Chapters

အခန်း (၈၈)

Vol. 6 Ch. 88

အခန်း (၈၈)

Vol. 6 Ch. 88

ရီချင်စရာပင်....

ချန်းလိန်ဆင့်ခေါ်ရာမှ ထွက်လာသောသားရဲမှာ ကြောင်လေးတစ်ကောင်နေဖြစ်နေလေသည်။

လန်ရွမ်းယုနှင့် လျိုဖ်ိန်တို့နှစ်ယောက်လုံးစိတ်ပျက်သွားမိသည်။

ချန်းဖိန်ကို မသေချာတဲ့အကောင်လို့ခေါ်ခြင်းသည်အမှန်ပင်ဖြစ်ကြောင်း လန်ရွမ်းယုသဘောပေါက်သွားသည်။ လန်ရွမ်းယုလည်း အချိန်ဆွဲမနေပဲ စတင်တိုက်ခိုက်တော့သည်။ ရေခဲချွန်များထုတ်ကာ ချော်ရည်ခွေးများကိုစတင်တိုက်ခိုက်လေသည်။

ချန်းဖိန်မှာ ယခုအချိန်တွင် အသုံးမဝင်တော့ချေ....သူဆင့်ခေါ်ထားသောကြောင်လေးမှာလည်း ပတ်ပြေးနေရသော ကြောင်လေးသာသာပင်ဖြစ်သည်။

ထို့အတူ လျိုဖိန်ရဲ့အရှိန်မှာလည်း လျင်မြန်

သော်လည်း ကြီးမားသောတိုက်ခိုက်နိုင်စွမ်းမရှိပေ။ လန်ရွမ်းယုစိတ်ပျက်သွားမိသည်။ အထူးတန်းကိုဝင်ရောက်ရန် မည်သို့စာမေးပွဲအောင်မြင်လာသည်ကို လန်ရွမ်းယုသိချင်မိသည်။

“လျိုဖိန် လာခဲ့!”

လန်ရွမ်းယု လျိုဖိန်ကိုလှမ်းအော်လိုက်သည်။ ထို့အတူ ချန်းဖိန်းကိုလည်း ဆွဲခေါ်လိုက်လေသည်။ ယခုအချိန်တွင် ရန်သူများစွာကို အတူတကွ တိုက်ခိုက်မှသာ တိုက်ခိုက်နိုင်တော့မည်ဖြစ်သည်။

“မင်း နောက်ထပ်ဆင့်ခေါ်ခြင်းတံခါးကိုသူံးဖို့ ဘယ်လောက်ကြာအောင် လိုသေးလဲ”

လန်ရွမ်းယုက ချန်းလိန်ကိုဆွဲရင်းမေးလိုက်သည်။

“နာရီဝက်လောက်ကြာတော့ ရမယ်ထင်တယ်”

“ငါလာမယ်!” လျိုဖိန်သည် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ လန်ရွမ်းယုတို့စီပြေးလာလေသည်။ သူသည် အလွန်မြန်သော်လည်း အနည်းငယ်အရှိန်လွန်သွားသည် ။

လျိုဖိန် နီးကပ်လာသည်နှင့်အမျှအရှိန်မလျော့သည်ကိုတွေ့လိုက်ရသော်လည်း တွေ့လိုက်ရသောအခါ လန်ရွမ်းယုက ကြောက်လန့်တကြား

“ရပ်တော့..လျိုဖိန်”

“ငါ…ငါ...ရပ်မရတော့ဘူး”

လျိုဖိန် ရပ်တန့်ချင်သော်လည်း ရပ်မရပဲ ဖြစ်နေလေသည်။ ထို့နောက်....

