( ငါအတွေးမှားခဲ့ပုံပဲ)
Vol. 7 Ch. 94
ကောင်းကင်တာအိုရဲ့ နတ်အမှတ်အသားကို သာမန်အင်အားကြီးရုံမျှနဲ့ မပိုင်ဆိုင်နိုင်ဘူး။
ထိုသူရဲ့ ကျင့်ကြံမှုက သေချာပေါက် ပထမအဆင့်ထက်ကို မြင့်ရမည်။
မဟုတ်ရင် ကောင်းကင်တာအို နတ်အမှတ်အသားကို ထုတ်ပြနိုင်စွမ်းမရှိဘူး!
"အခု ဒီအစီအရင်ကလည်း ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝအစွမ်းနဲ့ လိုက်ဖက်မှုရှိတယ်၊ ဒီလိုအစီအရင်မျိုးက နတ်အစီအရင်လို့ ပြောလို့ရလောက်အောင် အဆင့်မြင့်တဲ့အစီအရင်ပဲ၊ အလွန့်အလွန် အင်အားကြီးတဲ့ ပုဂ္ဂိုလ်တွေအတွက်တောင်မှ ဖန်တီးဖို့ လွယ်ကူမှာမဟုတ်ဘူး။ တရှားတိုင်းပြည်က တကယ်ကို ဆန်းကြယ်လိုက်တာ!"
လီဖူ ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ ပုံရိပ်ယောင်တစ်ခု ပေါ်လာခဲ့၏။
လျိုချင်းချန်ကတော့ လီဖူရဲ့စကားတွေကို ရှုပ်ထွေးစွာဖြင့် ခေါင်းခါယမ်းလိုက်တော့သည်။
သူမရဲ့ပုံစံက တစ်ခုခုကို မယုံကြည်နိုင် ဖြစ်နေပုံပဲ။
ဒါမှမဟုတ် လီဖူရဲ့အပြုအမူကို ထူးဆန်းနေတယ်လို့ ခံစားနေရတာလည်း ဖြစ်နိုင်သည်။
ထိုအချိန်မှာပဲ ရှကျိုးယွီ သူမကို ပေးထားတဲ့ မသေမျိုးဆေးလုံးကို လျိုချင်းချန် စဉ်းစားမိသွားသည်။ သူမရဲ့မျက်လုံးများက ချက်ချင်းပင် တောက်ပသွားလေကာ ဆေးလုံးကို ထုတ်ယူပြီး လီဖူအား ပြလိုက်လေ၏။
"ဒီဆေးလုံးက ထျန်းချီတာဝါကလား? တကယ်လို့ ထျန်းချီတာဝါကဆိုရင် ကျွန်မအတွက် ထပ်ရနိုင်ဖို့ နည်းလမ်းရှိမလား?"
လီဖူ တော်တော်လေး အံ့ဩသွားတော့သည်။
'ဆေးလုံးဟုတ်လား? ဘာဆေးလုံးလဲ?’
လျိုချင်းချန် လက်ထဲက ဆေးလုံးပေါ်ကို လီဖူရဲ့အကြည့်က ကျရောက်သွားခဲ့သည်။
တစ်ချက်ကြည့်ရုံနဲ့တင် ထိုဆေးလုံးက သာမန်မဟုတ်မှန်း ပြောလို့ရသည်။
သေချာအကဲခတ်ကြည့်မယ်ဆိုရင် ဆေးလုံးအတွင်းမှာရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်ပြီး ထူးဆန်းတဲ့အရှိန်အဝါတစ်ခုကိုတောင် ခံစားလို့ရသည်။
ထိုအရှိန်အဝါက အတွင်းစိတ်နဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ မသန့်စင်မှုတွေကို သန့်စင်ပေးနိုင်သည်။
လီဖူ အလွန်ထိတ်လန့်စွာဖြင့် လျိုချင်းချန်ကို မော့ကြည့်လိုက်သည်။
"တော်ဝင်ဆရာမကြီး၊ ဒီဆေးလုံးကို ဘယ်ကရခဲ့တာလဲ?"
လျိုချင်းချန် အံ့ဩသွားတော့သည်။
‘ဒီဆေးလုံးက ထျန်းချီတာဝါက မဟုတ်ဘူးလား?’
သူမ ရှုပ်ထွေးနေပေမဲ့ အမှန်အတိုင်း ပြန်ဖြေပေးလိုက်ပါသည်။
"ဒီဆေးလုံးကို အရှင်မင်းကြီး ပေးခဲ့တာပါ၊ ဒီဆေးလုံးက ထျန်းချီတာဝါက မဟုတ်ဘူးလား? ဒါမှမဟုတ် ဆေးလုံးက တစ်ခုခုဖြစ်နေလို့လား?"
