← Chapters

အခန်း (၈၅)

Vol. 6 Ch. 85

အခန်း (၈၅)

Vol. 6 Ch. 85

ချန်းလီက “မင်း စက်ရုပ်မာစတာနဲ့တိုက်ပွဲသံချပ်ကာမာစတာ လမ်းကြောင်းနှစ်ခု ကို ရွေးသင့်တယ်လို့ ထင်တယ်။ အများစုက အဲဒါကို ရွေးကြလိမ့်မယ်။ အနာဂတ်မှာ တိုက်ပွဲသံချပ်ကာမာစတာဖြစ်လာဖို့က လူတိုင်းရဲ့ဦးစားပေးပဲလေ “

“ငါလည်း တိုက်ပွဲသံချပ်ကာမာစတာဖြစ်ချင်ပါတယ်။ ငါ့မှာ ရွှေလနဂါးသံစဥ် နဲ့ ငွေနဂါးချီလင်းအက သံချပ်ကာအရုပ်နှစ်ခုလုံးတောင်ရှိတယ်။ ဒါပေမယ့် ငါက ငယ်ငယ်ကတည်းက အာကာသယာဉ် မောင်းရတာကို နှစ်သက်ခဲ့တာ.. အဲဒါကိုလည်း လက်မလျှော့ချင်ဘူး။ အာကာသယာဉ်မှူးနဲ့ သံချပ်ကာမာစတာ လမ်းကြောင်းကိုရွေးလိုက်မယ် ...ဘယ်လိုထင်လဲ”

“အဲ့တာ သိပ်မကောင်းဘူးနော်! ပန်းပဲလုပ်တာလိုမျိုး စက်ရုပ်မာစတာလမ်းကြောင်းနဲ့ တိုက်ပွဲသံချပ်ကာလမ်းကြောင်းအတွက်တူညီတဲ့အလုပ်မျိုးရှိပေမဲ့ အာကာသယဥ်လမ်းကြောင်းက သပ်သပ်ခွဲသွားတာ.... သေချာစဉ်းစားတာ ပိုကောင်းတယ်။ ခြားနားလွန်းတဲ့ ဒီအလုပ်နှစ်ခုကို ရွေးချယ်ရင် မင်းရဲ့အချိန်အများကြီး ယူရလိမ့်မယ်၊ အဲ့တာသိပ်မကောင်းဘူးနော်”

“ကျေးဇူးတင်ပါတယ်၊ ငါစဉ်းစားလိုက်ပါ့မယ်။ မင်းကရော? ဘာကိုရွေးမှာလဲ” လန်ရွမ်းယု စိတ်ဝင်တစား မေးသည်။

“အာကာသယာဥ်သင်္ဘောလမ်းကြောင်းလေ!”

“…”

လန်ရွမ်းယုပြောစရာစကားမဲ့သွားသည်။

“ငါ့ကို အဲ့ဒီလမ်းကို မသွားဖို့ မင်း ဆွဲဆောင်နေတာ မဟုတ်ဘူးလား”

ချန်းလိန် ရယ်မောလိုက်သည်။

“ငါက မတူဘူး! ငါ့သိုင်းဝိညာဥ်က စိတ်မချရပေမယ့် ငါ့ရဲ့ ဝိညာဥ်ရေးရာစွမ်းအားက အတန်းထဲမှာ ထိပ်တန်းပဲ။ မဟုတ်ရင် ငါ ဒီအတန်းကို ဘယ်လိုရောက်လာတယ်လို့ မင်းထင်လို့လဲ။”

လန်ရွမ်းယု အံ့အားသင့်သွားသည်။

“ဒါဆို မင်းက တိုက်ပွဲသံချပ်ကာမာစတာနဲ့ အာကာသ သင်္ဘော ပိုင်းလော့ နှစ်မျိုးလုံးကို ရွေးချင်လား။ မင်းရဲ့ ဝိညာဉ်ရေးရာ စွမ်းအား ဘယ်လောက်မြင့်လို့လဲ “

“ငါ မသေချာပေမယ့် 130 ကနေ 140 ဝန်းကျင်ဖြစ်သင့်တယ်။ ဟဲဟဲ”

လန်ရွမ်းယု သည် သူ၏ ဝိညာဉ်ရေးရာ စွမ်းအားမှာ အမှတ် 100 ခန့် ရှိနိုင်သည်ဟု ခန့်မှန်းခဲ့

သော်လည်း ချန်းလိန် ၏ ဝိညာဉ်ရေးရာ စွမ်းအားသည် သူ့ထက်ပင် မြင့်မားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

“ငါ့ရဲ့ ဝိညာဉ်ရေးရာ စွမ်းအားကလည်း အမှတ် 100 လောက်ရှိတယ်၊အဲ့တာဆို အဲ့ဒီဘာသာရပ်နှစ်ခုကို သင်ယူဖို့ လုံလောက်နိုင်လား”

လန်ရွမ်းယုမေးလိုက်သည်။

“ဘာလဲ? မင်းရော 100 လား? စွမ်းလွန်းပါတယ်? “ ချန်းလိန် အံ့အားသင့်သွားပြီး သူ့အသံက အနည်းငယ်ကျယ်လောင်သွားသောကြောင့် စာသင်နေသော ဆရာ့ကိုပင် သတိထားမိစေသွားသည်။

