အခန်း (၈၂)
Vol. 6 Ch. 82
“ဟေ့ကောင်၊ မင်းငါ့ကိုပြောနေတာလား”
ကျင်းရှန်းအသံတွင် ဒေါသသံများပါလာသည်။
“ငါစားနေတုန်း အနှောင့်အယှက်ပေးတာတွေကို မုန်းတယ်”
“နှောက်ယှက်တော့ ဘာဖြစ်လဲ?”
ကျင်းရှန်းသည် လမ်းမဖယ်ပေးရုံသာမက
ခြေတစ်လှမ်းတိုးလာလေသည်။ ထို့နောက်လန်ရွမ်းယု၏ဂုတ်ကိုဖမ်းဆွဲရန် လက်ကိုမြှောက်လိုက်သည်။ သို့သော် လန်ရွမ်းယုသည် ယခုတစ်ခါ စကားမပြောဘဲ ဗန်းကို ဘယ်ဘက်လက်သို့ ရွှေ့လိုက်သည်။ ထို့နောက် သူ၏ညာလက်ကို မြှောက်ကာ ကျင်းရှန်း၏ လက်ကို ဖမ်းဆုပ်လိုက်လေသည်။ ကျင်းရှန်းကလည်း ခနဲ့သကဲ့သို့ရီလိုက်
လေသည်။ ကျင်းရှန်းသည် ကိုယ်ကိုအနည်းငယ်လှည့်လိုက်ပြီး လန်ရွမ်းယု၏ ညာလက်ကို ရှောင်လိုက်ပြီး သူ၏ပခုံးဖြင့် လန်ရွမ်းယု၏ ရင်ဘတ်ကို တိုက်လိုက်သည်။ ထိုသို့တိုက်မိပါက လန်ရွမ်းယုလဲကျသွားနိုင်ပြီး ဗန်းပေါ်ရှိ စားစရာများပင် ပေသွားနိုင်သည်။ သို့သော် လန်ရွမ်းယုကလည်းအချဥ်မဟုတ်ခဲ့ပေ။ သူ၏တုံ့ပြန်မှုအရှိန်ကိုလည်း မြန်ဆန်လှသည်။ သူ၏ပခုံးကိုလည်း ဘေးသို့လျောကာ ပခုံးချင်း ယှဥ်တိုက်လိုက်လေသည်။ကျင်းရှန်းသည် သတ္တုပြားတစ်ခုကို ဝင်တိုက်လိုက်ရသလို ခံစားလိုက်ရသည်။ နောက်သို့တစ်ဆုတ်ထဲဆုတ်သွားရလေသည်။ ထို့နောက် ခြေလှမ်းအနည်းငယ်ချော်သွားကာ ကောင်တာပေါ်ရှိ ဟင်းရည်အိုးကိုဝင်တိုက်မိလေသည်။ ထိုအခါ ဟင်းရည်အိုးမှောက်သွားပြီး ကျင်းရှန်းပေါ်သို့အကုန်ဖိတ်ကုန်ကာ ပေပွသွားလေသည်။
တစ်ဖက်တွင် လန်ရွမ်းယုသည် ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်။
“ဟရောင်!” ကျင်းရှန်း၏ အပေါင်းအသင်း နှစ်ယောက် ချက်ခြင်း မတ်တပ်ထရပ်လိုက်သည် ။
“ငါတို့ အခန်း 333 က ဘယ်သူမှမရှိဘူးလို့ မင်းတို့ထင်တာလား”
ကျင်းရှန်း၏အဖော်များထလာသောအခါ ချန်လိန်သည်လည်း ရွမ်းယုဘက်မှ ထလသာလေသည်။ လျိုဖိန်လည်းထို့အတူပင်.....
