← Chapters

အခန်း (၈၉)

Vol. 6 Ch. 89

အခန်း (၈၉)

Vol. 6 Ch. 89

သို့သော်လည်း မီးလုံးနှစ်လုံးကို ပြန်ရိုက်လိုက်ခြင်းသည် ချန်းလိန်ကို အချိန်လုံလောက်စွာ ပေးခဲ့သည်။

“ စိတ်ချရပါစေ!” လျိုဖိန် သည် သူ့လက်ကိုကိုင်ရင်း ချန်းလိန်အား အော်ပြောလိုက်သည်။

“ငါ အချိန်နည်းနည်းတော့ လိုနေသေးတယ်”

ထိုအခိုက်အတန့်တွင် နောက်ထပ်မီးလုံးကြီးတစ်ခု ပျံတက်လာပြန်သည်။

“ဗွမ်းးးး” ရေခဲဆူးများသည် အပိုင်းပိုင်းများ ပေါက်ကွဲသွားသည်။ ထိုမျှသာမက

မီးလုံးတစ်ခုလည်း ထပ်မံပေါ်လာပြီး ၎င်းတို့ သုံး

ဦးဆီသို့ ဦးတည်လာနေပြီဖြစ်သည်။

နောက်ဆုံးတွင် ချန်းလိန် သည် သူ့လက်ထဲမှ ဆင့်ခေါ်သည့်ဒင်္ဂါးပြားကိုလေထဲသို့ပစ်လိုက်ပြီး ဒုတိယမြောက် ဆင့်ခေါ်ခြင်းကို စတင်လိုက်သည်။

လန်ရွမ်းယု အသက်ရှုသံများမြန်လာသည်။ ရွှေရောင်ငွေပြာမြက်ကို ထုတ်လိုက်ကာ လက်မှာရစ်ပတ်လိုက်သည်။ ထို့နောက် ရွှေရောင်အလင်းလွှာတစ်ခု လန်ရွမ်းယုပေါ်တွင်ပေါ်လာလေသည်။ လန်ရွမ်းယု လေပေါ်သို့ခုန်တက်သွားကာ ရောက်လာသော မီးလုံးကြီးကိုခန္တာကိုယ်ဖြင့်ကာကွယ်လိုက်လေသည်။

လန်ရွမ်းယု ရှောင်တိမ်းနိုင်သော်လည်း သူရှောင်လိုက်ပါက ဆင့်ခေါ်ခြင်း တံခါးကို ဖွင့်ဖို့ ကြိုးစားနေတဲ့ ချန်းလိန်ကို ထိသွားနိုင်လေသည်။

“ဗွမ်း......” မီးလုံးသည် လန်ရွမ်းယု၏ကိုယ်ခန္ဓာကိုထိမိသွားပြီးသာ လန်ရွမ်းယု အင့်ခနဲ့ခံလိုက်ရ

လေသည်။

မကောင်းတော့ဘူး......

လန်ရွမ်းယု မီးလုံးကိုတားနိုင်လိုက်သော်လည်း အရှိန်လွန်ကာ ဆင့်ခေါ်ခြင်းတံခါးကြီးနှင့်ဝင်တိုက်မိသွားလေသည်။

‘သွားပြီ...’

လန်ရွမ်းယုရဲ့ ဘယ်လက်ကို ငွေရောင်ငွေပြာမြက်များရစ်ပတ်ထားဆဲ ဖြစ်ပြီး ထိုလက်ဖြင့်ပင် ဆင့်ခေါ်ခြင်းတံခါးဘောင်ကို ဆုပ်ကိူင်လိုက်မိသည်။

