← Chapters

အခန်း (၈၁)

Vol. 6 Ch. 81

အခန်း (၈၁)

Vol. 6 Ch. 81

လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။

“ ကောင်းသွားပြီ”

“ကောင်းလိုက်တာ။ အဲဒီနေ့အတွက် နင့်ကို တကယ်ကို ကျေးဇူးတင်ရမှာပါ။”

လန်ရွမ်းယု ခေါင်းယမ်းလိုက်သည်။

“မင်းနဲ့ဘာမှမဆိုင်ပါဘူး။ အဲ့ဝိညာဥ်သားရဲက တော်တော်ထူးခြားလို့ပါ... ငါအဆင်ပြေပါတယ်။ ငါဗိုက်ဆာနေပြီ ငါထမင်းအရင်စားဦးမယ်!” ထိုသို့ပြောပြီး သူသည် ရဲလင်းတုံကိုဖြတ်ကာ သူ့အတွက်စားစရာကိုယူရန် ချန်းလိန် ၏နောက်သို့

လိုက်သွားခဲ့သည်။

ရဲလင်းတုံသည် ထိုအမူအရာကိုမကျေမနပ်ဖြစ်သွားကာ ထုံးစုံအတိုင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော် လန်ရွမ်းယုသူမအား ကယ်ဖူးသောအချိန်ကိုပြန်တွေးရင် သူမ၏နှလုံးသားက နူးညံ့သွားပြန်သည်။

“မင်း ရဲလင်းတုံကို သိတာလား” ချန်လိန် က တိုးတိုးမေးလိုက်သည် ။

“အင်း...ငါတို့က အတူတူကျောင်းတက်ဖူးပေမယ့် အခန်းတော့ မတူဘူး”

ချန်းလိန် ပြုံးလိုက်သည်။

“ပြောပါရစေ၊ သူက အရမ်းသန်မာတယ်။ ကျောင်းတက်တဲ့ဒုတိယနေ့မှာ သူရန်ဖြစ်ပြီး အနိုင်ရခဲ့တယ်။ ငါတို့ အတန်းထဲက မိန်းကလေးတွေထဲမှာ သူက ခွန်အားနဲ့ ပတ်သက်ရင်

ထိပ်တန်း သုံးယောက်ထဲမှာ ရှိတယ် ”

“အင်း” ရွမ်းယုသည် ရဲလင်းတုံဘယ်အခြေအနေတွင်ရှိနေပါစေ စိတ်ဝင်စားမည်မဟုတ်ပေ။

ထုံးစံအတိုင်း လန်ရွမ်းယုရဲ့ ပန်ကန်ထဲတွင်စားးရာများစုပုံထည့်လာလေသည်။

ထိုအချိန်တွင် ရဲလင်းတုံသည် အခြားကောင်လေးနှစ်ယောက်နှင့်အတူထိုင်နေသော သူမ၏စားပွဲရှိရာသို့ပြန်သွားလေသည်။ တစ်ယောက်မှာ အရပ်မြင့်မြင့်နဲ့ ရွှေရောင်ဆံပင်တိုလေးများ ရှိသည်။ ငယ်ရွယ်သော်လည်း သူ့မျက်လုံးများက တောက်ပနေသည်။ နောက်တစ်ဦးမှာ ထိုလူငယ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အနည်းငယ်ခါးကုန်းနေသကဲ့သို့ရှိနေလေသည်။

“လင်းတုံ... မင်းက လူသစ်ကိုသိတာလား”

“အင်း ငါတို့က ကျောင်းနေဖက်ဖြစ်ဖူးတယ်။ စာမေးပွဲကာလအတွင်းမှာ မတော်တဆမှုတစ်ခု ကြုံခဲ့တာ... အခုချိန်မှာတော့ နေကောင်းသွားတော့ ကျောင်းလာတက်တာ ”

“အော်... အခြေအနေကရော ဘယ်လိုလဲ”

ထို့အခါ ရဲလင်းတုံ “ငါ သူ့ကို ဘယ်တုန်းကမှ အနိုင်မရဖူးဘူး”

“တကယ်လား?”

