Chapters

အခန်း (၇၈)

Vol. 6 Ch. 78

အခန်း (၇၈)

Vol. 6 Ch. 78

“ အချိန်ကို စူးစိုက်ကြည့်လိုက်ရင်း ငါ့ဝိညာဉ်ကိုပြန် စိုက်ကြည့်နေရသလိုပဲ။ အတွေးပေါင်းများစွာနဲ့ အချိန်တွေလည်း ကုန်သွားခဲ့တယ်”

“မျှော်လင့်ချက်တွေဟာ မထင်မှတ်ဘဲ ရောက်လာခဲ့တယ် “

“အချိန်က ငါ့ကို ခေါ်နေတယ်။ မျှော်လင့်ချက်ထားဖို့ လမ်းညွှန်ပေးနေတယ်။”

“မျှော်လင့်ချက်က နီးလာပြီ၊ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေပေမဲ့ ပျောက်သွားမှာ ကြောက်မိတယ်”

“မျှော်လင့်ချက်ထဲက ပျော်ရွှင်မှုနဲ့ မနက်ဖြန်တစ်ရက် နီးလာပြီ။ “

“ငါ့မျှော်လင့်ချက် နီးလာပြီ၊ ခုလိူလေးကို ငါမကျေနပ်ဘူး။ ဒါပေမယ့်လည်း ပျောက်သွားမှာကြောက်လို့ မထိရဲဘူး”

“အချိန်သည်သာ မျှော်လင့်ချက်! ကျေးဇူးပြုပြီး ငါ့အနားမှာပဲနေပေးပါ၊ ငါ့ကိုထားမသွားပါနဲ့”

“အချိန်သည်သာ မျှော်လင့်ချက်! ကျေးဇူးပြု၍ ငါ့ကိုဘာကြောင့်လဲပြောပြပါ .......”

သီချင်းပြီးသွားသောအခါ တနေရာလုံး တိတ်ဆိတ်သွားပြန်သည်။

ထန်လီသည် ခေါင်းငုံ့ကာ လန်ရွမ်းယု၏ နဖူးကို နမ်းလိုက်ပြီး

“အချိန်ကိုတန်ဖိုးထားရမယ်၊ မင်းကိုတန်ဖိုးထားရမယ်!”

လန်ရွမ်းယု မှင်တက်သွားသည်။ ဘာကြောင့်မှန်းမသိပေမယ့် သူ့ရင်ထဲတွင် ထူးခြားတဲ့ခံစားချက်တစ်ခု ပေါက်ဖွားလာခဲ့သည်။ ယခင်က နယ့နာ့ သူ့အတွင်းတွင် ဖန်တီးထားသောငွေရောင်

ရေဝဲဟာ ပြင်းထန်စွာ လှည့်ပတ်လာပြီး ထန်လီထံမှ ရွှေရောင်စွမ်းအားများဝင်လာကာ နှစ်ခုစလုံးသည် တစ်ခုနှင့်တစ်ခု ရောနှောသွားပုံရသည်။ ထိုအခိုက်အတန့်တွင် ရွမ်းယု၏ ဝိညာဉ်စွမ်းအား အနည်းငယ် တိုးလာသည်ကိုပင် ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

လက်ခုပ်သံများ ထွက်ပေါ်လာသည်။

“ငါတို့က ငါတို့ချစ်သူကို တန်ဖိူးထားရမှာတင်မဟုတ်ဘဲ ငါတို့မိသားစုကိုလည်း တန်ဖိုးထားရမယ်”

ထန်လီသည် လန်ရွမ်းယု ကို သူ့ထိုင်ခုံဆီသို့

ကိုယ်တိုင်ကိုယ်ကျ ပြန်ခေါ်လာကာ

“ကျေးဇူးတင်ပါတယ် သူငယ်ချင်းလေ.. မင်းနာမည်ပြောပြလို့ရမလား”

“သားက လန်ရွမ်းယုပါ”

“ငါ စိတ်ရှုပ်နေတဲ့အချိန်မှာ မင်းက ငါ့ကိုမျှော်လင့်ချက်ပေးခဲ့တယ် မင်းကိုငါတကယ်ကျေးဇူးတင်ပါတယ်” ထန်လီ ပြုံးလိုက်သည်...

