( အရှင်မင်းကြီးက လောင်းချင်နေတယ်??)
Vol. 7 Ch. 92
"ဒါဆို မင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောမတူစရာအချက် ရှိနေလို့လား?"
ရှကျိုးယွီ လီဖူကို ပြန်စိုက်ကြည့်လိုက်သည်။ လီဖူရဲ့မျက်လုံးထဲက မကျေနပ်ချက်တွေကို သူ တွေ့သည်။
ဒါပေမဲ့ ရှကျိုးယွီရဲ့မျက်လုံးထဲမှာတော့ မကျေနပ်ချက် တစ်စုံတစ်ရာမရှိဘူး။ ထိုအစား သူက ဂုဏ်မောက်နေသလိုမျိုးပဲ။
ဒါကိုမြင်တော့ လီဖူ မျက်မှောင်ကြုတ်သွားခဲ့သည်။
ရှကျိုးယွီရဲ့ရန်စမှုကို တွေ့လိုက်ရတာမလို့ သူ စိတ်ခံစားချက် အနည်းငယ် ပြင်းထန်သွားခဲ့ပြီဆိုတာကို လီဖူ ချက်ချင်းပဲ သဘောပေါက်သွားတော့၏။ ဒါကြောင့် အမြန်ရှင်းပြလိုက်တော့သည်။
"ကျွန်တော်မျိုးရဲ့ အမြင်သက်သက်ပဲ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့လေးစားမှုကို ရထားတဲ့သူတစ်ယောက်အနေနဲ့ ဒီလိုမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ အပေးအယူတစ်ခုအတွက်နဲ့ ပြည်သူတွေရဲ့အသက်ကို လက်လွတ်စပယ် မဆက်ဆံသင့်ပါဘူး။ အရှင်မင်းကြီးတစ်ယောက်အနေနဲ့ ပြုမူသင့်တဲ့အပြုအမူ ဟုတ်မနေဘူး!"
ရှကျိုးယွီ အံ့သြသွားတော့သည်။
'လေးစားတဲ့သူတဲ့လား?’
‘ ဘာတွေဖြစ်နေတာလဲ? ငါ ဘာတုန်းက မင်းရဲ့လေးစားတဲ့သူ ဖြစ်သွားရတာလဲ?’
'ဒါ ဘယ်လို အခြေအနေကြီးလဲ?
ငါ့မှာ ငါ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချလို့မရတော့ဘူးလား?’
'အဲဒီကောင်မလေးကို အသုံးပြုလိုက်တဲ့ ကိစ္စမှာ ငါ့ရဲ့လုပ်ရပ်က တစ်ကိုယ်ကောင်းဆန်သွားတယ်ဆိုတာတော့ ငါ နားလည်ပါတယ်'
‘ဒါပေမဲ့ ငါ ဘာတတ်နိုင်မှာလဲ? သူမရဲ့ကျင့်ကြံမှုက နိမ့်နေတယ်လေ။ ဒါဆိုရင် ကံကြမ္မာအမှတ်တွေ အများကြီး ပေးဆပ်ရတော့မှာလေ’
'မင်းရဲ့ကျင့်ကြံမှုနဲ့ တူနေလို့လား?’
ရှကျိုးယွီ တွေးလေလေ ပိုပြီး ယုံကြည်ချက်ရှိလာတော့သည်။
"ငါတို့ တရှားတိုင်းပြည်က ဘယ်လိုပဲဆုံးဖြတ်ပါစေ ငါ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ပဲ။ မင်း ဝင်ပါစရာနေရာ မဟုတ်ဘူးလို့ ထင်တယ်"
"ဘာလဲ? မင်းက တရှားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ဝင်ပါချင်နေတာလား?"
ရှကျိုးယွီ လီဖူကို စိုက်ကြည့်လိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ ပြင်းထန်တဲ့ ယုံကြည်မှုကို ပြသထားလေ၏။
လီဖူ ချက်ချင်းပဲ မှင်သက်သွားတော့သည်။
‘မောက်မာတယ်... ရှကျိုးယွီက မောက်မာလိုက်တာ!’
'ဒီအခြေအနေအထိ ရောက်လာခဲ့ပြီး.. သူ့ရဲ့လုပ်ရပ်က မှားနေတယ်ဆိုတာကို သိတာတောင်မှ... လက်မလျှော့သေးဘူး!’
'တကယ်ပဲ ဘာအကြောင်းပြချက်ကြောင့်လဲ?’
