Chapters

အခန်း (၇၇)

Vol. 6 Ch. 77

အခန်း (၇၇)

Vol. 6 Ch. 77

ထိုအချိန်တွင် ပရိသတ်များ ငြိမ်သက်သွားသည်။

တစ်ချိန်တည်းမှာပင်’ငါ့ကို ရွေးပါ၊ ငါ့ကိုရွေးပါ’ ဟုလည်း မိန်းခလေးများက စိတ်နှလုံးထဲတွင် ဆုတောင်းနေခဲ့သည်။

ထန်လီ၏ မျက်လုံးများသည် ပရိတ်သတ်များ အနှံ့ ဖြည်းညှင်းစွာ ကြည့်လိုက်သည်။

နန်ချိန်လည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ခဏက သူ့ကိုထန်လီက ခေါင်းညိတ်ပြလိုက်သေး

သည်။

‘သူငါ့ကိုရွေးရင် လန်ရှောင်းများ မနာလိုဖြစ်မှာလားမသိဘူး’

နန်ချိန် သည် လန်ရှောင်း ကို ချောင်းကြည့်သည်။ လန်ရှောင်းကတော့ ထန်လီကိုကြည့်နေသောကြောင့် သူ့မကြည်သည်ကိုမသိလိုက်ပေ။

ထန်လီ၏ အကြည့်သည် နန်ချိန်တို့ရှိရာသို့ရောက်နေပြီဖြစ်သောကြောင့် သူမ၏နှလုံးရပ်တန့်သွားသလို ခံစားလိုက်ရသည်။

‘သူ... သူ...ငါ့ကိုကြည့်နေတာလား’

‘ဒါ...ဒါ...ဒါက ငါတကယ်ပဲ ဖြစ်နိုင်မလား’

ထန်လီသည် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာ

ကာ စင်မြင့်အနားသို့ လျှောက်သွားသည်။ ထို့နောက် စင်မြင့်ပေါ်မှ ခုန်ဆင်းပြီးနောက် နန်ချိန်တို့ရှိရာသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။

“ဒါ… ဒါ… မင်း…” လန်ရှောင်း လည်း ဘာပြန်ပြောရမှန်း မသိ။

‘ပိုနီး၊ ပိုနီးလာပီ၊ သူတကယ် နီးလာပြီ။’

ထန်လီ သည် အလွန်လျင်မြန်စွာ လျှောက်လာခဲ့သည်။

“ကျေးဇူးတင်ပါတယ်”

ထန်လီသည် နန်ချိန်ကို အနည်းငယ် ဦးညွှတ်လိုက်သည်။ ထို့နောက်…

ထို့နောက် သူမဘေးသို့ဆက်သွားခဲ့သည်။

နန်ချိန် အံ့အားသင့်သွားပြီး ထိုအရာက သူတို့ပတ်ဝန်းကျင်ရှိ ပရိသတ်များကိုလည်း ထိတ်လန့်သွားစေခဲ့သည်။

“မင်း ငါနဲ့ စင်ပေါ်မှာ ဖျော်ဖြေလို့ရမလား”

လန်ရွမ်းယု.......ရှေ့ရောက်သောအခါ ထန်လီရပ်သွားလေသည်။

လန်ရွမ်းယု မှင်တက်သွားသည်။ ဘာကြောင့်မှန်း မသိပေမယ့် ငြင်းလို့မရသလို ခံစားလိုက်ရပြီး အလိုလို ခေါင်းညိတ်လိုက်မိသည်။

ထန်လီသည် လန်ရွမ်းယုကို ထိုင်ခုံမှ ပွေ့ကာ သယ်လိုက်သည်။

လန်ရွမ်းယုရဲ့ မျက်နှာချောချောလေသည်

ပရိသတ်များရဲ့ရှေ့တွင် ပထမဆုံးအကြိမ် ပေါ်ထွက်လာလေသည်။

“အို၊ ထန်လီက ဘယ်လို ရွေးရမလဲဆိုတာ သိတာပဲ. ဒီကလေးက အရမ်းကြည့်ကောင်းတယ်!”

“အယ်...အဲ့ကလေးက ထန်လီနဲ့ တော်တော်ဆင်တူတယ်လို့ မထင်ကြဘူးလား။ ဆံပင်အရောင်နဲ့ မျက်လုံးပဲ မတူတာ။ သူ ကြီးလာတဲ့အခါ ထန်လီလိုတောင် ကြည့်ကောင်းနိုင်တယ်။”

“ကျေးဇူးတင်ပါတယ်” ထန်လီက

လန်ရွမ်းယု ကို ပြုံးပြလိုက်သည်။ ဒီကလေးကို သယ်လာတဲ့အခါ သူ့စိတ်ထဲတွင် ပျော်ရွှင်နေမိသည်ကို သူသိလိုက်ရသည်။

နူးညံ့သိမ်မွေ့သော ဂီတသံတစ်ခု ပဲ့တင်ထပ်လာကာ ကွင်းတစ်ခုလုံး ငြိမ်သက်သွားပြန်သည်။

Endend…..