← Chapters

(တော်လိုက်တဲ့ ဦးရီးတော်)

Vol. 7 Ch. 95

(တော်လိုက်တဲ့ ဦးရီးတော်)

Vol. 7 Ch. 95

ဒီလိုနဲ့ပဲ နေ့ရက်တွေ ကုန်ဆုံးသွားခဲ့သည်။

ဒီရက်ပိုင်းအတွင်းမှာ ရှကျိုးယွီက ကောင်းကင်ဘုံ အကာအကွယ်စည်း နဲ့ပတ်သက်ပြီး လေ့လာမှုပြုနေခဲ့သည်။ ‌ကောင်းကင်ဘုံအကာအကွယ်စည်းရဲ့ ဆန်းကြယ်တဲ့ အကျိုးတွေနဲ့ပတ်သက်ပြီး သူသင်ယူနေခဲ့တာပဲ။

အရေးပါမှုတချို့ကိုလည်း သူပိုင်ဆိုင်သွားခဲ့သည်။

အခုဆိုရင် လက်တစ်ချက်လှုပ်လိုက်တာနဲ့ တောင်တွေကို ဖြိုခွဲပစ်နိုင်တဲ့အပြင် လေဟာနယ်ကိုပါ ဖန်တီးပစ်လိုက်နိုင်ခဲ့ပြီ။

ဒါပေမယ့် ပထမအဆင့်ထက်မြင့်တဲ့ အဆင့်ကို တက်လှမ်းနိုင်မယ့် နည်းလမ်းကို အခုထိ ရှာမတွေ့သေးဘူး။

သို့သော် ဒီအတောအတွင်း ရရှိခဲ့တဲ့ တိုးတက်မှုတွေကြောင့် သူ့ရဲ့ခန္ဓာကိုယ်က ပထမအဆင့်ရဲ့ ထိပ်ပိုင်းကိုတော့ ရောက်နေခဲ့ပြီ။

အခုဆိုရင် ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝအရှိန်အဝါကိုပါ သူဆက်သွယ်လို့ ရနေပြီ။

ဒီရက်ပိုင်းထဲမှာ သူ့ကို တားမြစ်ထားတဲ့ အကာအကွယ်တစ်ခု ရှိနေသလိုမျိုး ရှကျိုးယွီ ခံစားနေရသည်။ ကံကြမ္မာအမှတ်တွေ ဘယ်လောက်ပဲယူသုံးပါစေ၊ အဲဒီအကာအကွယ်စည်းကို မဖျက်ဆီးနိုင်ဘူး။

"တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား? ငါ့ရဲ့ကျင့်ကြံမှုက ဒီနေရာမှာပဲ ရပ်နေတော့မှာလား?"

ရှကျိုးယွီ သက်ပြင်းချလိုက်သည်။ သူ့ရဲ့စိတ်ထဲ အနည်းငယ် မုန်းတီးလာတော့သည်။

လူသားတစ်ယောက်အနေနဲ့ သူပိုပြီး သန်မာချင်သည်။

အကယ်လို့ အနာဂတ်မှာ အင်အားကြီးတဲ့ ရန်သူတစ်ယောက် ပေါ်လာခဲ့မယ်ဆိုရင် သန်မာမည်ဆိုပါက အဲဒီလူကို ပြန်တိုက်ခိုက်နိုင်မည်။ ထို့ကြောင့်ပဲ ကံကြမ္မာအမှတ်တွေကို အချိန်ရတာနဲ့အမျှ စုပ်ယူနေခဲ့သည်။

သန်မာမှုတိုးတဲ့အပြင် ကံကြမ္မာအမှတ်ကိုလည်း စုပ်ယူနိုင်တာမလို့ အခြေအနေက သူ့အတွက် အပေါ်စီးကပဲ ဖြစ်နေတော့၏။

