← Chapters

( အဓိပ္ပါယ်မရှိတာ!)

Vol. 7 Ch. 89

( အဓိပ္ပါယ်မရှိတာ!)

Vol. 7 Ch. 89

ထိုကျောက်စိမ်းတုံးကို မြင်တဲ့အခါမှာ လီလင်ပု အနည်းငယ် သံသယ ဝင်လာခဲ့သည်။

ထိုအချိန်မှာပဲ အထဲကသတင်းကို ရှထိုက်အန်း ထုတ်ပြလိုက်လေ၏။

"ကျန်းနန်မြို့မှာရှိတဲ့ မိုးရွာသွန်းမှုက တဖြည်းဖြည်း မြင့်တက်လာတာကြောင့် သဘောဝဘေးခြိမ်းခြောက်မှုကို စိုးရိမ်နေရတယ်။ ထို့အတွက် အင်အားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အစီအရင် ဖန်တီးပေးဖို့ စေလွှတ်ခဲ့ပြီးပြီ။ ကျန်းနန်မြို့မှာရှိတဲ့ လုပ်သားတစ်သောင်းကို အသင့်အနေထားစုစည်းထားပြီး ဆည်မြောင်းတည်ဆောက်မဲ့ စီမံကိန်းအတွက် ပြင်ဆင်ထား!”

"အဓိပ္ပါယ်မရှိဘူး။ ဒါလုံးဝအဓိပ္ပါယ်မရှိဘူးလေ!!!"

လီလင်ပု ချက်ချင်းပဲ ပေါက်ကွဲသွားတော့သည်။

အ‌ကြောင်းအရင်းက ရိုးရှင်းပါသည်။ လက်ရှိမှာ တရှားတိုင်းပြည်ရဲ့ဘဏ္ဍာငွေက ကုန်သလောက်‌ဖြစ်နေခဲ့ပြီ။ ဒီအစီအစဉ်ကိုသာ ထပ်ဆောင်ရွက်မယ်ဆိုရင် သေချာပေါက် ဘဏ္ဍာငွေက တောင့်မခံနိုင်လောက်ဘူး!

"အဲ့သတင်းကို ဘယ်ကကြားခဲ့ရတာလဲ?"

"သေချာပေါက် မြို့တော်ကကြားခဲ့ရတာပဲ!"

ရှထိုက်အန်း ဒေါသမထွက်ခဲ့ဘူး။ ထိုအစား တည်ငြိမ်စွာဖြင့် ပြန်ဖြေပေးလိုက်သည်။ ရှထိုက်အန်းအတွက်တော့ ငွေကိုဘယ်နေရာမှာပဲ သုံးလိုက်ပါစေ အရေးမကြီးဘူး။

ဒီကျန်းနန်မြို့ကို ရောက်လာခဲ့ရတာကလည်း အရှင်မင်းကြီးရဲ့ ပူပင်မှုနဲ့အခက်အခဲ‌တွေကို ကူညီပြီး ဖြေရှင်းပေးဖို့အတွက်ပဲ။

အခု အရှင်မင်းကြီးက တောင်းဆိုလာပြီဆိုမှတော့ သူအနေနဲ့ ပြုလုပ်ပေးရမှာပေါ့။

"ဒါဆိုလည်း ကျွန်တော်မျိုးကို အရင် ငွေတွေ ထုတ်ပေးလိုက်ပါ။ မြို့တော်ကိုရောက်တဲ့အချိန်ကျမှ အခြေအနေကို အရှင်မင်းကြီးကို ရှင်းပြလိုက်ပါမယ်။ အဲ့ဒါပြီးပြီဆိုတော့မှ..."

လီလင်ပု ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။

"ဒီကိစ္စက လုပ်ရိုးလုပ်နည်းတွေနဲ့ ဆန့်ကျင်နေတာမလို့ပါ အရှင့်သား"

ရှထိုက်အန်း ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။

သူက မင်းသားတစ်ယောက်ပဲ။ သူနဲ့ လီလင်ပုရဲ့ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးမရှိဘူး။

လီလင်ပုကို အခုလိုအများကြီး ရှင်းပြပေးနေတယ်ဆိုတာကလည်း အရှင်မင်းကြီးဘက်က ယုံကြည်စွာ ခန့်အပ်ထားတဲ့သူဖြစ်ပြီး ခရီးအဝေးကြီးနှင်လာခဲ့ရလို့ပဲ။