ပန်းကန်ပြားပေါ်တွင် စားစရာများပုံထည့်နေသော လန်ရွမ်းယု ၏ နောက်ကျောကို စိုက်ကြည့်ရင်း ကောင်လေး၏ မျက်လုံးများအနည်းငယ် တောက်ပလာသည်။

လန်ရွမ်းယုနှင့် ချန်းလိန်တို့သည် ထောင့်စွန်းရှိ စားပွဲတစ်ခုဆီသို့လျောက်သွားခဲ့သည်။ လူငယ်တစ်ဦးရှိနေလေသည်။

“ဖရန်ဇီ... ဒါ ...ငါတို့အခန်းဖော်အသစ်... မင်းကိုယ်မင်း မိတ်ဆက်လိုက်ဦး” ချန်းလိန် သည် ကောင်လေးဘေးတွင် ထိုင်ကာ ပုခုံးကို ဖက်ကာပြောလိုက်သည်။

‘ဖရန်ဇီ’ ဟုခေါ်သော ကောင်လေးမှာ ခေါင်းကိုမော့လိုက်ပြီး လန်ရွမ်းယု ကို ကြည့်လိုက်သည်။

“ဟယ်လို၊ ငါက လန်ရွမ်းယု”

“ငါက လျိုဖိန် ၊ မင်းရဲ့အဆင့်ကဘယ်လောက်လဲ”

“အဆင့် 14” လန်ရွမ်းယု ပြန်ဖြေလိုက်သည်။

“14 လား?” လျိုဖိန် မချိပြုံးပြုံးလိုက်သည်။ ထို့နောက်ချန်လိန်ဘက်သို့လှည့်ကာ

“သူက မင်းနဲ့ အဆင့် နီးစပ်တာပဲ...”

ချန်လိန်ကလည်း “14 ပဲရှိသေးတာ! တကယ်

လား…”

“14 က ဘာဖြစ်လို့လဲ။ နိမ့်လို့လား?”

လန်ရွမ်းယု မျက်မှောင်ကြုတ်လိုက်သည်။

လျိုဖိန် က ‘နိမ့်ရုံတင် မဟုတ်ဘူး၊ ငါကတော့ အနိမ့်ဆုံးလို့ကို ထင်တယ်။ ချန်လိန် က သိပ်အသုံးမဝင်ပေမယ့် အဆင့် 15 “

လန်ရွမ်းယု ခေါင်းကုတ်လိုက်သည်။

“ငါ ရှင်းပြပါရစေ။ ငါတို့က လူ ၃၀ ရှိတဲ့ အတန်း။ ဆရာတွေရဲ့ အစီအစဉ်အရ လူသုံးဦးက အခန်းတစ်ခန်းမှာ နေကြရမှာဖြစ်ပြီးတော့ အဖွဲ့တစ်ဖွဲ့လည်း လုပ်ရမယ်။ လေ့ကျင့်ခြင်း၊ တိုက်ခိုက်ခြင်း သို့မဟုတ် အခြားကိစ္စတွေကို အတူတူလုပ်ဆောင်ရမယ်။ ငါတို့ အတန်းထဲမှာလည်း အဆင့်သတ်မှတ်ချက်တစ်ခုရှိတယ်။ အဆင့်များလေ အခွင့်အရေးပိုရလေပဲ။ ကျောင်းအပ်ချိန်တုန်းကလည်း ပြဿနာတစ်ခု ပေါ်ပေါက်လာတယ်။ မင်းမလာခင်မှာ ငါတို့မှာကျောင်းသား

၂၉ ယောက်ရှိတယ်။ ယောက်ျားလေး ၁၉ ယောက်ကို အဖွဲ့ငါးဖွဲ့ခွဲလိုက်တယ်။ နောက်ဆုံးနှစ်သင်းမှကျတော့ အဖွဲ့ဝင် နှစ်ယောက်စီပဲ ရှိတယ်။ မိန်းကလေးတွေဘက်မှာလည်း တစ်ယောက်ပဲပိုတယ်။ ငါတို့အဖွဲ့မှာလည်း လျိုဖိန်နဲ့ငါ တစ်ယောက်ပဲရှိတယ်။ အဲ့မှာ ဆရာတွေက နှစ်ယောက်ထဲရှိတဲ့ ယောင်္ကျားလေးအသင်းနှစ်သင်းကို ပြိုင်ခိုင်းပြီး အနိုင်ရတဲ့အဖွဲ့က ကောင်မလေးကို အသင်းဝင်အဖြစ် ရမယ်လို့ဆုံးဖြတ်ခဲ့တယ်။ သိသာပါတယ်၊ ငါတို့ရှုံးခဲ့တယ်။ အဲ့ဒါနဲ့ မင်းနဲ့သိတဲ့ မိန်းကလေး ရဲလင်းတုံ က တခြားအဖွဲ့နဲ့ပါသွားတာပဲ။ ပြီးတော့ ငါတို့အဖွဲ့က ငါတို့နှစ်ယောက်ပဲဖြစ်သွားတယ်။ ငါတို့က ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ အနိမ့်ဆုံးအဆင့်အဖြစ်ရှိနေခဲ့တယ်”

