← Chapters

(လက်ဖက်ရည်ရဲ့ အဓိပ္ပါယ်)

Vol. 7 Ch. 96

(လက်ဖက်ရည်ရဲ့ အဓိပ္ပါယ်)

Vol. 7 Ch. 96

'ပစ္စည်းကောင်းပဲ။ အခုဖော်ပြချက်အရဆိုရင် ဒီပစ္စည်းက ရှင်သန်ဖို့အတွက် ကံကြမ္မာအမှတ်တွေကို စုပ်ယူရမှာမလား?’

'ဘယ်လောက် အကျိုးထူးမလဲတော့ ငါ မသိဘူး။ ဒါပေမဲ့ သူ့ဟာနဲ့သူတော့ စုပ်ယူပေးမှာပဲ’

‘ဒါပေမဲ့ အမြဲတမ်း စုပ်ယူနေမှာဆိုတော့ သူ့ရဲ့စုပ်ယူမှုကတော့ နည်းလောက်တယ်။ ဘယ်လောက်တောင် နည်းမှာလဲမသိဘူး’

ရှကျိုးယွီရဲ့မျက်လုံးထဲမှာ သံသယတစ်ချို့ ဖြတ်ပြေးသွားသည်။ ထိုအချိန်မှာပဲ စနစ်ရဲ့အသံကို ကြားလိုက်ရသည်။

(ဆန်းကြယ်သော မဟာဥက ဥပေါက်ဖို့ အင်အားစုတဲ့အနေနဲ့ ကံကြမ္မာအမှတ်၁၀၀ စုပ်ယူလိုက်ပါတယ်!)

(ဒီနေ့အတွက် စုပ်ယူမှုပြီးပါပြီ။ မနက်ဖြန်မှ ပြန်လာခဲ့ပါ့မယ်)

စနစ်ရဲ့အသိပေးသံကြောင့် ရှကျိုးယွီရဲ့နှုတ်ခမ်းတွေ ချက်ချင်းပဲ ကွေးတက်သွားတော့၏။

'ကျွတ် ကျွတ် ကျွတ်။ စိတ်မကောင်းစရာက တစ်ရက်မှာ အမှတ်၁၀၀ပဲ စုပ်ယူတယ်လို့ကွာ’

ဒါပေမဲ့ မကြာခင်မှာဘဲ သူ ခံစားချက်ကောင်းသွားသည်။

‘တစ်ရက်မှာ အမှတ်၁၀၀ စုပ်ယူတယ်ဆိုရင် တစ်လကြာရင် အမှတ်၃,၀၀၀မလား? တွက်ကြည့်မယ်ဆိုရင် တော်တော်များတာပဲ’

နောက်ဆုံးတော့ ရှကျိုးယွီ တော်တော်လေး စိတ်သက်သာ သွားတော့သည်။

“အရှင်မင်းကြီး၊ ဒီဥက…”

ရှကျိုးယွီရဲ့လက်ထဲမှာ ရုတ်တရက် ပေါ်ပေါက်လာသော အမဲရောင်ဥတစ်ဥကြောင့် အမတ်တွေအားလုံး ထိတ်လန့်သွားလေရဲ့။ အဲဒီဥနဲ့ တရှားတိုင်းပြည်ရဲ့ကြားမှာရှိသော ဖျော့တော့တဲ့ ဆက်နွှယ်မှုကို သူတို့အားလုံး အာရုံခံလို့ရသည်။ အလွန်သိမ်မွေ့တဲ့ ဆက်နွှယ်မှုဆိုပေမဲ့ အာရုံခံလို့ရဆဲပဲ။

မသိရင် ဒီဥက တရှားတိုင်းပြည်နဲ့ သက်ဆိုင်နေသလိုမျိုး ခံစားရသည်။ သူတို့အားလုံး ဆွံ့အသွားတော့သည်။

ရှကျိုးယွီရဲ့လေဟာနယ်ထဲကနေ ပစ္စည်းတွေ ထုတ်ယူတတ်တဲ့အစွမ်းကိုတော့ သူတို့ မအံ့သြတော့ဘူး။ သူတို့ အသားကျနေပြီ။

“ဒါက ဥတစ်ဥပဲ”

ရှကျိုးယွီ ပုံမှန်လို ပြန်ဖြေပေးလိုက်သည်။ ထို့နောက်မှာ မြင်သာထင်သာ နေရာတစ်ခုမှာ ဒီဥကိုထားခိုင်းဖို့ တွေးမိသွားသည်။ ဒါမှ မြင်တိုင်း အမှတ်ရနေမည်လေ။

ရှကျိုးယွီ လှည့်ပတ်ကာ ရှာဖွေလိုက်ပြီး အဆုံးမှာတော့ စားပွဲပေါ်တင်ထားဖို့ တွေးလိုက်၏။

