(ဆည်မြောင်းတည်ဆောက်ရမယ်? အရှင်မင်းကြီး ရူးသွားပြီလား?)
Vol. 7 Ch. 87
လျိုချင်းချန် အနည်းငယ် အံ့သြသွားခဲ့သည်။ သူမရဲ့မျက်လုံးတွေလည်း ရှုပ်ထွေးလာတော့သည်။ မနေနိုင်စွာဖြင့် ယူလျိုရှားရှိရာကို လှမ်းကြည့်လိုက်သည်။
သူမလည်းပဲ ထိုမိန်းကလေး၏ ခန္ဓာကိုယ်တဝိုက်တွင် ကံကြမ္မာအမှတ်တစ်ချို့ ဝန်းရံထားတာကို အာရုံခံမိလိုက်သည်။
"ဒါက... ဒါက မဖြစ်နိုင်ဘူးလေ"
"အရှင်မင်းကြီးက ဘယ်လိုလုပ် ရေကြီးမှုကို ထိန်းချုပ်မယ့်တာဝန်ကို ဒုတိယအဆင့်ပဲရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို ပေးအပ်လိုက်နိုင်တာလဲ?"
လျိုချင်းချန် ဆွံ့အနေတော့သည်။
သူမအတွက်တော့ ရှကျိုးယွီက အကြံအစည်များတဲ့သူ တစ်ယောက်ပဲ။
အခု ပြည်သူတွေရဲ့အသက်နဲ့ စွန့်စားနေတာလား?
"ငါလည်း မသိပေမဲ့ အဲဒါအမှန်တရားပဲ"
လီဖူ အနည်းငယ် စိတ်ပျက်စွာ ပြောလိုက်သည်။
ရှကျိုးယွီက သူ့ဆီမှာ အကူအညီတောင်းမယ့်အစား တွေ့ကရာ ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို အကူအညီတောင်းလိုက်တာမလား? သူ့ရဲ့ရင်ထဲမှာ မပျော်ရွှင်တော့ဘူး။
သူ လုပ်ခဲ့တဲ့အမှားဆိုလို့ ညဘက်ကြီး နန်းတော်ထဲကို ခိုးဝင်ခဲ့တဲ့ ရိုင်းပျမှုတစ်ခုပဲရှိတာလေ။
'မဟုတ်သေးဘူ။ ဒီမိန်းကလေးကလည်း ညလယ်ကြီးမှာ ပြန်လာတာ။ ဒါဆိုရင် သူမလည်းပဲ နန်းတော်ထဲကို ခိုးဝင်ခဲ့တာလား?’
'ရှကျိုးယွီက သူမကိုကျ စိတ်မဆိုးဘူးလား?’
'သူက စိတ်မဆိုးတဲ့အပြင် တာဝန်တောင် ပေးလိုက်သေးတယ်။ အဲဒီမိန်းကလေးက ငါတို့ ထျန်းချီတာဝါထက် ဘယ်လောက်တောင် သာနေလို့လဲ?’
လီဖူ တွေးလေလေ ပိုပြီး ရင်ထဲ ခံစားရခက်လာတော့သည်။
ထျန်းချီတာဝါဆိုတာ ထိပ်သီးဂိုဏ်းတွေထဲကတစ်ခုပဲ!
ကမ္ဘာပေါ်က ဘယ်သူကများ အဲ့လိုဂုဏ်ပုဒ်မျိုးရှိလို့လဲ? ဘယ်သူကများ ထျန်းချီတာဝါထက် သာလွန်လို့လဲ?
'ရှကျိုးယွီက တကယ်ကို မတွေးတောတတ်လိုက်တာ!’
လီဖူ ပိုပိုပြီး စိတ်ဆိုးလာတော့သည်။
"ဒါတွေအားလုံးက လုချန်ရဲ့အမှားတွေ။ လုချန်ကြောင့်သာ မဟုတ်ရင် ရှကျိုးယွီက ဘယ်လိုလုပ် ဒီလိုမျိုး ငါတို့ကို ဆက်ဆံမှာလဲ? ထျန်းချီတာဝါအပေါ်ကို ဘယ်လိုလုပ် ရိုင်းပျမှာလဲ?"
