အခန်း (၈၀)
Vol. 6 Ch. 80
ထိုအခန်းတွင် အခန်းဖော်နှစ်ဦးလည်းရှိမည်ဖြစ်သည်။ ယခုအချိန်တွင်တော့ အခန်းဖော်များအတန်းတက်နေကြသည်။
အဆောင်ခန်းထဲသို့ ဝင်သွားသောအခါတွင် စားပွဲခုံများ နှင့် ၎င်းတို့အောက်ရှိ ဗီရိုတစ်ခုပါသော လှေကားများ လိုအပ်သည့် မြင့်မားသောကုတင်သုံးလုံးဖြင့် ကြိုဆိုခဲ့သည်။ အဆောင်အခန်းတစ်ခုလုံးသည် အကြမ်းဖျင်း 20 စတုရန်းမီတာခန့်ရှိပြီး အလွန်သန့်ရှင်းသည်။ အတွင်းကုတင်နှစ်လုံးကို ကုတင်များဖြင့် ဖုံးအုပ်ထားပြီး ကျန်တစ်ခန်းမှာ ဗလာကျင်းဖြင့် တည်းခိုနေသူများ ရှိနေကြောင်း ထင်ရှားသည်။
“အထူးတန်းကလူတွေက အထူးအဆောင်တွေမှာနေရတယ်။ ဒါကမင်းရဲ့လက်ပတ်...ဒီထဲမှာ မင်းရဲ့အချက်အလက်တွေရှိတယ်..... မင်းအဆောင်ကိုပြန်လာတာ၊ အတန်းတက်တာ၊ ကျောင်းအသုံးအဆောင်ပစ္စည်းတွေကိုသုံးတာ ဒါမှမဟုတ် စားဖို့ ကော်ဖီဆိုင်သွားတာမျိုးဖြစ်စေ ဒီလက်ပတ်ကို မင်းလိုအပ်လိမ့်မယ်။ မင်းရဲ့အခြေအနေက အလွန်ထူးခြားတာကြောင့်၊ မင်းရဲ့လက်ပတ်ကပိုအဆင့်မြင့်တယ်။ မနက်စာ နေ့လယ်စာ ညစာ အပါအဝင် ကျောင်းရှိ ပစ္စည်းများအားလုံးကို အခမဲ့အသုံးပြုနိုင်တယ်။ ဒါက ဖြစ်ပျက်ခဲ့သမျှအတွက် မင်းကိုအကယ်ဒမီက ပေးတဲ့ လျော်ကြေးငွေသဘောမျိုးပဲ”
“ကျေးဇူးတင်ပါတယ် ဆရာမ” လန်ရွမ်းယုသည် လက်ပတ်ကိုယူကာဝတ်ဆင်လိုက်သည်။
“လူငယ်အထူးတန်းရဲ့ လက်ရှိအခြေအနေကိုပြောပြမယ်...အခုက ကျောင်းသား စုစုပေါင်း 30 ဦးရှိ
တယ်။ စသင်နေတာတော့ နှစ်လရှိပြီ..မင်းကနည်းနည်းနောက်ကျနေပြီ...”