“အခုကစပြီး ဒီနေရာမှာထားမယ်။ ဘယ်သူမှ မထိစေနဲ့”

ရှကျိုးယွီ တစ်ဆက်တည်း ညွှန်ကြားလိုက်သည်။ ထို့နောက်မှာ လီလင်ပုနဲ့ တခြားအမတ်တွေကို မကိုင်စေဘဲ မိန်းမစိုးငယ်တစ်ယောက်ကိုခေါ်ကာ ပေးလိုက်လေ၏။

ထိုမိန်းမစိုးငယ်က ချက်ချင်းပဲ ခေါင်းညိတ်ကာ အရှေ့တိုးလိုက်သည်။ အရှင်မင်းကြီးရဲ့အမိန့်ကို မဆန့်ကျင်ရဲဘူး။

ရှကျိုးယွီ ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။

ထို့နောက်မှာ လီလင်ပုကို ကြည့်လိုက်ပြီး

"ကဲ၊ မင်းတို့ ပြန်သွားပြီး နားလို့ရပြီ"

"ချင်မင်းသားနဲ့ပတ်သက်ပြီး စိတ်မပူကြနဲ့။ ကျန်းနန်မြို့ကို ပထမဦးဆုံးသွားရတာဆိုတော့ သူ့အတွက် အဆင်ပြေမှာမဟုတ်ဘူး။ ချင်မင်းသားက ကြမ်းတမ်းတဲ့ သိုင်းသမားတစ်ယောက်ဆိုတော့ အုပ်ချုပ်ရေးပိုင်းကို နားမလည်ဘူးလေ။ ဒီလောက်လုပ်နိုင်တာကိုက တော်တော်ကောင်းနေပါပြီ"

“အခွန်ကောက်ခဲ့လို့ မရဘူးဆိုမှတော့ ထားလိုက်တော့။ နောက်ထပ် ဖြေရှင်းချက်ကို ရှာရမယ်။ မဟာမြို့တော်စီမံကိန်းကို နှောင်းနှေးစေလို့မရဘူး။ ဘဏ္ဍာငွေ ကုန်ဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါကိုယ်တော် ဖြေရှင်းချက်တစ်ခု ရှာပေးမယ်။ မင်းတို့ သွားနားကြတော့”

ရှကျိုးယွီ ပြောလိုက်သည်။ ထို့နောက်မှာ တည်ငြိမ်စွာဖြင့် အခါးအိုးကို ယူလိုက်ကာ အခါးတစ်ခွက် ငှဲ့လိုက်သည်။ တစ်ငုံ သောက်လိုက်ပြီးနောက်မှာ စားပွဲပေါ်တွင် ရှိနေသော နောက်ထပ်ခွက်အလွတ်တစ်ခုရဲ့ ဘေးတွင် ချထားလိုက်လေ၏။

ရှကျိုးယွီက ပုံမှန်အတိုင်း ပြုမူလိုက်တာပင်။

ဒါပေမဲ့ လီလင်ပုအတွက်တော့ မတူညီတဲ့ အပြုအမူဖြစ်ခဲ့သည်။ ထိုအပြုအမူက ယဥ်ကျေးမှုဆိုင်ရာအားဖြင့် တစ်ဖက်သားကို ဂုဏ်ပြုပေးခြင်းဖြစ်သည်!

လီလင်ပုနဲ့ ကျန်တဲ့အမတ်တွေအားလုံး အချင်းချင်း လှည့်ကြည့်လိုက်ကြသည်။ သူတို့ရဲ့မျက်လုံးထဲမှာ ချက်ချင်းပဲ သံသယတွေ ဝင်ရောက်လာတော့သည်။

လီလင်ပု ရှကျိုးယွီကို တွန့်ဆုတ်စွာ ကြည့်လိုက်ပြီး အဆုံးမှာတော့ ထွက်သွားလိုက်တော့သည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး သွားပါတော့မယ်"

ချက်ချင်းပဲ လီလင်ပု အပြင်ကို ထွက်သွားလိုက်သည်။

လီလင်ပုရဲ့အပြုအမူကြောင့် ကျန်တဲ့အမတ်တွေအားလုံး အေးခဲနေရာမှ ချက်ချင်းပဲ သတိဝင်သွားကာ အမြန်ထလိုက်သွားကြသည်။

အကုန်လုံးထသွားချိန်မှာ စားပွဲပေါ်က ပစ္စည်းတချို့ကို ရှကျိုးယွီ ကစားနေခဲ့သည်။ အခွန်ကောက်လို့ မရတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူ အများကြီး မတွေးတောခဲ့ဘူး။

