Chapters

အခန်း (၇၆)

Vol. 6 Ch. 76

အခန်း (၇၆)

Vol. 6 Ch. 76

VIP လက်မှတ်များကို စစ်ဆေးရန် အထူးနေရာတစ်ခုရှိနေသည်။

ဒုတိယတန်း......

ဒုတိယတန်းရှိထိုင်ခုံများဖြစ်သည်။ ထိုင်ခုံများက အလွန်ကျယ်ဝန်းပြီး ရေဘူးနှင့်စားစရာအချို့ပင်ပါသည်။

“လူကြီးမင်းတို့၊ ထန်လီ ရဲ့ ဖျော်ဖြေပွဲကို မကြာခင် စတင်တော့မှာဖြစ်ပါတယ်၊ ကျေးဇူးပြုပြီး တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ထန်လီ ရဲ့ အသံကို အတူတူနားဆင် ကြပါစို့။”

ထိုအသံကြောင့် နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ကောင်းကင်မှ အလင်းတန်းတစ်ခုကျလာပြီး စင်မြင့်ပေါ်တစ်ခုလုံး လင်းလက်သွားသည်။

ထို့နောက် အပေါ်မှ လူတစ်ဦး ဖြည်းညှင်းစွာ ဆင်းသက်လာပြီး ငြိမ့်ညောင်းသော အသံတစ်ခုကို စတင်ကြားလိုက်ရသည်။

“နှစ်ပေါင်းတစ်သောင်းကြာ ဝေးခဲ့ရသလိုပဲ

သူမရဲ့ ပုံသဏ္ဌန်က မှုန်ဝါးသွားခဲ့တယ်”

“သူမရဲ့အသံကို ရှင်းရှင်းလင်းလင်းကြားနေရပြီး၊ အတိတ်က မရေမတွက်နိုင်အောင် တုန်လှုပ်မှုတွေပေးစွမ်းနိုင်ခဲ့တဲ့ အဲ့အသံတွေ”

“သူ့ရဲ့ကိုယ်သင်းရနံ့ကို မရတော့ပေမဲ့

ကိုယ့်ရဲ့ အာရုံထဲမှာ စွဲမြဲနေတုန်းပါ”

“သူ့ရဲ့ နူးညံ့ပြီး သွယ်လျတဲ့လက်လေးတွေ...

ငါ့ရဲ့ခန္တာကိုယ်ကိုကိုင်တဲ့အထိအတွေ့တွေ”

“ဘဝတစ်ခု နဲ့ လောကသုံးပါး... ကိုယ်တို့ရဲ့ဝိညာဉ်တစ်စုံနဲ့ ကိုယ်တို့ရဲ့နှလုံးသားအနက်နဲဆုံးသောနေရာမှာရှိတဲ့ နောက်ဆုံးမှတ်ဥာဏ်တွေ”

“သူမ အခုဘယ်မှာလဲ ?”

“သူမရဲ့ဖြစ်တည်မှုက ကိုယ့်နှလုံးသားထဲမှာ

အမှတ်အသားတစ်ခုအနေနဲ့ ကျန်ခဲ့တယ်၊ ကိုယ်မှာရှိနေသရွေ့ သူမမှာလည်း ဒီလိုပါပဲရှိနေမှာပါ”

“သူမ ဘယ်လိုပဲဖြစ်နေပါစေ... သူမမှာလည်း ကိုယ်တို့ရဲ့ခံစားချက်တွေ အမြဲရှိနေမှာပါ”

“ကိုယ့်ရဲ့ မှတ်ဥာဏ်တွေ မှုန်ဝါးသွားပေမယ့် ကိုယ့်နှလုံးသားမှာ မင်းကိုတောင့်တနေတယ်။ သူဘယ်သွားသွား၊ သူမကို လိုက်ရှာမယ်”

“ဘယ်အချိန်မှာ ဆုံတွေ့ကြမလဲ...

ဘယ်အချိန်မှာ ကိုယ့်ရဲ့မှတ်ဥာဏ်တွေ ကိုယ့်ဆီ ပြန်ရောက်လာမှာလဲ”

“ကောင်းကင်ဘုံက ကိုယ့်ကို လမ်းပြဖို့ ကိုယ်မျှော်လင့်ပါတယ်၊ သူမနဲ့ပြန် ဆုံစည်းခွင့်ရပါစေလို့ပဲ ဆုတောင်းတယ်၊ ငါတို့ ဒီဘဝမှာ ပေါင်းစည်းနိုင်ပါစေလို့ ဆုတောင်းမိတယ်။”

“ကိုယ့်စီကိုပြန်လာပါ ကိုယ့်စီကိုပြန်လာ...ပြန်လာပါ...”

