အခန်း (၈၃)
Vol. 6 Ch. 83
ကျင်းရှန်းသည် ထိုအခါ လေပေါ်သို့ပျံတက်သွားလေသည်။ သို့သော်နောက်ကျသွားလေပြီ..
လန်ရွမ်းယုသည် လေပေါ်တွင်သူ့အားစောင့်နေလေသည်။ ထို့နောက်လန်ရွမ်းယု၏ညာခြေထောက်သည် ကျင်းရှန်း၏ ပခုံးအား ပြင်းထန်စွာကန်ချလိုက်လေသည်။
“ဗွမ်းးး!”
ကျင်းရှန်း မြေပြင်ပေါ်သို့ တန်းတန်းမတ်မတ် ထိုးကျသွားခဲ့သည်။ အသံပင်။ သူ၏ရွှေတောင်ပံနှစ်ခုလုံး ကွဲလုနီးပါးဖြစ်သွားသည်။
‘သူ သတိလစ်နေတာက သူ့ရဲ့ခွန်အားကို မလျော့စေဘဲ ပိုတောင် သန်မာလာစေခဲ့တာပဲ!’
ရဲလင်းတုံ သည် တိုက်ပွဲကိုကြည့်ရင်း အတွင်းစိတ်မှ တွေးလိုက်မိသည်။
ချန်းလိန်နှင့် လျိုဖိန်တို့၏မျက်လုံးများလည်း တောက်ပနေလေသည်။
“ကျင်းရှန်း မင်းရှုံးသွားပြီ”
လုချန်းရွိမ် ရှေ့ကို လျှောက်လာပြီး ကျင်းရှန်းကိုဆွဲထူလိုက်သည်။
“မင်း ရွမ်းယုကို ကန်တင်းကကိစ္စအတွက် တောင်းပန်ရမယ်”
ကျင်းရှန်းသည် သွားများကို အံကြိတ်ရင်း မတ်တပ်ထရပ်လိုက်ပြီး မကျေမနပ်ဖြင့် လန်ရွမ်းယုကိုကြည့်ရင်း
“အရင်ကကိစ္စအတွက် တောင်းပန်ပါတယ်”
လန်ရွမ်းယုက လန့်သွားသည်။ တစ်ဖက်ကထိုသို့ တောင်းပန်မည်ဟု မထင်ခဲ့ပေ။
လုချန်းရွိမ် ရယ်လိုက်သည်။
“ငါတို့အားလုံးက အထူးတန်းကပဲ။ ခွန်အားကအရာရာကိုဆုံးဖြတ်တယ်။ မင်းမှ စွမ်းအားရှိရင်မင်းလုပ်သမျှ မှန်တယ်။ မင်းက အားနည်းနေ ရင်တော့ မင်းဘာလုပ်လုပ် မင်းမှားတယ်။ အတန်းကိုကြိုဆိုပါတယ်၊ ငါက လုချန်းရွိမ် ၊ အတန်းခေါင်းဆောင်ပါ”
ရှင်းပြရင်း သူ့လက်ကို လန်ရွမ်းယု ဆီသို့ ဖြန့်လိုက်သည်။
လန်ရွမ်းယုလည်း သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် လုချန်းရွိမ် ၏ လက်ဖဝါးမှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
လန်ရွမ်းယု မျက်မှောင်ကြုတ်လိုက်သော်လည် မတုန်လှုပ်ပေ။ ရွှေရောင်ငွေပြာမြက်သည် သူ၏ညာလက်ဖဝါးအတွင်းတွင် ဖျတ်ခနဲပေါ်လာသည်။ ထို့နော်လန်ရွမ်းယု၏ခွန်အားက....
လုချန်းရွိမ် ၏ မျက်နှာမှာ အံ့အားသင့်မှုအသွင်ကို တဖြည်းဖြည်း ပေါ်လွင်လာသည်။
လန်ရွမ်းယုသည် တိုက်ပွဲတွင် ရေခဲဒြပ်စင်ထိန်းချုပ်မှုကို ပြသထားသည်။သိူ့သော် ယခုထွက်လာသော သူ၏လက်ဖဝါးမှ စွမ်းအားသည် ဒြပ်စင်ထိန်းချုပ်မှုအမျိုးအစားအသုံးပြုသူတစ်ဦးမှ ထုတ်လုပ်နိုင်သည့်အရာမဟုတ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့်
“မင်းမှာ သိုင်းဝိညာဉ်နှစ်ခုရှိတာလား”
လုချန်းရွိမ် မေးလိုက်လေသည်။
လန်ရွမ်းယုက လန့်သွားသည်။ လုချန်းရွိမ် သည် သူ့ထက် တစ်နှစ်သာ အသက်ကြီး
သော်လည်း သူ့ရဲ့အမွှာသိုင်းဝိညာဉ်ကို လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ သူ့ရဲ့ ပိုင်းခြားနိုင်စွမ်းက တကယ်ကို အစွမ်းထက်တယ်...