လျိုချင်းချန် လီဖူကို တည့်တည့်စိုက်ကြည့်လိုက်သည်။
လီဖူကလည်း သူမကို အလွန်တည်တင်းတဲ့မျက်နှာနဲ့ ပြန်ကြည့်နေလေရဲ့။
"ဒီဆေးလုံးက ကြည့်လိုက်ရင် သာမန်ဆိုပေမဲ့ ဖန်တီးထားတဲ့ ဆေးဆရာရဲ့ အရည်အချင်းက သာမန်ထက်ကို ကျော်လွန်တယ်၊ ငါတို့ ထျန်းချီတာဝါမှာ ဒီလိုဆေးလုံးမျိုး မရှိဘူး!"
"နေဦး၊ အရှင်မင်းကြီးက မင်းကို ဒီဆေးလုံးပေးလိုက်တယ်လို့ ပြောနေတာလား? ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
"ဒီလိုဆေးလုံးမျိုးဆိုတာ တရှားတိုင်းပြည်မှာ ဘယ်လိုမှ ပေါ်မလာနိုင်တဲ့ ဆေးလုံးမျိုးပဲ၊ ရွှမ်ဂိုဏ်းဆိုရင်တောင် ဖြစ်ရင်ဖြစ်နိုင်ဦးမယ်… နေဦး၊ ရွှမ်ဂိုဏ်း၊ ဒါဆိုရင် ဒီဆေးလုံးက ရွှမ်ဂိုဏ်းကလား?"
လီဖူ ဆေးလုံးကို အကြာကြီး စိုက်ကြည့်နေလေ၏။
လျိုချင်းချန်ကတော့ မူးဝေနေပြီပင်။
"မဟုတ်ဘူး၊ သခင်လီ တကယ်ပဲ ပြောနေတာလား?"
လျိုချင်းချန် မယုံကြည်နိုင်စွာ ထပ်မေးလိုက်သည်။ သူမရဲ့မျက်လုံးထဲမှာ သံသယတချို့ ရှိနေသည်။
ထိုအချိန်မှာ လီဖူရဲ့အကြည့်က ပိုပြီးတည်ငြိမ်လာလေကာ…
"သေချာပေါက်ပဲ၊ ဒီဆေးလုံးက ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်ရုံတင်မကဘူး။ အတွင်းစိတ်နဲ့ စိတ်ဝိညာဉ်ကိုပါ တိုးတက်စေနိုင်တယ်၊ ဒီလောက်အဖိုးတန်တဲ့ပစ္စည်းရဲ့ တန်ကြေးကို သတ်မှတ်လို့တောင်မရဘူး၊ တရှားတိုင်းပြည်မှာ ဒီလိုဆေးလုံးမျိုး ရှိမယ်လို့ ငါ ထင်တောင်မထင်ခဲ့မိဘူး!"
လီဖူ မနေနိုင်စွာ ဆေးလုံးကို ထပ်ကြည့်လိုက်ပြန်သည်။ သူ့ရဲ့မျက်လုံးထဲမှာ နတ်အလင်းတချို့ ဖြတ်ပြေးသွားသည်။ တရှားတိုင်းပြည်အပေါ် သူ့ရဲ့စိတ်ဝင်စားမှုက ကြီးသထက်ကြီးလာရတော့၏။
"ဒါဆိုရင် သခင်လီ ပြောချင်တာက ဒီဆေးလုံးက ရွှမ်ဂိုဏ်းက လာခဲ့တာလို့လား?"
လျိုချင်းချန် ခဏလောက်တွေးပြီးနောက်မှာ လီဖူကို ပြန်စိုက်ကြည့်လိုက်သည်။
လီဖူရဲ့စကားလုံးတွေထဲက အဓိကအချက်ကို ရှာတွေ့သွားသလိုမျိုး သူမ အားတက်သရော မေးလိုက်လေ၏။
"ငါလည်း မသေချာဘူး၊ ရွှမ်ဂိုဏ်းက ဆေးလုံးဖန်တီးမှုပညာရပ်နဲ့ပတ်သက်ရင် နာမည်အကြီးဆုံးဂိုဏ်းပဲ၊ သူတို့မှာ မြင့်မြတ်ပစ္စည်းဖြစ်တဲ့ မြွေကိုးကောင်မီးဖို ရှိတယ်၊ အဲဒါက တစ်ကမ္ဘာလုံးမှာရှိတဲ့ အကောင်းဆုံးမီးဖိုပဲ! အကယ်လို့ ဒီဆေးလုံးက ရွှမ်ဂိုဏ်းက မဟုတ်ခဲ့ဘူးဆိုရင်တောင်မှ ဒီဆေးလုံးကို ဖန်တီးခဲ့တဲ့မီးဖိုက မြွေနဂါးကိုးကောင်မီးဖိုထက် သေချာပေါက် နိမ့်မှာမဟုတ်ဘူး!"
