အခန်း (၈၇)
Vol. 6 Ch. 87
လျိုဖိန်က ဆက်လက်ရှင်းပြသည်။
ဝိညာဥ်ကမ္ဘာက ရှေးခေတ် မိခင်ဂြိုလ်မှာရှိတဲ့ ဝိညာဥ်ကုန်းမြေတိုက်ကြီးရဲ့ပုံစံတူဖန်တီးထားတာ... မြို့တွေ..သစ်တောတွေ...အကုန်ပါတယ်။ ဒီနေရာကို အထူးလေ့ကျင့်ရေးကွင်းအဖြစ်လည်း သဘောထားနိုင်တယ်။ ဒီနေရာမှာ ဒဏ်ရာရရင်ရတဲ့ဒဏ်ရာရဲ့ 30% ပဲနာကျင် ခံစားရတယ်။ ဘယ်လိုပဲဖစ်ဖစ် ဒဏ်ရာမရအောင်တော့ဂရုစိုက်ရမယ်။ လက်တွေ့ကမ္ဘာကစွမ်းအား အားလုံးကိုဒီကမ္ဘာမှာသုံးလို့ရတယ်။
“သာမန်အခြေအနေအရတော့ အသက် 12 နှစ်နဲ့အထက် ဝိညာဉ်မာစတာများသာ ဒီဝိညာဥ်ကမ္ဘာ
ကိုဝင်ရောက်ခွင့်ရှိတယ်။ ဒါပေမဲ့ ငါတို့က ကောင်းကင်ဝိညာဥ်အကယ်ဒမီရဲ့လူငယ်အထူးတန်းကျောင်းသားတွေဖြစ်လို့ အသက်မပြည့်ပဲ ဝင်လို့ရတာ.... လောလောဆယ်မှာတော့ ဒီမြို့ငယ်လေးမှာပဲ လေ့ကျင့်လို့ရတယ်။ ငါတို့စွမ်းအားတွေပိုအားကောင်းလာမှအခြားနယ်တွေကို သွားကြည့်လို့ရမယ်
“သွားကြရအောင်.. ဒီမြို့မှာစိတ်ဝင်စားစရာတွေအများကြီးရှိတယ်။ “
“အခု ငါတို့ ဘယ်သွားမှာလဲ” လန်ရွမ်းယု စပ်စုလိုက်သည်။
လေ့ကျင့်ကြ မယ်။ ဒီမှာ လေ့ကျင့်ရေးကွင်းရှိတယ်။
ကောင်းပြီ!
ချန်းလိန်နှင့် လျိုဖိန်တို့၏လမ်းညွှန်မှုအောက်တွင်၊ သူတို့သုံးယောက် လေ့ကျင့်ရေးကွင်း ဟု ဆိုင်းဘုတ်တပ်ထားသည့် အဆောက်အအုံရှေ့သို့ ရောက်ရှိလာကြသည်။
‘ဒီအိမ်ငယ်လေးက လေ့ကျင့်ရေးကွင်းလား’
သုံးယောက်သား ကောင်တာတစ်ခုသို့ ရောက်လာကြသည်။ ထို့နောက် ချန်းလိန်က ကောင်တာရှိ အမျိုးသမီးအား
“ အငယ်တန်း လေ့ကျင့်ရေးတစ်ခု ကျေးဇူးပြုပြီး ငါတို့ကို စီစဉ်ပေးပါ”
ဝိညာဉ်အကြွေစေ့တစ်ခု ကျပါတယ်
ကောင်တာရှိ မိန်းမလှလေးက ပြန်ဖြေလိုက်သည်။
ရော့
ချန်းလိန် သည် ဒင်္ဂါးပြားတစ်ခုကို လွှဲပေးလိုက်သည်။
လန်ရွမ်းယု အံ့သြသွားသည်။
“ ဒီမှာ ပိုက်ဆံလိုတာလား”
ဟုတ်တယ်..ဒီ ကမ္ဘာမှာ ဝိညာဉ်ဒင်္ဂါးဆိုတဲ့ပိုက်ဆံကိုအသုံးပြုရတယ်...ဒင်္ဂါးပြားတွေကို ဒီကမ္ဘာထဲက ပြိုင်ပွဲတွေကနေယူလို့ရတယ်။ နောက်တစ်ခါကျ ကျသင့်တာကိုအကုန်အတူတူခွဲပေးကျမယ်။ ခုတစ်ယောက်တော့ထားလိုက်တော့...ဝိညာဥ်ဒင်္ဂါးရှာရတာမလွယ်ဘူး””
အင်း လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။
“အငယ်တန်း လေ့ကျင့်ရေးအဆင့် အဆင်သင့်ဖြစ်ပြီ၊ ကျေးဇူးပြု၍ ဝင်ပါ။”
ထိုအသံထွက်ပေါ်လာပြီးနောက် လန်ရွမ်းယု တို့သုံးယောက်ထိုနေရာမှပျောက်သွားကာ ကွင်းပြင်တစ်ခုတွင်ပေါ်လာလေသည်။ ပြိုင်ကွင်းတစ်ခုဖြစ်ပြီး မီတာ ၃၀၀ခန့်ကျယ်ဝန်းလေသည်။
ဒါက အငယ်တန်းလေ့ကျင့်ရေးပြိုင်ပွဲကွင်းပဲ ၊၊ အနည်းဆုံး ၁၀ နှစ် ဝိညာဉ်သားရဲ အကောင် ၅၀ နဲ့ နှစ် ၁၀၀ သက်တမ်း ရှိတဲ့ ဝိညာဥ်သားရဲ ၃ ကောင်ကို ရင်ဆိုင်ကြမယ်။ ငါတို့မအောင်မြင်ရင် ငါတို့ပိုက်ဆံဆုံးမယ်။ ငါတို့အနိုင်ရင် ငါတို့ရဲ့ဒင်္ဂါးပြားအပြင် ဆုကြေးအဖြစ် အပိုဒင်္ဂါးတစ်ခုလည်းထပ်ရမယ်။ ဒါကြောင့် ငါတို့အနိုင်ရရမယ်။
ချန်းလိန်က အခြေအနေတွေကို အမြန်ရှင်းပြလေသည်။
၁၀ နှစ် ဝိညာဥ်သားရဲ အကောင် ၅၀ နဲ့ နှစ် ၁၀၀ ဝိညာဥ်သားရဲ ၃ ကောင်
လန်ရွမ်းယု လွန်စွာ အံ့အားသင့်သွားသော်လည်း ကြာရှည်မခံလိုက်.....
