အခန်း (၉၆)
Vol. 7 Ch. 96
ချန်းလိန် ချွေးများထွက်လာပြီး “အဲ့ဒါ…”
ကျီဟုန်ဘင်း ချန်းလိန်ကို တစ်ချက်ကြည့်လိုက်သည်။
ချန်းလိန်အားတင်းကာ
“အဲ့ဒါက ဆရာကျီ... သူက နတ်ဆိုး...”
ထိုစကားကိုကြားသောအခါ တစ်တန်းလုံး အံဩသွားသည်။
ကျီဟုန်ဘင်း က “ထိုင်ပါ”
ချန်းလိန် အံ့အားသင့်သွားလေသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချလိုက်ပြီး အမြန်ထိုင်ချလိုက်သည်။
ကျီဟုန်ဘင်း က
“ချန်းလိန်းပြောတာမှန်တယ်။ မင်းတို့အားလုံးအတွက် ငါက နတ်ဆိုးပဲ”
“……”
အထူးတန်းရှိ ကျောင်းသားများ စကားပင်မပြောနိုင်တော့....
ကျီဟုန်ဘင်း က
“ဒီနေ့လည်က အတန်းတွေအားလုံးက ငါ့အချိန်ပဲ”
“အဟင့်…သွားပါပြီ ” ညည်းသံများ စာသင်ခန်းထဲတွင် ချက်ချင်း ပျံ့နှံ့သွားသည်။
လန်ရွမ်းယုက ချန်းလိန် ကို
“ဆရာကျီက ဘာသင်ပေးတာလဲ”
“ဆရာကျီ က ဝိညာဥ်သားရဲတွေရဲ့ အခြေခံအချက်အလက်တွေကို သင်ပေးတာ။ သင်ခန်းစာတိုင်းပြီးရင် စာမေးပွဲလည်းရှိမယ်။
မအောင်မြင်ရင် ပြစ်ဒဏ်မျိုးစုံ ခံရလိမ့်မယ်”
“အတန်းစပြီ... ဒီနေ့တော့ ဝိညာဥ်သားရဲတွေရဲ့ အဆင့်အတန်းနဲ့ ထိပ်တန်းဝိညာဥ်သားရဲတွေရဲ့ လက္ခဏာတွေအကြောင်း ပြောပြမယ်”
အတန်းစတင်ခဲ့သည်။
“ငါတို့အားလုံးသိကြသည့်အတိုင်း ဝိညာဉ်သားရဲတွေကို ကျင့်ကြံမှုနှစ်အလိုက်ခွဲခြားထားတယ်။ ဆယ် နှစ်၊ နှစ်တစ်ရာ ...နှစ်တစ်ထောင်...နဲ့ နှစ်တစ်သောင်း...နှစ်တစ်သိန်းအထိ ရှိတယ်....
ဒါပေမဲ့ သမိုင်းမှာ ထူးခြားတဲ့ဝိညာဥ်သားရဲတွေလည်းရှိတယ်။ မူလ ဝိညာဥ်သားရဲရဲ့ အဆင့်ငါးမျိုးကို အဖြူ၊ အဝါ၊ ခရမ်းရောင်၊ အနက်ရောင်နှင့် အနီရောင်တို့နဲ့ခွဲထားတယ်။ သို့သော်လည်း ထူးခြားတဲ့အရောင်အချို့လည်း ပေါ်လာဖူးသေးတယ်။ အဲ့တာတွေကတော့ ငါနောက်မှပြောပြပေးမယ်။”
“ပထမအနေနဲ့၊ မကြာခဏဆိုသလို ပေါ်လာတဲ့ အထူးဝိညာဉ်ကွင်းအရောင်က လိမ္မော်ရောင် ဝိညာဉ်ကွင်းပဲ။ အထူးသဖြင့် နှစ် နှစ်သိန်းနဲ့အထက် အဆင့်ကို ရောက်သွားတဲ့ ဝိညာဉ်သားရဲတွေစီကရတာပဲ..အဲ့တာကြောင့်
လိမ္မော်ရောင်ကွင်းက အလွန်ကြောက်မက်ဖွယ်ကောင်းတယ်လို့ ဆိုတယ်.... နှစ်တစ်သိန်း ဝိညာဉ်ကွင်းတစ်ကွင်းက ဝိညာဉ်စွမ်းရည်နှစ်ခုပေးနိုင်ပေမဲ့ မသေချာဘူး...ဒါပေမဲ့ လိမ္မော်ရောင်ဝိညာဉ်ကွင်းကတော့ ဝိညာဉ်စွမ်းရည်နှစ်ခုကို သေချာပေါက်ပေးတယ်.....”