ထိုအရာကပင် ထူးဆန်းသည့်အရာတစ်ခုကို ဖြစ်ပျက်သွားစေခဲ့သည်။ လန်ရွမ်းယု၏မျက်လုံးများမျက်စံများသည် ရုတ်တရက် နဂါးမျက်လုံးများအဖြစ်သို့ပြောင်းသွားကာ ဆင့်ခေါ်ခြင်းတံခါးကလည်း ပိုမိုတောက်ပလာလေသည်။ လန်ရွမ်းယု၏ငွေရောင်စွမ်းအားများနှင့် ဆင့်ခေါ်ခြင်း

တံခါးမှာပေါင်းစပ်သွားသကဲ့သို့ ဖြစ်သည်။

ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

သွယ်လျသော ခြေတစ်စုံသည် တံခါးပေါက်မှ ထွက်လာလေသည်။

သူမသည် အရပ်မရှည်သော်လည်း သေးသွယ်သည်။ သူမသည် ဝိညာဥ်သားရဲမဟုတ်ပေ... ရင်သပ်ရှုမောဖွယ်ကောင်းသော မိန်းမပျိုတစ်ယောက်ဖြစ်လေသည်။

သူမ၏ ရှည်လျားသော အဖြူရောင် ၀တ်စုံကိုဝတ်ဆင်ထားလေသည်။ အသက်မှာ ရွမ်းယုတို့နှင့်အတူတူပင်ဖြစ်ပုံရသည်။

သူမ၏ရှည်လျားနက်မှောင်သော နက်ပြာရောင်ဆံပင်ရှည်ကို စုစည်းထားလေသည်။

ဆင့်ခေါ်ခြင်းတံခါးမှထွက်လာပြီးနောက် သူမအနည်းငယ်စိတ်ရှုပ်ထွေးနေလေသည်။ သူမ ထွက်ထွက်လာခြင်း ချော်ရည်ခွေးများကို တွေ့

လိုက်ရသည်။

လန်ရွမ်းယု..လျိုဖိန် နှင့် ချန်းလိန် တို့လည်း အံသြသွားကြသည်။

‘ဒီတံခါးက ဝိညာဉ်သားရဲတွေသာမက လူတွေကို ဆင့်ခေါ်နိုင်တာလား။’

‘ဒီမှာဘာတွေဖြစ်နေတာလဲ?’

မိန်းမပျိုလေးက လန်ရွမ်းယုကိုကြည့်ကာမေးလိုက်သည်။ လန်ရွမ်းယု သာလျှင် ဤဆင့်ခေါ်ခြင်းနှင့် သက်ဆိုင်သည်ဟု သူမ ယောင်ဝါးဝါးခံစားရလေသည်။

“ဒီနေရာက ဘယ်မှာလဲ မင်းတို့က ဘယ်သူတွေလဲ?”

ချန်းလိန် ကတော့ စိတ်လှုပ်ရှားစွာ ထခုန်လိုက်သည်။

“ဝိုး မင်းက အရမ်းလှတာပဲ။ ရန်သူတွေကို အရင်သတ်လိုက်၊ ငါ့ရဲ့အလှလေး... ဒီ ချော်ရည် ခွေးတွေကို အရင်သတ်လိုက်၊ ပြီးရင် ငါတို့ စကားပြောကြမယ်။”

မိန်းမပျိုက မျက်ခုံးကိုပင့်လိုက်သည်။

“ဘာလို့ ငါက မင်းစကားနားထောင်ရမှာလဲ”

“ငါက မင်းသခင်မို့လို့ပဲ... ငါက မင်းကို ဆင့်ခေါ်ခဲ့တာလေ”

မိန်းမပျိုက “ဒါပေမယ့် ဒီနေရာက ဘယ်မှာလဲ။ ငါဘယ်လိုပြန်ရမလဲ”

“ဆင့်ခေါ်မှုပြီးတာနဲ့ မင်းပြန်သွားလို့ရတယ်။ ဒါက ဝိညာဥ်ကမ္ဘာ .....ငါမင်းကိုပြောခဲ့ရင်တောင် မင်းနားမလည်ပါဘူး” ချန်းလိန်က ပြန်ဖြေလိုက်သည်။

