွာ ထည့်ထားနိုင်တယ်။ အရှင်မင်းကြီး ဘယ်လိုနည်းလမ်းတွေ သုံးခဲ့လဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့ ကြည့်ရသေလာက်တော့ သူ့ကိုဖိတ်ခေါ်ဖို့က ပြဿနာတစ်ခု မဟုတ်တော့ဘူးနဲ့တူပါတယ် .....’
လျိုချင်းချန် အရင်စကားစလိုက်သည်။
“ဒီလိုပါ တရှားတိုင်းပြည်ရဲ့တောင်ဖက်က ကျန်းနန်မြို့မှာ ရေကြီးမှုအတွက် စိုးရိမ်ရနိုင်ချေရှိနေတယ်။ အကယ်လို့ သခင်လီအတွက် အဆင်ပြေမယ်ဆိုရင် ကျွန်မတို့အတွက် ရှေ့ထွက်ပြီးတော့ ရေကြီးမှုကိုဖြေရှင်းပေးစေချင်ပါတယ်”
“ဒါကအရှင်မင်းကြီးရဲ့ တောင်းဆိုမှုလား?” လီဖူအနည်းငယ် အံ့ဩသွားခဲ့ပြီး သူ့ရဲ့မျက်လုံးထဲမှာပါ စိတ်လှုပ်ရှားမှုတွေ ဝင်ရောက်လာတော့၏။
တကယ်ပဲဒါက ရှကျိုးယွီရဲ့ ရည်ရွယ်ချက်ဆိုရင် သူ့အနေနဲ့ကူညီပေးရလဲ ပြဿနာမရှိဘူး။
‘ဒီကိစ္စကိုအသုံးပြုပြီးတော့ တရှားတိုင်းပြည်နဲ့ သူ့အတွက် အဆက်အသွယ်တစ်ခုကို ဖန်တီးလိုက်လို့ရတယ်’
'သူ့အနေနဲ့ ရေကြီးမှုကို ထိန်းချုပ်တဲ့နေရာမှာ မတော်ဘူးဆိုပေမဲ့ မဖြစ်နိုင်တာတော့မဟုတ်ဘူး’
လျိုချင်းချန်ခေါင်းရမ်းပြလိုက်သည်။ “မဟုတ်ဘူး”
“မဟုတ်ဘူး? အဲ့ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မဟုတ်ရင် မင်းကဘာလို့ ရောက်လာတာလဲ?”
ထိုအဖြေကြောင့် လီဖူရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာထားက အနည်းငယ် တန့်သွားလေ၏။ လျိုချင်းချန်ကို စိုက်ကြည့်ကာ စိတ်လှုပ်ရှားစွာပင် မေးလိုက်တော့သည်။
လျိုချင်းချန် အသက်ဝဝ တစ်ချက်ရှူသွင်းလိုက်သည်။
သူမအနေနဲ့ ဒီကိစ္စကို ရှေ့ထွက်ပြီး အကူအညီတောင်းပေးရုံတစ်ခုပဲ။ ရှကျိုးယွီရဲ့ လုပ်ရပ်တွေကို သူမလည်းကြိုတင်မှန်းဆ လို့မရဘူး။
ဒါပေမဲ့ ကျန်းနန်မြို့က ပြည်သူတွေအကြောင်းကို စဉ်းစားမိလိုက်တာနဲ့....သူမ ငြိမ်မနေနိုင်တော့ဘူး။
“ဒီကိစ္စက တကယ်ပဲ အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်မဟုတ်ခဲ့ပါဘူး။ အရှင်မင်းကြီးက ဘယ်သူဖြေရှင်းသင့်တယ်ဆိုပြီး နာမည်တပ်ပြီးမပြောခဲ့ဘူး။ ဒါပေမဲ့ ကျန်းနန်မြို့မှာ ပြည်သူတွေအများကြီးရှိတယ်။ အကယ်လို့ သခင်လီသာ စကားစခဲ့မယ်ဆိုရင် အရှင်မင်းကြီးလည်း သေချာပေါက်သဘောတူမှာပါ”
“ မိန်းကလေး မင်းက ငါ့ကိုအထင်ကြီးနေပါပြီ။ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ထောက်ပံ့မှုမရှိဘူးဆိုရင် ငါ့ရဲ့ကျင့်ကြံမှုက ဘယ်လောက်ပဲမြင့်နေပါစေ၊ ရေကြီးမှုကို ထိန်းချုပ်ဖို့ ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ဘူး”
လီဖူ ခေါင်းရမ်းလိုက်သည်။
သူပြောခဲ့သလိုပဲ သူ့ရဲ့ကျင့်ကြံမှုကမြင့်သည်။ ဒါပေမဲ့ရေကြီးမှုကို ထိန်းချုပ်ချင်တယ်ဆိုရင် ကံကြမ္မာအမှတ်ကိုတော့ မဖြစ်မနေအသုံးပြုရအုန်းမှာပဲ။
ဒါ့အပြင်ကံကြမ္မာအမှတ်ကို အသုံးပြုချင်ရင် ရှကျိုးယွီရဲ့ ခွင့်ပြုချက်ကို မလွဲမသေလိုအပ်သည်။
“သခင်လီ စိတ်မပူပါနဲ့ အရှင်မင်းကြီးက သေချာပေါက်သဘောတူမှာပါ။ မနက်ဖြန်....!
မနက်ဖြန်ကြရင် သခင်လီသာကျွန်မနဲ့ အဖော်လိုက်ခဲ့ပေး။ ဒါဆိုရင် အရှင်မင်းကြီး ....”