ဒါ့အပြင် ယူလျိုရှားကိုလည်း အပြင်ကို လွှတ်ပေးခဲ့သည်။ သေချာပေါက် ရန်သူတချို့ကို ဆွဲဆောင်နိုင်မှာပဲ။ အခုဆိုရင် ရက်တချို့တောင် ကြာခဲ့ပြီ။

ထိုက်အန်းမြို့တော်မှာ မကြာခင် ဆူညံမှုတွေ ဝင်ရောက်လာတော့မယ်လို့ သူခံစားနေရသည်။

အခုတော့ မုန်တိုင်းမလာခင် ငြိမ်သက်နေတဲ့ ရေပြင်လိုမျိုးပဲ၊ ထိုက်အန်းမြို့က ပျင်းရိဖွယ်ကောင်းနေလေရဲ့။

ရှကျိုးယွီ ခေါင်းမော့ကာ ကောင်းကင်ပေါ်ကို လှမ်းကြည့်လိုက်သည်။ တာအိုပညာရဲ့ ရွှေရောင်မှင်ဆေးရည်အစွမ်းကြောင့် ကံကြမ္မာအမှတ်တချို့ကို သူစားသုံးနိုင်ခဲ့သည်။ ဒါပေမယ့် သူရဲ့ကြိုးစားမှုက ရေခွက်ထဲကိုကျလာတဲ့ ရေတစ်စက်မျှသာပဲ။

သောင်းဂဏန်းရှိတဲ့ ကံကြမ္မာအမှတ်နဲ့ ယှဥ်လိုက်ရင် လျော့သွားတဲ့အမှတ်က အရမ်းနည်းလွန်းနေသည်။

"ဒီကံကြမ္မာအမှတ်ကတော့ကွာ...လျော့ကိုမလျော့နိုင်ဘူး!"

ရှကျိုးယွီ ခေါင်းယမ်းလိုက်တော့သည်။ ထိုအချိန်မှာပဲ နန်းဆောင်အပြင်ဘက်က ဖူယွဲ့ရဲ့အသံကို ကြားလိုက်ရလေ၏။

"အရှင်မင်းကြီး၊ သတင်းတွေ အခုပဲ ရောက်လာပါတယ်။ လီလင်ပုက မြို့တော်ကို ပြန်ရောက်နေပြီး အရှင်မင်းကြီးကို တွေ့ချင်နေပါတယ်တဲ့"

"လီလင်ပုလား?"

ဒီရက်ပိုင်းထဲ သူ ကျန်းနန်ကိုသွားနေတာလေ။ အခု ပြန်ရောက်ပြီလား? ငွေတွေဘယ်လောက် ပါလာမလဲ မသိဘူး။

ဖူယွဲ့ရဲ့အသံကို ကြားလိုက်ရတာမို့လို့ ရှကျိုးယွီ အနည်းငယ် အံ့သြသွားခဲ့သည်။ ချက်ချင်းပဲ မတ်တပ်ထပ်ရပ်လိုက်လေကာ အဝတ်အစားပြင်လိုက်သည်။ ထို့နောက်မှာ အသက်တစ်ချက် ရှုသွင်းလိုက်သေးသည်။ သူ့ရဲ့မျက်လုံးတွေက ချက်ချင်းပဲ တက်ကြွလာလေတော့၏။

"ချပ်"

ရှကျိုးယွီ တံခါးဖွင့်လိုက်တာနဲ့ လှပစွာရပ်နေတဲ့ ဖူယွဲ့ကို မြင်လိုက်ရသည်။

"ဒါဆို မင်းခဏနားနှင့်လေ၊ ကိုယ်တော် အမြန်သွားပြီး ပြန်လာခဲ့မယ်"

ပြောပြီးတာနဲ့ ရှကျိုးယွီ ထွက်သွားလိုက်တော့သည်။ ယ

ဖူယွဲ့ တစ်ခုခုပြောချင်ခဲ့ပေမယ့် အဆုံးမှာတော့ သူမ ဘာမှမပြောတော့ပေ။

……..