ချန်လိန်က အသေးစိတ်ရှင်းပြလေသည်။

“ဒီနေ့ မင်းလာမယ်လို့ ပြောတုန်းက ငါတို့ နှလုံးသားထဲမှာ မျှော်လင့်ချက်တွေ ခိုအောင်းနေတုန်းပဲ။ ဒါပေမဲ့ မင်း အဆင့် 14 ပဲ ရှိသေးတယ်လို့ ဘယ်သူထင်မှာလဲ။ ငါက အဆင့် 15 ပီးတော့ လျိုဖိန်က အဆင့် 16 ... မည်သို့ပင်ဆိုစေ

ကာမူ ငါတို့အဖွဲ့က အတန်းရဲ့နောက်ဆုံးမှာပဲရှိမှာပဲ”

“ငါအကောင်းဆုံးကြိုးစားပါ့မယ်”

လန်ရွမ်းယုပြောလိုက်လေသည်။ သိူ့သော် လျိုဖိန်ကတော့

လှည့်ပင်မကြည့်တော့ပေ။

လန်ရွမ်းယုတို့လည်း စားစရာရှိတာကိုဆက်စားလေသည်။

သို့သော် လန်ရွမ်းယုသည် သူ၏ တတိယပန်းကန်ကိုသွားယူချိန်တွင်တော့ ချန်လိန်နှင့် လျိုဖိန်တို့ တုန်လှုပ်နေပြီဖြစ်ပြီး

“ဒီကောင် သူ့အရွယ်နဲ့မလိုက်အောင် စားလွန်းတယ်”

ထိုစကားကလွဲလို့ တခြားပြောစရာ စကားမရှိတော့ပေ။

“ဒီကောင် တကယ်စားတာပဲ!”

တခြားစားပွဲများရှိ ကျောင်းသားများလည်း ထိုအရာကိုသတိထားမိလာသည်။

“ဟေး ဒီလောက်ဆို လုံလောက်ပြီ! ကျောင်းကရတဲ့ ဘတ်ဂျက်က လူတိုင်းအတွက်”

ကောင်လေးတစ်ယောက်က မတ်တပ်ထရပ်ပြီး စတုတ္ထမြောက်ပန်းကန်ကိုယူကာပြန်လာသော လန်ရွမ်းယုကို ပိတ်ဆို့လိုက်သည်။

ချန်လိန် မတ်တပ်ရပ်ခါနီးတွင် လျိုဖိန် က သူ့ကို ခေါင်းယမ်းပြလိုက်ရာ ချန်လိန်လည်း ရပ်တန့်သွားခဲ့သည်။

လန်ရွမ်းယုလည်း ရုတ်တရက် ပိတ်ဆို့ခြင်းကြောင့် အနည်းငယ် မှင်တက်သွားမိသည်။

“စားတာ ဘာဖြစ်တာလဲ ဗိုက်ပြည့်တဲ့အထိစားလို့ရတယ်လို့ ကျောင်းကပြောထားတာပဲ.”

“ငါ မစားရဘူးလို့ပြောရင် မစားရဘူး”

ကောင်လေးက အော်လိုက်သည်။

“ကျင်းရှန်း သူ့ကိုအနိုင်ကျင့်တာကို ရပ်လိုက်။ ရွမ်းယု က ငါ့ရဲ့ ကျောင်းနေဖက်” ရဲလင်းတုံ ရုတ်တရက် ထရပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ကျင်းရှန်း ဟုခေါ်သော ကောင်လေးသည် သူ့ဘေးနားရှိ အရပ်ရှည်ရှည် ကောင်လေးကို ကြည့်နေသည်။

ထိုစဥ် ရွမ်းယုက ရုတ်တရက်

“ဖယ်စမ်း”

Endend……

All Chapters