လျိုချင်းချန်ရဲ့ စကားမဆုံးခင်မှာပဲ သူမတို့အပြင်ဖက်ကအသံတစ်ခုကိုကြားလိုက်ရသည်။
ရွမ်းအာရဲ့ အသံပင်..။
“သခင် ကျန်းနန်မြို့က ရေကြီးမှုကိုဖြေရှင်းဖို့အတွက် ကျွန်မတို့ ဘယ်အချိန်ကိုထွက်ကြမလဲ?”
ထိုအသံကိုကြားတော့ လျိုချင်းချန်ရော လီဖူရောအံ့ဩသွားခဲ့သည်။ သူတို့နှစ်ယောက်လုံး ချက်ချင်းပဲ အခန်းပြင်ကိုထွက်လိုက်ကြသည်။
အရှေ့က မိန်းကလေးနှစ်ယောက်ရဲ့ အရှိန်အဝါကို အာရုံခံမိလိုက်တာနဲ့ .... အံ့သြသွားကြလေတော့၏။
ဒုတိယ အဆင့်ကျင့်ကြံသူ!
လီဖူ စိတ်ပျက်စွာ မျက်မှောင်ကြုံ့သွားခဲ့သည်။
ယူလျိုရှားလည်း အာရုံခံမိတာမလို့ အံ့ဩတကြီး ရေရွတ်လိုက်လေ၏။
“ဘယ်သူလဲ!”
ချက်ချင်းပဲ လေထုကတင်းမာလာခဲ့သည်။
ယူလျိုရှားက လီဖူကို စိုက်ကြည့်နေခဲ့သည်။ ချက်ချင်းပဲသူမ လီဖူကိုမှတ်မိသွားခဲ့သည်။
“ထန်ချီတာဝါရဲ့ ပထမအဆင့် ကျင့်ကြံသူမလား? သူဘာလို့ ဒီကိုရောက်နေတာလဲ? ဘာတွေဖြစ်နေတာလဲ?”
ယူလျိုရှား သက်ပြင်းချလိုက်ကာ..
“ထန်ချီတာဝါရဲ့ လူမှန်းကျွန်မ မသိခဲ့ဘူး။ အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ်”
“ ရွမ်းအာ လာ သွားမယ်”
ယူလျိုရှား အကြာကြီးမနေခဲ့ပဲ ချက်ချင်း ထွက်သွားဖို့ပြင်လိုက်သည်။
“နေပါအုံး၊ ငါမေးချင်တာရှိတယ်။ မင်းတို့ ခုနကရေကြီးမှုနဲ့ ပတ်သက်ပြီး ပြောခဲ့တာမလား?”
လီဖူ ပြောလိုက်သည်။ သူ့ရဲ့အသံက အရမ်းမကျယ်ဘူး။
ထိုမေးခွန်းကိုကြားတဲ့အချိန်မှာ ယူလျို့ရှားက ရှုပ်ထွေးစွာဖြင့်လီဖူကို လှည့်ကြည့်လိုက်သည်။
ထို့နောက်မှာ ခေါင်းငြိမ့်ပြလိုက်သည်။
“ဒီကိစ္စကိုအမှန်အတိုင်း သိချင်ရင်တော့ ဘုရင့်ကိုသွားမေးလိုက်လေ”
ပြောပြီးတာနဲ့ သူမက ကိုယ်ပိုင်အခန်းရှိရှာကို ဦးတည်သွားလေတော့၏။
လီဖူ မတားခဲ့ဘူး။ ထိုနေရာမှာပဲ သတိလွတ်စွာ ရပ်နေခဲ့မိတာပင်..။
စားသောက်ဆိုင်ထဲမှာရှိတဲ့ လူတော်တော်များများကလည်း သူတို့ရဲ့စကားဝိုင်းကို ကြားသွားခဲ့သည်။
ချက်ချင်းပဲ အကုန်လုံးအခန်းထဲဝင်ကာ တံခါးပိတ်သွားကြလေတော့၏။
လီဖူက ထန်ချီတာဝါရဲ့လူမှန်း အကုန်လုံးသိသွားကြတာမလို့ လေထုတစ်ခုလုံး တင်းမာလာတော့သည်။
အချိန်ဘယ်လောက် ကြာသွားခဲ့မှန်းတောင်မသိခဲ့ဘူး။
လျိုချင်းချန် နောက်ဆုံးတော့ စကားပြောလိုက်သည်။
“သူမက ဒုတိယအဆင့် ကျင့်ကြံမှုပဲရှိတဲ့ မိန်းကလေးတစ်ယောက်ပါ သခင်လီစိတ်ထဲ မထားပါနဲ့။ ကျွန်မနဲ့ မနက်ဖြန် နန်းတော်ကိုလိုက်ခဲ့ပါ။ ရေကြီးမှုကို ထိန်းချုပ်မဲ့ တာဝန်က သခင်လီအတွက်ပဲ ဖြစ်စေရမယ်”
“နောက်ကျသွားပြီ” လီဖူခေါင်းရမ်းလိုက်သည်။
လျိုချင်းချန်ရဲ့ စကားတွေကို သူအများကြီး မတုံ့ပြန်ခဲ့ဘူး။
“အရမ်းနောက်ကျသွားပြီ ဟုတ်လား?” လျိုချင်းချန် ရှုပ်ထွေးသွားတော့သည်။
လီဖူပြုံးလိုက်ကာ
"သူတို့နှစ်ယောက်က တရှားတိုင်းပြည်က မဟုတ်ပေမဲ့ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်က သူတို့နဲ့ဆက်စပ်နေတာကို ခံစားလို့ရတယ်။ ရေကြီးမှုကြောင့်သာ မဟုတ်ဘူးဆိုရင် တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို သူတို့တွေဘာလို့ ပိုင်ဆိုင်နေရမှာလဲ? "
……….