ခန်းမဆောင်အတွင်းမှာရှိတဲ့ နဂါးပလ္လင်ပေါ်ကို ရှကျိုးယွီ ဟိတ်ဟန်ပါပါ ဝင်ထိုင်လိုက်သည်။ လီလင်ပုနဲ့ အမတ်တွေအားလုံး ရှကျိုးယွီ ၀င်လာတာမြင်တာနဲ့ ချက်ချင်းပဲ ဒူးထောက်လိုက်ကြသည်။

"ကျန်းနန်ရဲ့ခရီးစဉ်က ဘယ်လိုနေလဲ?"

ရှကျိုးယွီ စိုက်ကြည့်ကာ ပုံမှန်လိုပဲ မေးလိုက်သည်။

ထိုမေးခွန်းကို ကြားတဲ့အချိန်မှာ လီလင်ပုတစ်ယောက်ပဲ မော့ကြည့်လာခဲ့သည်။ ကျန်တဲ့အမတ်တွေရဲ့ခေါင်းကတော့ ပိုပြီးနိမ့်ဝင်သွားလေရဲ့။

"အရှင်မင်းကြီး၊ ကျန်းနန်..."

"ပြောစမ်း"

လီလင်ပုရဲ့ တွန့်ဆုတ်နေတဲ့ပုံကို မြင်တဲ့အခါမှာ ရှကျိုးယွီ စိတ်ဝင်စားသွားတော့သည်။ သူ့ရဲ့ကျောပြင်လည်း အနည်းငယ် ဖြောင့်မတ်သွားတော့၏။

ရှထိုက်အန်းက ကျန်းနန်မှာ ငွေတွေအများကြီး စုဆောင်းထားမိသည်လို့ ရှကျိုးယွီ ကြားထားသည်။ အခု အဲဒီငွေတွေကို ပြန်ယူဖို့ အခွင့်ကောင်းပဲမလား?

"အရှင်မင်းကြီး၊ အဆင်မပြေခဲ့ပါဘူး"

လီလင်ပု နောက်ဆုံးမှာ ခေါင်းငုံ့ကာပြောလိုက်သည်။

ရှကျိုးယွီ အံ့သြသွားကာ ချက်ချင်းပဲ မေးလိုက်တော့၏။

"အဆင်မပြေဘူးဟုတ်လား၊ ဘာလို့လဲ? ဦးရီးတော်ကမပူးပေါင်းလို့လား?"

လီလင်ပု အံ့ဩသွားလေကာ..

"မပူးပေါင်းဘူးဟုတ်လား?"

လီလင်ပု ချက်ချင်းပဲ အရှင်မင်းကြီးကို မော့ကြည့်မိလိုက်သည်။

ရှကျိုးယွီရဲ့ မျက်နှာပေါ်ကအပြုံးတစ်ဝက်ကြောင့် သူစိတ်လှုပ်ရှားလာရတော့သည်။

'အရှင်မင်းကြီးက ဘာကိုဆိုလိုတာလဲ? ငါက ပူးပေါင်းတယ်လို့ ပြောလိုက်ရမှာလား၊ မပူပေါင်းဘူးလို့ ပြောလိုက်ရမှာလား? အရှင်မင်းကြီးပဲ တော်၀င်အမိန့်တော်နဲ့ ကျန်းနန်မှာရှိတဲ့ငွေတွေကို သွားသိမ်းခိုင်းခဲ့တာ မဟုတ်ဘူးလား?’

'အခုကျ အရှင်မင်းကြီးကပဲ အမိန့်တော်ထပ်ထုတ်ပြီး တားမြစ်ခဲ့ပြန်တယ်၊ ငါက ဘာဖြေပေးရတော့မှာလဲ?’