“ဝိညာဉ်ကမ္ဘာလား? ဝိညာဉ်မာစတာလေ့ကျင်ပရေးကမ္ဘာကို ရည်ညွှန်းတာလား။”

လန်ရွမ်းယု က အံ့အားသင့်ပြီး

“မင်းသိတယ်လား”

မိန်းမပျိုက လန်ရွမ်းယုကိုကြည့်ကာ

“မင်းပဲ၊ မင်းပဲ ငါ့ကိုဆင့်ခေါ်လိုက်တာ သူ မဟုတ်ဘူး..သူခေါ်တယ်ဆိုတာလိမ်နေတာမလား”

“မလိမ်ပါဘူး! ငါခေါ်ပါ ....!”

ချန်းလိန်က ထိုစကားကြားတော့ ကြားမှဝင်ပြောလိုက်လေသည်။

“မဟုတ်ဘူး၊ မင်း မဟုတ်ဘူး”

“ချော်ရည်ခွေးတွေ လာနေပြီ” လျိုဖိန် ၏ အသံ ထွက်ပေါ်လာသည်။

မိန်းမပျိုလည်း မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက်အဝါရောင်ဝိညာဥ်ကွင်းနှင့် ခရမ်းရောင်ဝိညာဥ်ကွင်းတစ်ကွင်းသည် သူမ၏ခြေရင်းအောက်မှ ပေါ်ထွက်လာသည်။

‘ဝိညာဥ်ကွင်းနှစ်ကွင်း၊ ဝိညာဥ်ဂရမ်းမာစတာ

အဆင့်’

လန်ရွမ်းယု အံ့အားသင့်သွားသည်။

သူမထုတ်လိုက်သော ဝိညာဉ်ကွင်းများဖြင့်

အကဲဖြတ်ကြည့်ရလျှင် သူမသည် အခြားကမ္ဘာမှ သားရဲမဟုတ်ပေ။ သူမသည် ဝိညာဉ်ကွင်းနှစ်ကွင်းရှိသော ဝိညာဉ်မာစတာတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

“ဗွမ်းးးး!” အမျိုးသမီးငယ်သည်

သူမ၏ ညာလက်ကိုဆန့်လိုက်ကာ ရေခဲနံရံကြီးတစ်ခုကိုဖန်တီးလိုက်သည်။ ထို့နောက် ရေခဲချွန်များ ထုတ်ကာ ချော်ရည်ခွေးများ၏ ခေါင်းများစီသို့ပစ်လိုက်လေသည်။

10 နှစ်သက်တမ်း ချော်ရည်ခွေး ထက်ဝက်ကျော်သည် ချက်ချင်းပင် အလင်းရောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာက သူမ၏ တိုက်ခိုက်မှုသည် မည်မျှပြင်းထန်ကြောင်း သိသာထင်ရှားစေလေ သည်။

မိန်းမပျို၏ ပထမဆုံး ဝိညာဉ်ကွင်း တောက်ပလာပြီး လက်ထဲတွင် နက်ပြာရောင်လှံရှည်ကြီး တစ်ခုပေါ်လာသည်။ ထို့နောက် မြေပြင်ကိုခြေဆောင့်ကာ ခုန်တက်သွားလေသည်။

သူမ၏တိုက်ခိုက်မှုများ သည် မြန်ရုံသာမက အလွန်လည်းတိကျသည် ။ ချော်ရည်ခွေးများတစ်ကောင်ပြီးတစ်ကောင် သေဆုံးကုန်သည်။

“စွမ်းလွန်းပါတယ်!” လှံကိုအသုံးပြုသော လျိုဖိန် က ထိုမိန်းခလေးရဲ့လှံတိုက်ကွက်များကိုကြည့်ကာ မပြောပဲမနေနိုင်ပေ။

Endend….

All Chapters