အခန်း (၉၀)
Vol. 6 Ch. 90
နှစ်၁၀၀ ချော်ရည်ခွေး သုံးကောင်သာကျန်တော့သည်။ ထိုအခါ လန်ရွမ်းယုမနေနိုင်တော့.....
အမျိုးသမီးရှိရာသို့သူပါခုန်ဝင်သွားလေသည်။
ထို့နောက် ကောင်မလေးရဲ့ခါးကိုငွေပြာမြက်နွယ်တစ်ခုဖြင့်ရစ်ပတ်လိုက်လေသည်။ လူချင်းကွဲမသွားစေရန်ရည်ရွယ်၍ ဖြစ်သည်။ ထို့နောက် အမျိုးသမီးငယ်လေးက ချော်ရည်ခွေးနှစ်ကောင်ကိုတာဝန်ယူကာ လန်ရွမ်းယုက ချော်ရည်ခွေးတစ်ကောင်ကိုတာဝန်ယူလိုက်လေသည်။
ထူးဆန်းနေသည်မှာ ငွေပြညမြက်နှင့်ရစ်ပတ်ပြီးချိန်မှစ၍ အမျိုးသမီးလေးရဲ့ စွမ်းအားမှာပိုပိုကြောက်စရာကောင်းလာလေသည်။
ဗွမ်း....ဗွမ်း.....
ဗွမ်း......
သားရဲကောင်များဆက်ဆိုက်သေဆုံးသွားသည်။
ချော်ရည်ခွေးများ အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။
ထိုအခါ လန်ရွမ်းယုနှင့် မိန်းမပျိုလေးတို့မျက်လုံးချင်းဆုံသွားခဲ့သည်။ ရွယ်တူများကြားတွင် သူမသည် လန်ရွမ်းယု ကို အသက်ရှုမဝအောင်ပြုလုပ်နိုင်သည့် ပထမဆုံးမိန်းကလေးပင်ဖြစ်သည်။
သူမသည် အမှန်တကယ် လှပလွန်းသည်။ ပါးများမှာ နှင်းဆီရောင်သန်းနေသည်။ သူမကလည်း လန်ရွမ်းယု အား ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေလေ သည်။
‘သူ့မှာ အရမ်းလှတဲ့မျက်လုံးတွေရှိတာပဲ.....အရမ်းလည်းချောတယ်.... ပြီးတော့ သူ့ရဲ့အငွေ့အသက်တွေ..... ငါနဲ့ ချိတ်ဆက်တဲ့အခါ ငါ့
ရဲ့ ဝိညာဉ်စွမ်းအားက ဘယ်လို အားကောင်းလာတာလဲ ပြီးတော့ တခြား အပြောင်းအလဲတွေ ရှိပုံရတယ်...’’
“စမ်းသပ်မှုပြီးပါပြီ။ စာမေးပွဲပြီးသွားသဖြင့် အသင်းကို ဝိညာဉ်ဒင်္ဂါး တစ်ခုနဲ့ ဆုချီးမြှင့်ပါတယ်”
ချက်ခြင်းပင်၊ မိန်းကလေးငယ်၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။
လန်ရွမ်းယုတို့လည်းကွင်းအပြင်တွင်ပြန်ပေါ်လာသည်။
“အဲဒီမှာ ဘာဖြစ်သွားတာလဲ?”
ချန်းလိန် က လန်ရွမ်းယု ကို စိတ်ရှုပ်ထွေးစွာ ကြည့်ရင်မေး လိုက်သည်။
“မင်းက သူ့ကို ခေါ်လိုက်တဲ့သူလေ... ဘာလို့ ငါ့ကို
ပြန် မေးတာလဲ” လန်ရွမ်းယုလည်း သူမသိကြောင်းပြန်ပြောလေသည်။
လျ်ိုဖိန်ကတော့ “မင်းရဲ့ ဆင့်ခေါ်ခြင်းဒင်္ဂါးက လူတွေကိုတောင် ဆင်ခေါ်နိုင်တာလား။ ဒါကို မင်းအရင်က မပြောဖူးပါဘူး။”
“ငါလည်း ဒါကို လုပ်နိုင်မှန်း မသိဘူး! လူတစ်ယောက်ကို ဆင့်ခေါ်မိတာက ဒါပထမဆုံး အကြိမ်။ ဒါပေမယ့် ဒါက အံ့သြစရာပဲမလား။ အခုပဲ မိန်းမလှလေးတစ်ယောက်ကို ဆင့်ခေါ်နိုင်ခဲ့တယ်.... ဟားဟား”
လန်ရွမ်းယု စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည်။
ဒီအခန်းဖော်နှစ်ယောက်က တကယ်ကို စိတ်မချရဘူး။
“မဟုတ်ဘူး” လျိုဖိန် ရုတ်တရက်ပြောလာသည်။
“ဘာကိုဆိုလိုတာလဲ”
“မင်းရဲ့ ဆင့်ခေါ်တံခါးကို ဒုတိယအကြိမ်ဖွင့်လိုက်ချိန်မှာ ရွမ်းယု က ဂိတ်တံခါးကို မတော်တဆ ထိမိသွားတယ်။ အဲ့တာက မင်းရဲ့ ဝိညာဉ်စွမ်းရည်ကို အနည်းငယ် ပြောင်းလဲသွားပုံပေါ်တယ်”
ချန်းလိန်က လန်ရွမ်းယု ကိုကြည့်၍
“ဟုတ်လား?”