လီဖူ ဒေါသထွက်နေပေမဲ့ အဆုံးမှာတော့ သူ မပေါက်ကွဲခဲ့ဘူး။ ဘာလို့ဆိုရင် သူတို့ရဲ့ ထျန်းချီတာဝါဘက်က အရင် မှားခဲ့တာမလို့ပဲ။
"ဒါဆိုရင် သခင်လီ ကျွန်မနဲ့ မနက်ဖြန်ကျရင် နန်းတော်ထဲ လိုက်ဦးမှာလား?" လျိုချင်းချန်ကတော့ လက်မလျှော့ချင်သေးဘူး။
ဒီကိစ္စက ကျန်းနန်မြို့မှာရှိတဲ့ လူတွေအများကြီးရဲ့အသက်နဲ့ သက်ဆိုင်နေသည်။
"မလိုဘူး၊ ရှကျိုးယွီက ဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့ ဒီမိန်းကလေးက ငါတို့ ထျန်းချီတာဝါထက် ဘယ်လောက်တောင် သာနေလဲဆိုတာ ငါ စောင့်ကြည့်ဦးမယ်!’
ပြောပြီးတာနဲ့ လီဖူက ကောင်းကင်ပေါ်ကို လှမ်းကြည့်လိုက်သည်။ တကယ်တော့ တရှားတိုင်းပြည်ရဲ့နန်းတော်ကို လှမ်းကြည့်လိုက်တာပင်။
သူ့ရဲ့အမှားတွေကို ပြန်စဥ်းစားရင်း ရင်ထဲမှာ တဖြည်းဖြည်း မြင့်တက်လာတဲ့ ဒေါသလှိုင်းလုံးတွေကို ဖိနှိပ်လိုက်တော့သည်။
"ဒီလိုဆိုမှတော့ ကျွန်မ မနှောင့်ယှက်တော့ပါဘူး"
လျိုချင်းချန် အနေခက်စွာ ပြောလိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်သည်။
ဒါကိုမြင်တော့ လီဖူ တစ်ခုခု ပြောချင်ခဲ့သည်။ ဒါပေမဲ့ အဆုံးမှာတော့ ခေါင်းသာယမ်းလိုက်ပြီး
"နှုတ်ဆက်ပါတယ်"
လျိုချင်းချန် ထွက်သွားတာနဲ့ လီဖူ ခပ်ဖြည်းဖြည်း တံခါးကို ပိတ်လိုက်တော့သည်။ သူ့ရဲ့ရင်ထဲမှာတော့ စိတ်ပူနေတော့သည်။
………
ယူလျိုရှားလည်း သူမရဲ့အခန်းကို သွားနေရင်းနဲ့ တစ်စုံတစ်ခုကို တွေးတောနေခဲ့သည်။
"သခင်၊ အစောပိုင်းက လူက ဘယ်သူလဲ? သူတို့က ကျွန်မတို့ကို စောင့်ကြည့်နေသလိုမျိုး ခံစားရတယ်"
အခန်းထဲကို ရောက်လာတဲ့အချိန်မှာ ရွှမ်းအာ မနေနိုင်စွာ မေးလိုက်သည်။
ယူလျိုရှား ခဏလောက် တွေးလိုက်ပြီး
"ထျန်းချီတာဝါက လူကလွဲရင် တရှားတိုင်းပြည်မှာ နောက်ထပ် ပထမအဆင့် ကျင့်ကြံသူမရှိဘူးမလား?"
