( ငါလုပ်လိုက်တာ မှန်ရဲ့လား?)
Vol. 7 Ch. 90
ဒီလိုနဲ့ စားသောက်ပွဲက ၃ နာရီလောက်ကြာမြင့်သွားခဲ့သည်။ ညနေရောက်မှသာ လီလင်ပု စားပွဲက ထနိုင်တော့၏။
စားပွဲပေါ်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီဖြစ်သော ရှထိုင်းအန်ကိုကြည့်ရင်း လီလင်ပု ခေါင်းရမ်းလိုက်သည်။
ဒီတစ်ခေါက်သူ့ရဲ့ ကျန်းနန်ခရီးစဥ်က မအောင်မြင်ခဲ့ဘူး။ စိတ်ထဲမှာ ဝမ်းနည်းရပေမဲ့လည်း ကိစ္စတစ်ချို့ကို နားလည်သွားခဲ့သည်။
ရှထိုင်းအန်နဲ့ စကားပြောနေရင်းနဲ့ အရင်က သတိမပြုမိခဲ့တဲ့ ကိစ္စအများကြီးကို သတိထားမိသွားခဲ့သည်။ ထို့ကြောင့် လီလင်ပု နေရာမှာတင် ရပ်ကာ အကြာကြီး တွေးနေမိတော့သည်။
ကိစ္စတွေအများကြီးက မှားယွင်းနေခဲ့သလိုမျိုး သူခံစားမိနေ၏။
"သခင်လီ ကျွန်တော်တို့ဘာလုပ်ကြမလဲ?"
လီလင်ပုရဲ့ အနောက်မှာရပ်နေတဲ့ အမတ်တစ်ယောက်က မနေနိုင်စွာ မေးလိုက်သည်။
"ဘာလုပ်ရမှာလဲ? မြို့တော်ကိုပဲ ပြန်သွားရမှာပေါ့၊ တခြား ဘာလုပ်လို့ရအုံး မှာမလို့လဲ? အခု ချင်မင်းသားပြောသွားခဲ့သလိုမျိုး အလုပ်ခွင်ပိုင်းဆိုင်ရာ အမတ်နေရာက လွတ်လပ်နေတယ်”
“ပြီးတော့မဟာတံတိုင်း တည်ဆောက်တဲ့ကိစ္စက အရမ်း အလျင်လိုစရာမလိုသေးဘူး၊ ဒါကြောင့် ငါတို့လည်း ငွေယူမယ့် ကိစ္စနဲ့ပတ်သတ်ပြီး အရမ်းအလျင်လိုစရာ မလိုသေးဘူး"
"ပြီးတော့ ကျူးကောလုံက ငွေတွေအများကြီးကို ထုတ်ယူထားခဲ့တာ၊ မဟာတံတိုင်း မဆောက်ဘဲနဲ့ လက်ရွေးစင်တပ်သားတွေ စုဆောင်းပြီး စစ်ရေးလေ့ကျင့်နေခဲ့မယ်ဆိုရင် ငါတို့တရှားတိုင်းပြည်ကြီး တစ်ခုလုံး ပြဿနာ ကြုံရလိမ့်မယ်"
"အရှင်မင်းကြီးက မြို့တော်ကနေ အခုလိုမျိုး သတင်းထုတ်ပြန်ခဲ့တယ် ဆိုမှတော့ တစ်ခုခုကို သတိထားမိခဲ့လို့ ဆိုတာ ငါယုံကြည်တယ်"
လီလင်ပုပြောနေရင်းနဲ့ တွေးမိသွားခဲ့သည်။
"အရှင်မင်းကြီးက ငါတို့ကို ဘာလို့ဒီနေရာပို့လိုက်တယ်လို့ ထင်လဲ?"
"သေချာပေါက် အဲ့တာက..."
လီလင်ပုရဲ့ နောက်လိုက် အမတ်ငယ်တွေလည်း အံ့သြသွားတော့သည်။ သူတို့ ဘာဆက်ပြောရမလဲ ဆိုတာ မသိကြတော့ဘူး။
"တကယ်တော့ ထုတ်ပြောစရာမလိုပါဘူး၊ အရှင်မင်းကြီးက ငါတို့ကို ရည်ရွယ်ချက်တစ်ခုကြောင့် ပို့ခဲ့တာပဲ"
"ဘယ်လို?"
