(ရေကြီးမှုက ပြင်းထန်တယ်)
Vol. 7 Ch. 98
ကျန်းနန်မြို့ အတွင်းမှာ မိုးအဆက်မပြတ် ရွာသွန်းနေခဲ့သည်။ ကျရောက်လာတော့မဲ့ ဖိအားကြီးတစ်ခုကိုပါ ခပ်ဖျော့ဖျော့ အာရုံခံလို့ရနေသည်။
ရေကြီးမှုက အချိန်မရွေးဖြစ်ပေါ်တော့မဲ့ပုံပဲ။ အခုလိုမျိုး မိုးဆက်တိုက်ရွာနေမယ်ဆိုရင် ရက်တစ်ချို့တောင်မခံတော့မှာကို စိုးရိမ်ရသည်။ အုပ်ချုပ်သူစံအိမ်အတွင်းမှာထိုင်နေတဲ့ ချင်မင်းသားရဲ့မျက်နှာသည် မည်းမှောင်နေတော့၏။
သူဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ သူ့ရဲ့မျက်လုံးထဲမှာ စိုးရိမ်မှုတို့ပြည့်နေခဲ့သည်။
“ရေကြီးမှုကို ထိန်းချုပ်မဲ့ကျင့်ကြံသူက ဘာကိစ္စ အခုထိမရောက်သေးရတာလဲ? လေးရက်တောင်ရှိ နေပြီလေ!”
“ဒီပုံတိုင်းဆိုရင် ကျန်းနန်တစ်မြို့လုံး ရေမြုပ်တော့မှာပဲ!”
ကောင်းကင်အထက်မှာ နေရာယူအုပ်စိုးထားတဲ့ တိမ်မည်းတွေကို မော့ကြည့်ရင်း ချင်မင်းသား ပူပင်စွာပြောလိုက်သည်။
ချင်မင်းသားရဲ့ဘေးရှိ ကိုယ်ပိုင်သက်တော်စောင့်သည် ချက်ချင်းပဲ အံ့ဩ သွားကာ အမြန်ဖြေကြားလိုက်သည်။
“သတင်းတွေအရတော့ နန်းတော်ကစေလွှတ်လိုက်တဲ့ ကျင့်ကြံသူက ထွက်သွားတာကြာခဲ့ပြီတဲ့၊ ဒါပေမယ့် အဲ့ဒီလူနဲ့ ပတ်သက်ပြီး ဘာသတင်းမှလည်းမ ကြားရသေးဘူး။ ဒီကိုလာတဲ့လမ်းမှာ ပြဿနာတစ်ခုခု ဖြစ်ခဲ့တာများလား?”
“ဒါမှမဟုတ်ရင် အဲ့ဒီလူက……… အသုံးမကျတဲ့သူ တစ်ယောက်ဖြစ်နေတာများ လား?”
ထိုစကားကိုကြားတဲ့အခါမှာ ချင်မင်းသား လက်တစ်ဖက်ယှမ်းပြလိုက်သည်။
“အဲ့ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! ငါ့ရဲ့တူတော်က တုံးအတဲ့သူ တစ်ယောက်မဟုတ်ဘူး”
ထိုအချိန်မှာပဲ တံခါးရဲ့အပြင်ဘက်ကနေ လေးလံတဲ့ခြေသံများစွာကို ကြားလိုက်ရသည်။
“ အရှင်မင်းကြီး… မိန်းကလေးနှစ်ယောက် ရောက်နေပါတယ်။ ရေကြီးမှုကို ထိန်းချုပ်ဖို့အတွက် နန်းတော်က စေလွှတ် လိုက်တဲ့သူတွေလို့ပြောပါတယ်”
“မိန်းကလေး နှစ်ယောက်တဲ့လား…?” ချင်မင်းသား အံ့ဩသွားခဲ့သည်။ ချက်ချင်းပဲထိုင်ခုံမှ ထရပ်လိုက် လေကာ
“အမြန်ဝင်ခိုင်းလိုက် နောက်ဆုံးတော့ရောက်လာပြီပေါ့”
ရှထိုက်အန်း ချက်ချင်းပဲ ထွက်သွားတွေ့ဖို့ပြင်လိုက်ပေမယ့် ထိုစစ်သားလေးက အလျင်စလို တားမြစ် လာခဲ့သည်။
“မဟုတ်ဘူး အရှင့်သား၊ သူတို့တွေက သတင်းပေးရုံပဲပေးခဲ့တာပါ။ ထွက်သွားကြပြီ”
“ထွက်သွားကြပြီ ဟုတ်လား?”