"ထျန်းချီတာဝါကလူက တကယ်ပဲ ဒီလိုသေးငယ်တဲ့ စားသောက်ဆိုင်တစ်ခုမှာ နေနိုင်တယ်ဆိုတာ ငါ မယုံနိုင်ဘူး။ ရှကျိုးယွီရဲ့လုပ်နိုင်စွမ်းက ကြောက်ဖို့ကောင်းလိုက်တာ။ အခုလိုမျိုး အင်အားကြီး ကျင့်ကြံသူတစ်ယောက်ကိုတောင်မှ ထိန်းချုပ်နိုင်တယ်ဆိုတော့!"
ယူလျိုရှားရဲ့ စကားသံကိုကြားတော့ ရွှမ်းအာ ရှုပ်ထွေးသွားတော့သည်။ သူမ အံ့သြစွာ မေးလိုက်တော့သည်။ "ထိန်းချုပ်တယ်? သခင် ဘာကိုဆိုလိုတာလဲ?"
ယူလျိုရှား ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"သူသာ မထိန်းချုပ်နိုင်ဘူးဆိုရင် အဲဒီကျင့်ကြံသူက ဒီစားသောက်ဆိုင်ထဲမှာ ရှိနေပါ့မလား? ပြောရမယ်ဆိုရင် ရှကျိုးယွီရဲ့ သက်ရောက်မှုသာ ရှိမနေဘူးဆိုရင် ထျန်းချီတာဝါဘက်ကလူက တရှားတိုင်းပြည်ထဲမှာ ရှိနေမှာကိုမဟုတ်ဘူး”
"ထျန်းချီတာဝါက ဘယ်လို ဂိုဏ်းမျိုးမို့လို့လဲ? ပြီးတော့ နင်ပဲ စဥ်းစားကြည့်လေ။ ရှကျိုးယွီက ရေကြီးမှုကို ထိန်းချုပ်ဖို့ ငါလိုမျိုး ပထမအဆင့်တောင် မရောက်သေးတဲ့ ကျင့်ကြံသူတစ်ယောက်ကို တာဝန်ပေးခဲ့တယ်။ သူ ထျန်းချီတာဝါကို အကူအညီမတောင်းခဲ့ဘူး။ အဲဒါ ဘာကိုဆိုလိုတာ ဖြစ်မလဲ? ထျန်းချီတာဝါဘက်က သူတို့ကို မကူညီချင်လို့လေ။ အသိအသာကြီးကို ထျန်းချီတာဝါက တရှားတိုင်းပြည်ကို အရှက်ခွဲချင်တာပဲမလား?"
ယူလျိုရှား ပြောနေရင်းနဲ့ သူမရဲ့မျက်လုံးက ရုတ်တရက် နက်ရှိုင်းသွားခဲ့သည်။
ထိုအကြောင်းအရင်းကြောင့်ပဲ ရေကြီးမှုနဲ့ပတ်သက်တဲ့ အပေးအယူကို ရှကျိုးယွီနဲ့ ပြုလုပ်ဖို့အတွက် သူမ နဂိုက စဥ်းစားခဲ့တာဖြစ်သည်။
ဒါပေမဲ့ ထျန်းချီတာဝါဘက်က အဲဒီလီဖူက အခုထိ တရှားတိုင်းပြည်ထဲမှာ ရှိနေသေးတယ်လား… ဒါဆို သူမ အထင်လွဲခဲ့တာပေါ့?
ပြီးတော့ ထျန်းချီတာဝါဘက်ကလူရဲ့ ရှကျိုးယွီအပေါ် သဘောထားက မရိုးရှင်းဘူး။ ကြောက်ရွံ့မှု အနည်းငယ် ပါနေတယ်လို့တောင် ပြောလို့ရတယ်။
မဟုတ်ဘူးဆိုရင် ထျန်းချီတာဝါကလူက ဒီအခွင့်အရေးကို အသုံးချပြီး သူမကို တစ်ခါတည်းသတ်ပစ်လိုက်မှာပေါ့!
