အခန်း (၉၇+၉၈)
Vol. 7 Ch. 97+98
“မင်္ဂလာပါ ဆရာကျီ..”
လန်ရွမ်းယု ပထမဆုံး စျေးဦးပေါက်မည်ဟုမထင်ခဲ့ပေ။
“နှင်းမိန်းခလေးရဲ့ လက္ခဏာတွေနဲ့ ပတ်သက်ပြီး အတန်းထဲမှာ ငါပြောခဲ့တာတွေကို ရှင်းပြပါ”
“ဟုတ်... နှင်းမိန်းခလေးက ထိပ်ဆုံး သားရဲ ၁၀ ကောင်စာရင်းမှာ တတိယအဆင့်ဖြစ်ပြီးတော့ လွန်ခဲ့တဲ့ နှစ် နှစ်သောင်း ခန့်က ရှင်သန်နေထိုင် ခဲ့ပါတယ်.... ရေခဲဧကရာဇ်အဖြစ်လည်း ချီးကျူးခံရပါတယ်။ နောက်ဆုံးမှာတော့ ဝိညာဉ်ရေခဲတုံ့လော် ဟူယွီဟောက်ရဲ့စိတ်ဝိညာဥ် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်..ပီးတော့…”
ရပ်တန့်ခြင်းမရှိပဲ နှင်းမိန်းခလေး၏ အချက်အလက်များကို လန်ရွမ်းယုရှင်းပြလေသည်။
“… ရေခဲဧကရာဇ်နှင့် ရေခဲကင်းမြီးကောက် ကျောက်စိမ်းဧကရာဇ်တို့က ရေခဲဧကရာဇ်နှစ်ပါးအဖြစ် သတ်မှတ်ခံရပြီး ဝိညာဉ်ရေခဲတုံ့လော် အတွက် အလွန်အထောက်အကူဖြစ်ခဲ့ပါတယ်... အဲ့ဒါပါပဲ”
ငါးမိနစ်တိတိ .......ကြာသွားသည်။
အဖြေကို ကျီဟုန်ဘင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“မဆိုးပါဘူး။ မင်းကောင်းကောင်းနားထောင်ထားတာပဲ..... မင်း စာမေးပွဲ အောင်တယ် အတန်း စောစောဆင်းနိုင်တယ်။ မင်းအတွက် အတန်းဆင်းပြီ”
“ဟမ်?” အတန်းစောစောဆင်းရတာမျိုးရှိတာလား......
သတ်မှတ်ချိန်မတိုင်မီ အတန်းမှဆင်းရခြင်းကြောင့် လန်ရွမ်းယု သည် ဘာမှလုပ်စရာမရှိပေ။ ထို့ကြောင့် ပုံရိပ်ယောင် လေ့ကျင့်ရေးကွင်းဆီသို့ ဦးတည်ခဲ့သည်။
ထို့နောက် တစ်ဦးတည်းလေ့ကျင့်တော့သည်။
ပုံရိပ်ယောင်ကမ္ဘာထဲတွင် သူစွမ်းအားများကိုအထိန်းအကွပ်မရှိသုံးနိုင်လေသည်။ အထူးသဖြင့် ရွှေနဂါးကောင်းကင်ဘုံကိုတုန်လှုပ်စေခြင်းတိုက်ကွက်ဖြစ်သည်။
လန်ရွမ်းယုသည် ယခုအချိန်တွင် အနည်းငယ် မောပန်းနေပြီဖြစ်သည်။ သူသည် အဆင့် 14 ဝိညာဉ်မာစတာသာဖြစ်ပြီး အသက် 8 နှစ်ပင်မပြည့်သေးပေ။ ယခုသူ့ရှေ့တွင် နှစ် 100 ချော်ရည်ခွေး နှစ်ကောင်ကျန်နေသေးသည်။
ငါလုပ်နိုင်ပါတယ်!
လန်ရွမ်းယု သူ့ကိုယ်သူ ပြောလိုက်သည်။ ထို့နောက် ချော်ရည်ခွေး တစ်ကောင်ဆီကို ပြေးသွားလိုက်သည်။
“ဝူးးးး”
မီးလုံးကြီးတစ်ခု သူ့ဆီရောက်လာပြီး ရွမ်းယုနှင့်တစ်လက်မမျှသာဝေးတော့ သည်။
ရွမ်းယုချက်ချင်းပင် တုံ့ပြန်လိုက်ပြီး ဘေးဘက်သို့ ရှောင်တိမ်းနိုင်ခဲ့သည်။ ချော်ရည်ခွေးမှာလည်း သူနှင့် မီတာ 20 လောက်သာ ကွာဝေးတော့သည်။
ထို့နောက် ရွှေရောင်ငွေပြာမြက်ကိုသုံးကာ ချော်ရည်ခွေး၏ ခါးရိုးကိုထိုးလိုက်လေသည်။
“ဗွမ်း.....”
လန်ရွမ်းယု၏ ခွန်အားသည် အရင်ထက်ပင်ပိုကြမ်းလာလေသည်။ လန်ရွမ်းယု ရပ်မနေပေ။ လန်ရွမ်းယု ခုန်ထွက်လိုက်သည်။ ထိုအခါ ကျန်ရှိနေသေးသော ချော်ရည်ခွေးသည် လန်ရွမ်းယုထံသ်ို့အရူးအမူးပြေးလာလေသည်။
ချော်ရည်ခွေး ထုတ်လွှတ်လိုက်သော အပူသည် လန်ရွမ်းယု၏ ရင်ဘတ်ကိုတင်းကြပ်သွားသလို ခံစားလိုက်ရသည်။ အပူချိန်သည် 70 သို့မဟုတ် 80 ဒီဂရီအထိ တိုးလာသည်။ လန်ရွမ်းယုသည် အကိုက်ခံရမည့်အခြေအနေကို အမြန် ရှောင်လိုက်သည်။ ဤအခိုက်တွင် လန်ရွမ်းယုသည် အံ့အားသင့်ဖွယ် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ရုတ်တရက်ပြေးနေရာမှပြန်ဝင်လာကာ ချော်ရည်ခွေး၏ မေးရိုးကို အားကုန်ထိုးထည့်လိုက်လေသည်။ ချော်ရည်ခွေးသည်လည်း အလားတူလှည့်ကွက်ကို အသုံးပြုလိုက်သည်။ ၎င်း၏ခါးကိုလှည့်ကာ အမြီးဖြင့်ရိုက်လေသည်။ သို့သော်လည်း ထိုနေရာသည် အစကတည်းက လန်ရွမ်းယု၏ ပစ်မှတ်မဟုတ်ပေ။
၅ ပေရှည်သော ရေခဲတုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီး ထိုရေခဲတုံးကို သူ၏ညာဘက်ဖြင့် လွှဲကိူင်လိုက်လေသည်။ ညာလက်ဖြင့်ပစ်ပေါက်ခြင်းသည် ဘယ်လက်ဖြင့်ပစ်ပေါက်ခြင်းနှင့် မတူပေ။ ခွန်အားမှာကြောက်စရာဖြစ်သည်။
လန်ရွမ်းယုသည် သူ၏အရှိန်အဟုန်၊ တိကျမှုတို့ကို ထက်မြက်စွာ ပြသခဲ့သည်။
endend….