"အရေးကြီးဆုံးအချက်က ဒီဆေးလုံးမှာ ကောင်းကင်နဲ့မြေကြီးရဲ့ အရှိန်အဝါကို ခံစားရတယ်၊ ဒီသဘာဝဆန်တဲ့ အရှိန်အဝါက အနီးအနားမှာရှိတဲ့ လေထုကို အဆက်မပြတ် ဝန်းရံထားစေတယ်၊ ဒီအကြောင်းအရင်းကြောင့်ပဲ ဆေးလုံးမှာ လူတစ်ယောက်ရဲ့စိတ်ကို တည်ငြိမ်အောင်လုပ်နိုင်စွမ်း ရှိတာ!"
"ဆေးလုံးရဲ့ပင်ကိုယ်အစွမ်းက အတွင်းစိတ်ကို တည်ငြိမ်အောင်လုပ်ပေးနိုင်တာမျိုး မဟုတ်ဘူး၊ သူ့ရဲ့အနားမှာရှိတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ အရှိန်အဝါကြောင့် ဝန်းရံလာတဲ့လေထုကသာ အတွင်းစိတ်ကို တည်ငြိမ်စေတာ၊ အဲဒီအရှိန်အဝါက နက္ခတ်စွမ်းအင်နဲ့ သက်ဆိုင်နေရမယ်"
လီဖူ တည်ငြိမ်စွာဖြင့် ဆေးလုံးရဲ့ထူးခြားချက်ကို လျိုချင်းချန်အား ရှင်းပြပေးလိုက်သည်။
လျိုချင်းချန် ဂရုတစိုက် နားထောင်နေခဲ့သည်။ သူမရဲ့ဆေးလုံးက ထင်ထားတာထက်ကို အင်အားကြီးနေမှန်း သဘောပေါက်သွားတော့သည်။
"ဒါဆိုရင် ဆေးလုံးရဲ့အမျိုးအစားက အင်အားကြီးတာမဟုတ်ဘဲနဲ့ ဖန်တီးထားတဲ့ပညာရပ်ကြောင့် အခုလိုမျိုး အင်အားကြီးနေတာပေါ့?"
လျိုချင်းချန် ရှုပ်ထွေးစွာ မေးလိုက်သည်။
လီဖူ လက်ယမ်းပြလိုက်လေကာ၊
"ဆေးပညာပိုင်းနဲ့ပတ်သက်ပြီးတော့ ငါ အရမ်းနားမလည်ဘူး၊ ဒါပေမဲ့ ဒီဆေးလုံးထဲမှာရှိတဲ့ ပါဝင်ပစ္စည်းနဲ့ အရှိန်အဝါက ထူးခြားတာတော့ ငါ သေချာပေါက် ခံစားလို့ရတယ်"
"ဒါဆိုရင် တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်တွေ ခြောက်ဆလောက် တက်သွားခဲ့တာက တိုက်ဆိုင်ခဲ့တာမဟုတ်ဘဲနဲ့ မလွဲမသွေ ဖြစ်လာရမယ့်ကိစ္စတစ်ခုလား?!!!"
"တရှားတိုင်းပြည်ရဲ့ လျှို့ဝှက်ချက်တွေက ဘာလို့များ ပိုပိုများလာရတာလဲ?"
လီဖူ မိန်းမောစွာဖြင့် ပြောလိုက်သည်။ သူ တွေးနေမိသည်။ တရှားတိုင်းပြည်ရဲ့နောက်မှာ ဘယ်လိုအင်အားကြီးအရာမျိုး တည်ရှိနေတာများလဲ?