ဒါပေမဲ့ ရွှမ်းအာ တစ်ခုခုပြောချင်ခဲ့သည်။
ယူလျိုရှား ပြုံးလိုက်ကာ
"ဒါပေမဲ့ မလုပ်နဲ့တော့။ အခုကြည့်လိုက်။ ထျန်းချီတာဝါကလူက ဒီနေရာမှာ ရှိနေရုံတင်မကဘဲ တရှားတိုင်းပြည်အပေါ်မှာလည်း အရမ်းနာခံတဲ့ပုံ ပေါက်မနေဘူးလား"
"ဒီဟာကို ကြည့်ရုံနဲ့တင် သိနိုင်တယ်"
ရွှမ်းအာ နောက်ဆုံးတော့ ခေါင်းညိတ်လိုက်သည်။ သူမ မေးခွန်းတွေ ထပ်မမေးတော့ဘူး။ ဒီအချိန်မှာ ဘယ်သူမဆို မြင်နိုင်သွားပြီ။
"ဘယ်လိုပဲဖြစ်ဖြစ် ငါသာ ဒီအခွင့်အရေးကို အသုံးချပြီးတော့ ပထမအဆင့်ကို တက်နိုင်ခဲ့မယ်ဆိုရင် ငါ့ရဲ့ ယူမိသားစုက တရှားတိုင်းပြည်အပေါ် ကျေးဇူးကြွေးတစ်ခု တင်သွားခဲ့ပြီ"
"သခင်"
ရွှမ်းအာ ရှုပ်ထွေးစွာဖြင့် ခေါင်းထောင်လာခဲ့သည်။
"နင် ထပ်မပြောနဲ့တော့။ ငါ အခုအချိန်မှာတော့ ယုံကြည်ချက်ရှိနေတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ယုံကြည်ချက်ရှိနေတယ်ဆိုဆို အဲဒီအချိန်မှာ အမှားလုပ်မိမလားဆိုတာ ငါလည်း မသေချာဘူး။ အခုတော့ ခဏနားလိုက်တော့။ မနက်ဖြန်ကျရင် ငါနဲ့အတူ ကျန်းနန်ကိုသွားမယ်"
ရွှမ်းအာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
နောက်တစ်နေ့ မနက်အစောပိုင်းမှာ တရှားတိုင်းပြည်ရဲ့ နန်းတော်အတွင်းမှ အမိန့်ထုတ်ပြန်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျန်းနန်မြို့အတွင်းမှာ ဆည်မြောင်းတည်ဆောက်မှု စီမံကိန်းကို စတင်ဆောင်ရွက်မည်တဲ့။
ချက်ချင်းပဲ တရှားတိုင်းပြည်တစ်ခုလုံး ဆူညံသွားလေရဲ့။ ထိုက်အန်းမြို့တော်၏ အမိန့်ထုတ်ပြန်ချက် ထားရှိရာနေရာအရှေ့မှာ လူစုလူဝေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နောက်ဆုံး အမိန့်ထုတ်ပြန်ချက်ကို ကြည့်ပြီး လူတစ်ယောက်က အံ့သြတကြီး ရေရွတ်လိုက်လေ၏။
"ဆည်တည်ဆောက်မယ် ဟုတ်လား? အရှင်မင်းကြီး ရူးနေလို့လား"
"မဟာတံတိုင်းကလည်း ဆောက်နေသေးတယ်။ အခု ကျန်းနန်မြို့မှာလည်း ဆည်က ဆောက်ဦးမှာလား? အရှင်မင်းကြီး ဘာတွေ စဥ်းစားနေတယ်လို့ မင်းတို့ထင်လဲ?"