“မင်းရဲ့အတန်းမှာ ယောက်ျားလေး ၂၀ နဲ့ မိန်းကလေး ၁၀ ယောက် ရှိတယ်။ မင်းရဲ့အရင်ကျောင်းက ရဲလင်းတုံလည်းရှိတယ်။ နေ့လည်ကျရင် အတန်းအချိန်ဇယားကိုရလိမ့်မယ်... စာကို အစွမ်းကုန်ကြိုးစားပါ။ အထူးတန်းမှာ တစ်နှစ်ကို အနည်းဆုံး စာမေးပွဲ သုံးခု ဖြေဆိုရမယ်။ အကယ်၍ လူတစ်ဦးက ရမှတ်တွေမကောင်းရင် ထုတ်ပစ်နိုင်ခြေရှိတယ်။ မင်းတို့အားလုံးအတွက် မရေမတွက်နိုင်သော ကိုယ်စားပြုပြိုင်ပွဲတွေနဲ့ ပြိုင်ပွဲတွေ ရှိလိမ့်မယ်။ မင်းတို့ အသုတ်က ငါတို့ကောင်းကင်ဝိညာဥ်အကယ်ဒမီရဲ့ဂုဏ်ကိုတိူးစေလိမ့်မယ်လို့ ငါတို့ မျှော်လင့်ထားတယ်..အဲ့တာကြောင့် မင်းတို့အားလုံး ပြင်းထန်တဲ့အခက်အခဲတွေကို ကြုံတွေ့ကြရလိမ့်မယ်။ မင်း စိတ်ပိုင်းဖြတ်ထားတာ အကောင်းဆုံးပဲ”
“အင်း” လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။
“မင်းပစ္စည်းတွေကို နေရာချပြီးရင် ခဏလောက် အနားယူလိုက်ပါ။ အခုအဆောင်မှာနေတော့ အရာရာတိုင်းအတွက် ကိုယ့်ကိုယ်ကို အားကိုးရမှာပဲ.... အတန်းဖော်တွေနဲ့လည်း ဆက်ဆံရေးကောင်းရှိဖို့နဲ့ ကြိုးစားပါ”
“ဟုတ်”
“နေ့လည်စာစားဖို့ မင်းကို ငါပြန်လာခေါ် မယ်”
“ကျေးဇူးပါဆရာမ”
လန်ရွမ်းယု သည် အိပ်ရာပေါ်သို့ တက်ကာ အိပ်ယာခင်းများကို ဖြန့်ခင်းလိုက်သည်။ ထို့နောက် အိပ်ယာပေါ်တွင် ခတ္တလှဲလိုက်ရာ တစ်ခါတည်းအိပ်ပျော်သွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင် လန်ရွမ်းယုသည် ရုတ်တရက် တစ်စုံတစ်ခုသူ့အား လာထိသည်ကို ခံစားလိုက်ရသဖြင့် ထထိုင်လိုက်သည်။
“မင်းက ငါတို့အခန်းဖော်အသစ်လား။ ဟယ်လို၊ မင်္ဂလာပါ၊ ငါက ချန်းလိန်ပါ...တွေ့ရတာဝမ်းသာပါတယ်။ နေ့လည်စာ စားချိန်ရောက်ပြီ။ ဆရာမ မု ရောက်လာသေးတယ်...နောက်မှ မင်းကို နေ့လယ်စာစားဖို့ ငါတို့နဲ့ပဲသွားခိုင်းလိုက်တယ်..ရင်နှီးအောင်လို့တဲ့ “
“အော်...မဂ်လာပါ.. ငါက လန်ရွမ်းယု”
ချန်းလိန် သည် သူ့အခန်းဖော်ဖြစ်သည်ကို ကြားသောအခါ လန်ရွမ်းယု အိပ်ယာပေါ်မှ အမြန်ဆင်းလိုက်သည်။
ချန်းလိန် က အိပ်ယာတစ်ခုကိုညွှန်ပြကာ
“ငါဒီမှာနေတယ်။ ဟိုမှာက ဖရန်ဇီ ဆိုတဲ့ကောင်နေတယ်။ သူက အစား သရဲ...အခုလည်းအဆောင် ပြန်မလာဘဲ ကန်တင်းသွားတယ်။ သွားကြစို့၊ ငါတို့ သူ့ကိုသွားတွေ့ကျမယ်။”
“အင်း!”
ကန်တင်းသည် အဆောင်များဖြင့်မဟုတ်ဘဲ စာသင်ခန်းနောက်ကွယ်ရှိ သီးခြားအဆောက်အအုံတစ်ခုတွင်ဖြစ်သည်။ အထူးတန်းကိုကျွေးမွေးသော အစားအစာများသည် အခြားကျောင်းသားများနှင့် မတူပေ။
“လန်ရွမ်းယုလား?” ထိုင်ခုံနေရာရှာမရခင်မှာပင် ရွမ်းယု ရင်းနှီးကျွမ်းဝင်ပြီးသောအသံကို ကြားလိုက်ရတယ်။
ရဲလင်းတုံသည် သူ့ရှေ့သို့ရောက်လာခဲ့သည်။
“မင်း နေ ကောင်းလာပြီလား” ရဲလင်းတုံ ဝမ်းသာအားရ မေးလိုက်သည်။
Endend…..