ထိုလူက အမြန်မေးလိုက်သည်။
လီလင်ပု တွေးနေရင်းဖြင့် ဖြေပေးလိုက်သည်။
"အမြင်အတွက်"
"အမြင်အတွက်ဟုတ်လား?"
အကုန်လုံး ရှုပ်ထွေးသွားတော့သည်။
လီလင်ပုက အကုန်လုံးကို အကြာကြီး ဝေဝါးစွာ မခံစားစေချင်တာမလို့ ဆက်ရှင်းပြလိုက်၏။
"အရှင်မင်းကြီးက ကျန်းနန်မြို့က အခြေအနေတွေကို ကြိုသိပြီးသား၊ ငါတို့ရောက်တဲ့အချိန်အထိ စောင့်ပြီးတော့မှ မဟာတံတိုင်းတည်ဆောက်ဖို့အတွက် ဖယ်ခိုင်းထားတဲ့ငွေတွေကို ဆည်မြောင်း ဆောက်ရမယ်ဆိုတဲ့ အမိန့်ထုတ်ပြန်ပြီး မြို့တော်ကိုမယူနိုင်အောင် ဖန်တီးခဲ့တယ်”
“အဲ့တာရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မယ်လို့ မင်းတို့ထင်သလဲ?"
ကျန်တဲ့လူတွေရဲ့ အဖြေကိုမစောင့်ဘဲ လီလင်ပု ဆက်ပြောပြလိုက်သည်။
"လူတွေကို ကျေနပ်စေဖို့ပဲ”
“ပထမအချက်က ကျန်းနန်မြို့က အခြေအနေတွေကို ငါတို့ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့စေပြီး နားလည်စေချင်ခဲ့တယ်”
“ပြီးတော့ တချိန်တည်းမှာပဲ ကျန်းနန်မြို့က အခြေအနေတွေကို ကျူးကောလုံဆီ သတင်းပို့စေချင်ခဲ့တာပဲ”
“အကယ်လို့ ငါတို့နန်းတော်ကို ပြန်ရောက်သွားခဲ့ရင် ကျန်းနန်မြို့က အခြေအနေကို ရှင်းပြပေးလို့ရသွားပြီ"
အကုန်လုံး အံ့သြသွားတော့သည်။
"ဒါဆို ငွေတစ်ပြားမှ ပြန်မယူသွားဘူးပေါ့..."
အကုန်လုံးရဲ့ အမြင်မှာ ကျန်းနန်မြို့က ရာသီဥတုကောင်းပြီး မြေသြဇာပေါကြွယ်ဝတာမလို့ ချမ်းသာကြွယ်ဝတဲ့ ဒေသတစ်ခုဖြစ်သည်။
ဒါကြောင့်မလို့ ဒီခရီးစဥ်ရဲ့ ရည်ရွယ်ချက်ကို သူတို့တွေ သဘောမပေါက်ခဲ့ကြဘူး၊
သူတို့သာ ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ရဘူးဆိုရင် ကျင်းပိုင်မင်းသားကိုလည်း ရှင်းပြနိုင်မှာ မဟုတ်ဘူး။
“ငါတို့ကို နစ်နာသူအဖြစ် ဟန်ဆောင်လို့ရအောင် အရှင်ကြီးက ဒီနေရာကို ပို့လိုက်တာပဲ”
“ငါတို့သာ လူကိုယ်တိုင်ရောက်မလာခဲ့ဘူးဆိုရင် ဒီက အခြေအနေတွေကို သိရမှာမဟုတ်ဘူး”
“အခုတော့ ကျန်းနန်မြို့က အခြေအနေကို ကောင်းကောင်း နားလည်သွားခဲ့ပြီ၊ ချင်မင်းသားပြောသွားခဲ့သလိုမျိုး ကျင်းပိုင်မင်းသားရဲ့ လုပ်ရပ်တွေက အထိန်းအကွပ်မဲ့နေတာမလို့ အရှင်မင်းကြီး သေချာပေါက် စိတ်ပူနေခဲ့မှာ!"