တစ်ပတ်အကြာ.......

ဖျော်ဖြေပွဲပြီးဆုံးပြီးနောက် လန်ရွမ်းယုတို့ သည် ၎ပြဿနာအသစ်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့အရာမှာ ကျီလော်ကျောင်းတွင် ဆက်လက်သင်ကြားမလား...သိူ့မဟုတ် ကောင်းကင်ဝိညာဥ်မြို့ရှိ လူငယ်အထူးသင်တန်းတွင်တက်ရောက်မလားဖြစ်သည်။

နန်ချိန်သည် သူမ၏သားကို လူငယ်အထူးသင်တန်းသို့ မတက်စေချင်ပေ။ ပို၍အရေးကြီးသည်မှာ ကောင်ကင်းဝိညာဥ်အကယ်ဒမီ သည် ယခင်က သူ့သားကို နာကျင်စေခဲ့သည်။ ဒီလိုပြဿနာမျိုး ထပ်မဖြစ်ဖို့ ဘယ်သူအာမခံနိုင်မလဲ။

လန်ရှောင်း နှင့် နန်ချိန် တို့သည် ဤကိစ္စကြောင့် အနည်းငယ် သဘောထားကွဲလွဲခဲ့ကြသည်။ ရွမ်းယုကို ထိုအထူးသင်တန်း ကို ဆက်တက်သင့်တယ်လို့ လန်ရှောင်းက တွေးနေမိသည်။

“ရွမ်းယု... မင်း လူငယ်အထူးသင်တန်းကို သွားချင်လား”

“ဟုတ် မေမေ. သားသွားချင်တယ်”

လန်ရှောင်းကတော့ ပြုံးပြီး ဘေးမှ ကြည့်နေလေ သည် ။

နန်ချိန်က လက်မလျှော့ချင်သေးဘဲ

“ဘာလို့ သွားချင်တာလဲ”

“မေမေ့ကို ကာကွယ်ဖို့...သား ဆရာမနာ့နာ့ လောက်စွမ်းရင် မေမေ့ကို ကာကွယ်နိုင်မှာ”

“ဘယ်လိုတောင်လိမ်မာတဲ့ သားလဲ”

လန်ရှောင်း ရှေ့သို့ တိုးလာပြီး လန်ရွမ်းယု ကို ပွေ့ဖက်လိုက်သည်။

နောက်ဆုံးတွင် မိသားစုတစ်စုလုံး ဘုံနားလည်မှုရရှိပြီး ကောင်းကင်ဝိညာဥ်မြို့သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် လန်ရွမ်းယုတို့မိသားစုသည် တစ်လခွဲအကြာတွင် ကောင်းကင်ဝိညာဥ်မြို့သို့ရောက်ခဲ့လေသည်။ ကောင်းကင်ဝိညာဥ်မြို့သည် တိုက်ကြီး၏ တည်ရှိသော မြေပြန့်တစ်ခုဖြစ်သည်။ မြို့တော်ကို ဒေသခြောက်ခု ခွဲခြားခဲ့သည်။

အဆိုပါ ဒေသခြောက်ခုကို အရောင်များဖြင့် အမည်ပေးထားပြီး အဖြူဇုန်၊ အဝါရောင်ဇုန်၊ ခရမ်းရောင်ဇုန်၊ အနက်ရောင်ဇုန်၊ အနီရောင်ဇုန်နှင့် လိမ္မော်ရောင်ဇုန်တို့ ဖြစ်သည်။

မြို့နာမည်ပေးသော ဒီဇိုင်နာသည် အလွန်ပျင်းရိပြီး မှတ်ရလွယ်သော ဝိညာဥ်ကွင်းများ၏ အရောင်များကို တိုက်ရိုက်အသုံးပြုခဲ့သည်ဟု ဆိုနိုင်သည်။

Endend…..