ထိုအချိန်တွင် ကန်တင်းမှ ထွက်သွားတော့မည့်
လုချန်းရွိမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကလည်း ရပ်တန့်သွားလေသည်။ ထိုကောင်လေးကလည်း လန်ရွမ်းယုကိုကြည့်နေလေသည်။
“ဒီမှာ ဘာဖြစ်နေတာလဲ?” ထိုအခိုက်အတန့်တွင် ဆရာတစ်ယောက်ဝင်လာလေသည်။ ဆရာသည် ကြမ်းပြင်ပေါ်မှာ အိုးတစ်လုံးမှောက်နေသည်ကို တွေ့လိုက်ရသောအခါ မျက်နှာ ချက်ချင်း ပျက်သွားသည်။
“ထမင်းတစ်လုတ်စားဖို့ ထုတ်လုပ်ရတာက
မလွယ်ဘူးဆိုတာ မင်းတို့မသိဘူးလား။ ဒါက ကျောင်းကသင်ပေးထားတာလား။ တိုက်ခိုက်ချင်ရင် အားကစားကွင်းကို သွား၊ စားသောက်ခန်းထဲမှာ တိုက်ခိုက်ပြီး အစားအစာကို ဖြုန်းတီးမပစ်ကျနဲ့။ အခု မင်းတို့ ထမင်းဆက်စားစရာ မလိုတော့ဘူး။ တိုက်ခိုက်ခဲ့တဲ့ သူတွေ အခုထွက်သွား”
လန်ရွမ်းယု သည် သူ့လက်ထဲရှိ ဗန်းကို ချလိုက်ပြီး ရိုးရှင်းစွာ လှည့်ထွက်သွားလေသည်။
ကျင်းရှန်းလည်း လဲနေကာမှထလာကာ လန်ရွမ်းယုကိုကြည့်နေလေသည်။
‘ဒီကောင်က ဘယ်လောက်တောင် သန်မာတာလဲ’
“ဘယ်သူမှ ထမင်းမစားနဲ့တော့.. မင်းတို့အားလုံးက တစ်တန်းထဲကဖြစ်လို့ မင်းတို့အားလုံးကို အတူတူ အပြစ်ပေးတယ်” ထိုဆရာက အေးစက်စက်ပြောလိုက်သည်။
ကျန်လူများအားလုံး ကြောင်သွားကြသည်။
…………
အားကစားကွင်း.......
လူအယောက် ၃၀....
ဆယ်ယောက် ၃တန်းစီထားလေသည်။
ကန်တင်းတွင်အပြစ်ပေးခဲ့သောဆရာက ရှေ့တ်င်ရပ်ပြီး
“အစားအသောက်ကို ဘယ်လိုလေးစားရမှန်းတောင် မသိဘူးဆိုရင် မင်းတို့မှာ စားခွင့်မရှိဘူး...
ဒီနေ့ နေ့လည်စာ နဲ့ ညစာ ကိုလည်း မင်းတို့တစ်ယောက်မှမစားရဘူး။ ညနေ အတန်းမစခင်အထိ မင်းတို့အားလုံး ဒီမှာပဲ ရပ်နေကြ”
ထိုသို့အပြစ်ဒဏ်ပေးပြီးနောက် ဆရာထွက်သွားလေသည်။
ရိုက်နှက် ပြစ်ဒဏ်ပေးခြင်းမျိုး မရှိသော်လည်း ၎င်းတို့၏ ထမင်းနေ့ တစ်ဝက်ခန့် ဖြတ်တောက်ခံခဲ့သည်။
ဆရာထွက်သွားသောအခါ အားလုံးရဲ့ မျက်လုံးတွေက ကျင်းရှန်း နဲ့ လန်ရွမ်းယု ကို ကြည့်နေခဲ့ကြလေသည်။
“ဘာလို့ငါ့ကိုကြည့်နေတာလဲ။ ဟင်းအိုးမှောက်အောင်လုပ်တာသူလေ ”
ကျင်းရှန်းသည် မျက်နှာ မှုန်ကုပ်ကုပ်ဖြင့်ပြောလိုက်သည်။ သို့သော် လန်ရွမ်းယုကတော့ ဘာမှဝင်မပြောပေ။
ထိုအချိန်
“မင်းတို့ အားကစားကွင်းမှာ တိုက်လို့ရတယ် လို့ ဆရာက ပြောခဲ့တယ်။ မင်းတို့နှစ်ယောက်လုံး ရန်ဖြစ်ချင်ရင် ငါတို့ရှောင်ပေးမယ် ”
လုချန်းရွိမ်က ရုတ်တရက်ပြောလာလေသည်။
“တကယ်လား?”
ကျင်းရှန်း၏မျက်လုံးများတောက်ပလာသည်။
“လူတိုင်း၊ ကွင်းပြင်ကိုဆုတ် “ လုချန်းရွိမ် လက်ပြလိုက်သည်။
အထူးတန်းရှိ ကျောင်းသားအများစုသည် သူ၏ညွှန်ကြားချက်များကို အမှန်တကယ် နားထောင်ကြလေသည်။ ကွင်းထဲတွင် ကျင်းရှန်း နှင့် လန်ရွမ်းယု သာ ကျန်တော့သည်။
“လန်ရွမ်းယုက ဟုတ်တယ်မလား... ဟင်း..ဟင်းး...မင်းသေမယ်!”