'နေဦး၊ အဲလိုမဖြစ်လောက်ဘူး’

လီလင်ပု ပိုပြီး သတိကြီးကြီး ထားလိုက်လေသည်။

"အရှင်မင်းကြီး၊ ကျန်းနန်မြို့က အခု ချင်မင်းသားရဲ့လုပ်ရပ်ကြောင့် ငွေကြေးတွေမရှိတော့ပါဘူး။ ပြည်သူတွေလည်း ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။ ဒါကြောင့် မြို့တော်ဆီသယ်လာဖို့နဲ့ မဟာတံတိုင်းတည်ဆောက်တဲ့ကိစ္စမှာ ထောက်ပံပေးဖို့အတွက် ကျွန်တော်မျိုး ငွေမရခဲ့ပါဘူး"

လီလင်ပုက ပြောပြီးတာနဲ့ ဝမ်းနည်းစွာနဲ့ မျက်ရည်တချို့ပါ စီးကျစေလိုက်သည်။ ကျန်းနန်မြို့ရဲ့ အခြေအနေတွေကိုကိုယ်တိုင် မျက်မြင် ကြုံတွေ့ခဲ့ရသလိုမျိုး ဝမ်းနည်းစွာ သရုပ်ပြလိုက်လေ၏။

တော်ဝင်နန်းဆောင်အတွင်းမှာ အဆင့်မြင့်တဲ့ ပြပွဲတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ရှကျိုးယွီ နားထောင်ရင်းနဲ့ မနေနိုင်စွာ လက်ခုပ်တီးမိသွားတော့သည်။ သူတော်တော်လေး ပျော်ရွှင်သွားတာပင်။

ချင်မင်းသားကို ကျန်းနန်မြို့ဆီ လွတ်လိုက်တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ သူ ခံစားနေရသည်။ ရှကျိုးယွီ ပျော်ရွှင်သွားတာကို လီလင်ပု မြင်လိုက်ရသည်။ ထို့ကြောင့် ဆက်လက်ပြီး ဟန်ဆောင်နေတော့၏။ သူ့ရဲ့စကားလုံးတွေထဲမှာ ချင်မင်းသားကို စွပ်စွဲမှုတွေ ပြည့်နှက်နေခဲ့သည်။

"အရှင်မင်းကြီး မသိပေမဲ့ ချင်မင်းသားက တကယ်ကို မောက်မာတယ်။ တကယ်တော့..."

လီလင်ပုပြောလေလေ၊ ရှကျိုးယွီရဲ့ မျက်နှာပေါ်က အပြုံးတွေက ပိုပြီးတောက်ပလာလေလေပဲ။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ တကယ်ကိုကောင်းတဲ့ ချင်မင်းသားပဲ!”

ရှကျိုးယွီ တစ်ချိန်ထဲမှာ ကောင်းတယ်ဆိုတဲ့စကားကို သုံးကြိမ်ဆက်တိုက် ချီးကျူးလိုက်တော့သည်။

သူ့ရဲ့မျက်နှာကလည်း ပျော်ရွှင်မှုတွေ ပြည့်ဝနေလေကာ စိတ်လိုလက်ရ ရယ်လိုက်တော့သည်။

ထိုအချိန်မှာ လိုအပ်နေတာ စနစ်ရဲ့ သတိပေးသံတစ်ခုပဲရှိသည်။

လီလင်ပုလည်း ပြပွဲပြီးသွားခဲ့ပြီမလို့ ရှကျိုးယွီရဲ့မျက်နှာကို စိတ်လှုပ်ရှားစွာ မော့ကြည့်လိုက်သည်။

"ဒါဆိုရင် မဟာတံတိုင်းတည်ဆောက်မယ့် ကိစ္စအတွက်ဘဏ္ဍာငွေတွေကို..."

လီလင်ပု ပြောနေတုန်းမှာပဲ ရှကျိုးယွီ လက်တစ်ဖက်မြှောက်ကာ တားမြစ်လိုက်သည်။

"မဟာတံတိုင်းက မဖြစ်မနေ ဆောက်ကိုဆောက်ရမယ်။ မဟာတံတိုင်းတည်ဆောက်တဲ့နေရာမှာသုံးဖို့ ငွေရှာနိုင်အောင် မင်း နည်းလမ်းစဉ်းစားလိုက်။ ငါကိုယ်တော် မင်းဘက်က အပြည့်အဝ ထောက်ပံ့ပေးမယ်!"