ရှထိုက်အန်း နေရာမှာတင် ရပ်တန့်သွားခဲ့သည်။ ထိုစစ်သားငယ်ကို ရှုတ်ထွေးစွာ ကြည့်လိုက်ပြီး
“ဟုတ်ပါတယ် အရှင့်သား သူတို့ထွက်သွားလိုက်ကြပြီ။ ပြောခဲ့တာတော့ ရေကြီးမှုကိုထိန်းချုပ်ဖို့အတွက် မြေအနေ အထားကို အရင်ဆုံးလေ့လာဖို့လိုအပ်လို့ပါတဲ့”
ရှထိုက်အန်း ချက်ချင်းပဲ သံသယဝင်သွားခဲ့သည်။
“သူတို့က အသက်ဘယ်လောက်လောက်ရှိပြီလဲ? ကျင့်ကြံဆင့်ကကောဘယ်လိုရှိလဲ?”
“ကြည့်ရတာတော့ ဆယ်ကျော်သက် အရွယ်လောက်ပဲရှိပါတယ်၊ အရှင့်သား။ ကျင့်ကြံဆင့်ကတော့ ကျွန်တော်မျိုးမပြော နိုင်ပါဘူး”
ထိုကောင်လေး အမြန်ဖြေကြားလိုက်သည်။
ရှထိုက်အန်း မှင်သက်သွားလေပြီ။
'ဆယ်ကျော်သက် အရွယ်တဲ့လား? မင်းငါ့ကို လာနောက်နေတာလား? ဆယ်ကျော်သက်အရွယ် ကလေးမ နှစ်ယောက်ကို ရေကြီးမှုထိန်းချုပ်ဖို့ စေလွှတ်လိုက်တယ်တဲ့လား? ငါ့တူတော်မောင်က ဘာတွေလုပ်နေတာလဲ?’
'ဒါလုံးဝအဓိပ္ပာယ်မရှိဘူး! သူ ကစားနေတာလား? လူသန်းချီတဲ့ အသက်တွေကို ကစားစရာ ထင်နေလား!’
'ဆယ်ကျော်သက် အရွယ်ကလေးမ တစ်ယောက်က ဘယ်လောက်များတဲ့ ကျင့်ကြံဆင့်ကို ပိုင်ဆိုင်နိုင် မှာမလို့လဲ?’
ရှကျိုးယွီရဲ့စွမ်းဆောင်မှုနဲ့ပတ်သက်ပြီး ဘယ်လောက်ပဲယုံကြည်တယ်ဆိုဆို ရှကျိုးယွီကလွဲရင် ကျန်တဲ့သူတွေ အပေါ် မှာတော့ သူအလွယ်တကူမယုံကြည်နိုင်ဘူး။
“ဆယ်ကျော်သက် အရွယ် ကလေးမဆိုတာ မင်းသေချာလား?”
“တစ်ခြားထူးခြားတဲ့အချက်တွေကော တွေ့ခဲ့သေးလား?”
“အဲ့ဒီကောင်မလေးရဲ့လက်ထဲမှာ တစ်ခုခုရှိနေလား? ဥပမာ ပြောရရင်.. အစီအရင်တို့ ဘာတို့ပေါ့ကွာ”
ရှထိုက်အန်းက စိတ်ပူမှုတစ်ချို့ စွန်းထင်းနေတဲ့မျက်လုံးတွေနဲ့ ကြည့်ကာပြောလိုက်သည်။
ထိုစစ်သားလေးခမျာ ကြောက်လန့်ပြီး အမြန်ဖြေကြားလိုက်လေ၏။
“အဲ့ဒီကောင်မလေးရဲ့ ဘေးက မိန်းကလေးကတော့ လက်ထဲမှာ ထီးတစ်ချောင်း ကိုင်ထားပါတယ်အရှင့်သား။ အဲ့ဒီထီးက နည်းနည်း ထူးဆန်းသလိုမျိုးပဲ အဲ့ဒီထီးရှိနေတဲ့သူမတို့ရဲ့ပတ်ပတ်လည်ကို မိုးရေစက်တွေ မကျဘူး”
“မိုးရေစက်တွေကအလိုအလျောက်ရှောင်ကွင်းသွားတယ်တဲ့လား?”
