အခန်း (၉၄)
Vol. 7 Ch. 94
လန်ရွမ်းယု စိတ်ပျက်သွားမိသော်လည်း နာ့နာ့ နှင့် စကားပြောခွင့်ရသည့်အတွက် ဝမ်းသာသွားသည်။
“ဆရာမ နာ့နာ့ ခဏလေးစောင့်ပေးဦး”
သူ့ပတ်လည်တွက် ချော်ရည်ခွေးများရောက်နေပြီမို့ တိုက်ခိုက်ရတော့မည်ဖြစ်သည်။
“ဆရာမ နဲ့ စကားပြောလိုက်ပါ...ချော်ရည်ခွေးတွေကို ငါနဲ့ထားလိုက်”
တုံချင်းဂူက ဆိုလာလေသည်။
နာ့နာ့ကလည်း
“ရွမ်းယု ငါ့စကားနားထောင်... မင်း ချင်ဂူ ကိုခေါ်နိုင်တာနဲ့ပတ်သတ်ပြီး ထူးဆန်းတဲ့အချက်အနည်းငယ်ရှိတယ်။ စမ်းသပ်မှုတချို့ ဆရာ မင်းနဲ့ လုပ်ဖို့ လိုတယ်”
“ဟုတ်! ဒါပေမယ့် ဘယ်လိုဖြစ်သွားတာလဲ ဆိုတာကိုတော့ ကျွန်တော်လည်း သေချာမသိဘူး။ သားလည်း ဆရာမကို အဲဒီအကြောင်း မေးချင်နေတာ”
“အခုပြီးရင် မင်း ဆယ်မိနစ်တိုင်း ချင်းဂူကို ဆင့်ခေါ်ရမယ်၊ မင်းလုပ်နိုင်လား”
လန်ရွမ်းယု ထိုအခါ ချန်းလိန်ကိုကြည့်လိုက်သည်။
“ ပြဿနာမရှိဘူး”
“ကောင်းပြီ ဒါဆို ချော်ရည်ခွေးတွေကိုအရင်သတ်လိုက် ကျန်တာ နောက်မှ ရှင်းမယ်”
နာ့နာ့က ဆိုလေသည်။
“အင်း၊ အင်း “
တုံချင်းဂူ ၏အကူအညီဖြင့်၊ ချော်ရည်ခွေးများကို ကိုင်တွယ်ရန် လွယ်ကူလာသည်။ အကြိမ်ပေါင်းများစွာ စမ်းသပ်မှုအပြီးတွင် လန်ရွမ်းယုသည် တုံချင်းဂူကို သုံးကြိမ်ဆင့်ခေါ်ခဲ့ပြီး နှစ်ကြိမ်မှာအောင်မြင်ခဲ့လေသည်။
“ချင်းဂူ.... အခုလောလောဆယ်တော့ ချော်ရည်ခွေးတွေကို မသတ်နဲ့၊ ငါ ရွမ်းယု နဲ့ စကားပြောချင်တယ်” နာ့နာ့ရဲ့ အသံသည် တစ်ဖက်မှ ထွက်ပေါ်လာသည်။
“ကောင်းပါပြီ ဆရာမ”
“ဆရာမ နာ့နာ့ ဘာဖြစ်နေတာလဲ” လန်ရွမ်းယု စိတ်ဝင်တစား မေးလိုက်သည်။
“ ဆင့်ခေါ်ဂိတ်ကနေ ဆက်သွယ်နိုင်ရတဲ့ အကြောင်းရင်းက ငါတို့ကြားက အာကာသကြိမ်နှုန်း ပဲ့တင်ထပ်နေတာကြောင့်ပဲ။ ”
“ဒါပေမယ့် ဒီလိုမျိုး ဖြစ်ပေါ်လာနိုင်ခြေက နည်းလွန်းတယ်.... ပီးတော့”
ချန်းလိန် နှင့် လျိုဖိန်တို့ သည် ဘေးနားတွင် ထိတ်လန့်တုန်လှုပ်စွာ ရပ်နေသည်။ လန်ရွမ်းယု၏ဆရာသည် ဆင်းခေါ်ခြင်းတံခါး၏ တစ်ဖက်ကမ်းတွင် ရှိနေခြင်းအတွက် ထူးဆန်းနေကြသည်။
“ဆရာမ နာ့နာ့ သား ဘာလုပ်ပေးရမှာလဲ”
နာ့နာ့က
“အရင်ဆုံး၊ ချော်ရည်ခွေးတစ်ကောင်ကလွဲလို့ အားလုံးကို သတ်လိုက်။ တစ်ကောင်ပဲ အသက်ရှင်လျက် ဘေးဖယ်ထားလိုက်။ ဆင့်ခေါ်ခြင်းတံခါး ကို နောက်တစ်ကြိမ် ထပ်ဆင့်ခေါ်ဖို့ အချိန်ဘယ်လောက် လိုအပ်လဲ “
“ပထမတံခါးမပျောက်မချင်းဆိုရင် နာရီဝက်လောက်တော့ အချိန်ပေးရတယ်၊ ဒါပေမယ့် ငါတို့က ဝိညာဉ်ကမ္ဘာ မှာရှိနေတာဆိုတော့ အပြင်ထွက်ပြီး ပြန်ဝင်လာရင် ချက်ချင်းထပ်သုံးလို့ရတယ်”
“ကောင်းပြီ၊ ဒါဆို ချော်ရည်ခွေးတွေကို သတ်ပစ်လိုက်။ 10 မိနစ်ကြာရင် ချင်းဂူကိုထပ်ခေါ်လိုက်.... ရောက်မလာရင် နောက်ထပ် 10 မိနစ်လောက် စောင့်ပြီး ထပ်ခေါ်.....”
နာ့နာ့ ဘာလုပ်နေမှန်း မသိသော်လည်း ရွမ်းယု သဘောတူလိုက်သည်။
ချင်းဂူ ၏အကူအညီဖြင့်၊ ထိုချော်ရည်ခွေးများကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့အတွက် မခက်ခဲတော့ပေ။
ထို့နောက် နာ့နာ့ ၏ ညွှန်ကြားချက်အတိုင်း ပြန်လည်ဆင့်ခေါ်ရန် ကြိုးပမ်းခဲ့သည်။
တတိယမြောက်ဆင့်ခေါ်သောအခါမှ တုံချင်းဂူ နှင့် တွေ့ဆုံခဲ့သည်။
ဆယ်ကြိမ်ထက်မနည်း ဆင့်ခေါ်ပြီးနောက် လန်ရွမ်းယုတို့ပင်ပန်းလာကာ ယနေ့အတွက်မားရန်ဆုံးဖြတ်လိုက်လေသည်။ နာ့နာ့နှင့်အနည်းဆုံးတော့ အချိန်မရွေးဆက်သွယ်နိုင်မည့်နည်းလမ်းရသွားပြီဖြစ်သည်။
သုံးယောက်သား အိပ်ခန်းသို့ပြန်သွားပြီး အနားယူလိုက်ကြသည်။ အဆက်မပြတ် ဆင့်ခေါ်မှုများက သူတို့ကို ပင်ပန်းနွမ်းနယ်စေခဲ့သည်။ အထူးသဖြင့် ချန်းလိန်ပင်ဖြစ်သည်။ လျိုဖိန်သည်လည်း စမ်းသပ်မှုတစ်ခုလုံးတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
Endend…….