“နှစ်ယောက်စလုံး မတ်တပ်ရပ်”

ဆရာက ရွမ်းယုတို့ကိုကြည့်ကာပြောလိုက်သည်။

“မင်းတို့မှာ မေးစရာရှိလို့လား။ မင်းတို့ အတန်းထဲမှာ ဘာကို အရေးတကြီး ဆွေးနွေးနေကြတာ

လဲ”

ချန်းလိန် နှင့် လန်ရွမ်းယု တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကြောင်နေကြသည်။ “ချန်းလိန် မင်းမပြောနဲ့.... ကျောင်းသားသစ်ပြော...မင်းတို့ဘာပြောနေကြတာလဲ?”

“ဟုတ်” “ဆရာ၊ ကျနော်တို့ ဒုတိယ အသက်မွေးဝမ်းကျောင်းအလုပ်အကြောင်း ဆွေးနွေးနေတာပါ.... အာကာသသင်္ဘောလမ်းကြောင်းနဲ့ တိုက်ပွဲသံချပ်ကာလမ်းကြောင်း နှစ်ခုစလုံးကို ရွေးချယ်ဖို့ ဖြစ်နိုင်သလားဆိုတာကိုဆွေးနွေးနေတာပါ။ နှစ်ခုလုံးကိုရွေးချယ်ချင်နေလို့ပါ”

ဆရာမ အံ့သြသွားသည်။

“အာကာသယာဉ်နဲ့ တိုက်ပွဲသံချပ်ကာလမ်းကြောင်းနှစ်ခုလုံးလား?...ဒါကရပါတယ်.. အခြေအနေတစ်ခုပဲရှိတယ်...မင်းတို့ရဲ့ ဝိညာဉ်ရေးရာ စွမ်းအားက အမှတ် 50 ကျော်ပြီလား”

ထိုအခါ ချန်းလိန်ကခပ်တိုးတိုးရီကာ

“ကျနော်တို့နှစ်ယောက်လုံး အမှတ် ၁၀၀ ကျော်နေပါပြီ ဟဲဟဲ”

‘100 ကျော်’

မျှော်လင့်ထားသည့်အတိုင်း ဆရာ၏မျက်လုံးထဲတွင် အံ့အားသင့်မှုတစ်ခု ပေါ်လာသည်။ အမှတ် 100 ကျော်သော ဝိညာဉ်ရေးရာစွမ်းအားသည် ဘာကိုဆိုလိုတာလဲ.... သူ ကောင်းကောင်းသိသည်။ ကွင်းလေးကွင်းနှင့်အောက်ရှိသော ဝိညာဉ်မာစတာများစွာသည် ထိုအဆင့်ကိုပင် မရောက်နိုင်ပေ။ သို့သော် ဤကလေးများသည် အသက်ခုနစ်နှစ်မှ ရှစ်နှစ်သာရှိသေးပြီး ဝိညာဉ်ကွင်းတစ်ကွင်းသာရှိသည်။ သို့သော်....ဝိညာဥ်ရေးရာစွမ်းအားက......

“ထိုင်တော့ မင်းတို့မှာများပြားတဲ့ ဝိညာဉ်ရေးရာ စွမ်းအားတွေ ရှိပေမယ့် ဒီအလုပ်နှစ်ခုလူံးကို သင်နိုင်မလားဆိုတာ မဆုံးဖြတ်ခင် မင်းတို့တွေကို ပိုပြီး စေ့စေ့စပ်စပ် အကဲဖြတ်ဖို့ လိုသေးတယ်လို့ ငါထင်ပါတယ်။ ဒီနှစ်ခုကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ မင်းတို့ သင်ယူရမယ့်အရာတွေကနှစ်ဆများလာလိမ့်မယ်... လွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူး....”

“အတန်းမပြီးခင် ဒီလဟာ မင်းတို့ရဲ့အထူးတန်းဆက်တက်ခွင့်ရှိမရှိဆုံးဖြတ်ပေးမဲ့ နောက်ဆုံးလဖြစ်ကြောင်း အားလုံးကို သတိပေးချင်ပါတယ်။ လာမည့်လမှစတင်ပြီး ငါတို့ကျောင်းက ပြင်းထန်တဲ့ သင်ကြားမှုပုံစံကိုစတင်တော့မယ် ။ နေ့စဉ် မနက် ၆ နာရီမှာအတန်းတက်ပြီး ည ၈ နာရီမှာ အတန်းဆင်းရမယ်။ အိပ်ချိန်က အမြဲတမ်း ည ၁၀ နာရီဖြစ်ပြီး နှစ်ပတ်တစ်ကြိမ်ပဲ အနားယူခွင့်ရမယ့်...အဲ့တာမို့ အားလုံး ကောင်းကောင်းအသင့်ပြင်ထားဖို့ လိုပါတယ်။”

“ကောင်းပြီ၊ ဒီနေ့အတွက် ဒီလောက်ပဲ။ အတန်းဆင်းပြီး “

Endend…..

All Chapters