လီဖူရဲ့မျက်လုံးတွေက ပိုပိုပြီး ရှုပ်ထွေးလာတော့သည်။ ရှကျိုးယွီကို စိုက်ကြည့်နေတဲ့ သူ့ရဲ့မျက်လုံးထဲမှာ အံ့သြမှုတွေဝင်ရောက်လာတော့သည်။
'ငါပဲ မှားခဲ့တာလား? ဒါပေမဲ့ ငါအထင်မှားခဲ့တယ် ပြောရအောင်လဲ.. ရှကျိုးယွီက ဘာအကြောင်းအရင်းကြောင့် အဲဒီကောင်မလေးကို တာဝန်ပေးလိုက်ရတာလဲ? သင့်တော်တဲ့ အကြောင်းပြချက်မရှိဘူး’
လီဖူရဲ့မျက်လုံးတွေက ပိုပြီး နက်ရှိုင်းသွားတော့သည်။
သူ ဘယ်နေရာမှာ မှားသွားလဲဆိုတာကို မသိပေမဲ့ နန်းတော်ထဲမှာ ရှိနေတဲ့အစီအရင်ကတော့ ရှောင်လွဲလို့မရတဲ့ အမှန်တရားပဲ။ ပြီးတော့ ဒီအစီအရင်ကိုလည်း ထိုကောင်မလေးဘက်က ယူလာတာ ဖြစ်နိုင်ခြေရှိသည်။ ဒါဆိုရင် သူ့ရဲ့မှန်းဆချက်က မှားယွင်းစရာမှမရှိတာ။
ဒါပေမဲ့ ရှကျိုးယွီရဲ့မျက်နှာထားကို ကြည့်ရသလောက်...
'နေအုံး! အဲဒီကောင်မလေးရဲ့နောက်ခံက တစ်ခုခုရှိနေလို့လား?’
လီဖူ အတွေးများသွားခဲ့သည်။ ရင်ထဲက မကျေနပ်ချက်တွေကို ထိန်းချုပ်လိုက်ပြီး ပြဿနာကို သေချာစစ်ဆေးလိုက်သည်။
"တရှားတိုင်းပြည်ရဲ့ကိစ္စကို ကျွန်တော်မျိုး သေချာပေါက် ဘယ်ဝင်ပါရဲပါ့မလဲ? ပြည်သူတွေရဲ့အသက်ကို ဂရုစိုက်ဖို့အတွက် ကျွန်တော်မျိုးက သတိပေးရုံလေးပါ။ ဒီကစ္စက ပေါ့သေးသေးကိစ္စတစ်ခုမှ မဟုတ်တာဘဲ။ တစ်ခုခု မှားသွားခဲ့တာနဲ့ အရှင်မင်းကြီး တစ်သက်လုံး ပြင်လို့မရမယ့် အမှားတစ်ခု ဖြစ်လာလိမ့်မယ်!”
"ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ရေကြီးမှုကို ထိန်းချုပ်လို့ရနိုင်တယ်ဆိုတဲ့အချက်ကို ကျွန်တော်မျိုး မငြင်းပါဘူး။ ဒါပေမဲ့ အဲဒီကိစ္စမှာ ပြဿနာအများကြီးရှိတယ်။ ကျွန်တော်တို့ရဲ့ ထျန်းချီတာဝါဘက်မှာ အင်အားကြီး ကျင့်ကြံသူတွေ အများကြီးရှိတယ်။ အရှင်မင်းကြီးသာ လုပ်ချင်တယ်ဆိုရင် ဒီကိစ္စက သေချာပေါက် ဖြစ်နိုင်တယ်။ ဒါကြောင့် အရှင်မင်းကြီးအနေနဲ့ ဘယ်လိုစွန့်စားမှုကိုမှ လုပ်စရာလိုမှာ မဟုတ်တော့ဘူး!”
လီဖူ နူးညံ့တဲ့လေသံဖြင့် ရှင်းပြလိုက်သည်။ သူ့ရဲ့စကားထဲမှာ အမှားအယွင်းတစ်ခုမှ မပါဘူး။ထို့အတူ သူ့ရဲ့မျက်လုံးတွေကလည်း စူးရှနေလေတော့၏။
ရှကျိုးယွီဘက်က ပွင့်ပွင့်လင်းလင်းပြောလာမှတော့ သူလည်းပဲ ရပ်တည်ချက်ကို ပွင့်လင်းစွာ ထုတ်ပြတော့မည်လေ!
လီဖူ ခဏလောက် တွေးပြီးနောက်မှာ ဆက်ပြောလိုက်သည်။
"အရှင်မင်းကြီး ထျန်းချီတာဝါကို အကူအညီ မတောင်းချင်လို့ ဆိုရင်တောင်မှ အဲဒီကောင်မလေးကိုတော့ တာဝန်မပေးသင့်ဘူးလို့ ကျွန်တော်ထင်တယ်!"