"ငါတို့မြို့တော်ပြန်ပြီး ကျန်းနန်ရဲ့ အခြေအနေတွေကို တင်ပြကြရအောင်”
“ဘာတွေဖြစ်နေလဲဆိုတာ အရှင်မင်းကြီးသေချာပေါက် သိမှာပဲ၊ ဒါကြောင့် ဘာပဲပြောပြော အရှင်မင်းကြီး သဘောတူလိမ့်မယ်”
“ဒါဆိုရင် မင်းကြီးကို လှည့်စားနေတာလည်း မဟုတ်တော့ဘူး၊ ဒီအခွင့်အရေးကို အသုံးပြုပြီးတော့ ကျင်းပိုင်မင်းသားရဲ့ ရဲတင်းမှုတွေကိုပါ လျှော့ချလို့ရသွားမယ်”
ထိုအမတ်တွေရဲ့ မျက်လုံးက မနေနိုင်စွာ တောက်ပလာတော့သည်။ သူတို့စိတ်လှုပ်ရှားနေကြပြီပင်။
"ဒါက တစ်ခုတည်းသော နည်းလမ်းပဲ၊ မဟာတံတိုင်း တည်ဆောက်တယ် ဆိုတာ တစ်ညတည်းနဲ့ ပြီးသွားမယ့်ကိစ္စမဟုတ်ဘူး”
“အချိန်အကြာကြီး သုံးရမယ်ကိစ္စပဲ၊ အရှင်မင်းကြီး ငါ့ကိုဒီနေရာလွှတ်ခဲ့တာကလည်း ဒီရည်ရွယ်ချက်ကြောင့်ပဲ နေမှာ…”
“အရှင်မင်းကြီးက ယုံကြည်ပြီးတော့ ကျူးကောလုံကို ကျန်းပိုင်မင်းသားဆိုတဲ့ မင်းသားဘွဲ့ ချီးမြှင့်ပေးခဲ့တယ်”
“ဘယ်လိုပဲ ယုံကြည်တယ်ဆိုဆို စိတ်ထဲမှာ သံသယတချို့တော့ ရှိမှာပဲ၊ ဒါပေမယ့် ငါတကယ်နားမလည်နိုင်တာက မဟာတံတိုင်းကို ဘာအတွက်ဆောက်နေလဲ ဆိုတာပဲ"
လီလင်ပု နောက်ဆုံးမှာ ခေါင်းယမ်းလိုက်တော့သည်။
……..
"အရှင်မင်းသား တိမ်တွေက ပိုပိုပြီး ထူလာပါတယ်၊ မိုးကလည်း ပိုသည်းလာတယ်၊
ရေကြီးမှုက မကြာခင်ရောက်လာတော့မယ်လို့ ထင်တယ်၊ ကျွန်တော်တို့ ခဏလောက် ရှောင်နေကြမလား?"
လီလင်ပုနဲ့ သူ့ရဲ့ အပေါင်းအဖော်တွေ ထွက်သွားတာနဲ့ ရှထိုက်အန်းက မူးချင်ယောင်ဆောင်နေတာကို ရပ်လိုက်တော့သည်။
သူ့ရဲ့မျက်လုံးထဲမှာ လွှမ်းမိုးမှုတချို့ ဝင်ရောက်လာခဲ့သည်၊ ရှထိုက်အန်း လက်တစ်ဖက် ယမ်းပြလိုက်ကာ….
"တိမ်လေးတချို့ပဲကို ငါက ဘာကိစ္စကြောက်နေရမှာလဲ? ငါ့ရဲ့ တူတော်မောင်သာ သတိမပေးခဲ့ဘူးဆိုရင် ဒီလိုအန္တရာယ်တွေရှိမှန်း ငါသိခဲ့မှာကိုမဟုတ်ဘူး”
“ငါလုပ်ချင်ရာ လုပ်မိသွားတယ်၊ ငါ့ကြောင့်နဲ့ ပြဿနာတွေ အများကြီးလည်း တတ်လာခဲ့တယ်၊ ငါလုပ်ခဲ့တာ မှန်တယ်လို့ မင်းထင်လား?"