ထိုအစား ချင်မင်းသားရဲ့ကိစ္စက ချောချောမွေ့မွေ့ ပြီးသွားပြီလို့တောင် ထင်မြင်နေသေးသည်။ တကယ်တော့ သူ တော်တော်လေး ပျော်ရွှင်နေတာပင်။

လီလင်ပုက ဦးဆောင်ပြီး နန်းဆောင်အပြင်ဘက်ကို ထွက်လာခဲ့သည်။ အရှင်မင်းကြီးရဲ့ အဝေးကိုရောက်တာနဲ့ အမတ်တချို့က ချက်ချင်းပဲ မေးလိုက်တော့သည်။

"အမတ်လီ၊ ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်တော့မှာလား။ ကျွန်တော်မျိုးတို့ အခုလို တင်ပြခဲ့တာ နောက်ကျရင် မင်းသားကျင်းပိုင်ကို ဖြေရှင်းဖို့ မလွယ်ကူမှာ စိုးရွံ့ရတယ်"

တစ်စုံတစ်ယောက်က မနေနိုင်စွာ မေးလိုက်လေ၏။

လီလင်ပု ခေါင်းယမ်းပြလိုက်သည်။ ထို့နောက်မှာ ထိုလူကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီး

"တကယ်တော့ အရှင်မင်းကြီးက ဖြေရှင်းနည်းတစ်ခုကို ပြထားခဲ့ပြီးပြီလေ"

"အရှင်မင်းကြီးက ပြခဲ့လို့လား?"

အကုန်လုံး ဆွံ့အသွားတော့သည်။ သူတို့ရဲ့မျက်လုံးထဲမှာ ချက်ချင်းပဲ မယုံကြည်နိုင်မှုတွေ ပြည့်လာသည်။

လီလင်ပု ရှင်းပြလိုက်သည်။

“ဟုတ်တယ်လေ ပေးခဲ့တယ်။ မင်းတို့ မြင်မလားတော့ မသိဘူး။ အရင်ဦးဆုံး အရှင်မင်းကြီးက လက်ဖက်ရည်အိုးရဲ့အဖုံးကို ဖွင့်လိုက်ပြီးတော့မှ အခါးကို ထည့်တယ်။ ပြီးရင် သောက်ပြီးသား အခါးခွက်ကို ခွက်အလွတ်ရဲ့ဘေးမှာ ထားခဲ့တယ်။ လက်ဖက်ရည် ယဥ်ကျေး​မှုရိုးရာအရဆိုရင် အဲဒါ ဘာကိုဆိုလိုတယ်လို့ ထင်လဲ?”

“ကျွန်တော် သိတယ်။ အဲဒါက ဂုဏ်ပြုမှုကို ပြသတာပဲ။ ဒါပေမဲ့ အဲလိုဆိုရင်တောင်မှ…”

တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်တော့သည်။ ဒါပေမဲ့ ထိုသူရဲ့အသံက တဖြည်းဖြည်း တိမ်ဝင်သွားလေ၏။ နောက်ဆုံးမှာ ခပ်တိုးတိုး ရေရွတ်သံကိုသာ ကြားလိုက်ရသည်။

“အရှင်မင်းကြီးက ဂုဏ်ပြုပေးချင်တာလား?”

အကုန်လုံး အံ့သြသွားတော့သည်။ တရားမဝင်ဘူးဆိုပေမဲ့ တွေးကြည့်ရင် တကယ်ကို အကျိုးအကြောင်းသင့်တဲ့ ကိစ္စပဲမလား?

ဒါပေမဲ့ ဘယ်လိုလုပ် ဂုဏ်ပြုပေးရတာလဲ?... ဒါက နောက်ထပ်မေးခွန်းတစ်ခု ဖြစ်သွားပြီ။

“ဒီလိုဆိုမှတော့ အရှင်မင်းကြီးက ဖြေရှင်းနည်းတစ်ခုကို စဥ်းစားခဲ့ပြီးလို့ပဲ ဖြစ်မှာပါ။ ဘယ်လိုလုပ်ရမလဲဆိုတာကတော့ တကယ့်မေးခွန်းပဲ”

“တော်ဝင်ဘဏ္ဍာငွေကိစ္စက ရိုးရှင်းတဲ့ကိစ္စ မဟုတ်ဘူး။ အင်အားကြီးတဲ့ အခြေအနေတွေ အများကြီးကို ထည့်စဥ်းစားရတယ်။ ဒါပေမဲ့ အရှင်မင်းကြီး အခုလို လုပ်ခဲ့တယ်ဆိုမှတော့ တစ်ခုခုကို ကြိုတင်တွက်ဆထားလို့ပဲ ဖြစ်မှာပါ။ မဟုတ်ဘူးဆိုရင် ငါတို့ကို ဘာကိစ္စ ကျန်းနန်မြို့ထိ သွားခိုင်းပြီးတော့ မရှိတဲ့ငွေကို ယူခိုင်းဖို့လုပ်မှာလဲ? တကယ်ပဲ ကျန်းပိုင်မင်းသားနဲ့ ချင်မင်းသားရဲ့ကြားမှာ ပြဿနာ ဖြစ်စေချင်နေတာလား? သူတို့ရဲ့ တိုးတက်လာမှုကို အဟန့်အတား ဖြစ်စေချင်နေတာလား?”