"ရေကြီးမှုကို ထိန်းချုပ်တဲ့ကိစ္စက ပေါ့သေးသေးကိစ္စတစ်ခု မဟုတ်ဘူး"
လီဖူက ပြောပြီးတာနဲ့ ခန္ဓာကိုယ်ကို ဖြောင့်မတ်လိုက်သည်။ သူ့ရဲ့မျက်လုံးထဲက စူးရှမှုတို့က ပိုပြီးအားပြင်းလာတော့၏။ ဒီအခြေအနေအထိ ရောက်လာပြီးမှတော့ နောက်ဆုတ်စရာ အကြောင်းအရင်းမရှိတော့ဘူး
ဒီရက်ပိုင်းထဲ သူ သည်းခံလာခဲ့တာ များပြီ။ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်မယ်ဆိုရင် သူ့အနေနဲ့လည်း ခံစားရတာ ပေါ့သွားသွားမည်လေ။
လီဖူရဲ့မျက်လုံးတွေက တဖြည်းဖြည်း ပိုပြီး တည်ငြိမ်လာတော့သည်။ ခြေတစ်လှမ်း ရှေ့တိုးလိုက်ကာ ရှကျိုးယွီကို စိုက်ကြည့်လိုက်ပြီး
"အရှင်မင်းကြီး..."
ထိုအချိန်မှာပဲ ရှကျိုးယွီက ပြောလိုက်လေသည်။
"မင်းက ဒီလိုမျိုးပြောလာတယ်ဆိုတော့ အဲဒီကောင်မလေးအနေနဲ့ မထိန်းချုပ်နိုင်ဘူးလို့ မင်းမှာ ထင်မြင်ချက်ရှိလို့လား?" ရှကျိုးယွီကတော့ ခံစားချက်မပါတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်သည်။
ရှကျိုးယွီထံမှာ မတူညီတဲ့ ခံစားချက်ရှိသည်။ လီဖူရဲ့ခံစားချက် ပြင်းထန်နေပုံကိုကြည့်ရတာ သူ ပျော်ရွှင်သည်လေ။
'ဒါပဲလေ။ ပြဿနာ ဆက်ရှာနေလိုက်။ ပြဿနာ ပိုကြီးသွားလေလေ ကောင်းလေလေပဲ။ မင်းနဲ့ရန်သူဖြစ်ရတာကို ငါ ပိုကြိုက်တယ်။ မင်းနဲ့တင်မကဘူး ထျန်းချီတာဝါတစ်ခုလုံးနဲ့ကို ရန်သူဖြစ်ချင်နေတာ! ပြသနာပိုကြီးပြီး ပြည်ပျက်လေ အေးလေ’
ရှကျိုးယွီက ဘေးမှာရှိတဲ့ လျိုချင်းချန်ကို လှမ်းကြည့်လိုက်သည်။ သူ့ရဲ့အကြည့်ထဲမှာ ကျေနပ်မှုတွေ ပါဝင်နေခဲ့သည်။
'ပထမဦးဆုံး ငါ့အတွက် အသုံးမကျတဲ့ ဆေးဆရာမတစ်ယောက် ရှာလာပေးပြီး နန်းတော်ထဲက ပစ္စည်းတွေကို ထိုင်ဖြုန်းခိုင်းတယ်’
'အခုတော့ လီဖူကိုပါ နန်းတော်ထဲ ခေါ်လာပေးခဲ့တယ်။ တကယ်ကို ငါ့ရဲ့ကံကောင်းတဲ့ ဘက်တော်သားလေးပဲ!’
ဒါပေမဲ့ ရှကျိုးယွီရဲ့အကြည့်ကို မြင်တဲ့အခါမှာ လျိုချင်းချန် ထိတ်လန့်သွားတော့သည်။ သူမကိုပါ မေးခွန်းထုတ်လာမှာကို စိုးရွံ့တဲ့အတွက် အမြန်ပြောလိုက်တော့သည်။
"အရှင်မင်းကြီး၊ ဒီကိစ္စက တကယ်ပဲ အရေးကြီးပါတယ်။ ထျန်းချီတာဝါကို တာဝန်ပေးလိုက်တာက ပိုပြီးလုံခြုံတဲ့ နည်းလမ်းတစ်ခုပါ။ ဘယ်ကမှန်းမသိတဲ့ မိန်းကလေးတစ်ယောက်ကို တာဝန်ပေးလိုက်တာထက်စာရင် ဒီနည်းလမ်းက အများကြီး ပိုလုံခြုံပါတယ်။ သူမက မထင်ထားတဲ့ ပြဿနာတွေအများကြီးကို ခေါ်ဆောင်လာနိုင်တယ်"
ဒီအခြေအနေမှာတော့ လျိုချင်းချန်နဲ့ လီဖူက တူညီတဲ့သဘောထားဘက်မှာ ရပ်တည်နေကြသည်။ ပြောပြီးတာနဲ့ သူမက လီဖူရဲ့ဘက်ကိုပါ အနည်းငယ် တိုးကပ်လိုက်သေးသည်။
ရှကျိုးယွီရဲ့လုပ်ရပ်ကို အလောတကြီးဆန်သည်လို့ သူမလည်း ပဲ ထင်သည်လေ။ ဒါကြောင့် သူမ အထင်မကြီးစွာ ပြောလိုက်တော့၏။
"အရှင်မင်းကြီး တကယ်ပဲ အဲကောင်မလေးကို လုပ်နိုင်မယ် ထင်လို့လား?"