ပြိုင်ကွင်းလေးပတ်ပတ်လည်ရှိ သံမဏိတံခါးလေးပေါက်သည် တပြိုင်နက်တည်း ပွင့်လာခဲ့သည်။ ထို့နောက်သားရဲ လှိုင်းလုံးကြီး ထွက်လာတော့သည်။
အားလုံးသည် ခွေးအမျိုးအစား ဝိညာဉ်သားရဲများဖြစ်ကြပြီး လန်ရွမ်းယုသည် ၎င်းတို့အား ချက်ချင်းမှတ်မိလိုက်သည်။ မွေးရာပါမီးစွမ်းရည်ရှိသော ချော်ရည်ခွေးသားရဲဖြစ်သည်။
ချော်ရည်ခွေးများသည် အဖွဲ့လိုက်နေသောသားရဲများဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း ၁၀ နှစ်သက်တမ်း ချော်ရည်ခွေးအကောင်ရေ ၅၀ ပေါ်လာလေသည်။
ထိုအချိန်တွင် လျိုဖိန် နှင့် ချန်းလိန်တို့သည် အခြေအနေကို စတင်တုံ့ပြန်ခဲ့သည်။ လျိုဖိန်၏ခြေရင်းမှ အဝါရောင်ဝိညာဉ်ကွင်း တက်လာပြီး တစ်ချိန်တည်းမှာပင် သူ၏လက်ထဲတွင် အဖြူရောင်အလင်းတန်းများ တောက်ပလာပြီး လှံတစ်ခုအဖြစ်သို့ပြောင်းသွားခဲ့သည်။
လှံဦးခေါင်းသည် နဂါးဦးခေါင်းပုံစံ ဖြစ်သည်။ နဂါးလှံဖြူ........
ချန်းလိန် သည်လည်း တစ်ချိန်တည်းတွင် သူ၏ သိုင်းဝိညာဉ်ကို ထုတ်လွှတ်လိုက်ပြီး သူ့ခြေရင်းမှ အဝါရောင် ဝိညာဥ်ကွင်းထွက်လာလေသည်။ ဒင်္ဂါးပြားတစ်ခု သူ၏လက်ဖဝါးပေါ်တွင်ပေါ်လာလေသည်။
“ ပထမဝိညာဥ်စွမ်းရည် ဆင့်ခေါ်ခြင်းတံခါး “
အလင်းတန်းများ တောက်ပစွာ လင်းထိန်နေသော ဒင်္ဂါးပြားကို လေထဲသို့ ပစ်ချလိုက်သည်။
ချက်ချင်းပင် အကြွေစေ့သည် အရွယ်အစား ကြီးထွားလာလေ သည်။
လန်ရွမ်းယုသည်လည်း သူ့ရဲ့ ငွေရောင်ငွေပြာမြက်ကိုထုတ်လိုက်လေသည်။ ငွေပြာမြက်များသည် ရွမ်းယု၏ ဘယ်ဘက်တစ်ခုလူံးကိုရစ်ပတ်သွားလေသည်။
“ငါတို့ ဘက်ပေါင်းစုံကနေခံ တိုက်ခိုက်တာကို တားဆီးဖို့ လမ်းကြောင်းတစ်ခုတည်းကို အရင်ဆုံး ထိုးဖောက်ကြမယ်”
အတွေ့အကြုံပိုရှိသော လျိုဖိန် က တိုက်ပွဲကိုစတင် ဦးဆောင်လိုက်သည်။
10 နှစ်သက်တမ်း ချော်ရည်ခွေးတစ်ကောင်သည် မသန်မာသော်လည်း ၎င်းတို့၏
အရေအတွက်မှာအလွန်များသည်။
ယခုတစ်ကြိမ်တွင် လျိုဖိန် ၏အရှိန်ကို လန်ရွမ်းယုမြင်လိုက်ရသည်။ လျိုဖိန် နဂါးလှံဖြူဖြင့်ဖျတ်ခနဲ့ပျောက်သွားကာ ချော်ရည်ခွေးသူံးကောင်ကိုသတ်ပြသွားလေသည်။
ချန်းဖိန်ကလည်း သူ့ရဲ့ဆင့်ခေါ်မှုအနေနဲ့.....
Endendn…….