"သူ ဘာတွေစဥ်းစားနေလဲ ငါလည်းမသိဘူး။ ဒါပေမဲ့ သူ လျှောက်လုပ်နေတယ်လို့တော့ ငါ ခံစားချက်ရနေတယ်"
တစ်စုံတစ်ယောက်က ထင်မြင်ချက်ကို ထုတ်ပြောလာခဲ့သည်။
ဒါကိုကြားတော့ အကုန်လုံး အံ့သြသွားတော့သည်။ မနေနိုင်စွာပင် ထိုသူကို လှည့်ကြည့်လိုက်ကြသည်။
ဒါကိုမြင်တော့ ထိုသူက မကြောက်သွားခဲ့ဘူး။ ထိုအစား ရယ်လိုက်လေကာ
"တွေးကြည့်လေ။ မဟာတံတိုင်း တည်ဆောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အတင်းအကြပ် အလုပ်သမားခေါ်ယူမှုအပြင် အခွန်တိုးကောက်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာ အရှင်မင်းကြီးက အားလုံးကို ပျောက်သွားအောင် ဖြေရှင်းလိုက်နိုင်တယ်မလား?"
အကုန်လုံး အံ့သြသွားတော့သည်။
ချက်ချင်းပဲ အကုန်လုံး ခေါင်းညိတ်လိုက်ကြပြီး
"ဟုတ်တယ်။ အကုန်လုံး တိတ်သွားရတာလည်း အခွန်က ငါတို့ဆီက ကောက်တာမဟုတ်လို့ဘဲ။ ငါကြားခဲ့တာတော့ အရှင်လီလင်ပုက ကျန်းနန်မြို့ကို ကိုယ်တိုင် သွားပြီးတော့ သူတို့ဆီက အခွန်တွေအပြင် စုဆောင်းထားတဲ့ ငွေတွေကို သွားယူခဲ့တယ်ဆိုလားပဲ”
"ဘာ အဲလိုမျိုးဖြစ်ခဲ့တယ်လား?"
ဒါပေမဲ့ ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က အထင်သေးစွာဖြင့် ပြောလိုက်သည်။
"အဲလိုဆိုရင်တောင်မှ ဘာဖြစ်သလဲ? ဆည်ဆောက်တဲ့ ကိစ္စက ညတွင်းချင်း ပြီးသွားမယ့်ကိစ္စမို့လို့လား? ဘယ်လိုပဲပြောပြော မဟာတံတိုင်းဆောက်တဲ့ ကိစ္စကလည်း မပြီးသေးဘူး။ အခု ဆည်ပါဆောက်ဦးမယ်ဆိုတော့ သေချာပေါက် ပိုက်ဆံက ထပ်ကုန်ဦးမှာပဲ"
"အခု ငါတို့ရဲ့အခွန်တွေကို တိုးမကောက်ဘူးဆိုပေမဲ့ အနာဂတ်ကျရင် တိုးမကောက်ဘူးလို့ ဘယ်သူက ပြောနိုင်လို့လဲ? မမေ့နဲ့နော်။ ကျန်းနန်မှာတောင် အခွန်တွေ တိုးကောက်နေပြီ"
ထိုသူက ပြောပြီးတာနဲ့ လက်နောက်ပစ်လိုက်သည်။ ထိုသူရဲ့ပုံစံက မောက်မာမှုတို့ အထင်းသားပဲ။
"ဟေး မင်း!"
"ပြောပြော ငါ ဘာဖြစ်သလဲ? မင်း ငါ့ကို အပြစ်ပြောချင်ရင်တောင်မှ မင်းမှာ ပြောစရာရှိလို့လား?"
အကုန်လုံး တိိတ်ဆိတ်သွားတော့သည်။
ဒါကို မြင်တော့ ထိုသူက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက်မှာ မြို့တော်ရှိရာကို လှမ်းကြည့်လိုက်လေ၏။
"ပြည်သူတွေကြားမှာ ရှကျိုးယွီ ဒီလောက်ထိ ဂုဏ်သတင်းကောင်းမယ်လို့ ငါ မထင်ခဲ့မိဘူး။ ထိုက်အန်းမြို့တော်က လူတွေကတောင်မှ သူ့ကို အခုလိုမျိုး ထောက်ပံ့နေပါ့လား?"
ရှကျိုးယွီ တကယ်ပဲ ဘယ်လိုများ လုပ်ခဲ့တာလဲမသိဘူး။
………..