အခန်း (၈၆)
Vol. 6 Ch. 86
အခန်းထဲပြန်ရောက်သောအခါ ဆရာများသင်ပေးလိုက်သည့် ဗဟုသုတမျိုးစုံသည် လန်ရွမ်းယု၏ ခေါင်းထဲတွင် ပြည့်နေလေသည်။ သူ့အတွက် တံခါးအသစ်တစ်ခုဖွင့်လိုက်ရသလိုပင်.....
ချန်းလိန်နှင့်လျိုဖိန်တို့နှစ်ယောက်လုံး အိပ်ဆောင်ထဲတွင် ရှိနေကြသည်။
ထိုအချိန် လျိုဖိန် ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။
“ငါတို့ လေ့ကျင့်ကွင်းကို သွားပြီး တစ်ယောက်နဲ့
တစ်ယောက် တိုက်ခိုက်တဲ့ပုံစံကို ရင်းနှီးအောင်လုပ်မလား.....နောက်ပိုင်းပြိုင်ပွဲတွေမှာ ငါတို့အတူတူတိုက်ခိုက်ရမှာဆိုတော့ အချိတ်အဆက်ပိုမိလာအောင်လုပ်ရအောင် “
“အဲ့တာ ကောင်းတယ်!” လန်ရွမ်းယု သည် အနည်းငယ် ဗိုက်ဆာနေသော်လည်း သူ့အခန်းဖော်များ မည်မျှ တိုက်ခိုက်နိုင်သည်ကို သိလိုသေး သည် ။
“ငါတို့ ပုံရိပ်ကမ္ဘာထဲမှာ လေ့ကျင့်မလား။”
လန်ရွမ်းယုက အနည်းငယ်ထိန့်လန့်နေသောအမူအရာဖြင့်မေးလိုက်သည်။ သူနှင့် ထိုကမ္ဘာသည်သိပ်ကီးကိုက်ပုံမပေါ်ပေ။
ချန်းလိန် က
“ဟုတ်တယ်၊ တခြားကျောင်းတွေမှာဆို ဒီလိုစက်
ပစ အငယ်တန်းကျောင်းသားတွေအတွက် ဒီလိုစက်ပစ္စည်းမျိုး မရှိဘူး။ ငါတို့ အထူးတန်းအတွက် သီးသန့်တစ်ခု ထားထားပေးတာ....”
သူနှင့် လျိုဖိန်တို့သည် ပုံရိပ်ယောင်ကမ္ဘာထဲတွင် လန်ရွမ်းယု ဖြစ်ပျက်ခဲ့သည့်အရာများကို မသိခဲ့ကြပေ။
“ဒါက မင်းရဲ့ပထမဆုံးအကြိမ်မို့ မင်းအရင်ဆုံး စာရင်းသွင်းရလိမ့်မယ်။ မင်းရဲ့လက်ပတ်ကို ဝင်ပေါက်က ဖန်သားပြင်ပေါ်တင်လိုက်။”
စရင်းသွားခြင်းမှာ အလွန်လွယ်ကူသည်။ လက်ပတ်ကိုဖန်သားပြင်ပေါ်တင်လိုက်ရုံသာ...
ကုန်ကျစရိတ်ကိုအလိိုလိုဖြတ်တောက်သွားလေသည်။ သို့သော် လန်ရွမ်းယုမှာ အခွင့်ထူးခံဖြစ်လေရာ မည်သည့်ငွေကြေးမှမပေးဆောင်ခဲ့ရပေ။
“လူသုံးယောက်အဖွဲ့ ချိတ်ဆက်နေပါသည်။ ဝင်ခွင့်ပေးသည်”
အလင်းများ တဖျပ်ဖျပ်ဖျပ်ခတ်လာပြီး လန်ရွမ်းယုတို့သုံးယောက်သား မြို့လေးတစ်မြို့တွင်ပေါ်လာလေသည်။ အရင်လိုတောတောင်ထဲတွင်မဟုတ်တော့ပေ။ ရှေးဟောင်းစတိုင်လ်မြို့လေးတစ်ခုဖြစ်သည်။
လန်ရွမ်းယုရောက်နေသောနေရာကတော့
‘ဝိညာဉ်မာစတာများအတွက် သီးသန့်ဖန်တီးထားသော ကမ္ဘာ....ဝိညာဥ်ကမ္ဘာ’
ဂြိုလ်တစ်ခုလုံးရှိ ဝိညာဉ်မာစတာများသည် သက်ဆိုင်ရာဋ္ဌာနများမှတစ်ဆင့် ယခု ဝိညာဥ်ကမ္ဘာထဲသို့ဝင်ရောက်ကာ လေ့ကျင့်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်လေသည်။
Endend……..