“ဟုတ်တယ်၊ တံခါးကိုထိလိုက်တာနဲ့ ငါလည်း တစ်ခုခု ပြောင်းလဲသွားတာကိုခံစားလိုက်ရတယ်” လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။
“ငါတို့ ထပ် စမ်းသပ်မလား”
“ကောင်းတယ်” လန်ရွမ်းယု နှင့် လျိုဖိန်တို့ခေါင်းညိတ်လိုက်သည်။ သူတို့သည်လည်း ထို ထူးထူးဆန်းဆန်း အဖြစ်အပျက်ကို
ထပ်တူထပ်မျှ သိချင်နေခဲ့ကြသည်။
သူတို့သည် တူညီသောလေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ ပြိုင်ဘက်များကလည်း ချော်ရည်ခွေးများပင်ဖြစ်သည်။
ချန်းလိန် သည် မဆိုင်းမတွပင် ဆင့်ခေါ်ခြင်းတံခါးကို ချက်ခြင်းဆင့်ခေါ်လိုက်ပြီး လန်ရွမ်းယု သည်လည်း ငွေရောင်ငွေပြာမြက်ဖြင့် ရစ်ပတ်ထားသော ဘယ်လက်ဖြင့် တံခါးဘောင်ကို ဆုပ်ကိုင်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း တူညီသော ခံစားမှုမျိုး ဖြစ်ပေါ်လာလေသည်။
ထို့နောက်...
“မင်းတို့ပဲ ဖြစ်ပြန်ပြီလား? နင်တို့ရူးနေတာလား ဘာလို့ငါ့ကိုပြန်ခေါ်လာတာလဲ”
“ဟားဟား..ဟားဟား...!” ချန်းလိန် သည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်
။
“ချန်းလိန် မင်း ဘာရယ်တာလဲ” လျိုဖိန်က သူ့ကို ကန်လိုက်သည်။
“အခု စိတ်ချရပြီ၊ အခု စိတ်ချရပြီ! အရာတစ်ခုကို နှစ်ခေါက်ခေါ်နိုင်တာ ဒါပထမဆုံးပဲ..ဟားဟား.... အရမ်းကောင်းတယ်”
“ဘာဖြစ်နေတာလဲ” ကောင်မလေးက အံသြစွာ မေးလိုက်သည်။
“ ချော်ရည်ခွေးတွေကိုအရင်အနိုင်ယူရအောင်၊ နောက်မှရှင်းပြပါ့မယ်”
“ကောင်းပြီ၊ မင်းရဲ့ငွေပြာမြက်နွယ်ကိုသုံးပြီးတော့ ငါ့ခန္ဓာကိုယ်ကို ပတ်ထား”
လန်ရွမ်းယုသည် သူ့ရဲ့ ငွေရောင်ငွေပြာမြက်နွယ်ကို ထုတ်လွှတ်ကာ သူမ၏ခါးတွင် ရစ်ပတ်ထားလိုက်သည်။ သူမသည် ချက်ချင်းပင် အေးမြ
သောခံစားမှုကို ခံစားလိုက်ရပြီး ထိုအရာက သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားကာ သူမအတွင်းမှ ဝိညာဉ်စွမ်းအားများ သိသိသာသာ တိုးလာလေသည်။ ထို့နောက် ထုံးစံအတိုင်း ချော်ရည်ခွေးများကိုတစ်ခဏအတွက်ရှင်းပစ်လိုက်လေသည်။
“ဒါက ဝိညာဉ်ကွင်းနှစ်ကွင်းရဲ့ စွမ်းအားလား” ချန်းလိန် နှင့် လျိုဖိန် တို့ အံသြသွားကြသည်။
ထို့နောက် မိန်းကလေးက လန်ရွမ်းယု ထံသို့ လှည့်၍ “ပြောပါဦး၊ ဘာဖြစ်နေတာလဲ”
Endend…..