( အကျိုးမရှိတဲ့အရာအတွက် ကြိုးစားခြင်း)
Vol. 7 Ch. 97
လီလင်ပု အနောက်ကလူအုပ်ကို လှမ်းကြည့်လိုက်ကာ..
"ငါနားလည်ပြီ!"
ထိုစကားကြောင့် အကုန်လုံး အံ့ဩသွားတော့သည်။ ချက်ချင်းပဲ လီလင်ပုကို ဝိုင်းလိုက်ကြကာ…
“ဘာတွေဖြစ်နေတာလဲ? အမတ်လီ ဘာကိုတွေးမိလို့လဲ?”
လီလင်ပုပြုံးလိုက်လေကာ…
"အရှင်မင်းကြီးက တစ်ခြားသူတွေရဲ့ အင်အားကို အငှားယူစေချင်ပြီးတော့ မဟာတံတိုင်းတည်ဆောက်ဖို့ အသုံးပြုရမဲ့ ဘဏ္ဍာငွေကို မြင့်တင်ချင်နေတာ!"
"ပြောရမယ်ဆိုရင် ငွေချေးချင်နေတဲ့ သဘောပေါ့၊ အခုဆိုရင် ငါတို့ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်က ၆ဆတိုးသွားခဲ့တယ်။ တိုင်းပြည်ရဲ့ သန်မာမှုကလည်း ၆ဆမြင့်တက်သွားခဲ့တယ်။ အိမ်နီးချင်းတိုင်းပြည်တွေအကုန် သတိထားမိမယ်ဆိုတာ မလွဲမသေပဲ။ ငါတို့ရဲ့စွမ်းအင်ကိုသာ အကျိုးရှိရှိ ပူပေါင်းလိုက်မယ်ဆိုရင် မဟာတံတိုင်း တည်ဆောက်မဲ့ ရန်ပုံငွေကိုလည်း မကြာခင်မှာပဲ အဆင်ပြေပြေရသွားလိမ့်မယ်"
"အမတ်လီ ဘာကိုဆိုလိုတာလဲ?" အမတ်တွေအားလုံး အံ့ဩနေကြသည်။ လီလင်ပုကို အလွန့်အလွန် ရှုပ်ထွေးနေသောမျက်လုံးများနဲ့ စိုက်ကြည့်နေကြလေ၏။
လီလင်ပုရဲ့စကားတွေကို ကြားမဲ့သာကြားနေရတာ သူတို့အတွက် နားမလည်နိုင်တဲ့ ဘာသာရပ်တစ်ခုလိုမျိုးပဲ။
လီလင်ပု ခပ်ဖြေးဖြေးနဲ့ တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
"ပြောရရင် ငါတို့တွေက အတွေးလွန်နေတာကွာ"
“မဟာတံတိုင်း တည်ဆောက်မဲ့ကိစ္စဆိုတာ လုပ်သားတွေအများကြီး လိုအပ်တဲ့ကိစွပဲ။ ပိုက်ဆံတစ်ခုထဲရှိရုံနဲ့ မဖြစ်နိုင်ဘူး။ အရှင်မင်းကြီးက အဲ့ဒီတာဝန်ကို ကျန်းပိုင်မင်းသားကို လွဲအပ်ပေးခဲ့ပြီးတော့ အလုပ်ခွင်ဆိုင်ရာ အမတ်ချန်ရှုံးကိုတော့ ဖမ်းခဲ့တယ်။ အရှင်မင်းကြီး အားလုံးကို စဉ်းစားခဲ့ပြီးပြီလို့ ငါယုံတယ်။ ဒါ့အပြင် အရှင်မင်းကြီးက အရင်တုန်းက အလုပ်ခွင်ဆိုင်ရာ အမတ်ချန်ရှုံးကို မဖမ်းခဲ့သေးပဲ မဟာတံတိုင်း တည်ဆောက်မဲ့အမိန့်တော်ထုတ်ပြန်ပြီးတဲ့ အချိန်ကျမှ ဖမ်းခဲ့တယ်။ မင်းတို့ ဘာလို့လို့ ထင်လဲ?"