ရှထိုက်အန်း အနည်းငယ်အံ့ဩသွားခဲ့သည်။
“ဒါဆိုရင် ဒီကောင်းမလေးမှာ ဆန်းကြယ်တဲ့လက်နက်တစ်ခုခုရှိနေတာလား? ဒါပေမယ့် ဘယ်လိုပဲ ဆန်းကြယ်တဲ့ လက်နက်ကိုပိုင်ဆိုင်ထားပါစေ ငယ်ရွယ်တဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ အခုလို ကြီးမားတဲ့ပြဿနာတစ်ခုကို ဖြေရှင်းနိုင်မှာမလို့လား? အထူးသဖြင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ကလေ!”
ဘယ်လိုပဲစဉ်းစားပါစေ ရှထိုက်အန်း အတွက်တော့ သူမကအရမ်းကို ငယ်လွန်းနေခဲ့သည်။ ဒါပေမယ့် အချိန်အကြာကြီး စဉ်းစားပြီးတဲ့နောက်မှာ ရှထိုက်အန်း ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ပြီး ရင်ထဲက သံသယတွေကို ဖိနှိပ်လိုက်တော့သည်။
အဲ့ဒီကောင်မလေးကို မယုံကြည်ဘူးဆိုရင်တောင်မှ အရှင်မင်းကြီးတော့ သူယုံကြည်ရဦးမည်လေ။
ဘယ်လိုပဲဆိုဆို အဲ့ဒီကောင်မလေးက ရှကျိုးယွီ စေလွှတ်လိုက်တဲ့သူပဲ။ ကျန်းနန်မြို့မှာဖြစ်လာတဲ့ ရေကြီးမှုနဲ့ ပတ်သက်ပြီး ရှကျိုးယွီ အချိန်အကြာကြီးထဲက ကြိုပြီးသိထားလောက်သည်။ ဒါကြောင့်မလို့ အရာအားလုံးက အရှင်မင်းကြီးရဲ့ တွက်ချက်မှုထဲမှာပဲရှိနေသည် ။
ဒါကြောင့် သူ့အနေနဲ့ ဆုတောင်းယုံပဲ တတ်နိုင်တော့သည်။
အရာအားလုံးက ရှကျိုးယွီရဲ့အစီအရင်တွေပဲ။
“အရှင်သား ကျွန်တော်မျိုး အဲ့ဒီမိန်းကလေး နှစ်ယောက်ကိုသွားရှာလိုက်ရမလား?”
ရှထိုက်အန်းရဲ့ စိုးရိမ်ပူပန်နေသော မျက်နှာကိုမြင်တဲ့အခါမှာ ထိုစစ်သားလေး မနေနိုင်စွာမေးလိုက်သည်။
ရှထိုက်အန်း ခေါင်းယမ်းပြလိုက်ပြီး
“မလိုဘူး အရှင်မင်းကြီး စေလွတ်လိုက်တဲ့သူဆိုမှတော့ ငါတို့ဘက်က ယုံကြည်မှုပြမှဖြစ်မယ်!”