တရှားတိုင်းပြည်ကို ရောက်လာကတည်းက သူ့ရဲ့ကမ္ဘာကြီးပေါ်အမြင်က အထက်အောက် ပြောင်းသွားခဲ့ရသလိုပင်။
တရှားတိုင်းပြည်နဲ့ပတ်သက်ပြီး သိထားခဲ့သမျှ သတင်းအချက်အလက်တွေအားလုံးက ရေခဲတုံးကြီးရဲ့ ထိပ်ပိုင်းငယ်လေးတစ်ခုမျှလို့ပဲ ခံစားရသည်။
တရှားတိုင်းပြည်ရဲ့ နောက်မှာ ဘယ်လိုလူမျိုး ရှိနေမလဲဆိုတာ ဘယ်သူမှမသိဘူး။
လီဖူ ပိုပိုပြီး ထိတ်လန့်လာတော့သည်။ သူ့ရဲ့မျက်လုံးထဲမှာရှိတဲ့ ကြောက်ရွံ့မှုတွေက မထိန်းနိုင်စွာ အရိပ်ထင်လာတော့၏။
လီဖူ ရုတ်တရက် လမ်းလျှောက်နေတာ ရပ်သွားခဲ့သည်။ သူ့ရဲ့မျက်လုံးတွေက အနည်းငယ် အရိုင်းဆန်လာသည်။
"သခင်လီ အဆင်ပြေရဲ့လား?"
လီဖူရဲ့မူမမှန်မှုကို သတိထားမိတာမလို့ လျိုချင်းချန် ချက်ချင်းပဲ ဆေးလုံးကို ပြန်သိမ်းလိုက်သည်။ သူမအနေနဲ့လည်း ဆေးလုံးက အများကြီးမရှိဘူး။ သူမလည်းပဲ ဆေးလုံးကို လိုအပ်နေသည်လေ။
ဒီရက်ပိုင်းထဲမှာ ဆေးလုံးရဲ့ကျေးဇူးကြောင့် အဆင့်မတက်နိုင်ခဲ့ ပေမယ့် သူမရဲ့အခြေအနေက အများကြီး တည်ငြိမ်သွားခဲ့သည်။
ပထမအဆင့်ကို တက်ချင်ရင်တော့ ကံကြမ္မာအမှတ်တချို့ကို သူမ ယူရဦးမည်!
ဒါ့အပြင် ရှကျိုးယွီနဲ့အတူ…
ချက်ချင်းပဲ လျိုချင်းချန်ရဲ့ ဖြူဖွေးတဲ့မျက်နှာက ပန်းရောင်သန်းသွားလေ၏။
ဒါပေမဲ့ လီဖူ သတိမထားမိခဲ့ဘူး။ လီဖူ တစ်ယောက် ထိတ်လန့်မှုအတွင်းမှ မရုန်းထွက်နိုင်သေးပေ။
ထိုအချိန်မှာပဲ နှာခေါင်းဝကို လာရောက်ကျီစယ်တဲ့ ဆေးနံ့တချို့က လီဖူရဲ့အသိစိတ်ကို ပြန်ခေါ်ဆောင်ပေးလာခဲ့သည်။
"ဆေးလုံးအနံ့ပဲ…. တရှားတိုင်းပြည်ရဲ့ နန်းတော်ထဲမှာ ဆေးလုံးဖန်တီးနေတဲ့လူ ရှိတာလား? ဒါဆိုရင် ဒီဆေးလုံးကိုရော အဲဒီလူ ဖန်တီးထားတာဖြစ်မလား?"
ထိုရနံ့ကြောင့် လီဖူ အံ့ဩသွားတော့သည်။ နန်းတော်ရှိရာကို လှည့်ကြည့်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေထဲမှာ အံ့ဩမှုတွေ ဝင်ရောက်လာလေ၏။
"သခင်လီ နားလည်မှုလွဲနေပြီ၊ နန်းတော်ထဲမှာရှိတဲ့သူက ကျွန်မရဲ့ညီမပါ၊ သူက ဆေးလုံးဖန်တီးနေတာ၊ သူမက အခု အရှင်မင်းကြီးရဲ့ တော်ဝင်ဆေးဆရာမတစ်ယောက် ဖြစ်လာခဲ့တာမလို့ ဆေးလုံးတွေ လုပ်နေခဲ့တာလေ"
လျိုချင်းချန် မနေနိုင်စွာ ရှင်းပြလိုက်သည်။
"မင်းရဲ့ညီမလား? တော်ဝင်ဆေးဆရာမတဲ့လား?"
လီဖူ ရှုပ်ထွေးသွားခဲ့သည်။ သူ ချက်ချင်းပင် သွားကြည့်ချင်ခဲ့သည်။ ဒါပေမဲ့ အဆုံးမှာတော့ ခေါင်းယမ်းလိုက်တော့သည်။ ထပ်မတွေးတော့ဘဲ အသက်တစ်ချက် ရှုသွင်းလိုက်လေကာ…
"သွားကြစို့"
ဒီလိုနဲ့ပဲ နှစ်ယောက်စလုံး နန်းတော်ထဲကနေ တဖြည်းဖြည်း ထွက်သွားကြလေတော့၏။
……….