“လက်ရှိ ဝိညာဉ်စေတီတော်ရဲ့ နည်းပညာနဲ့
နှစ်တစ်သိန်းအထိ ဝိညာဉ်ကွင်းတွေကို အတုပြုလုပ်နိုင်တယ်။ ဒါပေမဲ့ လိမ္မော်ရောင်ဝိညာဉ်ကွင်းကိုတော့ မရသေးဘူး”
“လိမ္မော်ရောင်ကွင်းကလွဲလို့ တခြား ထူးခြားတဲ့ဝိညာဥ်ကွင်းတွေ လည်း ပေါ်လာဖူးတယ်။ ဥပမာ.. ဒဏ္ဍာရီလာ နှစ်တစ်သန်း ဝိညာဉ်ကွင်း”
“နှစ်တစ်သန်း ဝိညာဉ်ကွင်းကို သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် နတ်ဘုရားထန်စန်းက စရခဲ့တယ်။ နှစ်တစ်သန်းဝေလငါးကိုသတ်ပြီးတော့ ပင်လယ်နတ်ဘုရားထန်စန်းက ရွှေရောင် နှစ်တစ်သန်းဝိညာဥ်ကွင်းကိုရခဲ့တယ်။ နှစ်တစ်သန်း ဝိညာဉ်ကွင်းနဲ့ ပတ်သက်ပြီး ကွဲပြားတာတွေရှိတယ်.... အချို့က အဲ့ကွင်းကို ရွှေဟု ဆိုကြပြီး အချို့က အဖြူရောင်လို့ပြောကြတယ်။ အဲ့ဒီအပေါ်မှာဘယ်သူမှ ကောက်ချက်မချနိုင်သေးဘူး။”
“သမိုင်းမှာ နှစ်တစ်သန်း သက်တမ်းရှိတဲ့ ဝိညာဉ်ကွင်းကို ဒုတိယအကြိမ်ရခဲ့တာက ဝိညာဥ်ရေခဲတုံ့လော် ဟူယွီဟောက်ပဲ..သူလည်း နတ်ဘုရားဖြစ်သွားပြီလို့လည်း ဆိုကြတယ်။ ဒဏ္ဍာရီတွေအရ၊ သူက နတ်ဘုရားမဖြစ်ခင်မှာပင် ကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲဘုရင် ဒီထျန်းကိုအနိုင်ယူခဲ့တယ်။ သူ့ရဲ့ နှစ်တစ်သန်း ဝိညာဉ်ကွင်း အိမ်မက်ပိုးကောင်လို့ခေါ်တဲ့ဝိညာဥ်သားရဲစီကရတယ်လို့ပြောကြတယ်”
ကျီဟုန်ဘင်းသည် အကြောင်းအရာများက်ုအလွန်လျင်မြန်စွာပြောသွားလေသည်။
“နောက်ထပ် အထူးဝိညာဥ်ကွင်းလည်း ရှိသေးပြီး သမိုင်းမှာ တစ်ကြိမ်သာ ပေါ်ထွက်ခဲ့တယ်။ အဲ့တာကိုပိုင်ဆိုင်ခဲ့တဲ့သူကတော့ ခေတ်သစ်ရဲ့ခေါင်းဆောင်၊ လူသားများနဲ့ ဝိညာဥ်သားရဲများကြား ငြိမ်းချမ်းရေးသံတမန် မိခင်ဂြိုဟ်ကို ပြောင်းလဲခဲ့သည့် ဒဏ္ဍာရီလာဖြစ်တဲ့ နဂါးဧကရာဇ်တုံ့လော် ထန်ဝူလင်းပဲ။ သူ့အကြောင်းကတော့ ငါတို့နဲ့အနီးစပ်ဆုံးဖြစ်လို့ သူ့အကြောင်းအသေးစိတ်သိရတယ်။ ထန်ဝူလင်းအကြောင်း ပုံပြင်များစွာရှိခဲ့ပြီး ၎င်းတို့ထဲမှတစ်ခုမှာ သူ့မှာ ရွှေစိမ်းရောင် ဝိညာဉ်ကွင်းတစ်ခု ရှိတယ်လို့ဆိုတ်။ အဲ့ဒါဟာ လူသားတွေရဲ့သမိုင်းမှာ တစ်ကြိမ်သာ ပေါ်ထွက်ခဲ့တဲ့ ဝိညာဥ်ကွင်းပဲ”
“အဲဒီနောက်ပိုင်း သူ့သူငယ်ချင်းတွေရဲ့ ပြန်ပြောပြချက်အရ အဲ့ဒီအစိမ်းရောင်ဝိညာဉ်ကွင်းဟာ အသက်စွမ်းအားနဲ့ ဆက်စပ်နေနိုင်ပေမယ့် အသေးစိတ်အချက်အလက်တွေကတော့ ဖက်ဒရယ်လျှို့ဝှက်ချက်ပဲ။ “
“ဒါပြီးရင် ငါ သားရဲတွေအကြောင်းပြောမယ်။ ပထမဆုံးကတော့ သားရဲနတ်ဘုရားဒိထျန်းဖြစ်ပြီး နောက်ဆုံးရွှေမျက်လုံးအနက်ရောင်နဂါး ဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်က…”
ကျီဟုန်ဘင်းသည် အထူးသွင်ပြင်လက္ခဏာ အမျိုးမျိုးကို ပြောဆိုခဲ့သည်။
နာရီဝက်အကြာ တွင်
“ဆယ်မိနစ် အနားယူပါ။ ဆယ်မိနစ်ပြီးရင် စစ်ဆေးမှုစမယ် ”
ထို့နောက် အခန်းအပြင်သို့ထွက်သွားခဲ့သည်။
“စစ်ဆေးမှုက အရမ်းခက်ခဲမှာလား။ အားလုံးက တော်တော်စိတ်ရှုပ်နေကြပုံပဲ”
လန်ရွမ်းယုမေးလိုက်ရာ
ချန်းလိန် က ရှိုက်ကြီးတငင် ပြုံးလိုက်ပြီး
“ဟုတ်တယ်။ ပိုအရေးကြီးတာက စာမေးပွဲမအောင်တဲ့ ပြစ်ဒဏ်က ကြောက်စရာကောင်းလွန်းတယ်။ မင်းမမြင်ဖူးသေးဘူး။ ကျင်းရှန်း က ဆရာကျီ ကို ဘာလို့ အရမ်းကြောက်တယ်လို့ ထင်တာလဲ။ တစ်ခါက သူစာမေးပွဲမအောင်လို့ ဆရာကျီက ကျင်းရှန်းကိုအသုံးမကျဘူးဆိုပြီး အခန်းထဲကနေ ကျင်းရှန်းကိုလွင့်ပစ်ဖူးတယ်”
………
ကျီဟုန်ဘင်း ပြန်ရောက်လာသည်။
“စမ်းသပ်မှု စတယ်။ လန်ရွမ်းယု က ဘယ်သူလဲ။ မင်းက လူသစ်မလား... မင်းအရင်စပြော...ငါမေးမှာက....”
Endend. ……