လီလင်ပု အနောက်က လူအုပ်ကို ကြည့်ကာ မေးလိုက်သည်။
ထိုအချိန်မှာ အကုန်လုံးက စပ်စုစွာဖြင့် လီလင်ပုကို ဝန်းရံထားခဲ့ကြသည်။ သူတို့ရဲ့မျက်နှာပေါ်မှာ ရှုပ်ထွေးမှုတို့ ပြည့်နှက်နေ၏။
"ဘာကိုဆိုလိုတာလဲ?"
လီလင်ပု ရယ်လိုက်လေကာ…
“ဆိုလိုတာ အရှင်မင်းကြီးက အလုပ်ခွင်ရေးရာ ငှာနကို တစ်စုံတစ်ခုအတွက် အသုံးပြုချင်နေသေးတာပဲ။ တွေးကြည့်လေ အမတ်ချန်ရှုံးကို ဘာအတွက် ဖမ်းသွားခဲ့တာလဲ?"
"သတင်းမှောင်ခို ရောင်းတဲ့ကိစ္စနဲ့မဟုတ်ဘူးလား? ဝေ့တိုင်းပြည်နဲ့ လျှိုဝှက်ပူပေါင်းလို့လေ"
"အရှင်မင်းကြီးက အမတ်ချန်ရှုံးရဲ့ လျှိုဝှက်ကုန်သည်တဲ့ လမ်းကြောင်းက တရားမဝင်ဘူးဆိုတာကို နားလည်တယ်။ ငါတို့အနေနဲ့ တရားဝင်အောင် လုပ်ချင်တယ်ဆိုရင် စီပွားရေးလမ်းကြောင်းအဖြစ် ပြောင်းလဲပေးမှရမယ်။ ပြောရမယ်ဆိုရင် တရှားတိုင်းပြည်အတွက် လမ်းကြောင်းတစ်ခု ဖန်တီးရမှာပေါ့"
"ရိုးရိုးလေးပဲပြောမယ်ကွာ၊ ဆိုလိုချင်တာက ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုကိုဖွင့်စေချင်တာ။ ငါတို့မှာရှိတဲ့ ပေါများတဲ့ ရောင်းကုန်တွေကို ဝေ့တိုင်းပြည်ထဲ ဖြန့်ကျက်စေပြီးတော့ အဲ့ဒီကနေ မျိုးမျိုးမြတ်မြတ်ရချင်တာပဲ"
လီလင်ပုရဲ့ မျက်နှာမှာ ဂုဏ်ယူမှုတို့ ဝေဖြာလာခဲ့သည်။
အမတ်တွေ အားလုံး ထပ်မံပြီး အံ့ဩရပြန်သည်။ လီလင်ပုကို အကုန်လုံး ထိတ်လန်စွ့ာ ကြည့်လိုက်ကြပြီး…
"အမတ်လီ ရူးနေတာလား? ဒါကပုန်ကန်မှုနော်!!!"
တစ်စုံတစ်ယောက်က ထအော်လိုက်သည်။ ထိုသူရဲ့ မျက်လုံးထဲမှာ ဒေါသတို့ ပြည့်နှက်နေ၏။
ဒီကိစ္စက ဘယ်လိုပဲကြည့်ကြည့် ပုန်ကန်မှုပဲ!