ကျင်းရှန်း ၏ မျက်လုံးများသည် ရုတ်တရက် တောက်ပသွားပြီး သူ့မျက်လုံးအောက်တွင် ရွှေရောင်ဖျော့ဖျော့အလင်းတစ်ခုပေါ်လာသည်။ ရွှေရောင်အမွေးအတောင်များထွက်လာကာ
သူ့လက်မောင်းများသည် အတောင်ပံတစ်စုံအဖြစ်သို့ ပြောင်းလဲသွားသည်။
ပျံသန်းခြင်း အမျိုးအစားသိုင်းဝိညာဥ် လား?
လန်ရွမ်းယု ချက်ချင်း ခန့်မှန်းနိုင်သည် ။
ထိုသိုင်းဝိညာဥ်သည် အလွန် ရှားပါသည်။
ကျင်းရှန်းသည် သူ၏တောင်ပံများကိုပြင်းထန်စွာခတ်လိုက်လေသည်။
ထိုသိုင်းဝိညာဉ်ကို မီးတောက်ရွှေငှက်ဟု ခေါ်တွင်ပြီး ၎င်းသည် ငှက်အမျိုးအစား ဝိညာဉ်သားရဲများ၏ ဘိုးဘေးများထဲမှ တစ်မျိုးဟု ဆိုထားသော အလွန်ထူးခြားသော ပျံသန်းနိုင်သော သိုင်းဝိညာဉ်အမျိုးအစားဖြစ်သည်။ သတ္တုနှင့် မီးဆိုင်ရာ ဂုဏ်သတ္တိများကိုပိုင်ဆိုင်ထားသည်။
လန်ရွမ်းယုသည် ငွေရောင်ငွေပြာမြက်ကိုထုတ်လိုက်ရာ ငွေပြာမြက်သည် ဘယ်လက်တစ်ခုလုံးကိုရစ်ပတ်သွားလေသည်။ ကျင်းရှန်းသည်လည်း လန်ရွမ်းယုရှေ့သို့ရောက်လာကာ တောင်ပံဖြင့်
ရိုက်လေသည်။ လန်ရွမ်းယုမရှောင်ပဲ ဘယ်လက်ဖြင့် ထိုတောင်ပံကို ဆုပ်ကိုင်ရန် မြှောက်လိုက်သည်။
သေချင်နေတာပဲ !
ထိုလုပ်ရက်ကိုမြင်တော့ ကျင်းရှန်းဝမ်းသာနေမိသည်။
“ဗွမ်း...!”
မီးတောက်နေသောရွှေတောင်ပံများသည် လန်ရွမ်းယု ၏ဘယ်ဘက်လက်တွင် ရုတ်ခြည်းရပ်တန့်သွားသည်။ ရွမ်းယု၏ဘယ်ဘက်လက်မှ ရေခဲအလွှာတစ်ခုကိုလည်း ထုတ်လွှတ်လိုက်သည်။
ရေခဲလွှာသည် လန်ရွမ်းယု၏လက်မှတစ်ဆင့် မီးတောကိနေသော ကျင်းရှန်း၏တောင်ပံကိုပင်လက်မှတစ်ဆင့်ဖုံးအုပ်သွားလေသည်။ ထို့နောက် ကျင်းရှန်း၏ ညာဘက်တောင်ပံတစ်ခုလုံးပေါက်
ကွဲထွက်သွားလေသည်။ ကျင်းရှန်း၏လက်ကိုတောင်ပံကာကွယ်ထားသော်လည်း အနည်းငယ်တော့ ထိလိုက်သွားလေသည်။
ထို့နောက် လန်ရွမ်းယုရှေ့သို့တိုးလာလေသည်။ ဘယ်လက်တွင်လည်း ရေခဲတုံးကြီးတစ်ခုပေါ်လာပြီး ကျင်းရှန်း၏ မျက်နားကို တိုက်ရိုက်ချိန်ရွယ်ထားသည်။ ကျင်းရှန်း အံ့အားသင့်သွားသည်။ သူသည် သူ၏လက်နှစ်ဖက်လုံးကို လျင်မြန်စွာစုစည်းပြီး မီးတောက်ရွှေတောင်ပံများဖြင့် ရေခဲတုံးကို ပိတ်ဆို့ရန် ကြိုးစားခဲ့သည်။ သို့သော် မထင်ထားသောအရာဖြစ်ပေါ်ခဲ့သည်။ သူရပ်နေသောမြေပြင်သည် ရုတ်တရက်ရေခဲများဖုံးသွားကာ ကျင်းရှန် ဟန်ချက်ပျက်သွားလေသည်။
Endend…..