“ဘန်း”

သုံးယောက်စလုံး လုံးထွေးကာ လဲကျသွား သည်။

လန်ရွမ်းယု ငိုချင်လာသည်။ ဘယ်လိုအသင်းဖော်တွေလဲ။ ဒီအဖွဲ့မှာ သူတို့ နှစ်ယောက်ပဲ ရှိခဲ့တာ အံ့သြစရာတော့ မဟုတ်တော့ပေ။

ထိုအချိန်တွင်၊ ချော်ရည်ခွေးများသည် သူတို့ကို ဝိုင်းထားပြီးဖြစ်သည်။

“ချန်းလိန် နောက်ထပ်သားရဲကိုခေါ်ဖို့ အသင့်ပြင်ထား။ ငါ သူတို့ကို ခဏလောက် ထိန်းထားပေးမယ်။” လန်ရွမ်းယုအော်လိုက်သည်။

ရေခဲဆူးများစွာသည် မြေပြင်မှ ရုတ်တရက်ပေါက်ထွက်လာပြီး သူတို့သုံးဦးကို ကာကွယ်ပေးထားလေသည်။

“အားးး ငါတို့နောက်ဆုံးတော့ လုံခြုံသွားပြီ၊ ငါတကယ်ကြောက်နေတာ” ချန်းလိန် အော်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

လန်ရွမ်းယု က ဒေါသတကြီးနဲ့

“မင်းတို့ ဒီအငယ်တန်းလေ့ကျင့်ရေးပြိူင်ပွဲကို အရင်ကအနိုင်ရဖူးလား”

“ငါတို့ တစ်ကြိမ်ပဲ နိုင်ခဲ့ဖူးတယ်! အဲဒီအချိန်တုန်းက ငါ ဝက်ဝံကြီးတစ်ကောင်ကို ဆင့်ခေါ်ပြီး ချော်ရည်ခွေးလေးတွေကို ရိုက်သတ်လိုက်တာ။ ဟား..ဟား.... နှစ် 100 ဝိညာဥ်သားရဲတွေဖြစ်တဲ့ မီးလုံးထုတ်နိုင်တဲ့ ချော်ရည်ခွေးသူံးကောင် အဲဒါကို အနိုင်မယူနိုင်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီတုန်းက ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေကုန် သွားပြီး နှစ်ရက်ပြည့်အောင် အနားယူခဲ့ရတယ်။”

“မင်းဘာပြောလိုက်တာလဲ?”

“နှစ် ၁၀၀ ချော်ရည်ခွေး.... မီးလုံးတွေ…ဟလားး”

“ ဘန်းးးး”

စကားပင်မဆုံးလိုက် ရေခဲဆူးနှစ်ခုကျိုးကျသွားလေသည်။

အဝေးတွင်... ဧရာမ ချော်ရည်ခွေး ၃ ကောင်သည် ဖြည်းညှင်းစွာလျောက်လာလေသည်။

‘ငါတို့ ဆုံးခန်းတိုင်ပြီ...’

လန်ရွမ်းယု အားကိုးရာမဲ့နေခဲ့သည်။ သူ၏ရေခဲဆူးများသည် နောက်ထပ်မီးလုံးတစ်လုံးကိုပင် တားဆီးနိုင်ခဲ့ပါက မဆိုးဟုပင်ပြောရမည်။

သို့သော် မီးလုံးနှစ်လုံး ပျံတက်လာခဲ့သည်။

“ငါ့ကို လုပ်ခွင့်ပေးပါ!” လျိုဖိန်ပြောလာလေသည်။ လျိုဖိန်လေပေါ်သို့ခုန်တက်သွားပြီး နဂါးဖြူလှံကို မြှောက်လိုက်သည်။ ထို့နောကိရောက်လာသော မီးလုံးနှစ်ခုကိုရိုက်ချလိုက်သည်။ ဘေးမှ မီးလုံးတစ်ခုကို ကောက်ယူလိုက်သည်။

“ဗွမ်း၊ ဗွမ်း!” မီးလုံးနှစ်ခုလုံး ပေါက်ကွဲပြီး မရေမတွက်နိုင်သော မီးပွားများ ပြန့်ကျဲသွားလေ သည်။ ထို့နောက် လန်ရွမ်းယုသည် ငွေပြာမြက်နွယ်များဖြင့်လေထဲမှ လျိုဖိန်ကိုဆွဲခေါ်လိုက်လေသည်။ လျိုဖိန်၏ သူ့မျက်နှာသည် အလွန်ဖြူဖျော့နေပြီဖြစ်သည်။ သူ့လက်နှစ်ဖက်လုံးမှ သွေးများယိုစီးနေပြီး တိုက်ခိုက်ရန် ခွန်အားမရှိတော့ပေ။

Endend…..