ဒါပေမယ့် လီလင်ပုက သဘောမတူခဲ့ဘူး။ ခေါင်းယမ်းလိုက်လေကာ ယုံကြည်မှုရှိရှိ ပြောလိုက်၏။
"ပုန်ကန်ုမှုဟုတ်လား? မဟုတ်ဘူး၊ အဲ့တာက အရှင်မင်းကြီးရဲ့ တိုက်ရိုက်အမိန့်ပဲ။ ငါတို့အနေနဲ့ ပိုက်ဆံရှာဖို့ အမြန်ဆုံးနဲ့ အကောင်ဆုံး နည်းလမ်းဆိုလည်း မမှားဘူး။ အရှင်မင်းကြီးရဲ့ ပါးစပ်က ကိုယ်တိုင်ကိုယ်ကျ ထုတ်မပြောခဲ့တာက ရှက်ဖို့ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်နေလို့သာပဲ"
"တရှားတိုင်းပြည်ရဲ့ ငွေကြေးပိုင်းကို မြင့်တက်စေချင်တယ်ဆိုရင် ငါတို့ ကိုယ့်တိုင်းပြည်ကိုယ်ပဲ အားကိုးနေလို့ မရဘူး။ တခြားတိုင်းပြည်တွေနဲ့ ပူပေါင်းနိုင်မယ်ဆိုရင်... တခြားတိုင်းပြည်တွေမှာရှိတဲ့ တော်ဝင်မိသားစုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်မယ်ဆိုရင် သူတို့ရဲ့ ပိုက်ဆံတွေကို ယူလို့ရပြီ။ အဲ့ဒါအကြံကောင်းပဲမလား?"
"သေချာပေါက် အကြံကောင်းပဲဆိုပေမဲ့ ငါတို့ဘက်က ပြန်ပေးဆပ်ရမှာလည်း ရှိတယ်နော် အမတ်လီ။ အဲ့ဒီတိုင်းပြည်အသီးသီးရဲ့ တောင်းဆိုမှုတွေကို ငါတို့က ပြန်ဖြည့်ဆည်းပေးရလိမ့်မယ်"
“ဒါပေမယ့်အရှင်မင်းကြီးက အကုန်လုံးကို စဉ်းစားပြီးသွားလောက်ပြီ”
လီလင်ပု နက်ရှိုင်းစွာကြည့်လိုက်ရင်း ပြောလိုက်သည်။
ထိုစကားလုံးတွေက အမတ်တွေရဲ့ နားထဲမှာတော့ မုန်တိုင်းတစ်ခုလို ဝင်ရောက်သွားလေ၏။ အကုန်လုံး ပင့်သက်ရှိုက်လိုက်ကြလေကာ
"မဟုတ်ဘူး ဒါက ဘယ်လိုပဲကြည့်ကြည့် ပုန်ကန်မှုပဲ!!!"
တစ်စုံတစ်ယောက်က ထပြောလိုက်သည်။
လီလင်ပု မတက်နိုင်စွာ ခေါင်းပဲယမ်းပြလိုက်လေတော့၏။
ဒါက ပုန်ကုန်မှုတဲ့လား? တကယ်တော့ လီလင်ပုလည်း မသေချာပါချေ။
ရှကျိုးယွီရဲ့ ကိစ္စတွေကို စီမံပုံက အလွန်ထူးဆန်းသည်။ အမိန့်ပေးပုံက ပိုတောင် ထူးဆန်းသေးသည်။ ဒါကြောင့် ဒီအခြေအနေမှာ ရှကျိုးယွီရဲ့ ဆိုလိုရင်းကို သူလည်းပဲမသိဘူး။ သူလည်းပဲ အတိအကျ မပြောနိုင်ဘူး။
"ဒီလိုဆိုမှတော့ ကောင်းကင်အကျဉ်းထောင်ကို သွားပြီးတော့ ယောင်ဖန်းနဲ့ချန်ရှုံးကို သွားတွေ့ကြမယ်။ ငါတို့ ဘာသတင်းများ ရနိုင်မလဲ ကြည့်ကြတာပေါ့။ အဲ့ဒီကျန်းပိုင်မင်းသားက နေတိုင်း ငွေတွေ ဖြုန်းတီးနေတာ အဲ့လောက်ကြီးတဲ့ စီမံကိန်းကို ငါတို့တိုင်းပြည်ရဲ့ဘဏ္ဍာတိုက်က အချိန်အကြာကြီး တောင်ခံနိုင်မှာမဟုတ်ဘူး။"
"ဒီလို အပြုအမှုမျိုးက အကူအညီ ဖြစ်လာခဲ့မယ်ဆိုရင် ပုန်ကန်မှုအဖြစ် မသတ်မှတ်ခံရပါဘူးကွာ"
"ငါတို့တွေ လိုအပ်တဲ့ ပိုက်ဆံရပြီဆိုရင် အဲ့ဒီတိုင်းပြည်တွေကို လျစ်လျူရှုလိုက်လို့ရပြီ!"