သို့သော် လီလင်ပုရဲ့ အကျိုးအကြောင်းမသင့်တဲ့ အပြုအမူကြောင့် ရှထိုက်အန်း စိတ်မရှည်တော့ပေ။

"ဟုတ်ပြီ။ အမတ်လီ ငါ စားသောက်ပွဲ စီစဉ်ထားတာမလို့ အရင်ဦးဆုံး စားကြမယ်"

"မဟုတ်သေးဘူး။ အရှင်မင်းသား ကျွန်တော်မျိုး ဒီကို ငွေယူဖို့အတွက် လာခဲ့ရတာပါ။ ကျွန်တော်မျိုးကို အခုလို အရှက်မခွဲပါနဲ့။ ငွေမရပဲနဲ့ ကျွန်တော်မျိုး ဘယ်လိုလုပ်စားဝင်မှာလဲ?"

လီလင်ပု မျက်မှောင်ကျုံ့နေခဲ့သည်။ သူရဲ့ မျက်လုံးထဲမှာ ကူကယ်ရာမဲ့မှုတို့ ပြည့်နေ၏။

သူက အရှင်မင်းကြီးရဲ့အမိန်နဲ့ ငွေယူဖို့အတွက် ကျန်းနန်မြို့တော်ကို ရောက်လာခဲ့ရ​တာ ဖြစ်သည်။ ဒါပေမယ့် အရှင်မင်းသားက ရုတ်တရက်ကြီး စိတ်ပြောင်းသွားမယ်လို့ ဘယ်သူထင်ခဲ့မှာလဲ?

ဒါ့အပြင် မြို့တော်ဘက်ကလည်း အမိန့်တော်အသစ် ထုတ်ပြန်ခဲ့သည်… အခြေအနေက တော်တော်ကို အရေးမသာခဲ့ပေ။

"အမတ်လီက အလုပ်ကြိုးစားတာကို ငါအရှင်မင်းသားနားလည်ပေမဲ့ ကျန်းနန်မြို့မှာလည်း သူရဲ့ပြဿနာဆိုတာ ရှိတယ်"

ရှထိုက်အန်း နောက်ဆုံးတော့ လမ်းလျှောက်နေတာ ရပ်သွားပြီး လီလင်ပုကို စိုက်ကြည့်ကာ ပြောလိုက်သည်။ သူရဲ့မျက်လုံးထဲမှာလည်း လက်မလျော့နိုင်မှုတို့ ရှိနေသည်။

" ပြဿနာဟုတ်လား? ကျွန်တော်မျိုးကို မလိမ်ပါနဲ့။ ဒီကျန်းနန်မြို့ဆိုတာ တရှားတိုင်းပြည်ရဲ့ မြေဩဇာ အကောင်းဆုံးဒေသတစ်ခုပဲ အခု အရှင်မင်းသားရဲ့ အုပ်စိုးမှုအောက်မှာ ရှိနေတဲ့အချိန်မှာ သေချာပေါက် ပိုက်ဆံတွေအများကြီးလည်း ဖန်တီးနိုင်ခဲ့မှာ"

လီလင်ပု ပြောနေရင်းနဲ့ သတိထားမိသွားသည်။

အရှင်မင်းသားကို လှမ်းကြည့်လိုက်သည်။ အရှင်မင်းသားဘက်က အာရုံမစိုက်မိတာကို တွေ့တဲ့အခါမှသာ ဆက်ပြောလိုက်၏။

"အရှင်မင်းသားက တစ်ကယ်ကို စွမ်းဆောင်မှုရှိတဲ့ စစ်သားတစ်ယောက်ပါ။ ကျန်းနန်မြို့မှာရှိတဲ့ ဂိုဏ်းတော်တော်များများကို စုစည်းနိုင်ခဲ့တဲ့အပြင် တိုင်းပြည်ရဲ့လက်အောက်ခံဖြစ်လာအောင် သိမ်းသွင်းနိုင်ခဲ့တယ်။ ကျွန်တော်မျိုး တစ်တိုင်းပြည့်လုံးကိုယ်စား တကယ်ပဲ ကျေးဇူးတင်မိပါတယ်"

"ကျွန်တော်မျိုး ကျန်းနန်ကို ရောက်လာခဲ့တုန်းက အရှင်မင်းသားရဲ့ အပြစ်ပေးတဲ့ပုံစံကို ကြားခဲ့ရတယ်။ အခုလို စည်းကမ်းတင်းကြပ်စွာ အရေးယူပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်"