ထို့နောက်မှာ ရှထိုက်အန်းက ထိုကောင်လေး ရဲ့မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်ပြီး
“ကျန်တဲ့လူတွေကို သတင်းပေးထား၊ အဲ့ဒီမိန်းကလေးနှစ်ယောက်ဘက်က တောင်းဆိုမှုရှိခဲ့ရင် အပြည့်အဝ ပူးပေါင်း ပေးရမယ်လို့”
ရှထိုက်အန်း ပြောနေရင်းနဲ့ ခဏလောက်ရပ်သွားပြီးမှ ဆက်ပြောလိုက်သည်။
“ပြီးတော့ သူတို့လုပ်ချင်တဲ့အရာကို လုပ်ခိုင်းလိုက်၊ မတားမြစ်နဲ့”
ရှထိုက်အန်းရဲ့ စကားကြောင့် ထိုကောင်လေး အနည်းငယ်အံ့ဩသွားခဲ့သည်။ ဒါပေမယ့် အမြန်ပဲပြန် ဖြေကြားလိုက်သည်။
“အမိန့်တော်တိုင်းပါ”
ထိုကောင်လေးက ပြောပြီးတာနဲ့ရပ်မနေခဲ့ဘူး။ အမြန်ပဲ ပြန်ထွက်သွားတော့သည်။ ဒီလိုနဲ့အုပ်ချုပ်သူ စံအိမ်ထဲမှာ ရှထိုက်အန်းနှင့်သူ့ရဲ့ ကိုယ်ပိုင်သက်တော်စောင့်သာ ကျန်ခဲ့တော့သည်။
ရှထိုက်အန်းရဲ့ ကိုယ်ပိုင်သက်တော်စောင့်က အရှေ့ကိုတက်လာခဲ့ပြီး
“အရှင်မင်းသားက တစ်ကယ်ပဲ မင်းကြီးကိုအရမ်းယုံကြည်တာပါလား?”
“ဒါက ယုံကြည်တာ မယုံကြည်တာကို မေးခွန်းထုတ်နေရမဲ့ ကိစ္စမဟုတ်ဘူး။ ဒီအခြေအနေမှာ ငါက မင်းကြီးကို မယုံဘူး ဆိုရင် ဘာလုပ်နိုင်မှာမလို့လဲ?”
“ ဘာလဲ? အဲ့ဒီကောင်မလေး နှစ်ယောက်ကို ငါမောင်းထုတ်ပစ်လိုက်ရမှာလား?”
“မိုးကအဆက်မပြတ်ရွာနေခဲ့တာ ဘာမှမလုပ်ဘူးဆိုရင် ကျန်းနန်တစ်မြို့လုံးရေလွှမ်းမိုးခံရလိမ့်မယ်!”
“ကျန်းနန်မြို့မှာရှိတဲ့ ဂိုဏ်းအများစုက အခွင့်အရေးယူပြီး ထွက်ပြေးနေခဲ့ကြပြီ။ အခုမြို့ထဲမှာ တည်ငြိမ်နေတယ်လို့ ထင်ရပေမယ့် တစ်ကယ်တော့ ပြည်သူတွေအားလုံးရဲ့ရင်ထဲမှာ ကြောက်လန့်နေကြရတာ”
နက်ရှိုင်းတဲ့ ဝမ်းနည်းမှုတွေက ရှထိုက်အန်းရဲ့ မျက်လုံးထဲမှာ အမြစ်တွယ်လာခဲ့သည်။
“ဒါဆိုရင် အရှင့်သား ကျွန်တော်မျိုးတို့ပြည်သူတွေကို ဘေးကင်းရာကိုပြောင်းရွှေ့ပေးလိုက်ရမလား?” ထိုကောင်လေးက မနေနိုင်စွာမေးမြန်းလိုက်သည်။
“ဘေးကင်းရာကို ပြောင်းရွှေ့ပေးမယ်ဟုတ်လား? ငါက ဘယ်လိုပဲသိုင်းသမားတစ်ယောက် ဖြစ်နေပါစေ အခုအခြေ အနေနဲ့ပတ်သက်ပြီးတော့ နားလည်သေးတယ်။ အခုကျမှ လူတွေကို ပြောင်းရွှေ့ပေးဖို့ လုပ်မယ်ဆိုရင် ကျန်းနန်မြို့ ထဲမှာ ဗရမ်းဗတာတွေ ဖြစ်လာလိမ့်မယ်။ အခုအချိန်မှာ ငါတို့အနေနဲ့ တစ်ခု တည်းသော ရွေးချယ်စရာက အရှင်မင်းကြီး ပို့ပေးလိုက်တဲ့သူတွေနဲ့ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်ဖို့ပဲ။ ငါ့တို့မှာတစ်ခြားရွှေးချယ်စရာမရှိတော့ဘူး”
“ငါက အုပ်ချုပ်ရေးပိုင်းကို နားမလည်ပေမယ့် ဒီအခြေအနေရဲ့အရေးပါမှုကိုတော့ သဘောပေါက်ပါ သေးတယ်”
ချင်မင်းသား ပြောလိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ စူးရှမှုတစ်ချို့ ဖြတ်ပြေး သွားလေ၏။
သူ့အတွက်တော့ ဘဝမှာကြုံတွေ့လာတဲ့အရာတွေ့နဲ့အားလုံးက ပင်လယ်ထဲမှာ ကူးခတ်နေစဉ် ကြုံတွေ့ရတဲ့ လှိုင်းအတက်အကျ တွေလိုမျိုးသာ ဖြစ်သည်။
…………………………….