"ဒါမှမဟုတ်ရင်လဲ အဲ့ဒီအချိန်ကျရင် စီပွားရေးအရ ပြတ်ပြတ်သားသား ရပ်တည်ပစ်လိုက်လို့ရပြီ။ ငါတို့မှာ လုံလောက်တဲ့ သန်မာမှု ရှိပြီဆိုတာနဲ့ တိကျတဲ့ စီပွားရေးလမ်းကြောင်းကို ဖွင့်လိုက်လို့ ရပြီမလား? ဒါက အရှင်မင်းကြီး လိုချင်နေတဲ့ နည်းလမ်းပဲ!"
လီလင်ပု ခိုင်မာစွာပြောလိုက်သည်။ ဒါပေမယ့် သူရဲ့ နှလုံးကတော့ အလွန်တုန်လှုပ်နေလေ၏။
ဘာလို့ဆိုရင် သူလည်းပဲ မသေချာဘူး။ သူလုပ်နေတဲ့ ကိစ္စက တကယ်ပဲ မှန်ကန်တဲ့ကိစ္စလား? ရန်သူတိုင်းပြည်ဆီကနေ ပိုက်ဆံပြန်ယူဖို့ ကြိုးစားနေတဲ့ သူရဲ့အကြံအစည်က တကယ်ပဲ အောင်မြင်မှာလား?
ပြီးတော့ အဲ့ဒီ ပိုက်ဆံကို အသုံပြုပြီးတော့ ရန်သူတွေကို ကာကွယ်မဲ့ မဟာတံတိုင်းကို တည်ဆာက်မှာမလား? အခုလို ကိစ္စက သူတခါမှ မတွေးဖူးတဲ့ ကိစ္စပဲ။ ပြီးတော့ သေချာတွေးတော ကြည့်မယ်ဆိုရင် မဟာတံတိုင်း တည်ဆောက်မဲ့ကိစ္စကို ဝေ့တိုင်းပြည်က သိထားပြီးပြီ။ ဝေ့တိုင်းပြည်ဘက်က တရှားတိုင်းပြည်အတွင်းမှာ လူယုံတွေ ခန့်အပ်ထားချင်မှာပဲ။ ဒီကိစ္စမှာ ပေးဆပ်ရမဲ့ တန်ကြေးဆိုတာ သေချာပေါက်ကို ရှိနေလိမ့်မည်!
"ဒါပေမယ့် အမတ်လီ ဒီကိစ္စက မမြင်နိုင်တဲ့ အန္ထရာယ်တွေအများကြီးကို ဖိတ်ခေါ်လာနိုင်တယ်နော်။ အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်က ဒီလောက်ထိဖြစ်နိုင်မှာမလို့လား?"
လီလင်ပုကို တစ်စုံတစ်ယောက်က မနေနိုင်စွာ မေးခွန်းထုတ်လိုက်သည်။ အမတ်တွေအားလုံးရဲ့မျက်လုံးထဲမှာ သံသယတွေ ပြည့်နှက်နေလေ၏။
လီလင်ပုရဲ့ စကားတွေက သူတို့အတွက်တော့ ဘယ်လိုပဲ နားထောင်ပါစေ ထူးဆန်းပြီး မယုံကြည်နိုင်စရာ ကိစ္စတစ်ခုလိုမျိုးပဲ။
ဒါပေမယ့် လီလင်ပုကတော့ ယုံကြည်မှုရှိစွာ ဖြေကြားလိုက်လေရဲ့။
"မဖြစ်နိုင်စရာ ကောင်းတဲ့ကိစ္စလို့ ထင်ရပေမဲ့ အမတ်တို့ သေချာတွေးကြည့်ပါ။ ဒီကိစ္စမတိုင်ခင် ကျန်းနန်မြိုက ကိစ္စကိုပဲ တွေးကြည့်လိုက်၊ ကျန်းနန်မြို့က ကိစ္စကိုလည်း အမတ်တို့ မဖြစ်နိုင်ဘူးလို့ တွေးခဲ့ကြတယ်မလား? ဒါပေမယ့် အရှင်မင်းကြီးရဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်တဲ့အချိန်မှာ အဆုံးကျတော့ အောင်မြင်သွားတာပဲမလား?"