"ဒါပေမယ့် အခုဆိုရင် အရှင်မင်းသားမှာ ငွေတွေအများကြီး စုဆောင်းမိထားပြီးပြီ။ ဒါကြောင့် ကျွန်တော်မျိုး လက်မလျော့နိုင်တာပါ”

လီလင်ပုစကားပြောနေတာ ရပ်လိုက်တော့သည်။

သူနားလည်ပါသည်။ ငွေအတွက်နဲ့ ရှထိုက်အန်းကို ဆန်ကျင့်မိတာက ကိစ္စကောင်းတစ်ခု မဟုတ်ဘူး။ ရှထိုက်အန်းဆိုတာ တော်ဝင်မင်းသားတစ်ပါးပဲ။ သူလိုမျိုး အမတ်ချုပ်တစ်ယောက်က ရန်စနိုင်တဲ့သူ မဟုတ်ဘူး။

"ကျန်းနန်မြို့က ကိစ္စကို ကိစ္စကြီး မဟုတ်ဘူးလို့ မင်းကပြောလိုက်တာလား?"

ရှထိုက်အန်း တော်တော်လေး ဒေါသထွက်သွားခဲ့သည်။

မဟာတံတိုင်း တည်ဆောက်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ဘာအကြံပြုချက်မှ သူ မပေးခဲ့ဘူး။ ဒါပေမယ့် ရုတ်တရက် အသစ်ပေါ်လာတဲ့ မင်းသားဖြစ်သူ ကျူးကော့လုံ အပေါ်မှာတော့ ခံစားချက်တစ်ချို့ ရှိသည်။

မဟာတံတိုင်းတည်ဆောက်မဲ့ ကိစ္စကိုအရှင်မင်းကြီးက ကျူးကော့လုံကိုပဲ တာဝန်အပြည့်ဝ ပေးထားခဲ့သည်။ ဒီကိစ္စက သေချာပေါက် ရှထိုက်အန်းကို အလွန် မကျေမနပ်‌ဖြစ်စေသည်။

အခုဆိုရင် ကျန်းနန်မြို့မှာ ရေကြီးမဲ့ အလားလာကိုလည်း စိုးရိမ်နေရသည်။

ဒါကိုလီလင်ပုက စိုးရိမ်မှုလုံးဝ မပြတဲ့အပြင် သံသယတစ်ချို့ပါ ထုတ်ပြလာခဲ့တာမလို့ ရှထိုက်အန်း မပျော်တော့ဘူး!

သိုင်းလောကသားတစ်ယောက် ဖြစ်တဲ့အပြင် တောင်ဝင်မင်းသားဂုဏ်ပုဒ်လည်း ရှိနေတဲ့ ရှထိုက်အန်းလို လူမျိုးအတွက် လီလင်ပုကို မျက်နှာသာပေးနေစရာ အကြောင်းအရင်းမရှိဘူး။

"ကျွန်တော်မျိုး ဒီလိုဆိုလိုတာ မဟုတ်ပါဘူး။" ရှထိုက်အန်းရဲ့ ပြောင်းလဲလာပြီ ဖြစ်တဲ့ မျက်နှာထားကို မြင်သောအခါ လီလင်ပုအမြန်ပြောလိုက်သည်။ သူကြောက်ရွံလာတော့သည်။

ဒါပေမယ့် ရှထိုက်အန်းက လက်တစ်ဖက်ယမ်းပြလိုက်ပြီး…

"မင်းရဲ့ ဆိုလိုရင်းကို ငါအရှင်မင်းသား မသိချင်ဘူး။ မင်း ဒီကို ငွေယူဖို့ လာခဲ့တာပဲဆိုရင် ပြန်သွားလိုက်တော့"

"ဒါပေမယ့် ဒီတစ်ခုကိုတော့ မှတ်ထား ငါတို့ကျန်းနန်မြို့က မင်းကို ငွေမပေးခဲ့တာ မဟုတ်ဘူး။ ငါမင်းကို ပြခဲ့တဲ့ဟာကလည်း မြို့တော်က တရားဝန် ထုတ်ပြန်ထားတဲ့ တော်ဝင်အမိန့်ပဲ။ မင်းမှာ မကျေမနပ်ချက်တစ်စုံတစ်ရာရှိရင် အရှင်မင်းကြီးကို ကိုယ်တိုင်သွားမေးလိုက်!"