ထိုအချိန်မှာ ယူလျိုရှားနှင့် ရွမ်းအာကတော့ အုပ်ချုပ်သူစံအိမ်မှ ထွက်လာခဲ့သည် ။ ကျန်းနန်မြို့ရဲ့ လမ်းကြားတွေထဲမှာ ဖြတ်သွားနေရင်း အနက်ရောင်ထီးကို ဖွင့်ထားကာ ကောင်းကင်ပေါ်မှ ဆက်တိုက် ကျရောက်နေတဲ့ မိုးပျောက်တွေထံမှ ကာကွယ်ထားသည်။ .
ထိုထူးဆန်းတဲ့ အနက်ရောင်အသားနဲ့ ပြုလုပ်ထားသောထီးက ပတ်ပတ်လည်ရှိလေထုကို ဟန့်တားပစ်လိုက်ကာ ကျရောက်နေတဲ့ မိုးစက် တွေကို တားမြစ်ပေးနေဟန်ရှိသည်။ အလွန်ထူးဆန်းတဲ့ မြင်ကွင်း တစ်ခုမို့ ဖြတ်သွားဖြတ်လာ လူများပင် မနေနိုင်စွာလှည့်ကြည့်တော့၏။
“သခင် ကျန်းနန်မြို့ရဲ့ ရေကြီးမှုက ကျွန်မတို့ထင်ခဲ့တာထက်ပိုပြီးတော့ အရေးကြီးမယ်နဲ့တူတယ်။ ဘာ ဆက်လုပ်ကြ တော့မလဲ?” ရွမ်းအားမနေနိုင်စွာမေးလိုက်သည်။
ယူလျိုရှားအဖြေမပေးခဲ့ဘူး။ သူမက တိတ်ဆိတ်စွာဖြင့် ကျန်းနန်မြို့ရဲ့ ကောင်းကင်ကြီးကို စိုက်ကြည့်နေလေ၏။ သူမ၏ မျက်လုံးတွေက နက်ရှိုင်းနေခဲ့သည်။
“အဓိကနေရာတွေကိုရှာဖွေပြီး အဲ့ဒီနေရာတွေမှာထူးချွန်ကောင်းမွန်တဲ့ အစီအရင်တစ်ခုကို ဖန်တီးနိုင်မှသာ သဘာဝ ဘေးကို ငါတို့တားမြစ်နိုင်လိမ့်မယ်။ ငါလည်း ဒီလောက်ထိ အခြေအနေဆိုး လိမ့်မယ်လို့ မထင်ထားမိဘူး။ အခု ရောက်လာတော့မှပဲ အခြေအနေတွေက ထင်ထားတာထက် ပြင်းထန်နေတာပဲ”
ယူလျိုရှားနူးညံ့စွာ ပြောလိုက်လေသည်။ ထိုစကားကို ကြားရချိန်မှာ ရွှမ်းအား မကျေမနပ် ဖြစ်သွားတော့သည်။
“အဲ့ဒီနန်းတော်ကလူတွေက တစ်ကယ်ကိုနေနိုင်ကြတာပဲ။ ဒီကအခြေအနေတွေကိုသိတာတောင်မှ အဲ့ဒီဘုရင်ဆိုရင် နည်းနည်းမှ ခံစားချက် ထုတ်ပြတာမဟုတ်ဘူး။”
စာစဉ်ပြီး၏