အကုန်လုံး မနေနိုင်စွာ အတွေး များသွားကြတော့သည်။
အရှင်မင်းသားကို ကျန်းနန်မြို့ကို ပထမဦးဆုံး စေလွှတ်တဲ့အချိန်ကို စဉ်းစားလိုက်သည်။ ထို့နောက်မှာ ကျန်းနန်မြို့ဆီကို သွားခဲ့ရတဲ့ သူတို့ရဲ့ကိုယ်ပိုင်ခရီးစဉ်ကို ပြန်တွေးတောလိုက်သည်။ ချက်ချင်းပဲ သူတို့ရဲ့မျက်လုံးတွေ တည်ငြိမ်လာတော့၏။
"အရှင်မင်းကြီးက တကယ်ပဲ အခုလို ဖြစ်ချင်တာများလား?"
"တကယ်ပဲ တခြားတိုင်းပြည်တွေက ငါတို့ကို ဘာကိစ္စ ယုံကြည်မှာလဲ?"
အကုန်လုံးရှုပ်ထွေးနေကြသည်။
လီလင်ပုရဲ့ စိတ်ပိုင်းဖြတ်ထားတဲ့ မျက်လုံးတွေကို မြင်တဲ့အခါမှာ သူတို့တွေပိုပြီး မယုံကြည်နိုင်ဖြစ်လာရ၏။
ထိုအချိန်မှာ လီလင်ပုက ပြုံးလိုက်လေကာ
"ငါ သေချာမသိပေမဲ့ အကယ်လို့ကိစ္စတွေကသာ ငါမှန်းခဲ့သလို ဖြစ်နေမယ်ဆိုရင် အမတ်တို့ ကြည့်ထားလိုက်ပါ။ တိုင်းပြည်တွေကြားက ကုန်သွယ်မှုလမ်းကြောင်းက သေချာပေါက် အတားဆီးမရှိပဲ ချောမွေ့နေလိမ့်မယ်"
ပြောပြီးနောက်မှာ လီလင်ပုက ခနရပ်လိုက်သည်။ ထို့နောက်မှာ တစ်ယောက်ချင်းဆီကို အလွန်တည်တံစွာဖြင့် ကြည့်လိုက်လေ၏။
"အရှင်မင်းကြီးဘက်က လိုအပ်တဲ့ ပြင်ဆင်မှုအားလုံးကို လုပ်ပြီးလောက်ပြီလို့ ငါထင်မိတယ်။ ငါတို့ တကယ် လုပ်ရတဲ့အချိန်ကျရင် ကြည့်နေလိုက် အကုန်ချောမွေ့နေလိမ့်မယ်!"
"မင်းတို့ မယုံဘူးဆိုရင်လည်း စောင့်သာကြည်နေစမ်းပါ"
ပြောပြီးတာနဲ့လီလင်ပုက ခေါင်းကို ဟိတ်ဟန်ပါပါ မတ်လိုက်လေ၏။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူအပြည့်အဝ ယုံကြည်သည်။ တချိန်ထဲမှာပဲ အဝေးကနန်းတော်ကို မျှော်ကြည့်လိုက်သည်။
ဖျော့တော့တဲ့ခံစားချက်ဆိုပေမဲ့ နဂါးတစ်ကောင်ရဲ့အရိပ်ကို မြင့်တွေ့နေရသလိုမျိုး လီလင်ပု ခံစားရလိုက်လေ၏။
………