ရှထိုက်အန်းက ပြောပြီးတာနဲ့ ဟိတ်ဟန်ပါပါ လက်နောက်ပစ်လိုက်သည်။

လီလင်ပု ချက်ချင်း တုန်လှုပ်သွားတော့၏။

ငွေတွေ မယူနိုင်ခဲ့တာကိုက ပြဿနာတစ်ခုဖြစ်နေခဲ့ပြီ။ အခုအရှင်မင်းသားကိုပါ စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်မိသွားပြီ။ ချက်ချင်းပဲ လီလင်ပု ချွေးစေးတွေ ပြန်လာခဲ့သည်။ ဒါပေမဲ့ သူ ဘယ်လို စကားစရမလဲ မသိတော့ပေ။

ချက်ချင်းပဲ လေထုက တင်းမာလာတော့သည်။ လီလင်ပုရဲ့ အနောက်မှာရှိတဲ့ အမတ်ငယ်တွေလည်း ကြောက်လန့်လာတော့၏။

"ကျေးဇူးပြုပြီး စိတ်လျော့တော်မှုပါ အရှင်မင်းသား ကျွန်တော်မျိုး ဒေါသထွက်အောင် လုပ်မိခဲ့ရင် ခွင့်လွှတ်ပေးပါ။ အခုလက်ရှိမှာ မဟာတံတိုင်းတည်ဆောက်မဲ့ ကိစ္စကြောင့် တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေက ကုန်သလောက် ဖြစ်နေခဲ့ပြီ။ ဒါကြောင့်မို့ ကျွန်တော်မျိုးက ထပ်ပြီး ငွေတွေ အလဟဿ ကုန်မသွားရအောင် စိုးရိမ်စွာ ပြောလိုက်မိတာပါ။"

"တခြား‌ ဖြေရှင်းရမဲ့ နည်းလမ်းသာ ရှိခဲ့မယ်‌ဆိုရင် ကျွန်တော်မျိုး ငွေယူဖို့အတွက် ကျန်းနန်မြို့အထိ ရောက်လာခဲ့မှာ မဟုတ်ပါဘူး”

လီလင်ပု ခနလောက် တွေးပြီးနောက်မှာ ကောင်းမွန်တဲ့​ဖြေရှင်းချက်ကို အမြန်ပြသလိုက်သည်။

ထိုစကားကို ကြားတာနဲ့ ချင်မင်းသားရဲ့ မျက်လုံးထဲကို အေးစက်မှုတချို့ ဖြတ်ပြေးသွားသည်။ လီလင်ပုကို စိုက်ကြည့်‌လိုက်ပြီး…

"ဘဏ္ဍာငွေက ကုန်သွားပြီ ဟုတ်လား။ တံတိုင်းတစ်ခုဆောက်တာပဲ၊ ဘာကိစ္စ ကုန်သွားရတာလဲ? ကျူးကော့လုံ ဘယ်လောက်‌တောင် ယူလိုက်လို့လဲ?"

"ငွေ….ငွေတုံးနှစ်သန်းတောင် ထုတ်လိုက်တာပါ!"

လီလင်ပု နောက်ဆုံးတော့ စိတ်သက်သာစွာ သက်ပြင်းချနိုင်တော့သည်။

အရှင်မင်းသားက သူကို ဒေါသထွက်နေတာ မဟုတ်ပဲနဲ့ ကျူးကော့လုံနဲ့ ပတ်သက်ပြီး စိတ်ခုနေခဲ့တယ်ဆိုတာကို နားလည်သွားလို့ပဲ။ ကျူးကော့လုံက အရှင်မင်းကြီး ခန့်အပ်ထားတဲ့ နောက်ထပ် မင်းသားတစ်ယောက်ပဲ။ ထို့ကြောင့်ချင်မင်းသားရဲ့ အခုလိုတုံ့ပြန်မှုက ဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ ​ပြောလို့ရသည်။

"ငွေတုံးနှစ်သန်းတောင်! ကျူးကော့လုံက ဘာမလို့လဲ! မြို့တံတိုင်းအစုတ်ကို တည်ဆောက်တာက ငွေနှစ်သန်းနဲ့တောင် မလောက်သေးလို့ ထပ်တောင်းနေတာလား?" ရှထိုက်အန်း ချက်ချင်းပဲ ဒေါသထွက်သွားတော့သည်။ သူရဲ့မျက်လုံးထဲမှာလည်း အေးစက် လာတော့၏။