………

သူ့အသံသည် ဝမ်းနည်းပူဆွေးမှုနှင့်အတူ နားထဲတွင် ကြည်နူးဖွယ်ကောင်းသော ခံစားချက်များဖြင့် နှလုံးသားကို ထကြွလာစေခဲ့သည်။

အိပ်ပျော်နေပြီဖြစ်သော လန်ရွမ်းယုပင် ထိုအသံကြောင့် ဖြည်းညှင်းစွာ နိုးလာခဲ့သည်။ အသံမှာ ကြည်နူးစရာကောင်းလွန်းသဖြင့် သူ့မျက်လုံးများ စင်မြင့်ဆီသို့ ရွေ့သွားသည်။

ထိုနေ့တွင်လည်း ထန်လီသည် သူ၏ ငွေရောင်ဝတ်စုံကို ၀တ်ဆင်ထားဆဲဖြစ်ပြီး သူ၏ အပြာရောင်ဆံပင်များက သူ့မျက်နှာပေါ်တွင် လှပစွာ ကျဆင်းနေသည်။ အပြစ်အနာအဆာပင် မရှိဟု ဖော်ပြနိုင်သည်။

ထန်လီ၏ အသံသည် နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။

“တမ်းတခြင်း” သီချင်းသည် မရေမတွက်နိုင်သော လူများ၏ နှလုံးသားကို ဆွဲဆောင်ခဲ့သည်။

လန်ရှောင်းပင် အံဩသွားသည်။

သူတကယ်သီချင်းဆိုကောင်းတာပဲ!

လန်ရွမ်းယုသည်လည်း ထန်လီကိုကြည့်ရင်း နားမလည်နိုင်သော နွေးထွေးမှုကို ခံစားလိုက်ရသည်။ ဘယ်လိုခံစားချက်လဲ....

ထန်လီအနားတွင် ကပ်ချင်နေသော ဒီခံစားချက်လေးတစ်ခုဖြစ်သည်။

သီချင်း ပြီးဆုံးသွားပြီးဖြစ်သည်။ ကွင်းတစ်ခုလုံးလည်းတိတ်ဆိတ်နေသည်။

ထန်လီသည် သီချင်းပီးဆုံးသွားသောအခါ နန်ချိန်တို့မိသားစုရှိရာကိုကြည့်နေလေသည်။ ထို့နောက်ခေါင်းငြိမ့်ပြလိုက်လေရာ နန်ချိန်ပင် အနည်းငယ်

အသက်ရှုမြန်လာသည်ကို ခံစားလိုက်ရသည်။

……….

ထန်လီသည် အနည်းငယ် ဦးညွှတ်ပြီး ပရိသတ်ကို ကျေးဇူးတင်စကားဆိုလိုက်သည်။

“ဒီသီချင်းကို ကြိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီနေ့တော့ “တမ်းတခြင်း” ကို တစ်ကြိမ်ပဲ သီဆိုချင်ပါတယ်။ နောက်တစ်ခုကတော့ “အချိန်ကိုတန်ဖိုးထာမယ်၊ မင်းကိုတန်ဖိုးထားမယ်” ဆိုတဲ့ သီချင်းလေးကို ဆိုပေးချင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပရိသတ်တစ်ဦးကို ကျွန်တော်နဲ့အတူ သီချင်းဆိုဖို့ ဖိတ်ခေါ်ချင်ပါတယ် “

ထိုစကားကိုပြောလိုက်တော့ ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

“ထန်လီနဲ့ သီချင်းဆိုရမှာလား!”

“ဒါဆို ငါတစ်ယောက်ယောက်ကို ရွေးပါမယ်” ထန်လီ၏ အသံ ထပ်၍ ထွက်ပေါ်လာသည်။

“ကျေးဇူးပြုပြီး နှုတ်ဆိတ်နေပေးကြ ပါ ကျေးဇူးတင်ပါတယ်”

Endend…..