လီလင်ပု တွေးဆပြီးနောက်မှာ နူးညံ့စွာ ပြောလိုက်လေ၏။

“အရှင်မင်းကြီးရဲ့ ထူးချွန်တဲ့အမြင်က ငါတို့ မှန်းဆနိုင်တာထက် ပိုပြီးရှုပ်ထွေးတယ်။ တော်ဝင်မင်းသားနှစ်ယောက်ရဲ့ကြားက သစ္စာရှိမှုကို ယှဥ်ပြိုင်လိုစိတ်ဖြစ်လာအောင် တွန်းအားပေးတယ်လို့ ထင်ရပေမဲ့ တကယ်တော့ အကြံအစည်တစ်ခု ဖြစ်ချင်ဖြစ်နေမှာ!”

အမတ်တွေအားလုံး အံ့သြသွားတော့သည်။

“အမတ်လီ၊ ကျွန်တော်တို့က အရမ်းကို တုံးအတာမို့ နားမလည်နိုင်တော့ပါဘူး”

လီလင်ပု မျက်လုံးမှိတ်ကာ အချိန်တစ်ခဏကြာသည်အထိ တွေးတောနေခဲ့သည်။

'အရှင်မင်းကြီးက ငါ့ကို ကျန်းနန်မြို့ဆီ သွားပြီးတော့ ငွေယူဖို့ အမိန့်ထုတ်ခဲ့တယ်။ ပြီးတော့ စီးပွားရေးအခွန် တိုးကောက်သင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အကြံပေးခဲ့တဲ့သူကလည်း ငါပဲ’

'ဒါပေမဲ့ ငါ ကျန်းနန်မြို့ကို ရောက်တဲ့အချိန်မှာ အရှင်မင်းကြီးက နောက်ထပ် တော်ဝင်အမိန့်တော်တစ်ခုကို ထုတ်ပြန်ပြီး ကျန်းနန်မြို့ရဲ့ငွေတွေအားလုံးကို မသယ်ဆောင်နိုင်အောင် လုပ်လိုက်တယ်’

'ဒါဆို ငါ့ရဲ့တင်ပြချက်ကို အရှင်မင်းကြီး အဲဒီတုန်းက ကြိုသိနေခဲ့တာပေါ့။ ကျန်းနန်မြို့အထိ ငါ့ကို သွားစေခဲ့တာကလည်း ကိုယ်တိုင်ကြုံတွေ့စေချင်လို့လား? ကျန်းနန်မြို့ရဲ့ အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ နားလည်သွားစေဖို့ပေါ့?’

'ဒီကိစ္စတွေအားလုံးကို အရှင်မင်းကြီးက စီစဥ်ထားခဲ့တာပေါ့? ဒါဆိုရင် အကုန်လုံး အဓိပ္ပါယ်ရှိသွားပြီ’

'ဒါပေမဲ့ ခုနတုန်းက အရှင်မင်းကြီးက ဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီး မဆွေးနွေးခဲ့ဘူး။ အဲဒီအစား ဘယ်ကမှန်းမသိတဲ့ အမဲရောင်ဥတစ်ဥကို ထုတ်ယူခဲ့တယ်’

'ဒါဆိုရင် အရှင်မင်းကြီးက ဒီကိစ္စကို အစမဖော်ချင်တာလား? ဒါမှမဟုတ် ပိုရှုပ်ထွေးအောင် လုပ်စေ ချင်နေတာလား?’

'နေဦး၊ အရှင်မင်းကြီးက ငါ့ကို အခါးရေတစ်ခွက် ထည့်ပြခဲ့တယ်။ အဲ့ဒါကို အသုံးပြုပြီး ငါ့ကို သတင်းပေးချင်တာလား?’

'အကုန်လုံး ရှုပ်ထွေးလာတဲ့အချိန်မှာ… အကုန်လုံးရဲ့ စစ်မှန်တဲ့သရုပ်မှန် ပေါ်ပေါက်လာလိမ့်မယ်’

လီလင်ပုရဲ့မျက်လုံးတွေက ပိုပြီး နက်ရှိိင်းလာတော့သည်!

……

All Chapters