"ဟုတ်ပြီ ဒါပေမယ့် ငါတို့ဘက်က အခြေအနေကိုလည်း အမတ်လီ သိမယ်လို့ထင်ပါတယ်။ ဒီရက်ပိုင်းမှာ မိုးတွေက အဆက်မပြတ် ရွာသွန်းနေခဲ့တာမလို့ ရေကြီးမှုက အချိန်မရွေး ဖြစ်လာနိုင်တယ်။ ငါမင်းသားသာ ကြိုတင် မပြင်ဆင်ထားဘူးဆိုရင် ဘယ်လိုလုပ် ကောင်းကောင်း နေထိုင်နိုင်မှာလဲ?"

"အခွန်တိုးကောက်တဲ့ ကိစ္စအတွက်တော့ ငါနောက်ထပ် ငွေစုဆောင်းပြီးတာနဲ့ အမတ်လီကို ပို့ပေးလိုက်မယ်။"

ရှထိုက်အန်း တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။ ပြောပြီးတာနဲ့ တဆက်တည်း ခြေလှမ်း အနည်းငယ်ပါ ရှေ့ဆက်တိုးသွားလိုက်သည်။

"ပြဿနာ မရှိပါဘူး။"

လီလင်ပုပြုံးကာ ပြန်ဖြေလိုက်သည်။

ထို့နောက်မှာ ရှထိုက်အန်းအနောက်ကို လိုက်သွားခဲ့သည်။

ရှထိုက်အန်း ဒေါသထွက်နေခဲ့ပေမဲ့ စကားအများကြီး မပြောခဲ့ဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ စားသောက်ပွဲဆီကို ရောက်လာခဲ့သည်။

အရက်သောက်လိုက် စကားပြောလိုက်နဲ့ အစောပိုင်းက နားလည်မှုလွဲခဲ့တာတွေ အားလုံးက ပျောက်ကွယ်သွားလေတော့၏။ ရှထိုက်အန်းက အပြစ်ခံယူတဲ့အနေနဲ့ သုံးခွက်သောက်ကာ စကားစလိုက်သည်။

"ဒီကိစ္စမှာ ငါက အမတ်လီကို အရှက်ခွဲချင်တာ မဟုတ်ဘူး။ အရှင်မင်းကြီးရဲ့အမိန့်ကြောင့် ဒီကျန်းနန်မြိုက ရေကြီးမှုနဲ့ပတ်သက်ပြီး အရေးပါမှုကို ငါမင်းသား သဘောပေါက်သွားခဲ့တယ်။ ဒါကြောင့် အမတ်လီ ရောက်လာတဲ့အချိန်မှာ ငါက ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူးအနေနဲ့ ပြောပြချင်ခဲ့ရုံပါ။ မဟာတံတိုင်းတည်ဆောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါမှာ ငြင်းဆိုလိုစိတ် မရှိဘူး။ ဘယ်လိုပဲပြောပြော အဲ့တာကအရှင်မင်းကြီးရဲ့အမိန့်ပဲ။ ဒါပေမယ့် ကျန်းနန်ရဲ့ကိစ္စကိုလည်း လျစ်လျူရှုထားလို့ မရဘူး။"

"ဟုတ်တယ် အရှင်မင်းသား ပြောတာ မှန်ပါတယ်။"

လီလင်ပု အမြန်ဖြေကြားလိုက်ပြီး ‌အရှေ့က အရက်ခွက်ကို တထိုင်တည်း မော့လိုက်သည်။

"လာထပ်ဖြည့်လိုက် သောက်ကြမယ်။" ရှထိုက်အန်း နောက်ထပ် တစ်ခွက် မြောက်ကာ‌ ပြောလိုက်သည်။

"ဒါပေမယ့် ဘယ်လို‌ပဲတွေးတွေး မဟာတံတိုင်း တည်ဆောက်မဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါမင်းသား စဉ်းစားလို့မရဘူး။ အဲ့ကိစ္စရဲ့ အရေးကြီးမှုကို ငါလည်း နားလည်ပါတယ်။ ဒါပေမယ့် အပြင်လူတစ်ယောက်ကို မင်းသားဘွဲ့ပေးလိုက်တာကြီးကျတော့…”

……….

All Chapters