ရှထိုက်အန်းက သူ့ရဲ့အနောက်က ကိုယ်ပိုင်အစောင့်ကို လှည့်ကြည့်လိုက်သည်။ ထိုကောင်လေး အနည်းငယ်အံ့သြသွားပြီး အမြန်ခေါင်းရမ်းလိုက်လေကာ
"ကျွန်တော်မျိုး မသိပါဘူး!"
"မသိဘူး ဟုတ်လား?"
ချင်မင်းသား ထိုကောင်လေးကို စိုက်ကြည့်လိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်တော်မျိုး မသိပါဘူး၊ ကျွန်တော်မျိုးရဲ့ အမြင်မှာတော့ ချင်မင်းသားရဲ့ လုပ်ရပ်က ကျန်းနန်မြို့မှာ ရှိနေတဲ့ ပြည်သူတွေအတွက် မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပါ”
“ဒါပေမယ့် အရှင်မင်းသား ကိုယ့်ကိုယ်ကို ..ဘယ်လိုမြင်လဲဆိုတာကတော့..."
ထိုအစောင့်လေးက ဆက်မပြောခဲ့ဘူး။
ချင်မင်းသား သူ့ဘာသာ ရေရွတ်လိုက်တော့သည်။
"ဘယ်လိုပဲပြောပြော ဒီကိစ္စကို အရှင်မင်းကြီးကိုယ်တိုင် အမိန့်ထုတ်ခဲ့တာပဲ”
“ငွေယူဖို့အတွက် မြို့တော်ကလူတစ်ယောက်ကို စေလွှတ်ခဲ့ပြီး အခုတော့ ငွေတွေကို မထည့်ပေးစေချင်ဘူးတဲ့လား?"
"မဟုတ်ဘူး ဒါက ကျန်းနန်ကလူတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ငါမထင်ဘူး၊ ဒီနေ့ကိစ္စက တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးလို့ ငါမင်းသားယုံကြည်တယ်"
" ငါက သာမန်စစ်သားတစ်ယောက်ဆိုတာ မှန်တယ်၊ ဒါကြောင့်မလို့လည်း တူတော်မောင်က ငါ့ကိုဒီနေရာလွှတ်ခဲ့တာနေမှာ”
“ငါ့ရဲ့ ထူးချွန်တဲ့ သိုင်းပညာ ကိုအသုံးပြုပြီးတော့ ကျန်နန်မြို့က လွှမ်းမိုးမှုတွေကို ဖျက်းစီစေချင်ခဲ့တယ်”
"သေချာပေါက် သူ့ရဲ့ရည်းမှန်းချက်ကလည်း အောင်မြင်ခဲ့တယ်လေ၊ အရှင်မင်းကြီးက ထိုက်အန်းမြို့တော်မှာ ရှိနေပေမယ့် ကျန်းနန်က ရေကြီးမှုကိုလည်း ကြိုသိနေခဲ့တယ်”
“သေချာပေါက်သူက အချိန်အကြာကြီးထဲက စီစဥ်ခဲ့တာပဲ"
ရှထိုက်အန်း တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုအစောင့်က ချက်ချင်းပဲ မော့ကြည့်လာခဲ့သည်။ ထို့နောက်မှာ မနေနိုင်စွာ မေးခွန်းထုတ်လိုက်တော့၏။
"အရှင်မင်းသား ပြောချင်တာက.. မြို့တော်က သတင်းတွေရောက်လာခဲ့တာက အရှင်မင်းကြီးရဲ့ ကြိုတင်တွက်ချက်မှုလို့လား?"
"သေချာပေါက်ပဲပေါ့၊ ငါက အုပ်ချုပ်နည်း ဗျူဟာတွေကို နားမလည်တဲ့ သာမန်လူတစ်ယောက်ပဲ၊ ဒီသတင်းကြိုပြီး ရောက်လာခဲ့မယ်ဆိုရင် ငါဖုံးကွယ်ထားနိုင်ပါ့မလား?”
