Chapters

အခန်း (၉၅)

Vol. 7 Ch. 95

အခန်း (၉၅)

Vol. 7 Ch. 95

လျိုဖိန်သည် လန်ရွမ်းယုရဲ့အကူအညီဖြင့် အရှိန်နှင့်တိုက်ခိုက်ရေးစွမ်းအားမှာသိသိသာသာတိုးလာလေသည်။ ထို့ကြောင့် လျိုဖိန်တော်တော်ပျော်နေလေသည်။ လန်ရွမ်းယုသည် ရွှေရောင်ငွေပြာမြက်နှင့်သာမက ငွေရောင်ငွေပြာမြက်ကိုလည်း လျိုဖိန်အပေါ်စမ်းသပ်ခဲ့လေသည်။ ထိုအခါ လျိုဖိန်၏လှံတွင် ရေခဲစွမ်းအားများပေါ်လာတော့သည်။

အသက်မွေးဝမ်းကြောင်းကို ရွေးချယ်ခြင်း.....

အခန်း 333 ရှိ လူသုံးယောက်၏ နောက်ဆုံး ဆုံးဖြတ်ချက်မှာ လျိုဖိန် သည် တိုက်ပွဲသံချပ်ကာနှင့် စက်ရုပ်မာစတာ ပူတွဲ လမ်းကြောင်းကိုရွေးချယ်ခဲ့ပြီး...လန်ရွမ်းယုနှင့် ချန်းလိန်တို့သည် တိုက်ပွဲသံချပ်ကာမာစတာနှင့် အာကာသယဥ်လမ်းကြောင်းကိုရွေးချယ်ခဲ့လေသည်။ အထူးတန်းရှိ ကျောင်းသားအများစုသည် တိုက်ပွဲသံချပ်ကာနှင့်စက်ရုပ်မာစတာ ပူးတွဲလမ်းကြောင်းကို ရွေးချယ်ကြသည်။

“အံ့သြစရာပဲ! ချန်းလိန် မင်းက အာကာသယာဉ် ကို ရွေးချယ်ခဲ့တယ်လို့ ငါကြားတယ်။ မဆိုးဘူး၊ မဆိုးဘူး”

ကျင်းရှန်းသည် အတန်းမစမီ ချန်းလိန်အား လှောင်ပြောင်သောလေသံဖြင့် ပြောလိုက်သည်။

ချန်းလိန်က

“အဲ့တာ မင်းနဲ့ ဘာဆိုင်လို့လဲ။ ငါ့ရဲ့ ဝိညာဉ်ရေးရာ စွမ်းအားက အားကောင်းတယ်၊ မင်းမှာ အဲ့လိုရှိလို့လား”

ကျင်းရှန်း က ခေါင်းညိတ်ပြီး

“ဒါကအမှန်ပါပဲ။ ငါက ဝိညာဉ်ရေးရာစွမ်းအားမင်းလောက်မကောင်းဘူး..အဲ့လိုပဲ..မင်းရဲ့ ဝိညာဥ်စွမ်းအားကလည်း ငါ့လောက်မကောင်းပါဘူး...မင်းက တိုက်ပွဲတွေမှာ အသုံးမဝင်ဘူးလေ..အဲ့ကြောင့် မင်း အာကာသယဥ်လမ်းကြောင်းကိုရွေးတာကောင်းတယ်လို့ငါပြောတာ...ဟားဟားး ”

“မင်း နဲ့ငါ စာမေးပွဲမှ တွေ့မယ် …”

ချန်းလိန် ပြောလိုက်ရာ

ကျင်းရှန်းက “ငါ့ကိုစိတ်ခေါ်နေတာလား။ အခု

တစ်ယောက်ချင်း ချမလား.... ဘယ်လိုလဲ”

ထိုအခါ ချန်းလိန် က မျက်လုံးပြူးပြီး

“မင်း အရုးလား? အတန်းစနေပြီ၊ ဆရာ ရောက်နေပြီ။ ဒီနေ့ ဆရာ ကျီ ရဲ့ အတန်း.... ဆရာကျီ လာပါပြီ”

ထိုစကားနှစ်လုံးကိုကြားလိုက်ရတော့ ကျင်းရှန်း၏ ၏မျက်နှာသည် ရုတ်တရက်ပြောင်းသွားပြီး သူ့ထိုင်ခုံစီသို့ ချက်ချင်းပြန်ပြေးလေသည်။

ထိုအချိန်တွင် စာသင်ခန်းတံခါးပွင့်လာပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဝင်လာလေသည်။

ထိုဆရာ စာသင်ခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ခန်းလုံး တိတ်တိတ်ဆိတ်ဆိတ်ဖြစ်သွားသည်။

လန်ရွမ်းယုကတော့ ထိုဆရာကိုယခုမှတွေ့ဖူးခြင်းဖြစ်သည်။

“အခုက ဘာအတန်းလဲ။ ဒီဆရာက ဘာသင်ပေးတာလဲ”

ထိုအခါ ချန်းလိန်က လေသံတိုးတိုးနဲ့

“သူက ဆရာကျီ... သူက နတ်ဆိုး... အရင်က…”

“ချန်းလိန် မတ်တပ်ရပ်ပါ” ထိုအချိန်မှာပဲ

ဆရာကျီဟုခေါ်သော ဆရာ၏ အသံထွက်လာလေသည်။

ချန်းလိန် တုန်တုန်ယင်ယင်နှင့် ထရပ်လိုက်ပြီး

“မင်္ဂလာပါ ဆရာကျီ”

ဆရာသည် အသက်လေးဆယ်ကျော်လောက်ရှိပုံရသည်။ မျက်လုံးနှစ်ခုလုံးမှာအလွန် တောက်ပနေသည်။

“ခုနက မင်းပြောခဲ့တာကို ပြန်ပြောပါ။”

ကျီဟုန်ဘင်း ပြောလိုက်သည်။

“မင်္ဂလာပါ ဆရာကျီ” ချန်းလိန် ကမန်းကတန်းပြောလိုက်သည်။

“အဲ့ဒါမဟုတ်ဘူး ခုဏက မင်းရဲ့ဘေးကကျောင်းသားကို ဘာပြောလိုက်တာလဲ”

ကျီဟုန်ဘင်းက အမူအရာမပြောင်းလဲဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

Endend………