Chapters

အခန်း (၈၄)

Vol. 6 Ch. 84

အခန်း (၈၄)

Vol. 6 Ch. 84

“ဆင့်ခေါ်ခြင်းတံခါးက ဝိညာဉ်စွမ်းအားသုံးရတာများလား “

ချန်းလီ က “ဟုတ်တယ်၊ ဒါပေမယ့် ငါခံနိုင်တဲ့အနေအထားမှာပဲ “

“ငါ့သိုင်းဝိညာဉ်က နဂါးလှံဖြူလို့ခေါ်တဲ့ လှံပဲ... မတော်တဆ နဂါးသားရဲဝိညာဥ်တစ်ခုကို စုပ်ယူမိခဲ့တဲ့ လှံသိုင်းဝိညာဉ်ပဲ... ငါက လျင်မြန်စနစ်ဝိညာဥ်မာစတာ” လျိုဖိန်ကလည်း သူ့ကိုသူမိတ်ဆက်လေသည်။

လန်ရွမ်းယု အံ့အားသင့်သွားသည်။

“လှံက တိုက်ခိုက်ရေးစနစ်မဟုတ်ဘူးလား”

“ဟုတ်တယ် ဒါပေမယ့် ငါ့လှံထဲက နဂါးဝိဥာဉ်က အဓိကအားဖြင့် ငါ့ရဲ့အရှိန်ကိုပဲ တိုးစေတယ်။ ငါ့ရဲ့တိုက်ခိုက်မှုတွေ အားနည်းပေမဲ့ ငါအရှိန်ကအရမ်းမြန်တယ်၊ အဲ့ဒါကြောင့် ငါ့ကို လျင်မြန်စနစ်ထဲမှာ ထည့်ထားလိုက်ကြတာ”

……………..

“ပြီးရင်၊ မင်းတို့အားလုံး အထူးသဖြင့် မင်းတို့ရဲ့အနာဂတ်အတွက် အလွန်အရေးကြီးမဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်တွေကိုရွေးချယ်ရမယ်.... လူတိုင်း ပညာရပ်နှစ်ခုကို ရွေးချယ်ဖို့ လိုအပ်တယ်။ စက်ရုပ်ထိန်းချုပ်ရေးအလုပ်အကိုင်ကိုတော့ သေချာပေါက်ရွှေးရမယ်။ အခြားတစ်ခုကိုတော့ မင်းတို့စိတ်ကြိုက်ရွေးပါ။

အာကာသယာဉ်မောင်းနှင်မှုပညာရပ်လာ...ဒါမှမဟုတ် တိုက်ပွဲသံချပ်ကာနဲ့ဆိုင်တဲ့ ပညာရပ်လေးခုဖြစ်တဲ့ တိုက်ပွဲသံချပ်ကာဒီဇိုင်းပညာ.. ထုတ်လုပ်ခြင်းပညာ... ပန်းပဲလုပ်ခြင်းပညာနဲ ပြုပြင်ထိန်းသိမ်းခြင်းပညာတို့ထဲကတစ်ခုရွေးမလား... မင်းတို့စဥ်းစားထားကြပါ”

“ မင်းတို့အားလုံး စဉ်းစားဖို့ အချိန်တစ်ပတ်ရမယ်.... မင်းမိသားစုနဲ့လည်း ဆက်သွယ် လို့ရတယ်။ မင်းတို့အားလုံးက ငယ်ရွယ်သေးတော့ အလုပ်တွေအကြောင်းသိပ်သိမှာမဟုတ်ဘူး။ ပညာရပ်တစ်ခုကိုရွေးပြီးရင် နောက်တစ်ခုကို ပြောင်းလဲဖို့ကအလွန်ခက်တယ်။”

“ဒီအပတ်အတွက်တော့ စစ်ရေယာဉ်မောင်းနှင်မှုဆိုင်ရာ အခြေခံအချက်အလက်အကြောင်း ဆွေးနွေးသွားမယ်။”

အတန်းပိုင်မှာ အသက် ၄၀ ဝန်းကျင် လူလတ်ပိုင်းအရွယ်ဆရာတစ်ဦးဖြစ်သည်။

“အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းတွေအရ စစ်သင်္ဘောတစ်စင်းရဲ ပိုင်းလော့အဖွဲ့ဝင်ဖြစ်ဖို့ အနည်းဆုံး လေ့ကျင့်မှုသက်တမ်း ၁၂ နှစ် လိုအပ်တယ်။ ၎င်းက အလွန်ရှည်လျားပြီး ခက်ခဲကြမ်းတမ်းတဲ့ ခရီးတစ်ခုဖြစ်တယ်။”

“စစ်သင်္ဘောအကြောင်းကို လေ့လာဖို့ လိုအပ်ချက်ကတော့ ဝိညာဉ်ရေးရာစွမ်းအား အနည်းဆုံး အမှတ် ၅၀ ရှိဖို့ပဲ။ စစ်အာကာသယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ အနည်းဆုံး

ဝိညာဉ်ရေးရာစွမ်းအား အမှတ် ၂၀၀ ရှိဖို့လည်း လိုတယ်။ အဲဒါကိုတော့ အားလုံးစဉ်းစားဖို့ လိုတယ်။”

“ကျောင်းက မင်းတို့ရဲ့ရွေးချယ်မှုကို လေးစားမှာပဲဖြစ်ပြီးတော့ ဆုံးဖြတ်ချက်ကလည်း မင်းတို့လက်ထဲမှာပဲရှိတယ်။”

ထို့နောက် ဆရာသည် စစ်အာကာသယာဉ်ရှေ့ပြေးအခြေခံအချက်အလက်များနှင့် ပတ်သက်သည့် အခြားအရေးကြီးသော အချက်

များကို ဆက်လက်ပြောပြလေသည်။

လန်ရွမ်းယု၏ အိမ်မက်သည် တိုက်ပွဲသံချပ်ကာမာစတာဖြစ်ချင်သကဲ့သို့ အာကာသယာဥ်မှုးလည်းဖြစ်ချင်နေခဲ့သည်။ ထိုနှစ်ခုတွင် ရွမ်းယုလမ်းပျောက်နေလေသည်။

“မင်း အာကာသယာဥ်သင်တန်းကိုကြိုက်လို့လား” ချန်းလီက ကပ်တိုးလေးမေးလေသည်။

“အင်း” လန်ရွမ်းယုလည်း ခေါင်းညိတ်လိုက်သည်။

Endend….