ရှကျိုးယွီ တော်တော်လေး ပျော်ရွှင်နေခဲ့သည်။

'ကောင်းလိုက်တဲ့ဦးရီးတော်၊ ငါမင်းကို အထင်မမှားခဲ့ဘူးပဲ။ အစက ငါ့ရဲ့ဦးရီးတော်ကို ကြမ်းတမ်းတဲ့ သိုင်းသမားတစ်ယောက်လို့ ထင်ခဲ့တာ။ ဒီလောက် စွမ်းဆောင်ရည်ရှိမယ်မှန်းမသိခဲ့ဘူး။ တော်တယ်၊ ဆက်လုပ် ဆက်လုပ်’

'နေဦး၊ ဘာလို့အခုထိ စနစ်ရဲ့အသံကို ငါမကြားရသေးတာလဲ?’

ရှကျိုးယွီ တွေးနေတုန်းမှာပဲ စနစ်ရဲ့အသံကိုကြားလိုက်ရလေသည်။

(ပိုင်ရှင်က အမတ်ရဲ့စကားကိုပဲ နားထောင်ခဲ့ပြီး အခြေအနေအစစ်ကို အတည်မပြုခဲ့ဘူး။ ဒါကအရည်အချင်းမပြည့်ဝတဲ့ အပြုအမူပဲ)

(ကံကြမ္မာအမှတ် ၁၀၀၀ လျော့ပါတယ်၊ လက်ရှိ ၄၄၅၀၀ ပဲ ကျန်တော့တယ်။)

(ဆုလာဘ် - ဆန်းကြယ်သောမဟာဥ)

'ငါက အမတ်ရဲ့စကားကို နားထောင်ပြီး တာဝန်လစ်ဟင်းလို့တဲ့လား?’

'နေဦး၊ ဒီဆုလာဘ်က မနည်းလွန်းနေဘူးလား? ချင်မင်းသားရဲ့ လုပ်ဆောင်မှုက အကြီးကြီးလေ။ ဘာကိစ္စ ကံကြမ္မာအမှတ်ကို ၅၀၀၀ လောက် မလျော့သွားတာလဲ? စနစ်၊ မင်းမှားနေတာလား? မင်း မညစ်နဲ့နော်!’

ရှကျိုးယွီ တွေးနေခဲ့ပေမယ့် ဆုလာဘ်ကို လှမ်းကြည့်လိုက်ချိန်မှာ ချက်ချင်းပဲ စိတ်ဝင်စားသွားတော့သည်။ ထို မဟာဥဆိုသော အရာနားကိုသွားကာ အနီးကပ် လေ့လာလိုက်တော့၏။

မည်းပြောင်နေတဲ့ ဥတစ်လုံးဖြစ်ပြီး ဘာထူးခြားချက်ကိုမှ မတွေ့ရဘူး။ အလင်းပြန်နေတာမျိုးလည်း မရှိဘူး။

ထိုအချိန်မှာပင် ဆုလာဘ်နဲ့ပတ်သက်ပြီး ရှင်းပြချက်ကို ရှကျိုးယွီ ကြားလိုက်ရသည်။

(ဆန်းကြယ်သောမဟာဥ...ထိုဥအတွင်းမှ သတ္တဝါတစ်ကောင် ပေါက်ဖွားမည်။ ပေါက်ဖွားနိုင်ဖို့အတွက် ကံကြမ္မာအမှတ်တချို့ကို စုပ်ယူဖို့လိုသည်။)

'ဒီ…ဒီဥက ကံကြမ္မာအမှတ်ကို စုပ်ယူတယ်တဲ့လား?’

အို ဟိုးဟိုး ကံကောင်းတဲ့ လပ်ကီးဥလေးပဲ

………

All Chapters