“ချက်ချင်းပဲ ပြည်သူတွေက သိသွားလိမ့်မယ်၊ အဲ့ဒီလိုဆိုရင် အမတ်လီက ဒီနေရာအထိ ရောက်လာပါအုံးမလား?"
"အရှင်မင်းကြီး ဒီနေ့မှ အမိန့်ထုတ်ပြန်လိုက်တာက အမတ်လီရောက်လာမယ့် အချိန်ကို ကြိုတင်တွက်ချက်နိုင်လို့ပဲ"
ရှကျိုးယွီရဲ့ တွေးခေါ်ပုံကို သူ ပိုပြီး လေးစားလာခဲ့သည်။
"ငါက ငါ့ရဲ့ကျေးဇူးတင်မှုကို ပြသနိုင်ပြီလို့ ထင်ခဲ့တာ၊ ဒါပေမယ့် ဘယ်ဟုတ်မလဲ? အရှင်မင်းကြီးက အကုန်ကြိုသိနေခဲ့ပြီး နည်းလမ်းတစ်ခု ဖန်တီးခဲ့တာပဲ”
“ဒီနည်းလမ်းနဲ့ဆိုရင် ကျူးကောလုံရဲ့ မဟာတံတိုင်းဆောက်တဲ့ ကိစ္စကလည်း ယာယီရပ်သွားလိမ့်မယ်၊ ဒီကိစ္စမှာ တောင်ဝင်ရုံးတော်ဘက်ကလည်း ပါဝင်ပတ်သတ်မှု မရှိတော့ဘူး”
ရှထိုက်အန်းရဲ့ အတွေးတွေက တဖြည်းဖြည်း ပိုပြီးခိုင်မာလာတော့သည်။ သူဆက်ပြောလိုက်သည်..
"ဒါဆိုရင် ဒီကိစ္စက မင်းသားတွေအချင်းချင်းကြားက တိုက်ခိုက်မှုတစ်ခုပဲ ဖြစ်သွားလိမ့်မယ်၊ အားလုံးရဲ့ မျက်လုံးထဲမှာ ငါက ကြမ်းတမ်းတဲ့ သိုင်းသမားတစ်ယောက်ပဲ၊
ငါ့ရဲ့ လုပ်ရပ်က သူတို့အတွက်တော့ ကျိုးကြောင်း သင့်တယ်”
“ဘယ်လောက် လိမ္မာပါးနပ်လိုက်တဲ့ အကွက်ကြီးလဲ.. ငါဘာလို့ ကြိုမမြင်ခဲ့မိတာလဲ? "
ရှထိုက်အန်းရဲ့ မျက်လုံးတွေက တဖြည်းဖြည်း နက်ရှိုင်းလာခဲ့သည်။ အဆုံးမှာတော့ ရှကျိုးယွီကို တော်တော်လေး လေးစားသွားတော့၏။
"ဒါဆိုရင် မင်းသားရဲ့ ဆိုလိုရင်းက အရှင်မင်းကြီးက ကျန်းပိုင်မင်းသားရဲ့ လှုပ်ရှားမှုတွေကို ဟန့်တားနိုင်အောင်လို့ ဒီကိစ္စကို အသုံးပြုခဲ့တယ်လို့လား?"
ထိုကောင်လေး မနေနိုင်စွာ မေးလိုက်တော့သည်။
"အဲ့လောက်ကြီးလည်း မဟုတ်ဘူး၊ အရှင်မင်းကြီးရဲ့ ဆိုလိုရင်းက ငါ့ဘက်က ထိန်းချုပ်မှု ပြစေချင်ရုံပဲလို့ ထင်တယ်”
“ကျူးကောလုံကိုသာ မယုံကြည်ဘူးဆိုရင် အစကတည်းက မင်းသားဘွဲ့ပေးအပ်ပြီး အခုလိုမျိုး လုပ်ပိုင်ခွင့်အများကြီး ထည့်ပေးခဲ့မှာ မဟုတ်ဘူး”
ရှထိုက်အန်း ပြောလိုက်သည်။
……….