ရှကျိုးယွီ အဖြေမပေးခဲ့ဘူး။ ထိုအစား သူက လီဖူနဲ့ လျိုချင်းချန်ကို တစ်လှည့်စီကြည့်လိုက်သည်။
ထိုအသေးစိတ်ကျတဲ့ အကြည့်ကြောင့် လျိုချင်းချန်ရော လီဖူရော နှစ်ယောက်လုံး ထိတ်လန့်သွားတော့သည်။ သူတို့နှစ်ယောက်လုံး ကြောက်ရွံ့စွာ အနောက်ဆုတ်လိုက်ကြသည်။
"ငါတို့ အလောင်းကစားလုပ်ရင်ရော ဘယ်လိုလဲ?"
ရှကျိုးယွီက လီဖူကို အပြုံးတစ်ခုနဲ့ စိုက်ကြည့်ကာ ပြောလိုက်သည်။ ချက်ချင်းပဲ လီဖူ အံ့သြသွားတော့သည်။
'အလောင်းအစားတဲ့လား? ရှကျိုးယွီ ဘာလုပ်ချင်နေတာလဲ?’
အတွေးများနေပေမဲ့ လီဖူ မငြင်းခဲ့ဘူး။
ရှကျိုးယွီကို ပြန်ကြည့်ကာ ပြောလိုက်တော့သည်။
“ဘာအလောင်းအစားလဲ?”
“အဲဒီမိန်းကလေးက ရေကြီးမှုကို သေချာပေါက် ဖြေရှင်းနိုင်လိမ့်မယ်” ရှကျိုးယွီက ရယ်ကာ ပြောလိုက်လေ၏။
လီဖူ ပိုပြီးအံ့သြသွားတော့သည်။
'အရမ်းယုံကြည်ချက် ရှိနေပါလား?’
လီဖူ ထိုသို့တွေးခဲ့ပေမဲ့ သံသယမဝင်ခဲ့ဘူး။ ထိုအစား ပုံမှန်လို ပြန်ဖြေလိုက်သည်။
"အရှင်မင်းကြီးက ဘာကိုလောင်းချင်တာလဲ?"
"အကယ်လို့ ဒီကောင်မလေး တကယ်ပဲ ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် မင်းတို့ရဲ့ ထျန်းချီတာဝါက ငါ့ရဲ့အမိန့်ကို အပြီးတိုင် နာခံရမယ်။ အကယ်လို့ မဖြေရှင်းနိုင်ခဲ့ဘူးဆိုရင် ငါတို့ရဲ့တရှားတိုင်းပြည်က မင်းနဲ့ပူးပေါင်းပေးမယ်"
ရှကျိုးယွီက လွှမ်းမိုးမှုပြည့်ဝစွာဖြင့် ပြောလိုက်တော့သည်။ ရှကျိုးယွီအတွက်တော့ ဒီကိစ္စက ပြီးပြည့်စုံတဲ့ ဖြေရှင်းနည်းတစ်ခုပဲ။
သူ့ရဲ့မောက်မာမှုကို ပေါ်ပေါ်ထင်ထင် ထုတ်ပြလိုက်ရင် လီဖူ သေချာပေါက် ဒေါသထွက်သွားလိမ့်မည်။ ထျန်းချီတာဝါနဲ့ တရှားတိုင်းပြည်ရဲ့ကြားထဲမှာရှိတဲ့ နားလည်မှုလွဲခြင်းတွေက ပိုပြီးပြင်းထန်လာလိမ့်မည်။
"အရှင်မင်းကြီး"
လျိုချင်းချန် အနည်းငယ် အံ့သြနေခဲ့သည်။ သူမရဲ့မျက်လုံးထဲမှာ ထိတ်လန့်မှုတစ်ချို့ ရှိနေလေ၏။
ရှကျိုးယွီကို မယုံနိုင်စွာ စိုက်ကြည့်လိုက်သည်။ သူမ နားမလည်နိုင်တော့ဘူး။ ရှကျိုးယွီက ဘာလို့ အဲလောက်ထိ ယုံကြည်ချက်ရှိနေရတာလဲ။ ဘာလို့ ဒီလိုမျိုး ထုတ်ပြောလိုက်ရတာလဲ။ တစ်ဖက်လူက ထျန်းချီတာဝါက လူလေ!
……….