လန်ရွမ်းယုသည် ဘာပြောရမှန်းမသိပေမဲ့ အဆုံးတွင် သူ ခေါင်းညိတ်လိုက်သည်။ ထို့နောက်လက်များကိုဖြေလျော့လိုက်ကြသည်။
“အမွှာသိုင်းဝိညာဉ်! ဘယ်လောက်တောင်အံ့သြစရာ ကြီးလဲ”
ချန်းလီ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လန်ရွမ်းယုကိုဖက်လိုက်သည်။
“ကောင်းတယ်၊ အရမ်းကောင်းတယ်! ဟားဟား၊ ငါတို့အဖွဲ့က အောက်ခြေမှာပဲ ရှိတော့မှာမဟုတ်တော့တာ သေချာတယ်။”
ထို့နောက် အတန်းစခါနီး၍ လူခွဲလိုက်ကြလေသည်။
“ရွမ်းယု၊ မင်းမှာ သိူင်းဝိဥာဉ် အမွှာ တကယ်ရှိတာလား၊ အဲဒါတွေက ဘာလဲ” ချန်းလီက မေးလိုက်သည်။
“ငါ့ရဲ့သိူင်းဝိညာဉ်တွေက ငွေမြက်ပြာ မျိုးကွဲတွေပဲ”
“ရွှေရောင်ငွေပြာမြက်က ခွန်အားကို အဓိကပေးပြီး ငွေရောင်ငွေပြာမြက်က ရေဓာတ်ကို ထိန်းချုပ်နိုင်တယ်”
“ငါသိပီ၊ မင်းဘာလို့ ကျင်းရှန်းကို နိုင်ခဲ့တယ်ဆိုတာငါသိလိုက်လိုက်ပြီ။ အံ့သြစရာမရှိပါဘူး။ အခု ငါ့သိုင်းဝိဥာဉ်ကို မင်းနဲ့မိတ်ဆက်ပေးပါရစေ။”
ချန်းလီ ရယ်မောလိုက်သည်။
“ငါ့ရဲ့သိုင်းဝိညာဥ်က အရမ်းထူးခြားတယ်”
“မင်းရဲ့သိုင်းဝိညာဥ်ကဘာလဲ”
ချန်လီ ရယ်လိုက်သည်။ “ငါ့နာမည်ကဘာလဲ”
“ချန် (ပိုက်ဆံ)?” လန်ရွမ်းယုက သံသယစိတ်ဖြင့် မေးလိုက်သည်။
“မှန်တယ်၊ အဲ့ဒါ ငါ့ရဲ့သိုင်းဝိညာဥ်ပဲ။ ငါ့သိုင်းဝိညာဉ်က ငွေပဲ”
ထိုသို့ပြောနေစဉ်တွင် ချန်လီ၏ ညာလက် လက်ဖဝါးပေါ်ရှိ အကြွေစေ့တစ်ခုပေါ်လာလေသည်။
“မင်းရဲ့သိုင်းဝိညာဉ်က ပိုက်ဆံလား”
လန်ရွမ်းယု အံ့အားသင့်သွားသည်။
“ငါ့သိုင်းဝိညာဥ်က တော်တော်ထူးဆန်းတယ်။
ပိုက်ဆံရှိရင် ကြိုက်တာလုပ်လို့ရတယ်ဆိုတဲ့ စကားကို ကြားဖူးလား။ ငါ့သိုင်းဝိညာဉ်ရဲ့အမည်အပြည့်အစုံကို ဆင့်ခေါ်ခြင်းပိုက်ဆံလို့ခေါ်တယ်။ ငွေကိုတော့ ငါခေါ်လို့ မရဘူး၊ ဒါပေမယ့် ပိုက်ဆံကို ဥပမာ ဝိညာဥ်သားရဲတွေကို ခေါ်ခိုင်းဖို့ သုံးနိုင်တယ်။ ဆင့်ခေါ်ထားတဲ့ ဝိညာဉ်သားရဲတွေက သူတို့ရဲ့မူလခွန်အားရဲ့ထက်ဝက်တော့စွမ်းအားရှိတယ်။ ဒါပေမယ့် ပြဿနာက ငါ့ရဲ့ သိုင်းဝိညာဥ်က မတည်ငြိမ်ဘူး။ ငါကိုယ်တိုင်လည်း ဘာကိုခေါ်ရမှန်း မသိဘူး။ ဟဲဟဲ…”
“သူက စိတ်မချရဘူးဆိုတာ အဲ့တာကို ဆိုလိုတာပဲ” လျိုဖိန် က အေးစက်စွာ ပြန်ပြောလိုက်သည်။
“ မင်းရဲ့ ပထမဆုံး ဝိညာဉ်စွမ်းရည်က ဘာကိုခေါ်နိုင်တာလဲ” လန်ရွမ်းယု စိတ်ဝင်စားသွားသည်။
ချန်လီ က စိတ်ပျက်လက်ပျက်နဲ့
“ဆင့်ခေါ်ခြင်းတံခါးပဲ... တံခါးပေါက်ပေမယ့် ဘယ်ကထွက်လဲတော့ သေချာမပြောနိုင်သေး
ဘူး။အဲ့တံခါးကနေ ဘယ်အရာမဆို ပေါ်လာနိုင်တယ်.... အများအားဖြင့်တော့ အလယ်အလတ်ရှိတဲ့ ဝိညာဉ်သားရဲတွေ ပေါ်လာတယ်။”
Endend…..